WHO ကို ဘ႑ာေငြ ေထာက္ပံ့မႈ ရပ္တန္႔မယ္လို႔ ေဒၚနယ္ထရမ့္ေျပာ

ကမာၻ႔က်န္းမာေရးအဖြဲ႕ခ်ဳပ္ကို ဘ႑ာေငြေထာက္ပံ့မႈေတြ ရပ္တန္႔ထားမယ္လို႔ သမၼတထရမ့္ေျပာဆို
(Zawgyi)⤵⤵⤵
ကမာၻ႔က်န္းမာေရး အဖြဲ႕ခ်ဳပ္ WHO ဟာ ကို႐ိုနာဗိုင္းရပ္စ္ အေရးနဲ႔ပတ္သက္ၿပီး သူေဆာင္႐ြက္ရမယ့္ အေျခခံ ဝတၱရားေတြကို ပ်က္ကြက္ခဲ့တဲ့အတြက္ အေမရိကန္ရဲ႕ ေငြေၾကး ေထာက္ပံ့မႈကို ရပ္တန္႔မယ္လို႔ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ဆိုပါတယ္။

ကုလသမဂၢေအဂ်င္စီတခုျဖစ္တဲ့ WHO ဟာ တ႐ုတ္ႏိုင္ငံမွာ ဗိုင္းရပ္စ္ပ်ံ႕ႏွံ႔လာတာကို ဖုံးဖိထားခဲ့သလို စီမံခန္႔ခြဲမႈ အမွားေတြ လုပ္ခဲ့တယ္လို႔ သမၼတထရမ့္က စြပ္စြဲၿပီး WHO အေနနဲ႔ ဒီကိစၥကို တာဝန္ယူရမယ္လို႔ဆိုပါတယ္။

ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ကေတာ့ ဒီအခ်ိန္ဟာ ဘ႑ာေငြ ေထာက္ပံ့မႈျဖတ္ေတာက္ရမယ့္ အခ်ိန္အခါမဟုတ္ဘူးလို႔ သတိေပးပါတယ္။

သမၼတထရမ့္ကိုယ္တိုင္ဟာလည္း ကပ္ေရာဂါစီမံခန္႔ခြဲမႈနဲ႔ ပတ္သက္ၿပီး ေဝဖန္ျပစ္တင္တာ ခံေနရသူ ျဖစ္ပါတယ္။

သူ႔အေပၚေဝဖန္မႈေတြကို လမ္းလႊဲဖို႔ အခုလို ေျပာဆိုလာတယ္လို႔ ေဝဖန္မႈေတြလည္း ရွိပါတယ္။ မစၥတာထရမ့္ဟာ ဗိုင္းရပ္စ္ျပန္႔ပြားမႈတားဆီးေရးမွာ သိပ္ေႏွးေကြးလြန္းတယ္လို႔ အျပစ္တင္ခံရပါတယ္။

အထူးသျဖင့္ ဇန္နဝါရီလေႏွာင္းပိုင္းမွာ တ႐ုတ္ႏိုင္ငံနဲ႔ ကူးသန္းသြားလာမႈ ပိတ္ပင္ဖို႔ရာ ေႏွာင့္ေႏွးခဲ့တာကို ေထာက္ျပၾကပါတယ္။

အဲဒီဆုံးျဖတ္ခ်က္နဲ႔ ပတ္သက္ၿပီး WHO ရဲ႕တ႐ုတ္အေပၚ ဘက္လိုက္မႈေၾကာင့္ ျဖစ္ရတာဆိုၿပီး သူကျပန္လႊဲခ်တာျဖစ္ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ျပန္႔ပြားမႈကို ဖုံးအုပ္ၿပီး စီမံခန္႔ခြဲမႈ ဆိုးဆိုးဝါးဝါး မွားယြင္းခဲ့တာေတြနဲ႔ ပတ္သက္ၿပီး ကမာၻ႔က်န္းမာေရးအဖြဲ႕ခ်ဳပ္ကို သုံးသပ္ေနတဲ့ ကာလအေတာအတြင္း ဘ႑ာေငြ ေထာက္ပံ့မႈရပ္တန္႔ထားဖို႔ အစိုးရအဖြဲ႕ကို သူၫႊန္ၾကားထားေၾကာင္း သမၼတထရမ့္က အဂၤါေန႔လုပ္တဲ့ အိမ္ျဖဴေတာ္သတင္းစာရွင္းလင္းပြဲမွာ ထုတ္ေဖာ္ေျပာဆိုသြားပါတယ္။

WHOက တိုက္႐ိုက္တုံ႔ျပန္တာ မရွိေသးေပမယ့္ အတြင္းေရးမႉးခ်ဳပ္ အန္တိုနီယို ဂူတာရက္စ္ကေတာ့ ကို႐ိုနာဗိုင္းရပ္စ္ တိုက္ဖ်က္ေရးအတြက္ ႏိုင္ငံတကာ စည္းလုံးညီၫြတ္မႈ ရွိသင့္တယ္လို႔ ဆိုပါတယ္။

