WHO ကား ပစ္ခတ္ခံရမႈ မိမိတို႔လက္ခ်က္မဟုတ္ေၾကာင္း တပ္မေတာ္ရွင္းလင္း

(Zawgyi)⤵⤵⤵
ဧၿပီလ ၂ဝ ‌ရက္ေန႔က မင္းျပားၿမိဳ႕နယ္မွာ WHO ဝန္ထမ္းတဦး ပစ္ခတ္ခံရၿပီး ေသဆုံးခဲ့တာဟာ တပ္မေတာ္ရဲ႕လက္ခ်က္ လုံးဝမဟုတ္ဘူးလို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ဒီကေန႔ ျငင္းဆိုလိုက္ပါတယ္။

ဒီပစ္ခတ္မႈနဲ႔ ပတ္သက္ၿပီး စုံစမ္းစစ္ေဆးေပးဖို႔ ျပည္တြင္းျပည္ပ အဖြဲ႕အစည္းေတြက အစိုးရကို ေတာင္းဆိုေနခ်ိန္မွာပဲ ဒီကေန႔ ေနျပည္ေတာ္မွာ ျပည္တြင္း သတင္းဌာနတခ်ိဳ႕ကို သီးသန႔္ ဖိတ္ၾကားၿပီး တပ္မေတာ္က ရွင္းလင္းခဲ့တာပါ။

WHO ဝန္ထမ္းပစ္ခတ္ခံရတဲ့ က်ည္ဆံဟာ တပ္မေတာ္ဘက္က သုံးတဲ့က်ည္ဆံအမ်ိဳးအစား မဟုတ္ဘဲ AA အဖြဲ႕ဘက္က က်ည္ဆံျဖစ္တယ္လို႔ ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

ေသဆုံးသြားတဲ့ WHO ဝန္ထမ္းရဲ႕ ခႏၶာကိုယ္ထဲကေန က်ည္ဆံေတြကို သက္ေသအျဖစ္ တပ္မေတာ္က ရရွိထားတယ္လို႔ ဒီကေန႔ ေန႔လည္ပိုင္းမွာ ျပည္တြင္းသတင္းဌာန ငါးခုကို ေျပာလိုက္တာပါ။

WHO ဝန္ထမ္းေတြ လိုက္ပါလာတဲ့ကားကို မင္းျပားၿမိဳ႕နယ္ ရာေမာင္တံတားအနီးမွာ တပ္မေတာ္က တားျမစ္စစ္ေဆးခဲ့ၿပီး ျပန္လြတ္ေပးလိုက္ခ်ိန္မွာ အနီးအနား ေတာင္ကုန္းေပၚက တပ္စြဲထားတဲ့ AA တပ္ဖြဲ႕က ပစ္ခတ္လိုက္တာလို႔လည္း ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။

ဒီပစ္ခတ္မႈနဲ႔ပတ္သက္ၿပီး ရကၡိဳင့္တပ္ေတာ္ (AA) ရဲ႕ ဧၿပီလ ၂၁ ရက္ေန႔က သတင္းထုတ္ျပန္ခ်က္မွာေတာ့... ဒီ WHO ကားဟာ တပ္မေတာ္ လုံၿခဳံေရးဂိတ္ကေန ခြင့္ျပဳခ်က္ေတာင္းၿပီး ျဖတ္သန္းသြားစဥ္ တပ္မေတာ္က ပစ္ခတ္ခဲ့ေၾကာင္း၊ ပစ္ခတ္ခံရၿပီးေနာက္ တစ္နာရီေလာက္ အၾကာမွာ လမ္းေဘးကို ထိုးက်ေနတဲ့ ေမာ္ေတာ္ကားနဲ႔ ဒဏ္ရာအျပင္းအထန္ ရရွိထားတဲ့ ဝန္ထမ္းႏွစ္ဦးကို AA အဖြဲ႕က ေတြ႕ရွိၿပီး ကယ္တင္ခဲ့တယ္လို႔ ဆိုထားပါတယ္။

