VOM တည္ေထာင္သူ ေသဒဏ္တိုက္မွာ ခ်ဳပ္ခံထားရ


အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒနဲ႔ ဖမ္းဆီးအမႈဖြင့္ခံထားရတဲ့ Voice of Myanmar (VOM) သတင္းဌာန တည္ေထာင္သူ ကိုေနမ်ိဳးလင္းဟာ သူ႔ကို ေသဒဏ္ခ်ခံထားရသူေတြကိုထားတဲ့တိုက္မွာထားတယ္လို႔ ဒီေန႔ ဧၿပီ ၉ ရက္ေန႔ ႐ုံးထုတ္မွာ ေျပာပါတယ္။

ကိုေနမ်ိဳးလင္းကို ခ်မ္းျမသာစည္ၿမိဳ႕နယ္ တရား႐ုံးမွာ ဒီကေန႔ ဒုတိယအႀကိမ္႐ုံးထုတ္ ရမန္ယူခဲ့တာပါ။

အိုးဘိုေထာင္အတြင္းမွာ အခြင့္အေရးခ်ိဳးေဖာက္ခံေနရတယ္လို႔ တရား႐ုံးကအထြက္မွာ ကိုေနမ်ိဳးလင္း က ေျပာပါတယ္။

"ေသဒဏ္တိုက္မွာထားပါတယ္။ တံခါးသုံးထပ္နဲ႔ထားပါတယ္။ ကြၽန္ေတာ္ေရးတာ ၿငိမ္းခ်မ္းေရးအတြက္ေရးတဲ့ သတင္းျဖစ္ပါတယ္။ ၿငိမ္းခ်မ္းေရးအတြက္ေပးတဲ့ ဆုလာဘ္က လက္ထိပ္ပါ၊ ေသဒဏ္ထဲမွာထားပါတယ္"

ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း AAPP တြဲဖက္အတြင္းေရးမႉး ဦးဘိုၾကည္က  အက်ဥ္းသားေတြကို လုံၿခဳံေရးအေၾကာင္းျပခ်က္နဲ႔ တံခါးသုံးထပ္နဲ႔ ထားေလ့ရွိတယ္လို႔ ေျပာပါတယ္။

“သူတို႔ လုံၿခဳံေရးအေၾကာင္းျပခ်က္နဲ႔ ထိန္းသိမ္းထားတာမ်ိဳးျဖစ္ႏိုင္တယ္၊ က်ေတာ္တို႔ေတြေခတ္တုန္းကလည္း ရံဖန္ရံခါမွာေတာ့ တခ်ိဳ႕လူေတြကို ေထာက္လွမ္းေရးမွတ္ခ်က္နဲ႔ က်န္တဲ့လူေတြနဲ႔ အဆက္အသြယ္လုပ္လို႔ မရေအာင္ အဲဒီလိုမ်ိဳး ထိန္းသိမ္းေလ့ရွိတယ္။ အခုလည္း ဒါ အဲဒီလိုပုံစံမ်ိဳးနဲ႔ ထိန္းသိမ္းတယ္ထင္တယ္။ ဒါေပမဲ့ လူတစ္ေယာက္ကို ဒီလိုမ်ိဳး တံခါးသုံးထပ္နဲ႔ ေသဒဏ္က်ေလာက္တဲ့အျပစ္မ်ိဳးလည္း မဟုတ္ဘူး။ တကယ္ဆို ဖမ္းကိုမဖမ္းသင့္တဲ့လူမ်ိဳးတစ္ေယာက္ကိုေတာ့ ဒီလိုမ်ိဳးထားတာ ျပင္းထန္လြန္းအားႀကီးတယ္။ မထားသင့္ဘူး”

အစိုးရက ရကၡိဳင့္တပ္ေတာ္ AA ကို အၾကမ္းဖက္အဖြဲ႕အစည္းအျဖစ္ မတ္ ၂၃ ရက္ေန႔က သတ္မွတ္ေၾကညာ လိုက္ၿပီးေနာက္ပိုင္း AA ေျပာခြင့္ရသူ ခိုင္သုခကို VOM က ဆက္သြယ္ေမးျမန္းေဖာ္ျပခဲ့တာပါ။

