မင္းျပားမွာ WHOယာဥ္ေမာင္းပစ္ခံရတဲ့ေနရာအနီး ကုမၸဏီယာဥ္ေမာင္းတစ္ဦးထပ္မံပစ္ခတ္ခံရၿပီးေသဆုံး

ယာဥ္ေမာင္းနဲ႔ ေနာက္တစ္ဦးဟာ မင္းျပားၿမိဳ႕နယ္ ရာေမာင္တံတားအနီးမွာ ပစ္ခတ္ခံရတာျဖစ္
(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္ မင္းျပားၿမိဳ႕နယ္မွာ ဧၿပီ ၂၀ ရက္ေန႔က ကမာၻ႔က်န္းမာေရးအဖြဲ႕ခ်ဳပ္က ယာဥ္ေမာင္းတစ္ဦး ပစ္ခတ္ခံရမႈေၾကာင့္ေသဆုံးၿပီးေနာက္ ဧၿပီ ၂၁ ရက္ေန႔မွာလည္း ပုဂၢလိကကုမၸဏီတစ္ခုရဲ႕ ကားတစ္စီး ထပ္မံပစ္ခတ္ခံရၿပီး ယာဥ္ေမာင္းျဖစ္သူေသဆုံးသြားတယ္လို႔ မင္းျပားၿမိဳ႕ခံအခ်ိဳ႕က ဘီဘီစီကိုေျပာပါတယ္။

အဆိုပါယာဥ္ေမာင္းပစ္ခတ္ခံရတဲ့ေနရာဟာ WHOယာဥ္ေမာင္းအပစ္ခံရတဲ့ ရာေမာင္တံတားအနီးမွာ ပဲျဖစ္ၿပီး ပစ္ခတ္ခံရေၾကာင္း ေန႔လယ္ ၁နာရီဝန္းက်င္ကတည္းက သိရေပမယ့္ ညေန ၄နာရီေလာက္မွာမွ သြားေရာက္ကူညီႏိုင္ခဲ့တယ္လို႔ မင္းျပားၿမိဳ႕နယ္ နာေရးကူညီမႈအသင္းက ကိုသက္ထြီးေအာင္က ဘီဘီစီကိုေျပာျပပါတယ္။

' ' ကေမာၻဇဘဏ္ကို ကိုဗစ္-၁၉ ကာကြယ္ေရးအတြက္ ပိုးသတ္ေဆးသြားဖ်န္းမယ့္ ယာဥ္လို႔သိရ တယ္။ ယာဥ္ေမာင္းကေတာ့ အဲဒီမွာပဲ ဆုံးသြားတာပါ။ ဒဏ္ရာရတဲ့ေနာက္တစ္ဦးကိုေတာ့ မင္းျပားေဆး႐ုံမွာလို အပ္တဲ့ကုသမႈေတြလုပ္ေပးၿပီး စစ္ေတြေဆး႐ုံကို ပို႔လိုက္ပါၿပီ။ သြားကူဖို႔ကို ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရး ၾကက္ေျခနီ ပါတဲ့အဖြဲ႕ေတြအကုန္မွတ္ပုံတင္ေတြေပး အားလုံးအဆင့္ဆင့္အေၾကာင္းၾကားၿပီးမွသြားကူရတာမို႔ ျဖစ္တဲ့ ေနရာက သိပ္မေဝးေပမယ့္ ၄နာရီေလာက္ အဲဒီကို အသင္းကားေရာက္တယ္''လို႔ ကိုသက္ထြီးေအာင္က ကယ္ဆယ္ေရးလုပ္ေဆာင္ေနရတဲ့အေျခအေနကို ရွင္းျပပါတယ္။

