ျမန္မာအက်ဥ္းသားေတြရဲ႕ ကုိဗစ္ကာကြယ္ေရးလုိအပ္ခ်က္ေတြ UNODC ေထာက္ပံ့ေပးေန


(Zawgyi/Unicode)

ျမန္မာနိုင္ငံအတြင္းက အက်ဥ္းသားေတြနဲ႔ အက်ဥ္းေထာင္ ဝန္ထမ္းေတြ အပါအဝင္ လူထုလူတန္းစားအားလုံးအတြက္ COVID-19 ကူးစက္ေရာဂါ ကာကြယ္ဖို႔ျမန္မာ အစိုးရရဲ့ ႀကိဳးပမ္းေဆာင္ရြက္မႈေတြမွာ ကုလသမဂၢအဖြဲ႕ တစ္ဖြဲ႕ကလည္း အေထာက္အပံ့ ေပးေနတယ္လို႔ ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ Antonio Guterres ရဲ႕ ေျပာခြင့္ရ Stephane Dujarric က ေျပာပါတယ္။

“အက်ဥ္းေထာင္ေတြအတြင္း ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေရး ႀကိဳတင္ျပင္ဆင္တဲ့ အစီအစဥ္တစ္ခုမွာ မူးယစ္ေဆးဝါး နဲ႔ ရာဇဝတ္မႈဆိုင္ရာ ကုလသမဂၢ႐ုံးက ျမန္မာ အာဏာပိုင္ေတြနဲ႔ အတူ လက္တြဲ အလုပ္ ကိုင္ေနပါတယ္။ ဆြီဒင္၊ ဆြစ္ဇာလန္၊ ယူေကနိုင္ငံနဲ႔ အေမရိကန္ နိုင္ငံတို႔ အေထာက္အပံ့ေပးတဲ့ ဒီ အစီအစဥ္အရ ကုလသမဂၢအဖြဲ႕ႀကီးအေနနဲ႔ ႏွာေခါင္းစည္းေတြ၊ လက္အိတ္ေတြ၊ ဆပ္ျပာနဲ႔ လက္သန္႔စင္ေဆးရည္ေတြ အပါအဝင္ ကူးစက္ေရာဂါ ထိန္းခ်ဳပ္ေရး အကာအကြယ္ ပစၥည္းေတြ ဝယ္ယူ စုေဆာင္းေနပါတယ္ " လို႔ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ ရဲ့ ေျပာခြင့္ရ Stephane Dujarric က ေသာၾကာေန႔က နယူးေယာက္ၿမိဳ႕မွာ ျပဳလုပ္တဲ့ ကုလသမဂၢ ပုံမွန္ သတင္းစာရွင္းလင္းပြဲမွာ ေျပာသြားတာပါ။

ဒါ့အျပင္ ကိုယ္ခံအားက်ဆင္းေရာဂါ HIV/AIDS တိုက္ဖ်က္ေရး ကုလသမဂၢ ပူးတြဲအစီအစဥ္ UNAIDS နဲ႔အတူ ျမန္မာအစိုးရနဲ႔ NGO အဖြဲ႕အစည္းေတြရဲ့ ေထာက္ပံ့မႈနဲ႔ ကုလသမဂၢဟာ ျမန္မာနိုင္ငံအတြင္း မူးယစ္ေဆးဝါးေၾကာင့္ စိတ္ကစင့္ကလ်ားျဖစ္ေနသူေတြ၊ HIV နဲ႔ TB ေရာဂါ ေဝဒနာရွင္ေတြအတြက္ က်န္းမာေရး ဝန္ေဆာင္မႈေတြ ရရွိဖို႔အေရးကိုလည္း ေဆာင္ရြက္ ေနတယ္လို႔လည္း သူက ေျပာပါတယ္။

ကုလသမဂၢ ဌာေန ကိုယ္စားလွယ္ Ola Almgren ကလည္း ျမန္မာအစိုးရက အက်ဥ္းသား ၂ ေသာင္းခြဲကို ဧၿပီလ ၁၇ ရက္ေန႔က လြတ္ၿငိမ္းခ်မ္းသားခြင့္ေပးခဲ့တာႀကိဳဆိုခဲ့သလို COVID- 19 ကူးးစက္ေရာဂါကို တံု႕ျပန္ေဆာင္ရြက္ေနတဲ့ ျမန္မာအစိုးရရဲ့ ႀကိဳးပမ္းမႈ ေတြကို ကုလသမဂၢအဖြဲ႕ႀကီးက အားေပး ေထာက္ခံတဲ့အေၾကာင္းကိုလည္း ေျပာဆိုခဲ့ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
-----------------------------------------------