ဒဏ္ရာရေနတဲ့ ဝန္ထမ္းႏွစ္ဦးကို အရပ္ဝတ္နဲ႔ အမည္မသိ လူတစ္စုက မင္းျပားၿမိဳ႕ မင္း႐ြာ ေက်းလက္ က်န္းမာေရးဌာနကို ေမာ္ေတာ္ကားငယ္နဲ႔ လာေရာက္ပို႔ေဆာင္ေပးခဲ့တာလို႔ က်န္းမာေရးမႉး ဦးထြန္းေဝက RFA ကို ေျပာထားပါတယ္။

ဒီပစ္ခတ္မႈေၾကာင့္ WHO ကမာၻ႔က်န္းမာေရးအဖြဲ႕ရဲ႕ ဝန္ထမ္းျဖစ္သူ ကားဒ႐ိုင္ဘာ ဦးျပည့္စုံဝင္းေမာင္ဟာ ေသြးထြက္လြန္ၿပီး မင္းျပားေဆး႐ုံမွာ ေသဆုံးသြားပါတယ္။ ေနာက္ထပ္ဝန္ထမ္းတစ္ဦးျဖစ္တဲ့ ဦးေအာင္မ်ိဳးဦးကေတာ့ ဒဏ္ရာ အျပင္းအထန္ ရရွိသြားပါတယ္။

ရခိုင္ျပည္နယ္ေျမာက္ပိုင္းက တိုက္ပြဲေတြအတြင္းမွာ အရပ္သားေတြကို မွားယြင္းပစ္ခတ္ မိတာေတြလည္း ရွိတယ္လို႔ တပ္မေတာ္ဘက္က ဒီကေန႔ ေျပာဆိုခဲ့ပါတယ္။ AA အဖြဲ႕ဘက္က အရပ္သားေတြကို လူသားဒိုင္းအျဖစ္အသုံးျပဳၿပီး အရပ္သားအသြင္ယူၿပီး တိုက္ေနတာေၾကာင့္ အရပ္သားေတြကို မွားယြင္းပစ္ခတ္မိတာေတြ ရွိေနတာလို႔  ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာခဲ့တာပါ။ တပ္မေတာ္ဟာ ေျခာက္ပစ္ကင္းသဲလဲစင္ အဖြဲ႕ေတာ့ မဟုတ္ဘူးလို႔လည္း ဆိုပါတယ္။

AA ေျပာခြင့္ရသူ ခိုင္သုခကေတာ့ အရပ္သားေတြကို အကာအကြယ္ယူၿပီး ပစ္ခတ္တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ ပတ္သက္ၿပီး ျငင္းဆိုထားပါတယ္။  AA အေနနဲ႔ ၿမိဳ႕႐ြာေတြမွာ စခန္းခ်ထားတာ မရွိဘဲ၊ ျမန္မာ့တပ္မေတာ္ကသာ သာသနိက အေဆာက္အဦးေတြ စာသင္ေက်ာင္းေတြမွာ ေနရာယူ စခန္းခ်ထားတာ ျဖစ္တယ္လို႔  RFA ကို ေျပာဆိုထားပါတယ္။

RFA က ရရွိထားတဲ့ အခ်က္အလက္ေတြအရ ရခိုင္ျပည္နယ္ေျမာက္ပိုင္းနဲ႔ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ေတြမွာ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ ၂၆ ရက္ေန႔ကေန ဧၿပီလ ၂၂ ရက္ေန႔အထိ ႏွစ္လနီးပါးကာလမွာ ေသဆုံးတဲ့ အရပ္သား ၉၈ ဦးထက္မနည္းရွိေနသလို ထိခိုက္ ဒဏ္ရာရသူဟာလည္း ၂၂၀ ဝန္းက်င္အထိရွိေနပါတယ္။