WHO ဟာ ကိုဗစ္ - ၁၉ တိုက္ဖ်က္ေရးမွာ အခ်က္အခ်ာအက်ဆုံး ျဖစ္တဲ့အတြက္ ဘ႑ာေငြေထာက္ပံ့မႈ မရပ္သင့္ဘူးလို႔ သူယုံၾကည္ေၾကာင္း အတြင္းေရးမႉးခ်ဳပ္က ဆိုပါတယ္။
ဒီအခ်ိန္မွာ ကို႐ိုနာတိုက္ဖ်က္ေရးအတြက္ ႏိုင္ငံတကာစည္းလုံးညီၫြတ္သင့္တယ္လို႔ ကုလအတြင္းေရးမႉးခ်ဳပ္ေျပာ

WHO ကိုဘယ္သူေတြေထာက္ပံ့ေနသလဲ

ကမာၻ႔က်န္းမာေရးအဖြဲ႕ခ်ဳပ္ကို ၁၉၄၈ ခုႏွစ္မွာ တည္ေထာင္ခဲ့ပါတယ္။ ႐ုံးခ်ဳပ္က ဆြစ္ဇာလန္ႏိုင္ငံ ဂ်ီနီဗာၿမိဳ႕မွာပါ။ အဖြဲ႕ဝင္ ႏိုင္ငံေပါင္း ၁၉၄ ႏိုင္ငံရွိၿပီး တကမာၻလုံးဆိုင္ရာ အမ်ားျပည္သူက်န္းမာေရးကိစၥေတြကို ေဆာင္႐ြက္ဖို႔ ဖြဲ႕စည္းထားတာျဖစ္ပါတယ္။ က်န္းမာေရးတိုးတက္ေကာင္းမြန္ဖို႔၊ ေရာဂါေဘးကင္းလုံၿခဳံဖို႔၊ အားနည္းသူေတြကို ေထာက္ပံ့ကူညီဖို႔ဟာ ကမာၻ႔က်န္းမာေရး အဖြဲ႕ခ်ဳပ္ရဲ႕ ရည္မွန္းခ်က္ေတြျဖစ္ပါတယ္။

အဖြဲ႕ခ်ဳပ္ရဲ႕ ရန္ပုံေငြကို အဖြဲ႕ဝင္ႏိုင္ငံေတြရဲ႕ထည့္ဝင္ေငြအျပင္ မိမိသေဘာအေလ်ာက္လႉဒါန္းေငြတို႔အေပၚ အဓိက အားထားမွီခိုပါတယ္။ အဖြဲ႕ဝင္ႏိုင္ငံေတြရဲ႕ထည့္ဝင္ေငြကိုႏိုင္ငံတခုစီရဲ႕ ခ်မ္းသာႂကြယ္ဝမႈနဲ႔ လူဦးေရအခ်ိဳးအစားအေပၚတြက္ခ်က္ေကာက္ခံပါတယ္။ လႉဒါန္းထည့္ဝင္ေငြကေတာ့ ေစတနာအေလ်ာက္ ျဖစ္ပါတယ္။

တႏိုင္ငံခ်င္းရဲ႕ေထာက္ပံ့ေငြေတြထဲမွာ WHO ကို အမ်ားဆုံးေငြေထာက္ပံ့သူက အေမရိကန္ျပည္ေထာင္စုျဖစ္ၿပီး ၂၀၁၈-၁၉ ခုႏွစ္မွာ စုစုေပါင္း အေမရိကန္ေဒၚလာသန္း ၄၀၀ ျဖစ္ပါတယ္။ စုစုေပါင္းဘတ္ဂ်က္ရဲ႕ ၁၅ ရာႏႈန္း နီးပါးျဖစ္ပါတယ္။

၂၀၁၈-၁၉ ခုႏွစ္အတြက္ တ႐ုတ္ႏိုင္ငံရဲ႕ထည့္ဝင္ေငြကေဒၚလာ ၇၆ သန္းျဖစ္ၿပီး ေစတနာအေလ်ာက္လႉဒါန္းေငြက ေဒၚလာ ၁၀ သန္းလို႔ WHO ဝက္ဘ္ဆိုက္မွာေဖာ္ျပခ်က္အရ သိရပါတယ္။

ဒုတိယအမ်ားဆုံးလႉဒါန္းသူက ဘီလ္နဲ႔မလင္ဒါဂိတ္ ေဖာင္ေဒးရွင္းျဖစ္ၿပီး ကမာၻ႔က်န္းမာေရးအဖြဲ႕ခ်ဳပ္ စုစုေပါင္းရန္ပုံေငြရဲ႕ ၉ ဒသမ ၇၆ ရာႏႈန္းျဖစ္ပါတယ္။ ႏိုင္ငံအလိုက္ လႉဒါန္းသူေတြအနက္မွာေတာ့ အေမရိကန္ၿပီးရင္ ဒုတိယအမ်ားဆုံးက ၿဗိတိန္ႏိုင္ငံ ျဖစ္ပါတယ္။

