ကုိဗစ္ ကုသ၊ ကာကြယ္ေဆးကုိ လူတုိင္းသုံးႏုိင္ေရး ကမၻာ့ေခါင္းေဆာင္ေတြနဲ႔ WHO ေဆြးေႏြး


(Zawgyi/Unicode)

COVID-19 ကမာၻ႔ကပ္ေရာဂါ အတြက္ ကုသေပးႏိုင္မယ္လုိ႔ ယံုၾကည္စိတ္ခ်ရေလာက္တဲ့ နည္းလမ္း ဒါမွမဟုတ္ ကာကြယ္ေဆး ဘာပဲ ရရ ဒါကို အားလံုးညီညီမ ွ်မ ွ် ျဖန္႔ျဖဴးေပးႏိုင္ေအာင္ ကမာၻ႔ ေခါင္းေဆာင္ေတြနဲ႔ ပုဂၢလိက ကုမႊဏီေတြၾကား ပူးေပါင္းေဆာင္ရြက္ၾကမွာ ျဖစ္ေၾကာင္း WHO ကမာၻ႔က်န္းမာေရး အဖြဲ႔ႀကီးက ေသာၾကာေန႔မွာ ေၾကညာပါတယ္။

ကုလသမဂၢအတြင္းေရးမႈးခ်ဳပ္ Antonio Guterres နဲ႔ ဥေရာပသမဂၢေခါင္းေဆာင္ေတြ နဲ႔အတူ ဂ်နီဗာက WHO အႀကီးအကဲ Tedros Adhanom Ghebreyesus တို႔ အြန္လိုင္းအစည္းေဝး က်င္းပခဲ့ၿပီး အခုလို စုေပါင္းေဆာင္ရြက္မယ့္ လုပ္ငန္းနဲ႔ပတ္သက္ၿပီး ေၾကညာခဲ့တာပါ။

ဒီအစီစဥ္က ကိုရိုနာဗုိင္းရပ္စ္ ကပ္ေရာဂါ တိုက္ဖ်က္ေရးမွာ ေနာက္ဆံုးေတြ႔ရွိလာတဲ့နည္းပညာ ပစၥည္းေတြကို ႏိုင္ငံအားလံုး လက္လွမ္း မွီႏိုင္ေစဖုိ႔ ရည္ရြယ္တာ ျဖစ္ပါတယ္။

ဒါကို လူသားအားလံုးရွင္သန္ေရးအတြက္ ရင္ဆိုင္တိုက္ပြဲအျဖစ္ ကုလသမဂၢ အတြင္းေရးမႈူးခ်ဳပ္က ေခၚဆိုလိုက္ၿပီး ေရာဂါဆိုင္ရာ ကုသနည္းေတြ၊ ကာကြယ္ေဆးေတြဟာ ႏိုင္ငံတႏိုင္ငံ၊ ေဒသတခုထဲကပဲ လက္လွမ္းမွီဖို႔ မဟုတ္ပဲ ဒါဟာ တကမာၻလံုး အတြက္ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။ ဒါ့အျပင္ ဒီကုသနည္းေတြ အတြက္ လူတိုင္း ထိထိေရာက္ေရာက္နဲ႔ စိတ္ခ်လက္ခ် ေစ်းႏႈနး္သက္သာစြာ လက္လွမ္းမွီႏုိင္ၿပီး လြယ္လြယ္ကူကူ စီမံ ခန္႔ခြဲမႈလည္း လုပ္ႏုိင္ရမယ္လို႔ ေျပာပါတယ္။

ဒီအြန္လိုင္း အစည္းေဝးကို ျပင္သစ္သမၼတ Emmanuel Macron ၊ ဂ်ာမဏီဝန္ႀကီးခ်ဳပ္ Angela Merkel နဲ႔ ဥေရာပေကာ္မရွင္ အႀကီးအကဲ Ursula von der Leyen တို႔အျပင္ Bill နဲ႔ Melinda Gates ေဖါင္ေဒးရွင္းက ကိုယ္စားလွယ္ေတြလည္း တက္ေရာက္ၾကပါတယ္။ ဒါေပမယ့္ အေမရိကန္ ျပည္ေထာင္စုက ကိုယ္စားလွယ္ေတာ့ တေယာက္မွ မတက္ေရာက္ခဲ့ပါဘူး။