ဒီကေန႔  ေနျပည္ေတာ္မွာျပဳလုပ္တဲ့ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ရဲ႕  ရွင္းလင္းပြဲကို ျပည္တြင္း သတင္းဌာန ငါးခုကိုပဲ သီးသန႔္ဖိတ္ၾကားခဲ့တာျဖစ္ပါတယ္။ သတင္းစာရွင္းလင္းပြဲအတြင္း တပ္မေတာ္ရဲ႕ ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေရး ေဆာင္႐ြက္ေနမႈ ေတြကိုလည္း ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ရွင္းလင္းေျပာဆိုခဲ့ပါတယ္။

RFA Burmese
------------------------------------
(Unicode)⤵⤵⤵
WHO ကား ပစ်ခတ်ခံရမှု မိမိတို့လက်ချက်မဟုတ်ကြောင်း တပ်မတော်ရှင်းလင်း

ဧပြီလ ၂ဝ ‌ရက်နေ့က မင်းပြားမြို့နယ်မှာ WHO ဝန်ထမ်းတဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့တာဟာ တပ်မတော်ရဲ့လက်ချက် လုံးဝမဟုတ်ဘူးလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဒီကနေ့ ငြင်းဆိုလိုက်ပါတယ်။

ဒီပစ်ခတ်မှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးပေးဖို့ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေက အစိုးရကို တောင်းဆိုနေချိန်မှာပဲ ဒီကနေ့ နေပြည်တော်မှာ ပြည်တွင်း သတင်းဌာနတချို့ကို သီးသန့် ဖိတ်ကြားပြီး တပ်မတော်က ရှင်းလင်းခဲ့တာပါ။

WHO ဝန်ထမ်းပစ်ခတ်ခံရတဲ့ ကျည်ဆံဟာ တပ်မတော်ဘက်က သုံးတဲ့ကျည်ဆံအမျိုးအစား မဟုတ်ဘဲ AA အဖွဲ့ဘက်က ကျည်ဆံဖြစ်တယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

သေဆုံးသွားတဲ့ WHO ဝန်ထမ်းရဲ့ ခန္ဓာကိုယ်ထဲကနေ ကျည်ဆံတွေကို သက်သေအဖြစ် တပ်မတော်က ရရှိထားတယ်လို့ ဒီကနေ့ နေ့လည်ပိုင်းမှာ ပြည်တွင်းသတင်းဌာန ငါးခုကို ပြောလိုက်တာပါ။

WHO ဝန်ထမ်းတွေ လိုက်ပါလာတဲ့ကားကို မင်းပြားမြို့နယ် ရာမောင်တံတားအနီးမှာ တပ်မတော်က တားမြစ်စစ်ဆေးခဲ့ပြီး ပြန်လွတ်ပေးလိုက်ချိန်မှာ အနီးအနား တောင်ကုန်းပေါ်က တပ်စွဲထားတဲ့ AA တပ်ဖွဲ့က ပစ်ခတ်လိုက်တာလို့လည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး ရက္ခိုင့်တပ်တော် (AA) ရဲ့ ဧပြီလ ၂၁ ရက်နေ့က သတင်းထုတ်ပြန်ချက်မှာတော့... ဒီ WHO ကားဟာ တပ်မတော် လုံခြုံရေးဂိတ်ကနေ ခွင့်ပြုချက်တောင်းပြီး ဖြတ်သန်းသွားစဉ် တပ်မတော်က ပစ်ခတ်ခဲ့ကြောင်း၊ ပစ်ခတ်ခံရပြီးနောက် တစ်နာရီလောက် အကြာမှာ လမ်းဘေးကို ထိုးကျနေတဲ့ မော်တော်ကားနဲ့ ဒဏ်ရာအပြင်းအထန် ရရှိထားတဲ့ ဝန်ထမ်းနှစ်ဦးကို AA အဖွဲ့က တွေ့ရှိပြီး ကယ်တင်ခဲ့တယ်လို့ ဆိုထားပါတယ်။