ကို႐ိုနာကပ္ေဘး တိုက္ဖ်က္ေရးအတြက္ အေမရိကန္ေဒၚလာ ၆၇၅ သန္း လႉဒါန္းၾကဖို႔ WHO က မတ္လမွာ ပန္ၾကားထားၿပီးေနာက္ထပ္ အေမရိကန္ေဒၚလာ ၁ ဘီလ်ံ ထပ္မံပန္ၾကားအလႉခံဦးမယ္လို႔လည္း ဆိုပါတယ္။

မိုက္က႐ိုေဆာ့ဖ္ ကုမၸဏီတည္ေထာင္သူနဲ႔ WHO ရဲ႕ပင္မအလႉရွင္တေယာက္ျဖစ္သူ ဘီလ္ဂိတ္ကေတာ့ အခုလို ကမာၻလုံးဆိုင္ရာ က်န္းမာေရးကပ္ေဘးဆိုက္ေနခ်ိန္မွာ ဘ႑ာေငြေထာက္ပံ့မႈ ရပ္တန္႔တာဟာ အႏၲရာယ္သိပ္ႀကီးပါတယ္လို႔ တြစ္တာအေကာင့္မွာ ေရးသားခဲ့ပါတယ္။
ႏွာေခါင္းစြပ္တပ္ဆင္မႈနဲ႔ ပတ္သက္တဲ့ ကမာၻ႔က်န္းမာေရးအဖြဲ႕ခ်ဳပ္ ၫႊန္ၾကားခ်က္မရွင္းလင္းဘူးလို႔လည္း အေဝဖန္ခံရ

ေဒၚနယ္ထရမ့္ရဲ႕ေစာဒက

“ကိုဗစ္ ၁၉ ကပ္ေဘးကာလမွာ အေမရိကန္ရဲ႕ ရက္ေရာတဲ့အလႉကို အက်ိဳးအရွိဆုံး အသုံးမခ်ႏိုင္မွာကို ကြၽန္ေတာ္တို႔စိုးရိမ္ပူပန္ပါတယ္”လို႔ သမၼတ ထရမ့္က ဆိုပါတယ္။ အေမရိကန္ျပည္ေထာင္စုမွာ ေရာဂါကူးစက္ခံရသူ ၆ သိန္းရွိၿပီး ေသဆုံးသူ ၂၆၀၀၀ အထိရွိတဲ့အတြက္ ကိုဗစ္ - ၁၉ ဒဏ္ကို အျပင္းထန္ဆုံးခံစားရတဲ့ ႏိုင္ငံတႏိုင္ငံ ျဖစ္ပါတယ္။

“တကယ္လို႔ WHO ဟာ တ႐ုတ္ႏိုင္ငံကို ကြၽမ္းက်င္ေဆးပညာရွင္ေတြပို႔၊ လက္ေတြ႕အေျခအေနကို ဘက္မလိုက္ဘဲ သုံးသပ္ၿပီး တ႐ုတ္ရဲ႕ ပြင့္လင္းမႈမရွိတာေတြကို ေထာက္ျပခဲ့မယ္ဆိုရင္ ကို႐ိုနာဗိုင္းရပ္စ္ကို တ႐ုတ္ျပည္ထဲမွာတြင္ ထိန္းခ်ဳပ္အဆုံးသတ္ႏိုင္ၿပီး အေသအေပ်ာက္ကိုလည္း အနည္းဆုံးျဖစ္ေအာင္ လုပ္ႏိုင္ခဲ့ပါလိမ့္မယ္”လို႔ သမၼတထရမ့္က သတင္းေထာက္ေတြကို ေျပာခဲ့ပါတယ္။

“အဲသလိုသာလုပ္ခဲ့ရင္ လူေထာင္ေပါင္းမ်ားစြာရဲ႕အသက္ကိုကယ္ႏိုင္ခဲ့မွာျဖစ္သလို တကမာၻလုံး စီးပြားေရးပ်က္စီးမယ့္ေဘးကိုလည္း ေရွာင္ၾကဥ္ႏိုင္မွာ ျဖစ္ပါတယ္။ အခုေတာ့ တ႐ုတ္ရဲ႕ဂုဏ္သိကၡာကိုသာ အကာအကြယ္ေပးခဲ့တယ္။ တ႐ုတ္အစိုးရရဲ႕ေဆာင္႐ြက္ခ်က္ေတြကိုသာ ခုခံကာကြယ္ေပးခဲ့ပါတယ္” လို႔လည္း ဆိုပါတယ္။

ဒါေပမယ့္သမၼတထရမ့္ကိုယ္တိုင္ တ႐ုတ္ရဲ႕ေဆာင္႐ြက္ခ်က္ေတြကို ခ်ီးက်ဴးခဲ့ၿပီးအေမရိကန္ႏိုင္ငံအေပၚဗိုင္းရပ္စ္ အႏၲရာယ္ က်ေရာက္လာႏိုင္တဲ့ အလားအလာကိုေတာ့ ေလွ်ာ့တြက္ခဲ့တယ္မဟုတ္လားလို႔ သတင္းေထာက္ေတြက ေထာက္ျပေမးျမန္းခဲ့ၾကပါတယ္။