VOM ရဲ႕ ေမးျမန္းခ်က္ေတြထဲမွာ အၾကမ္းဖက္အဖြဲ႕အျဖစ္ ေၾကညာခံခဲ့ရတာနဲ႔ပတ္သက္လို႔ သေဘာထား၊ AA အဖြဲ႕မပါရင္ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕ေတြနဲ႔ အစိုးရအပစ္အခတ္ရပ္ဆိုင္းေရး ေဆြးေႏြးပြဲအေျခအေနအေပၚ သေဘာထားနဲ႔ အခုလို အၾကမ္းဖက္အဖြဲ႕အျဖစ္ သတ္မွတ္ခံလိုက္ရတဲ့အတြက္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမွာ ဘယ္လိုသေဘာေဆာင္သြားလဲဆိုတဲ့ေမးခြန္းေတြ ပါဝင္ပါတယ္။

အဲဒီေမးျမန္းခ်က္ ေဖာ္ျပၿပီးေနာက္ မတ္လ  ၃၀ ရက္ေန႔ညက ကိုေနမ်ိဳးလင္းကို ေနအိမ္ကေန ေခၚေဆာင္ သြားတာပါ။ ေနာက္ေန႔မွာေတာ့ အၾကမ္းဖက္တိုက္ဖ်က္ေရးဥပေဒပုဒ္မ ၅၀ (က)၊ ၅၂ (က) တို႔နဲ႔ ခ်မ္းျမသာစည္ ၿမိဳ႕နယ္တရား႐ုံးမွာ မႏၲေလးတိုင္း သတင္းရဲတပ္ဖြဲ႕က ဒုဲရဲမႉး ခင္ေမာင္ဝင္း က တရားလိုလုပ္ၿပီး အမႈဖြင့္ လိုက္တာပါ။

ကိုေနမ်ိဳးလင္းရဲ႕ ဇနီးျဖစ္သူ မဇာနည္မာန္က ကိုဗစ္ကာကြယ္ေရးအတြက္ဆိုၿပီး မိသားစုနဲ႔ ၁၄ ရက္ တခါပဲ ေတြ႕ရတယ္လို႔ ေျပာပါတယ္။

"ကိုဗစ္ကာကြယ္ေရးေၾကာင့္ဆိုၿပီး ဆယ္ေလးရက္မွတစ္ခါ မိသားစုေတြ႕ရတယ္။ သီးသန႔္ထားတယ္။ ေစာင့္ၾကည့္တယ္ဆိုၿပီး သီးသန႔္ထားတယ္ေျပာတယ္။ ေရခ်ိဳးခ်ိန္တစ္ခါပဲထြက္ရေတာ့ ေျခေညာင္း လက္ဆန႔္လုပ္လို႔ မရဘူးေပါ့၊ က်န္တာကေတာ့ အဆင္ေျပပါတယ္။ ဒီကေနလည္း လိုတာေတြပို႔ေပးေနတယ္"

ဖမ္းဆီးအမႈဖြင့္ခံထားရတာနဲ႔ပတ္သက္ၿပီး သတင္းမီဒီယာေကာင္စီကို စာေပးပို႔ထားေပမယ့္ တစ္စုံတစ္ရာ အေၾကာင္းျပန္တာမရွိေသးဘူလို႔ မဇာနည္မာန္ကေျပာပါတယ္။

ခ်မ္းျမသာစည္ၿမိဳ႕နယ္တရား႐ုံးက တရား႐ုံးသတင္းျပန္ၾကားေရးအရာရွိ၊ ၿမိဳ႕နယ္တရားသူႀကီး ဦးေက်ာ္စြာလင္း က လာမယ့္ ၂၃ ရက္ေန႔အထိ ခ်ဳပ္မိန႔္ထပ္ေပးခဲ့တယ္လို႔ ေျပာပါတယ္။

"ဦးေနလင္းကို မႏၲေလးၿမိဳ႕ ဗဟိုအက်ဥ္းေထာင္မွာခ်ဳပ္ထားဖို႔  ခ်ဳပ္မိန႔္ေတာင္းခံလာတဲ့အတြက္ ၂၃ ရက္ေန႔အထိ တရား႐ုံးကေနၿပီးေတာ့  ခ်ဳပ္မိန႔္ေပးခဲ့တယ္။"

