ထိန္းခ်ဳပ္မႈေတြကိုအလ်င္စလို႐ုတ္သိမ္းရင္ ေသဆုံးႏႈန္း ျပန္ေခါင္းေထာင္ႏိုင္တယ္လို႔ WHO သတိေပး

စပိန္မွာ ဘာသာေရးပြဲေတာ္တစ္ခုျဖစ္တဲ့အီစတာပြဲေတာ္ကို ဖ်က္သိမ္းထား
(Zawgyi)⤵⤵⤵

ကို႐ိုနာဗိုင္းရပ္စ္မျပန႔္ပြားေရး ပိတ္ဆို႔ကန႔္သတ္ထားတာေတြကို အလ်င္စလို ႐ုတ္သိမ္းမယ္ဆိုရင္ ေသဆုံးႏႈန္းေတြ ျပန္လည္ေခါင္းေထာင္လာႏိုင္တယ္လို႔ ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO ကသတိေပးလိုက္ပါတယ္။

WHO အႀကီးအကဲ ေဒါက္တာ တက္ဒ႐ို႕က စီးပြားေရးအရ သက္ေရာက္မႈေတြနဲ႔ ႐ုန္းကန္ေနရတဲ့တခ်ိဳ႕တိုင္းျပည္ေတြမွာ ဒီလို ကန႔္သတ္မႈေတြကို ေျဖေလွ်ာ့တဲ့အခါ သတိႀကီးႀကီးထားသင့္တယ္လို႔လည္း ဆိုပါတယ္။

ဥေရာပမွာ ဗိုင္းရပ္စ္ဒဏ္ဆိုးဆိုး႐ြား႐ြားခံခဲ့ရတဲ့ စပိန္နဲ႔ အီတလီတို႔မွာ ကန႔္ဘသတ္မႈေတြကို ေျဖေလွ်ာ့စျပဳလာၿပီျဖစ္ပါတယ္။

ကမာၻတစ္ဝန္း ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္သူေပါင္း ၁ ဒသမ ၆ သန္းေက်ာ္ ရွိၿပီး ေသဆုံးသူ တစ္သိန္းေက်ာ္သြားပါၿပီ။

ဒီအခ်ိန္မွာ ဗိုင္းရပ္စ္ ဗဟိုခ်က္မျဖစ္ခဲ့တဲ့ ဥေရာပ တိုင္းျပည္တခ်ိဳ႕မွာ ေသဆုံးႏႈန္းေႏွးေကြးလာတယ္လို႔ ေဒါက္တာတက္ဒ႐ို႕က ေျပာပါတယ္။

"ထိန္းခ်ဳပ္ကန႔္သတ္မႈေတြကို ျမန္ျမန္ဆန္ဆန္ေျဖေလွ်ာ့ေပးတာက ေသဆုံးႏႈန္းေတြကို ျပန္လည္ေခါင္းေထာင္သြားဖို႔ ဦးတည္ေစႏိုင္တယ္။ စနစ္တက် မစီမံႏိုင္ဘူးဆိုရင္ ဒီနည္းလမ္းက အႏၲရာယ္မ်ားပါတယ္" လို႔ သူကဆိုပါတယ္။

WHOအေနနဲ႔ ကန႔္သတ္ခ်က္ေတြကို ေျဖေလွ်ာ့ေပးႏိုင္တဲ့ နည္းလမ္းေတြနဲ႔ပတ္သက္ၿပီး အစိုးရေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္ခဲ့ေပမယ့္ ဒါေတြကို သိပ္မၾကာခင္မွာ လုပ္သင့္တယ္လို႔ေတာ့ မထင္ေၾကာင္း သူက ဆက္ေျပာပါတယ္။

စပိန္အစိုးရဟာ လာမယ့္တနလၤာေန႔ကစၿပီး ေဆာက္လုပ္ေရးနဲ႔ စက္႐ုံအလုပ္႐ုံ လို မျဖစ္မေန အေရးပါတဲ့ လုပ္ငန္းအမ်ိဳးအစားမဟုတ္တဲ့ တခ်ိဳ႕ အလုပ္သမားေတြကို လုပ္ငန္းခြင္ျပန္ဝင္ေရး ခြင့္ျပဳဖို႔ လုပ္ေဆာင္ေနပါတယ္။

စပိန္ဟာ မေန႔က ၁၇ ရက္အတြင္း လူေသဆုံးမႈအနိမ့္ဆုံးျဖစ္ခဲ့ၿပီး တစ္ရက္တည္းေသဆုံးသူ ၆၀၅ ဦး ရွိခဲ့ပါတယ္။ ေနာက္ဆုံးရရွိထားတဲ့ စာရင္းေတြအရ စပိန္မွာ ဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူေပါင္း ၁၅,၈၄၃ ဦး ရွိထားပါတယ္။

