သၾကၤန္႐ုံးပိတ္ရက္ႏွင့္ Stay Home ကာလျပည့္သြား၍ ရန္ကုန္ ပန္းဆိုးတန္း-ဒလ ကူးတို႔ဆိပ္ကမ္း၌ ခရီးသည္ စီးနင္းမႈမ်ားျပားလာ

သတင္းႏွင့္ဓာတ္ပုံ-ႏိုင္လင္းေက်ာ္(ဒလ) 
(Zawgyi)⤵⤵⤵
ရန္ကုန္   ၂၁  ဧၿပီ

သၾကၤန္႐ုံးပိတ္ရက္ကာလႏွင့္ Stay Home သတ္မွတ္ကာလျပည့္သြား၍ လက္ရွိအခ်ိန္တြင္ ရန္ကုန္ၿမိဳ႕ရွိ လုပ္ငန္းခြင္ အသီးသီးသို႔ ဝင္ေရာက္ၾကမည့္ အစိုးရဝန္ထမ္းမ်ား၊ ကုမၸဏီဝန္ထမ္းမ်ား၊ ပုဂၢလိကဝန္ထမ္းမ်ားႏွင့္ အေျခခံ လက္လုပ္လက္စား ျပည္သူမ်ားစြာတို႔သည္ စီးပြားေရးၿမိဳ႕ေတာ္ ရန္ကုန္ၿမိဳ႕သို႔ ဒလၿမိဳ႕နယ္မွတစ္ဆင့္ ကူးသန္း သြားလာလ်က္ရွိရာ ယေန႔နံနက္ပိုင္းကစတင္ၿပီး ရန္ကုန္(ပန္းဆိုးတန္း-ဒလ) ကူးတို႔ဆိပ္ကမ္း၌ ခရီးသည္စီးနင္း လိုက္ပါမႈအေနျဖင့္ ယခင္ေန႔မ်ားထက္ တစ္ျဖည္းျဖည္း မ်ားျပားလာခဲ့ေၾကာင္း သိရသည္။

ကိုဗစ္-၁၉ ေရာဂါ အေရးေပၚထိန္းခ်ဳပ္ေရးကာလအတြင္း ဧၿပီလ ၁၀ ရက္မွ စတင္ၿပီး ၁၉ ရက္အထိ ျပည္သူမ်ားအား  ေနအိမ္အတြင္း ေနထိုင္ၾကဖို႔ တိုက္တြန္းထားျခင္းေၾကာင့္ အနယ္နယ္အရပ္ရပ္ရွိ ခရီးသြား မိဘျပည္သူမ်ားစြာတို႔မွာ ခရီးသြားလာမႈ နည္းပါးခဲ့ေၾကာင္း၊ သၾကၤန္ကာလအတြင္း ရန္ကုန္(ပန္းဆိုးတန္း-ဒလ) ကူးတို႔ဆိပ္ကမ္း၌  ခရီးသည္စီးနင္းမႈ နည္းပါးျခင္းေၾကာင့္ ဧၿပီ ၁၀ ရက္မွ ၁၄ ရက္ေန႔အထိ အေခါက္ေရ(၇)ေခါက္ႏႈန္း၊  ဧၿပီ ၁၅ ရက္မွ ၁၉ ရက္ေန႔အထိ  အေခါက္ေရ (၄)ေခါက္ႏႈန္းျဖင့္ ကူးတို႔ပို႔ေဆာင္ေျပးဆြဲေပးခဲ့ေၾကာင္း၊ သၾကၤန္႐ုံးပိတ္ရက္ကာလ ကုန္ဆုံးသြား၍ ဧၿပီ ၂၀ ရက္ေန႔  ႐ုံးဖြင့္ရက္မွစတင္ၿပီး သေဘၤာခရီးစဥ္ကို ၂၄ ေခါက္ႏႈန္းနဲ႔ ျပန္လည္ေျပးဆြဲ ေပးလ်က္ရွိရာ ခရီးသည္မ်ား စီးနင္းမႈမ်ားလာခဲ့ေၾကာင္း၊ ပန္းဆိုးတန္း ဆိပ္ကမ္းမန္ေနဂ်ာ ေဒၚခင္ခင္ႏုထံမွ သိရသည္။