ဗြီအိုေအ (ျမန္မာပုိင္း)
-------------------------------------------------

ကိုဗစ် ကုသ၊ ကာကွယ်ဆေးကို လူတိုင်းသုံးနိုင်ရေး ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ WHO ဆွေးနွေး

(Unicode)

COVID-19 ကမ္ဘာ့ကပ်ရောဂါ အတွက် ကုသပေးနိုင်မယ်လို့ ယုံကြည်စိတ်ချရလောက်တဲ့ နည်းလမ်း ဒါမှမဟုတ် ကာကွယ်ဆေး ဘာပဲ ရရ ဒါကို အားလုံးညီညီမ ျှမ ျှ ဖြန့်ဖြူးပေးနိုင်အောင် ကမ္ဘာ့ ခေါင်းဆောင်တွေနဲ့ ပုဂ္ဂလိက ကုမွှဏီတွေကြား ပူးပေါင်းဆောင်ရွက်ကြမှာ ဖြစ်ကြောင်း WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက သောကြာနေ့မှာ ကြေညာပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Guterres နဲ့ ဥရောပသမဂ္ဂခေါင်းဆောင်တွေ နဲ့အတူ ဂျနီဗာက WHO အကြီးအကဲ Tedros Adhanom Ghebreyesus တို့ အွန်လိုင်းအစည်းဝေး ကျင်းပခဲ့ပြီး အခုလို စုပေါင်းဆောင်ရွက်မယ့် လုပ်ငန်းနဲ့ပတ်သက်ပြီး ကြေညာခဲ့တာပါ။

ဒီအစီစဉ်က ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ တိုက်ဖျက်ရေးမှာ နောက်ဆုံးတွေ့ရှိလာတဲ့နည်းပညာ ပစ္စည်းတွေကို နိုင်ငံအားလုံး လက်လှမ်း မှီနိုင်စေဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

ဒါကို လူသားအားလုံးရှင်သန်ရေးအတွက် ရင်ဆိုင်တိုက်ပွဲအဖြစ် ကုလသမဂ္ဂ အတွင်းရေးမှုူးချုပ်က ခေါ်ဆိုလိုက်ပြီး ရောဂါဆိုင်ရာ ကုသနည်းတွေ၊ ကာကွယ်ဆေးတွေဟာ နိုင်ငံတနိုင်ငံ၊ ဒေသတခုထဲကပဲ လက်လှမ်းမှီဖို့ မဟုတ်ပဲ ဒါဟာ တကမ္ဘာလုံး အတွက်ဖြစ်ကြောင်းလည်း ပြောပါတယ်။ ဒါ့အပြင် ဒီကုသနည်းတွေ အတွက် လူတိုင်း ထိထိရောက်ရောက်နဲ့ စိတ်ချလက်ချ ဈေးနှုန်းသက်သာစွာ လက်လှမ်းမှီနိုင်ပြီး လွယ်လွယ်ကူကူ စီမံ ခန့်ခွဲမှုလည်း လုပ်နိုင်ရမယ်လို့ ပြောပါတယ်။

ဒီအွန်လိုင်း အစည်းဝေးကို ပြင်သစ်သမ္မတ Emmanuel Macron ၊ ဂျာမဏီဝန်ကြီးချုပ် Angela Merkel နဲ့ ဥရောပကော်မရှင် အကြီးအကဲ Ursula von der Leyen တို့အပြင် Bill နဲ့ Melinda Gates ဖေါင်ဒေးရှင်းက ကိုယ်စားလှယ်တွေလည်း တက်ရောက်ကြပါတယ်။ ဒါပေမယ့် အမေရိကန် ပြည်ထောင်စုက ကိုယ်စားလှယ်တော့ တယောက်မှ မတက်ရောက်ခဲ့ပါဘူး။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/covid-19-vaccine-who-/5391202.html
ကုိဗစ္ ကုသ၊ ကာကြယ္ေဆးကုိ လူတုိင္းသုံးႏုိင္ေရး ကမၻာ့ေခါင္းေဆာင္ေတြနဲ႔ WHO ေဆြးေႏြး ကုိဗစ္ ကုသ၊ ကာကြယ္ေဆးကုိ လူတုိင္းသုံးႏုိင္ေရး ကမၻာ့ေခါင္းေဆာင္ေတြနဲ႔ WHO ေဆြးေႏြး Reviewed by THITHTOOLWIN on 06:06 Rating: 5
Powered by Blogger.