သွ်မ္းျပည္ ဝန္ႀကီးခ်ဳပ္ ႏွင့္ အတူ ဝန္ႀကီး ၄ဦး self quarantine လုပ္ေနရ


(Zawgyi)⤵⤵⤵
သွ်မ္းျပည္ အေရွ႕ပိုင္း ခရီးစဥ္ တြင္ သွ်မ္းျပည္ ဝန္ႀကီးခ်ဳပ္ ႏွင့္ အတူ လိုက္ပါသည့္ သွ်မ္းဝန္ႀကီးမ်ား၊ လႊတ္ေတာ္ဥကၠဌ ႏွင့္ သွ်မ္းျပည္ ရဲမႉးခ်ဳပ္ တို႔သည္ self quarantine လုပ္ထားရေၾကာင္း သွ်မ္းျပည္ အစိုးရ ထံမွ စုံစမ္းသိရသည္။

သွ်မ္းျပည္ ဝန္ႀကီးခ်ဳပ္ သည္ ဧၿပီလ ၁၇ ရက္ကစၿပီး သၾကၤန္ ကာလအတြင္း သွ်မ္းျပည္ ေျမာက္ပိုင္း ႏွင့္ သွ်မ္းျပည္ အေရွ႕ပိုင္းသို႔ သြားေရာက္ကာ အစိုးရ မွ ေထာက္ပံ့ေပးသည့္ အေျခခံလူတန္းစား ပစၥည္းမ်ား လိုက္လံ ေပးေဝျခင္းႏွင့္ ေဆး႐ုံ အေျခအေနမ်ားကို သြားေရာက္ၾကည့္ရႈခဲ့သည္။

ထို႔ေၾကာင့္ က်ိဳင္းတုံ ခရီးစဥ္တြင္ လိုက္ပါသည့္ လႊတ္ေတာ္ဥကၠဌ ယာဥ္ေမာင္း ႏွင့္ သွ်မ္းျပည္ ရဲမႉးခ်ဳပ္ ၏ ကိုယ္ေရးအရာရွိ (PSO) တို႔သည္ ကိုယ္အပူခ်ိန္ျမင့္မားလာကာ ထိုသူ ၂ဦးကို က်ိဳင္းတုံ ျပည္သူ႔ေဆး႐ုံတြင္ထားရွိခဲ့ရသည္။

“ သူတို႔ ၂ဦးရဲ႕ ဓာတ္ခြဲ နမူနာကို ယေန႔က (ဧၿပီ ၂၁) ရက္က ရန္ကုန္ကို ပို႔လိုက္ပါၿပီ။ သူတို႔၂ေယာက္ က ကိုဗစ္-၁၉ လူနာ အျဖစ္ အတည္ျပဳရင္ ေတာ့ ခရီးစဥ္မွာပါတဲ့သူအားလုံးကို ထပ္ၿပီး စစ္ရမယ္” ဟု သွ်မ္းျပည္နယ္ အစိုးရ အတြင္းေရးမႉး ဦးစိုးစိုးေဇာ္ က သွ်မ္းသံေတာ္ဆင့္ ကို အတည္ျပဳ ေျပာခဲ့သည္။

ထို႔ေနာက္ သွ်မ္းျပည္ ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္ ႏွင့္ အတူ ဝန္ႀကီး ၄ ဦး ႏွင့္ သွ်မ္းျပည္ လႊတ္ေတာ္ ဥကၠဌ တို႔ သွ်မ္းျပည္ေတာင္ပိုင္း သို႔ယမန္ေန႔ည ျပန္ေရာက္ကာ မိမိေနအိမ္တြင္ self quarantine ေနထိုင္ၾကေၾကာင္း သွ်မ္းျပည္နယ္ အစိုးရ အတြင္းေရးမႉး ဦးစိုးစိုးေဇာ္ က ေျပာသည္။

“ အခုေလာေလာဆယ္က ဝန္ႀကီးခ်ဳပ္ အပါအဝင္ ဝန္ႀကီးေတြ၊ လႊတ္ေတာ္ဥကၠဌနဲ႔ ရဲမႉးခ်ဳပ္ ေတြ က ေတာ့ မိမိမွာေနအိမ္ ဒါမွမဟုတ္ အစိုးရရိပ္သာမွာ ကိုယ္တိုင္ self quarantine အဆင့္ပဲ လုပ္ထားေသးတယ္” ဦးစိုးစိုးေဇာ္ ကေျပာသည္။

အေရွ႕ပိုင္း ခရီးစဥ္လိုက္ပါသည့္ ဝန္ႀကီးမ်ားမွာ သွ်မ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာ လင္းထြဋ္၊ စည္ပင္သာယာေရးဝန္ႀကီး ဦးစိုင္းစြမ္ဆိုင္း၊ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ဦးခြန္ရဲေထြး၊ လူမႈေရးဝန္ႀကီး ေဒါက္တာ မ်ိဳးထြန္း ၊ ဗမာတိုင္းရင္းသားေရးရာဝန္ႀကီး ေဒါက္တာ ေအာင္သန္းေမာင္ ႏွင့္ သွ်မ္းျပည္နယ္ လႊတ္ေတာ္ဥကၠဌ လုံးစိုင္းလုံးဆိုင္ သွ်မ္းျပည္ ရဲမႉးခ်ဳပ္ တို႔ ျဖစ္ေၾကာင္း သိရသည္။

သွ်မ္းျပည္ အေရွ႕ပိုင္းခရီးစဥ္တြင္ က်ိဳင္းတုံ ၊ တာခ်ီလိတ္ ၊ မိုင္းေယာင္း သို႔ေရာက္ရွိခဲ့ၿပီး ဧၿပီ ၂၀ ရက္ေန႔က အစိုးရဧည့္ရိပ္သာ သို႔ ျပန္လည္ေရာက္ရွိလာျခင္း ျဖစ္ေၾကာင္း သိရသည္။