    WHO ကား ပစ္ခတ္ခံရၿပီး ယာဥ္ေမာင္း ေသဆုံးမႈ တပ္မေတာ္နဲ႔ ေအေအ အျပန္အလွန္ စြပ္စြဲ
    ရွမ္းျပည္နယ္ ဝန္ႀကီးခ်ဳပ္၊ ရဲမႉးခ်ဳပ္နဲ႔ ဝန္ႀကီးေတြအပါအဝင္ လူ ၃၀ ေလာက္ ကိုဗစ္-၁၉ ရွိမရွိ ေစာင့္ၾကည့္ခံေနရ

ထပ္မံပစ္ခတ္ခံရသူေတြဟာ အမ္းၿမိဳ႕ကေန စစ္ေတြၿမိဳ႕ကိုသြားတဲ့ CPS ပိုးသတ္ေဆးကုမၸဏီက ယာဥ္ေမာင္း ဦးႏြယ္ႏြယ္ေမာင္ ႏွင့္ ယာဥ္ေနာက္လိုက္ ေမာင္ဟိန္းထက္ဦးတို႔ျဖစ္ၿပီး သူတို႔ကို ေအေအ ဘက္ကပစ္ခတ္ခဲ့တာ ျဖစ္တယ္လို႔ျမန္မာ့တပ္မေတာ္က သတင္းထုတ္ျပန္ထားပါတယ္။

အခုပစ္ခတ္ခံရတဲ့ေနရာအနီးက ရာေမာင္တံတားအနီးမွာ ျမန္မာ့တပ္မေတာ္ရဲ႕ကင္းစခန္းေတာ့ရွိၿပီး အနီးအနားကဖားၿပိဳ႐ြာမွာလည္း ၿပီးခဲ့တဲ့ရက္ပိုင္းေတြထဲကတိုက္ပြဲေတြေၾကာင့္ ႐ြာလုံးကြၽတ္ထြက္ေျပးေနရ တဲ့အတြက္ ပစ္ခတ္ခံရမႈအေျခအေနကို မ်က္ျမင္ေတြ႕ႏိုင္တာမ်ိဳးေတာ့မရွိႏိုင္ဘူးလို႔ မင္းျပားၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလွသိန္းေအာင္က ဘီဘီစီကိုေျပာပါတယ္။

ဧၿပီ ၂၀ ရက္ေန႔ကCOVID-19 ဓာတ္ခြဲနမူနာေတြ ပို႔ေဆာင္ဖို႔သြားတဲ့ WHOယာဥ္ေမာင္း ဦးျပည့္စုံဝင္းေမာင္ ပစ္ခတ္ခံရမႈနဲ႔ပတ္သက္ၿပီးေတာ့ ျမန္မာ့တပ္မေတာ္က ေအေအအဖြဲ႕ရဲ႕ ပစ္ခတ္မႈလို႔ ေျပာဆိုထားၿပီး ေအေအဘက္ကေတာ့ တပ္မေတာ္ရဲ႕ပစ္ခတ္မႈေၾကာင့္ ဒဏ္ရာရခဲ့တဲ့ယာဥ္ေမာင္းေတြကို ကူညီဖို႔ လုပ္ေဆာင္ခဲ့တယ္လို႔ ျပန္လည္ ထုတ္ျပန္ထားပါတယ္။

' ' ဒီမနက္လည္း မင္းျပားမွာ ဂ်က္တိုက္ေလယာဥ္ေတြနဲ႔ပစ္ေနတာပဲ။ေျမႀကီးေတြေတာင္တုန္တယ္။ လူေတြကေတာ့ အျပင္မထြက္လို႔မျဖစ္တဲ့သူေတြကေတာ့ ထြက္ေနရတာပါပဲ။''လို႔ မင္းျပားၿမိဳ႕ေပၚက အေျခအေနကို ကိုသက္ထြီးေအာင္က ေျပာျပပါတယ္။