ဇန္နဝါရီလကုန္ပိုင္းက တြစ္တာအေကာင့္မွာ သမၼတထရမ့္ေရးသားခဲ့စဥ္က “တ႐ုတ္ဟာ ကို႐ိုနာဗိုင္းရပ္စ္ကို ထိန္းခ်ဳပ္ဖို႔ ႀကိဳးႀကိဳးစားစား အလုပ္လုပ္ခဲ့ပါတယ္။ တ႐ုတ္ရဲ႕ႀကိဳးစားမႈ၊ ပြင့္လင္းျမင္သာမႈကို အေမရိကန္ျပည္ေထာင္စုက ေက်းဇူးတင္ပါတယ္။ တ႐ုတ္ရဲ႕ေဆာင္႐ြက္ခ်က္ေတြဟာ အလုပ္လည္းျဖစ္ပါတယ္။ အေမရိကန္ျပည္သူေတြကိုယ္စား သမၼတရွီကို ကြၽန္ေတာ္ေက်းဇူးတင္ပါတယ္” လို႔ေရးသားခဲ့ပါတယ္။

ဇန္နဝါရီလကုန္မွာ တ႐ုတ္ႏိုင္ငံနဲ႔ကူးသန္းသြားလာမႈေတြကို သမၼတထရမ့္ကပိတ္ပင္ခဲ့ပါတယ္။ ဒါနဲ႔ပတ္သက္ၿပီး WHO က အေမရိကန္ကို တိုက္႐ိုက္ မေဝဖန္ခဲ့ေပမယ့္ ခရီးသြားလာခြင့္နဲ႔ ကုန္သြယ္ေရး ကန္႔သတ္ပိတ္ပင္မႈေတြလုပ္ဖို႔ မလိုေသးပါဘူးလို႔ေတာ့ ဆက္လက္ေျပာဆိုခဲ့ပါတယ္။
တ႐ုတ္ရဲ႕ ကို႐ိုနာဗိုင္းရပ္စ္ ေျဖရွင္းပုံကို WHO က ခ်ီးက်ဴးေလ့ရွိ
ပိတ္ဆို႔မႈနဲ႔ သမၼတထရမ့္အိမ္ျဖဴေတာ္သတင္းစာ

ပိတ္ဆို႔မႈ အဆုံးသတ္ေရးကို မၾကာခင္လုပ္ေဆာင္ေတာ့မယ္လို႔ အိမ္ျဖဴေတာ္ ႏွင္းဆီဥယ်ာဥ္ သတင္းစာရွင္းလင္းပြဲမွာ သမၼတထရမ့္က ေျပာလိုက္ပါတယ္။ တနလၤာေန႔မွာ သူက “ပိတ္ဆို႔မႈ ႐ုပ္သိမ္းေရး၊ မ႐ုပ္သိမ္းေရးကို သူ႔မွာေရာ၊ ျပည္နယ္အုပ္ခ်ဳပ္ေရးမႉးေတြမွာေရာ ဆုံးျဖတ္ပိုင္ခြင့္မရွိဘူး”လို႔ စိတ္လိုက္မာန္ပါ ေျပာခဲ့ပါတယ္။

အဂၤါေန႔မွာေတာ့ စကားျပင္ေျပာခဲ့ပါတယ္။ “အုပ္ခ်ဳပ္ေရးမႉးေတြမွာ တာဝန္ရွိပါတယ္။ သူတို႔တာဝန္ယူရပါမယ္” လို႔ျပင္ေျပာခဲ့တာပါ။

“ျပည္နယ္အစိုးရကအနီးကပ္ေစာင့္ၾကည့္ပါမယ္။ ျပည္နယ္အုပ္ခ်ဳပ္ေရးမႉးေတြမွာ တာဝန္ရွိပါတယ္။ ေခ်ာေခ်ာေမြ႕ေမြ႕ျဖစ္ေအာင္ သူတို႔နဲ႔ ပူးေပါင္းေဆာင္႐ြက္ပါမယ္” လို႔ဆိုပါတယ္။

အေမရိကန္ျပည္ေထာင္စုဥပေဒနဲ႔အညီ ျပည္နယ္အုပ္ခ်ဳပ္ေရးမႉးေတြက သူတို႔ျပည္နယ္အေျခအေနေတြကို ေစာင့္ၾကည့္ဖို႔ တာဝန္ရွိေၾကာင္း ကြၽမ္းက်င္သူေတြက သေဘာတူၾကပါတယ္။

“သမၼတထရမ့္ဟာ ရန္လိုမႈေၾကာင့္ပ်က္စီးေနၿပီ”လို႔ နယူးေယာက္အုပ္ခ်ဳပ္ေရးမႉး အင္ဒ႐ူးကိုမိုက အဂၤါမနက္ခင္းကေျပာပါတယ္။

“အေမရိကန္မွာ ဘုရင္မရွိဘူး။ သမၼတပဲရွိတယ္”လို႔လည္း သူကဆိုပါတယ္။

နယူးေယာက္ျပည္နယ္ဟာ ကို႐ိုနာဒဏ္ကို အဆိုးဆုံးခံရတဲ့ျပည္နယ္ျဖစ္ပါတယ္။ ေရာဂါျဖစ္သူ ၁ သိန္း ၉ ေသာင္း၊ ေသဆုံးသူ ၁ ေသာင္းရွိပါတယ္။