လာမယ့္သီတင္းပတ္ကုန္ အီစတာပြဲေတာ္ အားလပ္ရက္အတြင္း လူေတြ ခပ္ခြာခြာေနၾကဖို႔ စည္းကမ္းကို ဆက္လိုက္နာၾကဖို႔ အစိုးရက တိုက္တြန္းထားပါတယ္။

အီတလီမွာ ဝန္ႀကီးခ်ဳပ္က လာမယ့္ ေမ ၃ ရက္အထိ ကန႔္သတ္ပိတ္ပင္ထားတာေတြကို ထပ္တိုးသြားဖို႔ရွိၿပီး အဲဒီလို အသြားအလာကန႔္သတ္ထားတာေၾကာင့္ ေရာဂါထိန္းခ်ဳပ္ႏိုင္ခဲ့တဲ့အေျခအေနေတြကို မဆုံးရႈံးဖို႔လည္း သတိေပးခဲ့ပါတယ္။

ဒါေပမဲ့ မတ္ ၁၂ ကစၿပီး ပိတ္ထားခဲ့တဲ့ တခ်ိဳ႕စီးပြားေရးလုပ္ငန္းေတြ စာအုပ္ဆိုင္နဲ႔ ကေလးအက်ႌဆိုင္လို လုပ္ငန္းေတြကို ျပန္ဖြင့္ခြင့္ျပဳေတာ့မွာ ျဖစ္ပါတယ္။

အီတလီမွာ ဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ၁၈,၈၄၉ ဦးနဲ႔ ကမာၻအေပၚမွာ ေသဆုံးႏႈန္းအမ်ားဆုံး ျဖစ္ပါတယ္။ ဒုတိယအမ်ားဆုံးကေတာ့ အေမရိကန္ျပည္ေထာင္စုျဖစ္ၿပီး ေသသူ ၁၈,၆၇၉ ျဖစ္ပါတယ္။ တတိယကေတာ့ စပိန္ျဖစ္ၿပီး ေသဆုံးသူ ၁၆,၀၈၁ ဦးနဲ႔ သူ႔ေနာက္မွာ ျပင္သစ္က ေသဆုံးသူ ၁၃,၁၉၇ ဦး နဲ႔ ရွိေနပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-52171093
---------------
(Unicode)⤵⤵⤵

ထိန်းချုပ်မှုတွေကိုအလျင်စလိုရုတ်သိမ်းရင် သေဆုံးနှုန်း ပြန်ခေါင်းထောင်နိုင်တယ်လို့ WHO သတိပေး
ဓာတ်ပုံ မူပိုင် EPA
Image caption စပိန်မှာ ဘာသာရေးပွဲတော်တစ်ခုဖြစ်တဲ့အီစတာပွဲတော်ကို ဖျက်သိမ်းထား

ကိုရိုနာဗိုင်းရပ်စ်မပြန့်ပွားရေး ပိတ်ဆို့ကန့်သတ်ထားတာတွေကို အလျင်စလို ရုတ်သိမ်းမယ်ဆိုရင် သေဆုံးနှုန်းတွေ ပြန်လည်ခေါင်းထောင်လာနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကသတိပေးလိုက်ပါတယ်။

WHO အကြီးအကဲ ဒေါက်တာ တက်ဒရို့က စီးပွားရေးအရ သက်ရောက်မှုတွေနဲ့ ရုန်းကန်နေရတဲ့တချို့တိုင်းပြည်တွေမှာ ဒီလို ကန့်သတ်မှုတွေကို ဖြေလျှော့တဲ့အခါ သတိကြီးကြီးထားသင့်တယ်လို့လည်း ဆိုပါတယ်။

ဥရောပမှာ ဗိုင်းရပ်စ်ဒဏ်ဆိုးဆိုးရွားရွားခံခဲ့ရတဲ့ စပိန်နဲ့ အီတလီတို့မှာ ကန့်ဘသတ်မှုတွေကို ဖြေလျှော့စပြုလာပြီဖြစ်ပါတယ်။

ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူပေါင်း ၁ ဒသမ ၆ သန်းကျော် ရှိပြီး သေဆုံးသူ တစ်သိန်းကျော်သွားပါပြီ။

ဒီအချိန်မှာ ဗိုင်းရပ်စ် ဗဟိုချက်မဖြစ်ခဲ့တဲ့ ဥရောပ တိုင်းပြည်တချို့မှာ သေဆုံးနှုန်းနှေးကွေးလာတယ်လို့ ဒေါက်တာတက်ဒရို့က ပြောပါတယ်။