စြဲဆိုထားတဲ့ ပုဒ္မ ၅၀ (က) အရ ေထာင္ဒဏ္ ၁၀ ႏွစ္ကေန တစ္သက္တစ္ကြၽန္းထိခ်မွတ္ႏိုင္ၿပီး ပုဒ္မ ၅၂ (က) ကေတာ့ ေထာင္ဒဏ္ အနည္းဆုံး သုံးႏွစ္ကေန အမ်ားဆုံး ခုႏွစ္ႏွစ္ထိ ခ်မွတ္ခံရႏိုင္တဲ့ပုဒ္မေတြျဖစ္ပါတယ္။

ေခမဏီဝင္း / RFA Burmese
--------------------------------------

VOM တည်ထောင်သူ သေဒဏ်တိုက်မှာ ချုပ်ခံထားရ


အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ဖမ်းဆီးအမှုဖွင့်ခံထားရတဲ့ Voice of Myanmar (VOM) သတင်းဌာန တည်ထောင်သူ ကိုနေမျိုးလင်းဟာ သူ့ကို သေဒဏ်ချခံထားရသူတွေကိုထားတဲ့တိုက်မှာထားတယ်လို့ ဒီနေ့ ဧပြီ ၉ ရက်နေ့ ရုံးထုတ်မှာ ပြောပါတယ်။

ကိုနေမျိုးလင်းကို ချမ်းမြသာစည်မြို့နယ် တရားရုံးမှာ ဒီကနေ့ ဒုတိယအကြိမ်ရုံးထုတ် ရမန်ယူခဲ့တာပါ။

အိုးဘိုထောင်အတွင်းမှာ အခွင့်အရေးချိုးဖောက်ခံနေရတယ်လို့ တရားရုံးကအထွက်မှာ ကိုနေမျိုးလင်း က ပြောပါတယ်။

"သေဒဏ်တိုက်မှာထားပါတယ်။ တံခါးသုံးထပ်နဲ့ထားပါတယ်။ ကျွန်တော်ရေးတာ ငြိမ်းချမ်းရေးအတွက်ရေးတဲ့ သတင်းဖြစ်ပါတယ်။ ငြိမ်းချမ်းရေးအတွက်ပေးတဲ့ ဆုလာဘ်က လက်ထိပ်ပါ၊ သေဒဏ်ထဲမှာထားပါတယ်"

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က  အကျဉ်းသားတွေကို လုံခြုံရေးအကြောင်းပြချက်နဲ့ တံခါးသုံးထပ်နဲ့ ထားလေ့ရှိတယ်လို့ ပြောပါတယ်။

“သူတို့ လုံခြုံရေးအကြောင်းပြချက်နဲ့ ထိန်းသိမ်းထားတာမျိုးဖြစ်နိုင်တယ်၊ ကျတော်တို့တွေခေတ်တုန်းကလည်း ရံဖန်ရံခါမှာတော့ တချို့လူတွေကို ထောက်လှမ်းရေးမှတ်ချက်နဲ့ ကျန်တဲ့လူတွေနဲ့ အဆက်အသွယ်လုပ်လို့ မရအောင် အဲဒီလိုမျိုး ထိန်းသိမ်းလေ့ရှိတယ်။ အခုလည်း ဒါ အဲဒီလိုပုံစံမျိုးနဲ့ ထိန်းသိမ်းတယ်ထင်တယ်။ ဒါပေမဲ့ လူတစ်ယောက်ကို ဒီလိုမျိုး တံခါးသုံးထပ်နဲ့ သေဒဏ်ကျလောက်တဲ့အပြစ်မျိုးလည်း မဟုတ်ဘူး။ တကယ်ဆို ဖမ်းကိုမဖမ်းသင့်တဲ့လူမျိုးတစ်ယောက်ကိုတော့ ဒီလိုမျိုးထားတာ ပြင်းထန်လွန်းအားကြီးတယ်။ မထားသင့်ဘူး”

အစိုးရက ရက္ခိုင့်တပ်တော် AA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် မတ် ၂၃ ရက်နေ့က သတ်မှတ်ကြေညာ လိုက်ပြီးနောက်ပိုင်း AA ပြောခွင့်ရသူ ခိုင်သုခကို VOM က ဆက်သွယ်မေးမြန်းဖော်ပြခဲ့တာပါ။