မြန်မာအကျဉ်းသားတွေရဲ့ ကိုဗစ်ကာကွယ်ရေးလိုအပ်ချက်တွေ UNODC ထောက်ပံ့ပေးနေ

(Unicode)

မြန်မာနိုင်ငံအတွင်းက အကျဉ်းသားတွေနဲ့ အကျဉ်းထောင် ဝန်ထမ်းတွေ အပါအဝင် လူထုလူတန်းစားအားလုံးအတွက် COVID-19 ကူးစက်ရောဂါ ကာကွယ်ဖို့မြန်မာ အစိုးရရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေမှာ ကုလသမဂ္ဂအဖွဲ့ တစ်ဖွဲ့ကလည်း အထောက်အပံ့ ပေးနေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ရဲ့ ပြောခွင့်ရ Stephane Dujarric က ပြောပါတယ်။

“အကျဉ်းထောင်တွေအတွင်း ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး ကြိုတင်ပြင်ဆင်တဲ့ အစီအစဉ်တစ်ခုမှာ မူးယစ်ဆေးဝါး နဲ့ ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံးက မြန်မာ အာဏာပိုင်တွေနဲ့ အတူ လက်တွဲ အလုပ် ကိုင်နေပါတယ်။ ဆွီဒင်၊ ဆွစ်ဇာလန်၊ ယူကေနိုင်ငံနဲ့ အမေရိကန် နိုင်ငံတို့ အထောက်အပံ့ပေးတဲ့ ဒီ အစီအစဉ်အရ ကုလသမဂ္ဂအဖွဲ့ကြီးအနေနဲ့ နှာခေါင်းစည်းတွေ၊ လက်အိတ်တွေ၊ ဆပ်ပြာနဲ့ လက်သန့်စင်ဆေးရည်တွေ အပါအဝင် ကူးစက်ရောဂါ ထိန်းချုပ်ရေး အကာအကွယ် ပစ္စည်းတွေ ဝယ်ယူ စုဆောင်းနေပါတယ်လို့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရဲ့ ပြောခွင့်ရ Stephane Dujarric က သောကြာနေ့က နယူးယောက်မြို့မှာ ပြုလုပ်တဲ့ ကုလသမဂ္ဂ ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။

ဒါ့အပြင် ကိုယ်ခံအားကျဆင်းရောဂါ HIV/AIDS တိုက်ဖျက်ရေး ကုလသမဂ္ဂ ပူးတွဲအစီအစဉ် UNAIDS နဲ့အတူ မြန်မာအစိုးရနဲ့ NGO အဖွဲ့အစည်းတွေရဲ့ ထောက်ပံ့မှုနဲ့ ကုလသမဂ္ဂဟာ မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါးကြောင့် စိတ်ကစင့်ကလျားဖြစ်နေသူတွေ၊ HIV နဲ့ TB ရောဂါ ဝေဒနာရှင်တွေအတွက် ကျန်းမာရေး ဝန်ဆောင်မှုတွေ ရရှိဖို့အရေးကိုလည်း ဆောင်ရွက် နေတယ်လို့လည်း သူက ပြောပါတယ်။

ကုလသမဂ္ဂ ဌာနေ ကိုယ်စားလှယ် Ola Almgren ကလည်း မြန်မာအစိုးရက အကျဉ်းသား ၂ သောင်းခွဲကို ဧပြီလ ၁၇ ရက်နေ့က လွတ်ငြိမ်းချမ်းသားခွင့်ပေးခဲ့တာကြိုဆိုခဲ့သလို COVID- 19 ကူးးစက်ရောဂါကို တုံ့ပြန်ဆောင်ရွက်နေတဲ့ မြန်မာအစိုးရရဲ့ ကြိုးပမ်းမှု တွေကို ကုလသမဂ္ဂအဖွဲ့ကြီးက အားပေး ထောက်ခံတဲ့အကြောင်းကိုလည်း ပြောဆိုခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-prison-covid-/5391153.html
ျမန္မာအက်ဥ္းသားေတြရဲ႕ ကုိဗစ္ကာကြယ္ေရးလုိအပ္ခ်က္ေတြ UNODC ေထာက္ပံ့ေပးေန ျမန္မာအက်ဥ္းသားေတြရဲ႕ ကုိဗစ္ကာကြယ္ေရးလုိအပ္ခ်က္ေတြ UNODC ေထာက္ပံ့ေပးေန Reviewed by THITHTOOLWIN on 06:25 Rating: 5
Powered by Blogger.