အခုရက္ပိုင္းအတြင္း မင္းျပားၿမိဳ႕အနီးျဖစ္ေပၚေနတဲ့တိုက္ပြဲေတြေၾကာင့္ မင္း႐ြာ၊ေထာင့္ေခ်႐ြာနဲ႔ျမစ္နား႐ြာ သားေတြ ဟာ တိုက္ပြဲလြတ္ရာကို ထြက္ေျပးတိမ္းေရွာင္ေနၾကရတယ္လို႔ ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္မ်ား အစည္းအ႐ုံးက ေကာက္ယူထားတဲ့စာရင္းေတြအရ သိရပါတယ္။

BBC Burmese
------------------------------------------------
(Unicode)⤵⤵⤵
မင်းပြားမှာ WHOယာဉ်မောင်းပစ်ခံရတဲ့နေရာအနီး ကုမ္ပဏီယာဉ်မောင်းတစ်ဦးထပ်မံပစ်ခတ်ခံရပြီးသေဆုံး

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှာ ဧပြီ ၂၀ ရက်နေ့က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က ယာဉ်မောင်းတစ်ဦး ပစ်ခတ်ခံရမှုကြောင့်သေဆုံးပြီးနောက် ဧပြီ ၂၁ ရက်နေ့မှာလည်း ပုဂ္ဂလိကကုမ္ပဏီတစ်ခုရဲ့ ကားတစ်စီး ထပ်မံပစ်ခတ်ခံရပြီး ယာဉ်မောင်းဖြစ်သူသေဆုံးသွားတယ်လို့ မင်းပြားမြို့ခံအချို့က ဘီဘီစီကိုပြောပါတယ်။

အဆိုပါယာဉ်မောင်းပစ်ခတ်ခံရတဲ့နေရာဟာ WHOယာဉ်မောင်းအပစ်ခံရတဲ့ ရာမောင်တံတားအနီးမှာ ပဲဖြစ်ပြီး ပစ်ခတ်ခံရကြောင်း နေ့လယ် ၁နာရီဝန်းကျင်ကတည်းက သိရပေမယ့် ညနေ ၄နာရီလောက်မှာမှ သွားရောက်ကူညီနိုင်ခဲ့တယ်လို့ မင်းပြားမြို့နယ် နာရေးကူညီမှုအသင်းက ကိုသက်ထွီးအောင်က ဘီဘီစီကိုပြောပြပါတယ်။

' ' ကမ္ဘောဇဘဏ်ကို ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ပိုးသတ်ဆေးသွားဖျန်းမယ့် ယာဉ်လို့သိရ တယ်။ ယာဉ်မောင်းကတော့ အဲဒီမှာပဲ ဆုံးသွားတာပါ။ ဒဏ်ရာရတဲ့နောက်တစ်ဦးကိုတော့ မင်းပြားဆေးရုံမှာလို အပ်တဲ့ကုသမှုတွေလုပ်ပေးပြီး စစ်တွေဆေးရုံကို ပို့လိုက်ပါပြီ။ သွားကူဖို့ကို မြို့နယ်အုပ်ချုပ်ရေး ကြက်ခြေနီ ပါတဲ့အဖွဲ့တွေအကုန်မှတ်ပုံတင်တွေပေး အားလုံးအဆင့်ဆင့်အကြောင်းကြားပြီးမှသွားကူရတာမို့ ဖြစ်တဲ့ နေရာက သိပ်မဝေးပေမယ့် ၄နာရီလောက် အဲဒီကို အသင်းကားရောက်တယ်''လို့ ကိုသက်ထွီးအောင်က ကယ်ဆယ်ရေးလုပ်ဆောင်နေရတဲ့အခြေအနေကို ရှင်းပြပါတယ်။

    WHO ကား ပစ်ခတ်ခံရပြီး ယာဉ်မောင်း သေဆုံးမှု တပ်မတော်နဲ့ အေအေ အပြန်အလှန် စွပ်စွဲ
    ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ ရဲမှူးချုပ်နဲ့ ဝန်ကြီးတွေအပါအဝင် လူ ၃၀ လောက် ကိုဗစ်-၁၉ ရှိမရှိ စောင့်ကြည့်ခံနေရ