"ထိန်းချုပ်ကန့်သတ်မှုတွေကို မြန်မြန်ဆန်ဆန်ဖြေလျှော့ပေးတာက သေဆုံးနှုန်းတွေကို ပြန်လည်ခေါင်းထောင်သွားဖို့ ဦးတည်စေနိုင်တယ်။ စနစ်တကျ မစီမံနိုင်ဘူးဆိုရင် ဒီနည်းလမ်းက အန္တရာယ်များပါတယ်" လို့ သူကဆိုပါတယ်။

WHOအနေနဲ့ ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးနိုင်တဲ့ နည်းလမ်းတွေနဲ့ပတ်သက်ပြီး အစိုးရတွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပေမယ့် ဒါတွေကို သိပ်မကြာခင်မှာ လုပ်သင့်တယ်လို့တော့ မထင်ကြောင်း သူက ဆက်ပြောပါတယ်။

စပိန်အစိုးရဟာ လာမယ့်တနင်္လာနေ့ကစပြီး ဆောက်လုပ်ရေးနဲ့ စက်ရုံအလုပ်ရုံ လို မဖြစ်မနေ အရေးပါတဲ့ လုပ်ငန်းအမျိုးအစားမဟုတ်တဲ့ တချို့ အလုပ်သမားတွေကို လုပ်ငန်းခွင်ပြန်ဝင်ရေး ခွင့်ပြုဖို့ လုပ်ဆောင်နေပါတယ်။

စပိန်ဟာ မနေ့က ၁၇ ရက်အတွင်း လူသေဆုံးမှုအနိမ့်ဆုံးဖြစ်ခဲ့ပြီး တစ်ရက်တည်းသေဆုံးသူ ၆၀၅ ဦး ရှိခဲ့ပါတယ်။ နောက်ဆုံးရရှိထားတဲ့ စာရင်းတွေအရ စပိန်မှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူပေါင်း ၁၅,၈၄၃ ဦး ရှိထားပါတယ်။

လာမယ့်သီတင်းပတ်ကုန် အီစတာပွဲတော် အားလပ်ရက်အတွင်း လူတွေ ခပ်ခွာခွာနေကြဖို့ စည်းကမ်းကို ဆက်လိုက်နာကြဖို့ အစိုးရက တိုက်တွန်းထားပါတယ်။

အီတလီမှာ ဝန်ကြီးချုပ်က လာမယ့် မေ ၃ ရက်အထိ ကန့်သတ်ပိတ်ပင်ထားတာတွေကို ထပ်တိုးသွားဖို့ရှိပြီး အဲဒီလို အသွားအလာကန့်သတ်ထားတာကြောင့် ရောဂါထိန်းချုပ်နိုင်ခဲ့တဲ့အခြေအနေတွေကို မဆုံးရှုံးဖို့လည်း သတိပေးခဲ့ပါတယ်။

ဒါပေမဲ့ မတ် ၁၂ ကစပြီး ပိတ်ထားခဲ့တဲ့ တချို့စီးပွားရေးလုပ်ငန်းတွေ စာအုပ်ဆိုင်နဲ့ ကလေးအင်္ကျီဆိုင်လို လုပ်ငန်းတွေကို ပြန်ဖွင့်ခွင့်ပြုတော့မှာ ဖြစ်ပါတယ်။

အီတလီမှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၈,၈၄၉ ဦးနဲ့ ကမ္ဘာအပေါ်မှာ သေဆုံးနှုန်းအများဆုံး ဖြစ်ပါတယ်။ ဒုတိယအများဆုံးကတော့ အမေရိကန်ပြည်ထောင်စုဖြစ်ပြီး သေသူ ၁၈,၆၇၉ ဖြစ်ပါတယ်။ တတိယကတော့ စပိန်ဖြစ်ပြီး သေဆုံးသူ ၁၆,၀၈၁ ဦးနဲ့ သူ့နောက်မှာ ပြင်သစ်က သေဆုံးသူ ၁၃,၁၉၇ ဦး နဲ့ ရှိနေပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52171093
ထိန္းခ်ဳပ္မႈေတြကိုအလ်င္စလို႐ုတ္သိမ္းရင္ ေသဆုံးႏႈန္း ျပန္ေခါင္းေထာင္ႏိုင္တယ္လို႔ WHO သတိေပး ထိန္းခ်ဳပ္မႈေတြကိုအလ်င္စလို႐ုတ္သိမ္းရင္ ေသဆုံးႏႈန္း ျပန္ေခါင္းေထာင္ႏိုင္တယ္လို႔ WHO သတိေပး Reviewed by THITHTOOLWIN on 09:57 Rating: 5
Powered by Blogger.