နန္းဆိုင္ဖူး - သွ်မ္းသံေတာ္ဆင့္
---------------------------------------
(Unicode)⤵⤵⤵
သျှမ်းပြည် ဝန်ကြီးချုပ် နှင့် အတူ ဝန်ကြီး ၄ဦး self quarantine လုပ်နေရ

သျှမ်းပြည် အရှေ့ပိုင်း ခရီးစဉ် တွင် သျှမ်းပြည် ဝန်ကြီးချုပ် နှင့် အတူ လိုက်ပါသည့် သျှမ်းဝန်ကြီးများ၊ လွှတ်တော်ဥက္ကဌ နှင့် သျှမ်းပြည် ရဲမှူးချုပ် တို့သည် self quarantine လုပ်ထားရကြောင်း သျှမ်းပြည် အစိုးရ ထံမှ စုံစမ်းသိရသည်။

သျှမ်းပြည် ဝန်ကြီးချုပ် သည် ဧပြီလ ၁၇ ရက်ကစပြီး သင်္ကြန် ကာလအတွင်း သျှမ်းပြည် မြောက်ပိုင်း နှင့် သျှမ်းပြည် အရှေ့ပိုင်းသို့ သွားရောက်ကာ အစိုးရ မှ ထောက်ပံ့ပေးသည့် အခြေခံလူတန်းစား ပစ္စည်းများ လိုက်လံ ပေးဝေခြင်းနှင့် ဆေးရုံ အခြေအနေများကို သွားရောက်ကြည့်ရှုခဲ့သည်။

ထို့ကြောင့် ကျိုင်းတုံ ခရီးစဉ်တွင် လိုက်ပါသည့် လွှတ်တော်ဥက္ကဌ ယာဉ်မောင်း နှင့် သျှမ်းပြည် ရဲမှူးချုပ် ၏ ကိုယ်ရေးအရာရှိ (PSO) တို့သည် ကိုယ်အပူချိန်မြင့်မားလာကာ ထိုသူ ၂ဦးကို ကျိုင်းတုံ ပြည်သူ့ဆေးရုံတွင်ထားရှိခဲ့ရသည်။

“ သူတို့ ၂ဦးရဲ့ ဓာတ်ခွဲ နမူနာကို ယနေ့က (ဧပြီ ၂၁) ရက်က ရန်ကုန်ကို ပို့လိုက်ပါပြီ။ သူတို့၂ယောက် က ကိုဗစ်-၁၉ လူနာ အဖြစ် အတည်ပြုရင် တော့ ခရီးစဉ်မှာပါတဲ့သူအားလုံးကို ထပ်ပြီး စစ်ရမယ်” ဟု သျှမ်းပြည်နယ် အစိုးရ အတွင်းရေးမှူး ဦးစိုးစိုးဇော် က သျှမ်းသံတော်ဆင့် ကို အတည်ပြု ပြောခဲ့သည်။

ထို့နောက် သျှမ်းပြည် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် နှင့် အတူ ဝန်ကြီး ၄ ဦး နှင့် သျှမ်းပြည် လွှတ်တော် ဥက္ကဌ တို့ သျှမ်းပြည်တောင်ပိုင်း သို့ယမန်နေ့ည ပြန်ရောက်ကာ မိမိနေအိမ်တွင် self quarantine နေထိုင်ကြကြောင်း သျှမ်းပြည်နယ် အစိုးရ အတွင်းရေးမှူး ဦးစိုးစိုးဇော် က ပြောသည်။

“ အခုလောလောဆယ်က ဝန်ကြီးချုပ် အပါအဝင် ဝန်ကြီးတွေ၊ လွှတ်တော်ဥက္ကဌနဲ့ ရဲမှူးချုပ် တွေ က တော့ မိမိမှာနေအိမ် ဒါမှမဟုတ် အစိုးရရိပ်သာမှာ ကိုယ်တိုင် self quarantine အဆင့်ပဲ လုပ်ထားသေးတယ်” ဦးစိုးစိုးဇော် ကပြောသည်။

အရှေ့ပိုင်း ခရီးစဉ်လိုက်ပါသည့် ဝန်ကြီးများမှာ သျှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်၊ စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွမ်ဆိုင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်း ၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင် နှင့် သျှမ်းပြည်နယ် လွှတ်တော်ဥက္ကဌ လုံးစိုင်းလုံးဆိုင် သျှမ်းပြည် ရဲမှူးချုပ် တို့ ဖြစ်ကြောင်း သိရသည်။

သျှမ်းပြည် အရှေ့ပိုင်းခရီးစဉ်တွင် ကျိုင်းတုံ ၊ တာချီလိတ် ၊ မိုင်းယောင်း သို့ရောက်ရှိခဲ့ပြီး ဧပြီ ၂၀ ရက်နေ့က အစိုးရဧည့်ရိပ်သာ သို့ ပြန်လည်ရောက်ရှိလာခြင်း ဖြစ်ကြောင်း သိရသည်။

နန်းဆိုင်ဖူး - သျှမ်းသံတော်ဆင့်
https://burmese.shannews.org/archives/16213
သွ်မ္းျပည္ ဝန္ႀကီးခ်ဳပ္ ႏွင့္ အတူ ဝန္ႀကီး ၄ဦး self quarantine လုပ္ေနရ သွ်မ္းျပည္ ဝန္ႀကီးခ်ဳပ္ ႏွင့္ အတူ ဝန္ႀကီး ၄ဦး self quarantine လုပ္ေနရ Reviewed by THITHTOOLWIN on 05:59 Rating: 5
Powered by Blogger.