ဒါေပမယ့္ပထမဆုံးအႀကိမ္အျဖစ္ ေဆး႐ုံတင္ရေလာက္ေအာင္ ေဝဒနာျပင္းထန္သူ အေရအတြက္ ေလ်ာ့က်လာတာကို ေတြ႕ရပါတယ္။

WHO ကိုဘာေတြေဝဖန္ၾကသလဲ

တျခားလည္း ေဝဖန္ခံရတဲ့အခ်က္ေတြ ရွိပါတယ္။

ေဖေဖာ္ဝါရီလတုန္းက ကိုဗစ္ - ၁၉ ျပန္႔ပြားမွာကိုစိုးရိမ္ၿပီး ခရီးသြားလာမႈကန္႔သတ္တာေတြ က်ယ္က်ယ္ျပန္႔ျပန္႔ လုပ္ဖို႔မလိုဘူးလို႔ WHO ကေျပာခဲ့ပါတယ္။ ဒါေပမယ့္ အဲဒီအႀကံျပဳခ်က္ကို ႏိုင္ငံအမ်ားစုက ေနာက္ဆုံးမွာ လစ္လ်ဴရႈပယ္ခ်ခဲ့ၾကပါတယ္။

မတ္လအတြင္းမွာ တ႐ုတ္ရဲ႕ လႊမ္းမိုးမႈေၾကာင့္ ထိုင္ဝမ္က ကိုဗစ္ - ၁၉ ေရာဂါအေရး ေဆြးေႏြးဖို႔ ေတာင္းဆိုတာကို WHO ရဲ႕ထိပ္တန္း အရာရွိတဦးက ျငင္းပယ္ခဲ့တဲ့အတြက္ ေဝဖန္ခံခဲ့ရပါတယ္။

ႏွာေခါင္းစြပ္တပ္ေရး မတပ္ေရးနဲ႔ပတ္သက္တဲ့ WHO ရဲ႕ၫႊန္ၾကားခ်က္ဟာ အမ်ားျပည္သူကို ရႈပ္ရႈပ္ေထြးေထြးျဖစ္ေစတယ္ဆိုတဲ့ ေဝဖန္မႈလည္းရွိခဲ့ပါတယ္။

BBC Burmese
-------------------------------------
(Unicode)⤵⤵⤵
WHO ကို ဘဏ္ဍာငွေ ထောက်ပံ့မှု ရပ်တန့်မယ်လို့ ဒေါ်နယ်ထရမ့်ပြော

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ် WHO ဟာ ကိုရိုနာဗိုင်းရပ်စ် အရေးနဲ့ပတ်သက်ပြီး သူဆောင်ရွက်ရမယ့် အခြေခံ ဝတ္တရားတွေကို ပျက်ကွက်ခဲ့တဲ့အတွက် အမေရိကန်ရဲ့ ငွေကြေး ထောက်ပံ့မှုကို ရပ်တန့်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဆိုပါတယ်။

ကုလသမဂ္ဂအေဂျင်စီတခုဖြစ်တဲ့ WHO ဟာ တရုတ်နိုင်ငံမှာ ဗိုင်းရပ်စ်ပျံ့နှံ့လာတာကို ဖုံးဖိထားခဲ့သလို စီမံခန့်ခွဲမှု အမှားတွေ လုပ်ခဲ့တယ်လို့ သမ္မတထရမ့်က စွပ်စွဲပြီး WHO အနေနဲ့ ဒီကိစ္စကို တာဝန်ယူရမယ်လို့ဆိုပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကတော့ ဒီအချိန်ဟာ ဘဏ္ဍာငွေ ထောက်ပံ့မှုဖြတ်တောက်ရမယ့် အချိန်အခါမဟုတ်ဘူးလို့ သတိပေးပါတယ်။

သမ္မတထရမ့်ကိုယ်တိုင်ဟာလည်း ကပ်ရောဂါစီမံခန့်ခွဲမှုနဲ့ ပတ်သက်ပြီး ဝေဖန်ပြစ်တင်တာ ခံနေရသူ ဖြစ်ပါတယ်။

သူ့အပေါ်ဝေဖန်မှုတွေကို လမ်းလွှဲဖို့ အခုလို ပြောဆိုလာတယ်လို့ ဝေဖန်မှုတွေလည်း ရှိပါတယ်။ မစ္စတာထရမ့်ဟာ ဗိုင်းရပ်စ်ပြန့်ပွားမှုတားဆီးရေးမှာ သိပ်နှေးကွေးလွန်းတယ်လို့ အပြစ်တင်ခံရပါတယ်။

အထူးသဖြင့် ဇန်နဝါရီလနှောင်းပိုင်းမှာ တရုတ်နိုင်ငံနဲ့ ကူးသန်းသွားလာမှု ပိတ်ပင်ဖို့ရာ နှောင့်နှေးခဲ့တာကို ထောက်ပြကြပါတယ်။

အဲဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး WHO ရဲ့တရုတ်အပေါ် ဘက်လိုက်မှုကြောင့် ဖြစ်ရတာဆိုပြီး သူကပြန်လွှဲချတာဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကို ဖုံးအုပ်ပြီး စီမံခန့်ခွဲမှု ဆိုးဆိုးဝါးဝါး မှားယွင်းခဲ့တာတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ကို သုံးသပ်နေတဲ့ ကာလအတောအတွင်း ဘဏ္ဍာငွေ ထောက်ပံ့မှုရပ်တန့်ထားဖို့ အစိုးရအဖွဲ့ကို သူညွှန်ကြားထားကြောင်း သမ္မတထရမ့်က အင်္ဂါနေ့လုပ်တဲ့ အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောဆိုသွားပါတယ်။

WHOက တိုက်ရိုက်တုံ့ပြန်တာ မရှိသေးပေမယ့် အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကတော့ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် နိုင်ငံတကာ စည်းလုံးညီညွတ်မှု ရှိသင့်တယ်လို့ ဆိုပါတယ်။

WHO ဟာ ကိုဗစ် - ၁၉ တိုက်ဖျက်ရေးမှာ အချက်အချာအကျဆုံး ဖြစ်တဲ့အတွက် ဘဏ္ဍာငွေထောက်ပံ့မှု မရပ်သင့်ဘူးလို့ သူယုံကြည်ကြောင်း အတွင်းရေးမှူးချုပ်က ဆိုပါတယ်။

WHO ကိုဘယ်သူတွေထောက်ပံ့နေသလဲ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ကို ၁၉၄၈ ခုနှစ်မှာ တည်ထောင်ခဲ့ပါတယ်။ ရုံးချုပ်က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာပါ။ အဖွဲ့ဝင် နိုင်ငံပေါင်း ၁၉၄ နိုင်ငံရှိပြီး တကမ္ဘာလုံးဆိုင်ရာ အများပြည်သူကျန်းမာရေးကိစ္စတွေကို ဆောင်ရွက်ဖို့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ကျန်းမာရေးတိုးတက်ကောင်းမွန်ဖို့၊ ရောဂါဘေးကင်းလုံခြုံဖို့၊ အားနည်းသူတွေကို ထောက်ပံ့ကူညီဖို့ဟာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ်ရဲ့ ရည်မှန်းချက်တွေဖြစ်ပါတယ်။

အဖွဲ့ချုပ်ရဲ့ ရန်ပုံငွေကို အဖွဲ့ဝင်နိုင်ငံတွေရဲ့ထည့်ဝင်ငွေအပြင် မိမိသဘောအလျောက်လှူဒါန်းငွေတို့အပေါ် အဓိက အားထားမှီခိုပါတယ်။ အဖွဲ့ဝင်နိုင်ငံတွေရဲ့ထည့်ဝင်ငွေကိုနိုင်ငံတခုစီရဲ့ ချမ်းသာကြွယ်ဝမှုနဲ့ လူဦးရေအချိုးအစားအပေါ်တွက်ချက်ကောက်ခံပါတယ်။ လှူဒါန်းထည့်ဝင်ငွေကတော့ စေတနာအလျောက် ဖြစ်ပါတယ်။

တနိုင်ငံချင်းရဲ့ထောက်ပံ့ငွေတွေထဲမှာ WHO ကို အများဆုံးငွေထောက်ပံ့သူက အမေရိကန်ပြည်ထောင်စုဖြစ်ပြီး ၂၀၁၈-၁၉ ခုနှစ်မှာ စုစုပေါင်း အမေရိကန်ဒေါ်လာသန်း ၄၀၀ ဖြစ်ပါတယ်။ စုစုပေါင်းဘတ်ဂျက်ရဲ့ ၁၅ ရာနှုန်း နီးပါးဖြစ်ပါတယ်။

၂၀၁၈-၁၉ ခုနှစ်အတွက် တရုတ်နိုင်ငံရဲ့ထည့်ဝင်ငွေကဒေါ်လာ ၇၆ သန်းဖြစ်ပြီး စေတနာအလျောက်လှူဒါန်းငွေက ဒေါ်လာ ၁၀ သန်းလို့ WHO ဝက်ဘ်ဆိုက်မှာဖော်ပြချက်အရ သိရပါတယ်။

ဒုတိယအများဆုံးလှူဒါန်းသူက ဘီလ်နဲ့မလင်ဒါဂိတ် ဖောင်ဒေးရှင်းဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် စုစုပေါင်းရန်ပုံငွေရဲ့ ၉ ဒသမ ၇၆ ရာနှုန်းဖြစ်ပါတယ်။ နိုင်ငံအလိုက် လှူဒါန်းသူတွေအနက်မှာတော့ အမေရိကန်ပြီးရင် ဒုတိယအများဆုံးက ဗြိတိန်နိုင်ငံ ဖြစ်ပါတယ်။

ကိုရိုနာကပ်ဘေး တိုက်ဖျက်ရေးအတွက် အမေရိကန်ဒေါ်လာ ၆၇၅ သန်း လှူဒါန်းကြဖို့ WHO က မတ်လမှာ ပန်ကြားထားပြီးနောက်ထပ် အမေရိကန်ဒေါ်လာ ၁ ဘီလျံ ထပ်မံပန်ကြားအလှူခံဦးမယ်လို့လည်း ဆိုပါတယ်။