ဒဏ်ရာရနေတဲ့ ဝန်ထမ်းနှစ်ဦးကို အရပ်ဝတ်နဲ့ အမည်မသိ လူတစ်စုက မင်းပြားမြို့ မင်းရွာ ကျေးလက် ကျန်းမာရေးဌာနကို မော်တော်ကားငယ်နဲ့ လာရောက်ပို့ဆောင်ပေးခဲ့တာလို့ ကျန်းမာရေးမှူး ဦးထွန်းဝေက RFA ကို ပြောထားပါတယ်။

ဒီပစ်ခတ်မှုကြောင့် WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ဝန်ထမ်းဖြစ်သူ ကားဒရိုင်ဘာ ဦးပြည့်စုံဝင်းမောင်ဟာ သွေးထွက်လွန်ပြီး မင်းပြားဆေးရုံမှာ သေဆုံးသွားပါတယ်။ နောက်ထပ်ဝန်ထမ်းတစ်ဦးဖြစ်တဲ့ ဦးအောင်မျိုးဦးကတော့ ဒဏ်ရာ အပြင်းအထန် ရရှိသွားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေအတွင်းမှာ အရပ်သားတွေကို မှားယွင်းပစ်ခတ် မိတာတွေလည်း ရှိတယ်လို့ တပ်မတော်ဘက်က ဒီကနေ့ ပြောဆိုခဲ့ပါတယ်။ AA အဖွဲ့ဘက်က အရပ်သားတွေကို လူသားဒိုင်းအဖြစ်အသုံးပြုပြီး အရပ်သားအသွင်ယူပြီး တိုက်နေတာကြောင့် အရပ်သားတွေကို မှားယွင်းပစ်ခတ်မိတာတွေ ရှိနေတာလို့  ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောခဲ့တာပါ။ တပ်မတော်ဟာ ခြောက်ပစ်ကင်းသဲလဲစင် အဖွဲ့တော့ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

AA ပြောခွင့်ရသူ ခိုင်သုခကတော့ အရပ်သားတွေကို အကာအကွယ်ယူပြီး ပစ်ခတ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး ငြင်းဆိုထားပါတယ်။  AA အနေနဲ့ မြို့ရွာတွေမှာ စခန်းချထားတာ မရှိဘဲ၊ မြန်မာ့တပ်မတော်ကသာ သာသနိက အဆောက်အဦးတွေ စာသင်ကျောင်းတွေမှာ နေရာယူ စခန်းချထားတာ ဖြစ်တယ်လို့  RFA ကို ပြောဆိုထားပါတယ်။

RFA က ရရှိထားတဲ့ အချက်အလက်တွေအရ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ကနေ ဧပြီလ ၂၂ ရက်နေ့အထိ နှစ်လနီးပါးကာလမှာ သေဆုံးတဲ့ အရပ်သား ၉၈ ဦးထက်မနည်းရှိနေသလို ထိခိုက် ဒဏ်ရာရသူဟာလည်း ၂၂၀ ဝန်းကျင်အထိရှိနေပါတယ်။

ဒီကနေ့  နေပြည်တော်မှာပြုလုပ်တဲ့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့  ရှင်းလင်းပွဲကို ပြည်တွင်း သတင်းဌာန ငါးခုကိုပဲ သီးသန့်ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။ သတင်းစာရှင်းလင်းပွဲအတွင်း တပ်မတော်ရဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး ဆောင်ရွက်နေမှု တွေကိုလည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ရှင်းလင်းပြောဆိုခဲ့ပါတယ်။

RFA Burmese
https://www.rfa.org/burmese/news/military-who-shooting-04252020093512.html
WHO ကား ပစ္ခတ္ခံရမႈ မိမိတို႔လက္ခ်က္မဟုတ္ေၾကာင္း တပ္မေတာ္ရွင္းလင္း WHO ကား ပစ္ခတ္ခံရမႈ မိမိတို႔လက္ခ်က္မဟုတ္ေၾကာင္း တပ္မေတာ္ရွင္းလင္း Reviewed by THITHTOOLWIN on 21:33 Rating: 5
Powered by Blogger.