လက္ရွိအခ်ိန္၌ ရန္ကုန္(ပန္းဆိုးတန္း-ဒလ) ကူးတို႔ဆိပ္ကမ္းရွိ ခ်ယ္ရီေရယာဥ္သေဘၤာ(၃)စီးျဖင့္ အလွည့္က် ေန႔စဥ္ နံနက္ ၅ နာရီခြဲမွ ည၇ နာရီခြဲအထိ မိနစ္(၂၀)ျခား၊ မိနစ္(၃၀)ျခားႏွင့္ (၁)နာရီျခား တစ္ခါျဖင့္ အသြား(၂၄)ေခါက္၊ အျပန္(၂၄) ေခါက္ႏႈန္းျဖင့္  ႐ုံးဝန္ထမ္းမ်ားႏွင့္ အနယ္နယ္အရပ္ရပ္ရွိ ခရီးသြားမိဘျပည္သူမ်ား သြားလာမႈ အဆင္ေျပေစေရးအတြက္ ခရီးစဥ္မ်ားကို ပုံမွန္ေျပးဆြဲေပးလ်က္ရွိေၾကာင္း သိရသည္။

စီးပြားေရးၿမိဳ႕ေတာ္ ရန္ကုန္ၿမိဳ႕သို႔ သြားလာရာတြင္ ဝင္ေပါက္၊ ထြက္ေပါက္ ေနရာတစ္ခုျဖစ္သည့္ ဒလၿမိဳ႕နယ္ သေဘၤာဆိပ္ကမ္းမွ တစ္ဆင့္ တြံေတး၊ ေကာ့မႉး၊ ကြမ္းၿခံကုန္း ၿမိဳ႕နယ္ရွိ ျပည္သူမ်ားႏွင့္ ဧရာဝတီတိုင္းေဒသႀကီး အတြင္းရွိ မိဘျပည္သူမ်ားစြာတို႔ ကူးသန္းသြားလာလ်က္ရွိၿပီး  ယခင္က တစ္ရက္လွ်င္ ျပည္သူ (၃၀၀၀၀) နီးပါး ပို႔ေဆာင္ေပးလ်က္ရွိရာ ဝင္ေငြက်ပ္သိန္း(၃၀)ခန႔္ ေကာက္ခံရရွိၿပီး ကိုဗစ္-၁၉ ကူးစက္ေရာဂါေၾကာင့္ သၾကၤန္႐ုံး ပိတ္ရက္ႏွင့္ Stay Home ကာလအတြင္း ခရီးသည္သြားလာမႈမရွိသေလာက္ နည္းပါးခဲ့ရာ  တစ္ေန႔ ဝင္ေငြက်ပ္ ၃၀၀၀၀ ခန႔္သာ ရရွိခဲ့ေၾကာင္း ျပည္တြင္းေရေၾကာင္းပို႔ေဆာင္ေရး (ျမစ္ဝကြၽန္းေပၚဌာနခြဲ)မွ သိရသည္။

Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
-------------
(Unicode)⤵⤵⤵
သင်္ကြန်ရုံးပိတ်ရက်နှင့် Stay Home ကာလပြည့်သွား၍ ရန်ကုန် ပန်းဆိုးတန်း-ဒလ ကူးတို့ဆိပ်ကမ်း၌ ခရီးသည် စီးနင်းမှုများပြားလာ

ရန်ကုန်   ၂၁  ဧပြီ

သင်္ကြန်ရုံးပိတ်ရက်ကာလနှင့် Stay Home သတ်မှတ်ကာလပြည့်သွား၍ လက်ရှိအချိန်တွင် ရန်ကုန်မြို့ရှိ လုပ်ငန်းခွင် အသီးသီးသို့ ဝင်ရောက်ကြမည့် အစိုးရဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများ၊ ပုဂ္ဂလိကဝန်ထမ်းများနှင့် အခြေခံ လက်လုပ်လက်စား ပြည်သူများစွာတို့သည် စီးပွားရေးမြို့တော် ရန်ကုန်မြို့သို့ ဒလမြို့နယ်မှတစ်ဆင့် ကူးသန်း သွားလာလျက်ရှိရာ ယနေ့နံနက်ပိုင်းကစတင်ပြီး ရန်ကုန်(ပန်းဆိုးတန်း-ဒလ) ကူးတို့ဆိပ်ကမ်း၌ ခရီးသည်စီးနင်း လိုက်ပါမှုအနေဖြင့် ယခင်နေ့များထက် တစ်ဖြည်းဖြည်း များပြားလာခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ အရေးပေါ်ထိန်းချုပ်ရေးကာလအတွင်း ဧပြီလ ၁၀ ရက်မှ စတင်ပြီး ၁၉ ရက်အထိ ပြည်သူများအား  နေအိမ်အတွင်း နေထိုင်ကြဖို့ တိုက်တွန်းထားခြင်းကြောင့် အနယ်နယ်အရပ်ရပ်ရှိ ခရီးသွား မိဘပြည်သူများစွာတို့မှာ ခရီးသွားလာမှု နည်းပါးခဲ့ကြောင်း၊ သင်္ကြန်ကာလအတွင်း ရန်ကုန်(ပန်းဆိုးတန်း-ဒလ) ကူးတို့ဆိပ်ကမ်း၌  ခရီးသည်စီးနင်းမှု နည်းပါးခြင်းကြောင့် ဧပြီ ၁၀ ရက်မှ ၁၄ ရက်နေ့အထိ အခေါက်ရေ(၇)ခေါက်နှုန်း၊  ဧပြီ ၁၅ ရက်မှ ၁၉ ရက်နေ့အထိ  အခေါက်ရေ (၄)ခေါက်နှုန်းဖြင့် ကူးတို့ပို့ဆောင်ပြေးဆွဲပေးခဲ့ကြောင်း၊ သင်္ကြန်ရုံးပိတ်ရက်ကာလ ကုန်ဆုံးသွား၍ ဧပြီ ၂၀ ရက်နေ့  ရုံးဖွင့်ရက်မှစတင်ပြီး သင်္ဘောခရီးစဉ်ကို ၂၄ ခေါက်နှုန်းနဲ့ ပြန်လည်ပြေးဆွဲ ပေးလျက်ရှိရာ ခရီးသည်များ စီးနင်းမှုများလာခဲ့ကြောင်း၊ ပန်းဆိုးတန်း ဆိပ်ကမ်းမန်နေဂျာ ဒေါ်ခင်ခင်နုထံမှ သိရသည်။