ထပ်မံပစ်ခတ်ခံရသူတွေဟာ အမ်းမြို့ကနေ စစ်တွေမြို့ကိုသွားတဲ့ CPS ပိုးသတ်ဆေးကုမ္ပဏီက ယာဉ်မောင်း ဦးနွယ်နွယ်မောင် နှင့် ယာဉ်နောက်လိုက် မောင်ဟိန်းထက်ဦးတို့ဖြစ်ပြီး သူတို့ကို အေအေ ဘက်ကပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့မြန်မာ့တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။

အခုပစ်ခတ်ခံရတဲ့နေရာအနီးက ရာမောင်တံတားအနီးမှာ မြန်မာ့တပ်မတော်ရဲ့ကင်းစခန်းတော့ရှိပြီး အနီးအနားကဖားပြိုရွာမှာလည်း ပြီးခဲ့တဲ့ရက်ပိုင်းတွေထဲကတိုက်ပွဲတွေကြောင့် ရွာလုံးကျွတ်ထွက်ပြေးနေရ တဲ့အတွက် ပစ်ခတ်ခံရမှုအခြေအနေကို မျက်မြင်တွေ့နိုင်တာမျိုးတော့မရှိနိုင်ဘူးလို့ မင်းပြားမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ဘီဘီစီကိုပြောပါတယ်။

ဧပြီ ၂၀ ရက်နေ့ကCOVID-19 ဓာတ်ခွဲနမူနာတွေ ပို့ဆောင်ဖို့သွားတဲ့ WHOယာဉ်မောင်း ဦးပြည့်စုံဝင်းမောင် ပစ်ခတ်ခံရမှုနဲ့ပတ်သက်ပြီးတော့ မြန်မာ့တပ်မတော်က အေအေအဖွဲ့ရဲ့ ပစ်ခတ်မှုလို့ ပြောဆိုထားပြီး အေအေဘက်ကတော့ တပ်မတော်ရဲ့ပစ်ခတ်မှုကြောင့် ဒဏ်ရာရခဲ့တဲ့ယာဉ်မောင်းတွေကို ကူညီဖို့ လုပ်ဆောင်ခဲ့တယ်လို့ ပြန်လည် ထုတ်ပြန်ထားပါတယ်။

' ' ဒီမနက်လည်း မင်းပြားမှာ ဂျက်တိုက်လေယာဉ်တွေနဲ့ပစ်နေတာပဲ။မြေကြီးတွေတောင်တုန်တယ်။ လူတွေကတော့ အပြင်မထွက်လို့မဖြစ်တဲ့သူတွေကတော့ ထွက်နေရတာပါပဲ။''လို့ မင်းပြားမြို့ပေါ်က အခြေအနေကို ကိုသက်ထွီးအောင်က ပြောပြပါတယ်။

အခုရက်ပိုင်းအတွင်း မင်းပြားမြို့အနီးဖြစ်ပေါ်နေတဲ့တိုက်ပွဲတွေကြောင့် မင်းရွာ၊ထောင့်ချေရွာနဲ့မြစ်နားရွာ သားတွေ ဟာ တိုက်ပွဲလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံးက ကောက်ယူထားတဲ့စာရင်းတွေအရ သိရပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52378441
မင္းျပားမွာ WHOယာဥ္ေမာင္းပစ္ခံရတဲ့ေနရာအနီး ကုမၸဏီယာဥ္ေမာင္းတစ္ဦးထပ္မံပစ္ခတ္ခံရၿပီးေသဆုံး မင္းျပားမွာ WHOယာဥ္ေမာင္းပစ္ခံရတဲ့ေနရာအနီး ကုမၸဏီယာဥ္ေမာင္းတစ္ဦးထပ္မံပစ္ခတ္ခံရၿပီးေသဆုံး Reviewed by THITHTOOLWIN on 20:40 Rating: 5
Powered by Blogger.