VOM ရဲ့ မေးမြန်းချက်တွေထဲမှာ အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခံခဲ့ရတာနဲ့ပတ်သက်လို့ သဘောထား၊ AA အဖွဲ့မပါရင် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ အစိုးရအပစ်အခတ်ရပ်ဆိုင်းရေး ဆွေးနွေးပွဲအခြေအနေအပေါ် သဘောထားနဲ့ အခုလို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခံလိုက်ရတဲ့အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ဘယ်လိုသဘောဆောင်သွားလဲဆိုတဲ့မေးခွန်းတွေ ပါဝင်ပါတယ်။

အဲဒီမေးမြန်းချက် ဖော်ပြပြီးနောက် မတ်လ  ၃၀ ရက်နေ့ညက ကိုနေမျိုးလင်းကို နေအိမ်ကနေ ခေါ်ဆောင် သွားတာပါ။ နောက်နေ့မှာတော့ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (က)၊ ၅၂ (က) တို့နဲ့ ချမ်းမြသာစည် မြို့နယ်တရားရုံးမှာ မန္တလေးတိုင်း သတင်းရဲတပ်ဖွဲ့က ဒုဲရဲမှူး ခင်မောင်ဝင်း က တရားလိုလုပ်ပြီး အမှုဖွင့် လိုက်တာပါ။

ကိုနေမျိုးလင်းရဲ့ ဇနီးဖြစ်သူ မဇာနည်မာန်က ကိုဗစ်ကာကွယ်ရေးအတွက်ဆိုပြီး မိသားစုနဲ့ ၁၄ ရက် တခါပဲ တွေ့ရတယ်လို့ ပြောပါတယ်။

"ကိုဗစ်ကာကွယ်ရေးကြောင့်ဆိုပြီး ဆယ်လေးရက်မှတစ်ခါ မိသားစုတွေ့ရတယ်။ သီးသန့်ထားတယ်။ စောင့်ကြည့်တယ်ဆိုပြီး သီးသန့်ထားတယ်ပြောတယ်။ ရေချိုးချိန်တစ်ခါပဲထွက်ရတော့ ခြေညောင်း လက်ဆန့်လုပ်လို့ မရဘူးပေါ့၊ ကျန်တာကတော့ အဆင်ပြေပါတယ်။ ဒီကနေလည်း လိုတာတွေပို့ပေးနေတယ်"

ဖမ်းဆီးအမှုဖွင့်ခံထားရတာနဲ့ပတ်သက်ပြီး သတင်းမီဒီယာကောင်စီကို စာပေးပို့ထားပေမယ့် တစ်စုံတစ်ရာ အကြောင်းပြန်တာမရှိသေးဘူလို့ မဇာနည်မာန်ကပြောပါတယ်။

ချမ်းမြသာစည်မြို့နယ်တရားရုံးက တရားရုံးသတင်းပြန်ကြားရေးအရာရှိ၊ မြို့နယ်တရားသူကြီး ဦးကျော်စွာလင်း က လာမယ့် ၂၃ ရက်နေ့အထိ ချုပ်မိန့်ထပ်ပေးခဲ့တယ်လို့ ပြောပါတယ်။

"ဦးနေလင်းကို မန္တလေးမြို့ ဗဟိုအကျဉ်းထောင်မှာချုပ်ထားဖို့  ချုပ်မိန့်တောင်းခံလာတဲ့အတွက် ၂၃ ရက်နေ့အထိ တရားရုံးကနေပြီးတော့  ချုပ်မိန့်ပေးခဲ့တယ်။"

စွဲဆိုထားတဲ့ ပုဒ်မ ၅၀ (က) အရ ထောင်ဒဏ် ၁၀ နှစ်ကနေ တစ်သက်တစ်ကျွန်းထိချမှတ်နိုင်ပြီး ပုဒ်မ ၅၂ (က) ကတော့ ထောင်ဒဏ် အနည်းဆုံး သုံးနှစ်ကနေ အများဆုံး ခုနှစ်နှစ်ထိ ချမှတ်ခံရနိုင်တဲ့ပုဒ်မတွေဖြစ်ပါတယ်။

ခေမဏီဝင်း / RFA Burmese
https://www.rfa.org/burmese/news/vom-naymyolinn-appear-at-court-04092020034342.html
VOM တည္ေထာင္သူ ေသဒဏ္တိုက္မွာ ခ်ဳပ္ခံထားရ VOM တည္ေထာင္သူ ေသဒဏ္တိုက္မွာ ခ်ဳပ္ခံထားရ Reviewed by THITHTOOLWIN on 21:43 Rating: 5
Powered by Blogger.