လက်ရှိအချိန်၌ ရန်ကုန်(ပန်းဆိုးတန်း-ဒလ) ကူးတို့ဆိပ်ကမ်းရှိ ချယ်ရီရေယာဉ်သင်္ဘော(၃)စီးဖြင့် အလှည့်ကျ နေ့စဉ် နံနက် ၅ နာရီခွဲမှ ည၇ နာရီခွဲအထိ မိနစ်(၂၀)ခြား၊ မိနစ်(၃၀)ခြားနှင့် (၁)နာရီခြား တစ်ခါဖြင့် အသွား(၂၄)ခေါက်၊ အပြန်(၂၄) ခေါက်နှုန်းဖြင့်  ရုံးဝန်ထမ်းများနှင့် အနယ်နယ်အရပ်ရပ်ရှိ ခရီးသွားမိဘပြည်သူများ သွားလာမှု အဆင်ပြေစေရေးအတွက် ခရီးစဉ်များကို ပုံမှန်ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

စီးပွားရေးမြို့တော် ရန်ကုန်မြို့သို့ သွားလာရာတွင် ဝင်ပေါက်၊ ထွက်ပေါက် နေရာတစ်ခုဖြစ်သည့် ဒလမြို့နယ် သင်္ဘောဆိပ်ကမ်းမှ တစ်ဆင့် တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း မြို့နယ်ရှိ ပြည်သူများနှင့် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မိဘပြည်သူများစွာတို့ ကူးသန်းသွားလာလျက်ရှိပြီး  ယခင်က တစ်ရက်လျှင် ပြည်သူ (၃၀၀၀၀) နီးပါး ပို့ဆောင်ပေးလျက်ရှိရာ ဝင်ငွေကျပ်သိန်း(၃၀)ခန့် ကောက်ခံရရှိပြီး ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် သင်္ကြန်ရုံး ပိတ်ရက်နှင့် Stay Home ကာလအတွင်း ခရီးသည်သွားလာမှုမရှိသလောက် နည်းပါးခဲ့ရာ  တစ်နေ့ ဝင်ငွေကျပ် ၃၀၀၀၀ ခန့်သာ ရရှိခဲ့ကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေး (မြစ်ဝကျွန်းပေါ်ဌာနခွဲ)မှ သိရသည်။

သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်(ဒလ)
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
သၾကၤန္႐ုံးပိတ္ရက္ႏွင့္ Stay Home ကာလျပည့္သြား၍ ရန္ကုန္ ပန္းဆိုးတန္း-ဒလ ကူးတို႔ဆိပ္ကမ္း၌ ခရီးသည္ စီးနင္းမႈမ်ားျပားလာ သၾကၤန္႐ုံးပိတ္ရက္ႏွင့္ Stay Home ကာလျပည့္သြား၍ ရန္ကုန္ ပန္းဆိုးတန္း-ဒလ ကူးတို႔ဆိပ္ကမ္း၌ ခရီးသည္ စီးနင္းမႈမ်ားျပားလာ Reviewed by THITHTOOLWIN on 20:37 Rating: 5
Powered by Blogger.