မိုက်ကရိုဆော့ဖ် ကုမ္ပဏီတည်ထောင်သူနဲ့ WHO ရဲ့ပင်မအလှူရှင်တယောက်ဖြစ်သူ ဘီလ်ဂိတ်ကတော့ အခုလို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးကပ်ဘေးဆိုက်နေချိန်မှာ ဘဏ္ဍာငွေထောက်ပံ့မှု ရပ်တန့်တာဟာ အန္တရာယ်သိပ်ကြီးပါတယ်လို့ တွစ်တာအကောင့်မှာ ရေးသားခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်ရဲ့စောဒက

“ကိုဗစ် ၁၉ ကပ်ဘေးကာလမှာ အမေရိကန်ရဲ့ ရက်ရောတဲ့အလှူကို အကျိုးအရှိဆုံး အသုံးမချနိုင်မှာကို ကျွန်တော်တို့စိုးရိမ်ပူပန်ပါတယ်”လို့ သမ္မတ ထရမ့်က ဆိုပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ရောဂါကူးစက်ခံရသူ ၆ သိန်းရှိပြီး သေဆုံးသူ ၂၆၀၀၀ အထိရှိတဲ့အတွက် ကိုဗစ် - ၁၉ ဒဏ်ကို အပြင်းထန်ဆုံးခံစားရတဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။

“တကယ်လို့ WHO ဟာ တရုတ်နိုင်ငံကို ကျွမ်းကျင်ဆေးပညာရှင်တွေပို့၊ လက်တွေ့အခြေအနေကို ဘက်မလိုက်ဘဲ သုံးသပ်ပြီး တရုတ်ရဲ့ ပွင့်လင်းမှုမရှိတာတွေကို ထောက်ပြခဲ့မယ်ဆိုရင် ကိုရိုနာဗိုင်းရပ်စ်ကို တရုတ်ပြည်ထဲမှာတွင် ထိန်းချုပ်အဆုံးသတ်နိုင်ပြီး အသေအပျောက်ကိုလည်း အနည်းဆုံးဖြစ်အောင် လုပ်နိုင်ခဲ့ပါလိမ့်မယ်”လို့ သမ္မတထရမ့်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

“အဲသလိုသာလုပ်ခဲ့ရင် လူထောင်ပေါင်းများစွာရဲ့အသက်ကိုကယ်နိုင်ခဲ့မှာဖြစ်သလို တကမ္ဘာလုံး စီးပွားရေးပျက်စီးမယ့်ဘေးကိုလည်း ရှောင်ကြဉ်နိုင်မှာ ဖြစ်ပါတယ်။ အခုတော့ တရုတ်ရဲ့ဂုဏ်သိက္ခာကိုသာ အကာအကွယ်ပေးခဲ့တယ်။ တရုတ်အစိုးရရဲ့ဆောင်ရွက်ချက်တွေကိုသာ ခုခံကာကွယ်ပေးခဲ့ပါတယ်” လို့လည်း ဆိုပါတယ်။

ဒါပေမယ့်သမ္မတထရမ့်ကိုယ်တိုင် တရုတ်ရဲ့ဆောင်ရွက်ချက်တွေကို ချီးကျူးခဲ့ပြီးအမေရိကန်နိုင်ငံအပေါ်ဗိုင်းရပ်စ် အန္တရာယ် ကျရောက်လာနိုင်တဲ့ အလားအလာကိုတော့ လျှော့တွက်ခဲ့တယ်မဟုတ်လားလို့ သတင်းထောက်တွေက ထောက်ပြမေးမြန်းခဲ့ကြပါတယ်။

ဇန်နဝါရီလကုန်ပိုင်းက တွစ်တာအကောင့်မှာ သမ္မတထရမ့်ရေးသားခဲ့စဉ်က “တရုတ်ဟာ ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်ဖို့ ကြိုးကြိုးစားစား အလုပ်လုပ်ခဲ့ပါတယ်။ တရုတ်ရဲ့ကြိုးစားမှု၊ ပွင့်လင်းမြင်သာမှုကို အမေရိကန်ပြည်ထောင်စုက ကျေးဇူးတင်ပါတယ်။ တရုတ်ရဲ့ဆောင်ရွက်ချက်တွေဟာ အလုပ်လည်းဖြစ်ပါတယ်။ အမေရိကန်ပြည်သူတွေကိုယ်စား သမ္မတရှီကို ကျွန်တော်ကျေးဇူးတင်ပါတယ်” လို့ရေးသားခဲ့ပါတယ်။

ဇန်နဝါရီလကုန်မှာ တရုတ်နိုင်ငံနဲ့ကူးသန်းသွားလာမှုတွေကို သမ္မတထရမ့်ကပိတ်ပင်ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး WHO က အမေရိကန်ကို တိုက်ရိုက် မဝေဖန်ခဲ့ပေမယ့် ခရီးသွားလာခွင့်နဲ့ ကုန်သွယ်ရေး ကန့်သတ်ပိတ်ပင်မှုတွေလုပ်ဖို့ မလိုသေးပါဘူးလို့တော့ ဆက်လက်ပြောဆိုခဲ့ပါတယ်။

ပိတ်ဆို့မှုနဲ့ သမ္မတထရမ့်အိမ်ဖြူတော်သတင်းစာ

ပိတ်ဆို့မှု အဆုံးသတ်ရေးကို မကြာခင်လုပ်ဆောင်တော့မယ်လို့ အိမ်ဖြူတော် နှင်းဆီဥယျာဉ် သတင်းစာရှင်းလင်းပွဲမှာ သမ္မတထရမ့်က ပြောလိုက်ပါတယ်။ တနင်္လာနေ့မှာ သူက “ပိတ်ဆို့မှု ရုပ်သိမ်းရေး၊ မရုပ်သိမ်းရေးကို သူ့မှာရော၊ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေမှာရော ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး”လို့ စိတ်လိုက်မာန်ပါ ပြောခဲ့ပါတယ်။

အင်္ဂါနေ့မှာတော့ စကားပြင်ပြောခဲ့ပါတယ်။ “အုပ်ချုပ်ရေးမှူးတွေမှာ တာဝန်ရှိပါတယ်။ သူတို့တာဝန်ယူရပါမယ်” လို့ပြင်ပြောခဲ့တာပါ။

“ပြည်နယ်အစိုးရကအနီးကပ်စောင့်ကြည့်ပါမယ်။ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေမှာ တာဝန်ရှိပါတယ်။ ချောချောမွေ့မွေ့ဖြစ်အောင် သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ပါမယ်” လို့ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုဥပဒေနဲ့အညီ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေက သူတို့ပြည်နယ်အခြေအနေတွေကို စောင့်ကြည့်ဖို့ တာဝန်ရှိကြောင်း ကျွမ်းကျင်သူတွေက သဘောတူကြပါတယ်။

“သမ္မတထရမ့်ဟာ ရန်လိုမှုကြောင့်ပျက်စီးနေပြီ”လို့ နယူးယောက်အုပ်ချုပ်ရေးမှူး အင်ဒရူးကိုမိုက အင်္ဂါမနက်ခင်းကပြောပါတယ်။

“အမေရိကန်မှာ ဘုရင်မရှိဘူး။ သမ္မတပဲရှိတယ်”လို့လည်း သူကဆိုပါတယ်။

နယူးယောက်ပြည်နယ်ဟာ ကိုရိုနာဒဏ်ကို အဆိုးဆုံးခံရတဲ့ပြည်နယ်ဖြစ်ပါတယ်။ ရောဂါဖြစ်သူ ၁ သိန်း ၉ သောင်း၊ သေဆုံးသူ ၁ သောင်းရှိပါတယ်။

ဒါပေမယ့်ပထမဆုံးအကြိမ်အဖြစ် ဆေးရုံတင်ရလောက်အောင် ဝေဒနာပြင်းထန်သူ အရေအတွက် လျော့ကျလာတာကို တွေ့ရပါတယ်။

WHO ကိုဘာတွေဝေဖန်ကြသလဲ

တခြားလည်း ဝေဖန်ခံရတဲ့အချက်တွေ ရှိပါတယ်။

ဖေဖော်ဝါရီလတုန်းက ကိုဗစ် - ၁၉ ပြန့်ပွားမှာကိုစိုးရိမ်ပြီး ခရီးသွားလာမှုကန့်သတ်တာတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့မလိုဘူးလို့ WHO ကပြောခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအကြံပြုချက်ကို နိုင်ငံအများစုက နောက်ဆုံးမှာ လစ်လျူရှုပယ်ချခဲ့ကြပါတယ်။

မတ်လအတွင်းမှာ တရုတ်ရဲ့ လွှမ်းမိုးမှုကြောင့် ထိုင်ဝမ်က ကိုဗစ် - ၁၉ ရောဂါအရေး ဆွေးနွေးဖို့ တောင်းဆိုတာကို WHO ရဲ့ထိပ်တန်း အရာရှိတဦးက ငြင်းပယ်ခဲ့တဲ့အတွက် ဝေဖန်ခံခဲ့ရပါတယ်။

နှာခေါင်းစွပ်တပ်ရေး မတပ်ရေးနဲ့ပတ်သက်တဲ့ WHO ရဲ့ညွှန်ကြားချက်ဟာ အများပြည်သူကို ရှုပ်ရှုပ်ထွေးထွေးဖြစ်စေတယ်ဆိုတဲ့ ဝေဖန်မှုလည်းရှိခဲ့ပါတယ်။

BBC Burmese
https://www.bbc.com/burmese/world-52298808
WHO ကို ဘ႑ာေငြ ေထာက္ပံ့မႈ ရပ္တန္႔မယ္လို႔ ေဒၚနယ္ထရမ့္ေျပာ WHO ကို ဘ႑ာေငြ ေထာက္ပံ့မႈ ရပ္တန္႔မယ္လို႔ ေဒၚနယ္ထရမ့္ေျပာ Reviewed by THITHTOOLWIN on 05:03 Rating: 5
Powered by Blogger.