ျမန္မာရဲ႕ Quarantine အစီအစဥ္ လုိအပ္ခ်က္ေတြကုိ ပညာရွင္ေတြေထာက္ျပ



(Zawgyi/Unicode)

COVID-19 ေရာဂါထိန္းခ်ဳပ္ေရးအတြက္ ျမန္မာႏိုင္ငံကေဆာင္႐ြက္ေနတဲ့ Quarantine ေခၚတဲ့ သီးျခားခြဲေစာင့္ၾကည့္မႈ လုပ္ငန္းစဥ္မွာ လိုအပ္ခ်က္ေတြနဲ႔ပတ္သက္လို႔ ဗြီအိုေအ သတင္းေထာက္ ေမခက ေမးျမန္းတင္ဆက္ထားပါတယ္။

ျမန္မာႏိုင္ငံမွာ ဒီေရာဂါပိုးစတင္ေတြ႕ရွိတာ တလေက်ာ္လာပါၿပီ။ ျပန္လည္သက္သာလာသူ တိုးလာသလို ကူးစက္ခံရသူ အေရအတြက္လည္းတိုးလာေနတာေၾကာင့္ က်န္းမာေရးနဲ႔ အားကစား ဝန္ႀကီးဌာနဘက္က ရန္ကုန္တိုင္းအတြင္း ၿမိဳ႕နယ္တခ်ိဳ႕မွာ ေနအိမ္မွာပဲေနၾကဖို႔ ၊ ညမထြက္ရအမိန႔္ထပ္တိုးထုတ္တာတို႔ကို ဆက္လက္ လုပ္ေဆာင္လ်က္ရွိပါတယ္။ လာမယ့္ ေမလအထိ လက္ရွိ ခ်မွတ္ထားတဲ့ ကာကြယ္ ထိန္းခ်ဳပ္ေရး လုပ္ငန္းစဥ္ေတြ အတိုင္း ဆက္လက္ လုပ္ေဆာင္သြားဖို႔ ျပင္ဆင္ထားတယ္လို႔ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီး ျပည္ေထာင္စုဝန္ႀကီး က မေန႔က ထုတ္ျပန္ေျပာဆို ထားပါတယ္။

ပိုးေတြ႕လူနာနဲ႔ တိုက္႐ိုက္ ဆက္စပ္တဲ့ မိသားစုဝင္ေတြအျပင္ ထိေတြ႕ဆက္ဆံမိတဲ့လူေတြကို ေနအိမ္ေတြမွာထားေစာင့္ၾကည့္တာ၊ ဟိုတယ္ေတြမွာ ထားေစာင့္ၾကည့္ တာ ေတြလည္း ပိုလုပ္လာပါတယ္။ ရန္ကုန္ တိုင္းက ပိုးေတြ႕လူနာ အမ်ားဆုံးေတြ႕ရွိထားတဲ့အတြက္ ၿမိဳ႕နယ္ ၁၀ ခုမွာ ကန႔္သတ္ ပိတ္ဆို႔မႈေတြလည္း လုပ္ထားပါတယ္။

ဒီလိုလုပ္တာမွာ ပိုးေတြ႕လူနာနဲ႔ မိသားစုဝင္ေတြ၊ ဆက္စပ္သူေတြ၊ ဆက္စပ္ျခင္းမရွိဘဲ အနီးနား ေနထိုင္မိ သူ ေတြကိုလာ ေရာက္ ေခၚေဆာင္မႈေတြမွာ ဒီလူေတြ အေပၚခြဲျခားဆက္ဆံခံရေစတဲ့ အျပဳအမႈေတြနဲ႔ လာေရာက္ ေခၚေဆာင္မႈ ေတြရွိေနတာမို႔ ဒီအပိုင္းကို ပထမဆုံးျပင္ဖို႔ တိုက္တြန္းလာသူက အေထြေထြေရာဂါကု ဆရာဝန္ ဦးျမင့္ဦးပါ။

“ လူထုေၾကာက္တာက ၂ ပိုင္းရွိတယ္၊ COVID ကိုေၾကာက္တယ္၊ Quarantine ကိုေၾကာက္တယ္။ Lockdown ကိုေၾကာက္တယ္ေပါ့။ အဲဒါေတြကို မေၾကာက္ေအာင္ ျပန္လုပ္ရမွာေပါ့။ အဓိက က်ေနာ္တို႔ က်န္းမာေရးဌာနရဲ႕ ဗ်ဴဟာက ဘယ္ကို ဦးတည္သြားရမလဲဆိုေတာ့ အဲဒါေတြမျဖစ္ေအာင္ လူထုထဲမွာ Quarantine ကို မေၾကာက္ဖို႔ Lockdown ကိုမေၾကာက္ဖို႔ အခ်င္းခ်င္း ခြဲျခားဆက္ဆံတာမလုပ္ဖို႔၊ Quarantine ေပၚလစီေသခ်ာသံုးသပ္ဖို႔ လိုပါတယ္။ လူမႈအသင္းအဖြဲ႔ေလးေတြ သူတို႔နည္းနဲ႔ လုပ္ေနၾကတာကို သင္တန္း ခပ္တိုတိုေလးေတြ ေပးလိုက္မယ္၊ PPE ဆိုတာ ဘယ္ေနရာမွာ ၀တ္ရတာ၊ ျပည္သူေတြကို ေရာဂါမကူးေအာင္ စနစ္တက် က်ေနာ္တို႔ Volunteer ေတြက ဆင္းရေတာ့မယ္။ က်ေနာ္တုိ႔ ျပင္ပဆရာ၀န္ေတြကိုfever corner ေတြေပါ့ေနာ္ သူတို႔ ၀တ္စံုအျပည့္နဲ႔ သံုးမလား ။ သို႔မဟုတ္ေဆးရံုမွာ ပညာေပးတဲ့ေနရာမွာ သံုးမလား အဲဒါေတြမွာ Volunteer ေတြအမ်ားႀကီး အသံုးခ်လို႔ ရႏိုင္ပါတယ္။”

ျမဝတီမွာ ေစတနာဝန္ထမ္းအေနနဲ႔ ကူညီကယ္ဆယ္ေရးလုပ္ငန္းေတြ လုပ္ေဆာင္ေပးေန တဲ့ ဦးေအာင္မိုးကေတာ့ နယ္စပ္ ဂိတ္ေတြနဲ႔ ေနရာစုံကေန ႏိုင္ငံတြင္း ျပန္လည္ဝင္ေရာက္လာဖို႔ လုပ္ေနတဲ့ ႏိုင္ငံသားေတြနဲ႔ ပတ္သတ္လို႔ နည္းစနစ္တခု နဲ႔ကိုင္တြယ္ဖို႔ တိုက္တြန္းသြားပါတယ္။

“ဧၿပီလအကုန္မွာ ျပန္ဝင္လာမယ့္သူေတြရွိတယ္။ က်ေနာ္တို႔ကေတာ့ အဲလူေတြကိုမဝင္လာေစခ်င္ဘူး။ အစိုးရအေနနဲ႔ G to G လုပ္တာ မ်ိဳး request လုပ္ထားၿပီး ပတ္စပို႔သက္တမ္းတိုးမယ္ဆိုလဲ သံ႐ုံးကေနတဆင့္တိုးတာ၊ Home Visit ပုံမ်ိဳးလုပ္ရင္ပို အဆင္ေျပတယ္။ ဒီတေခါက္ဝင္လာရင္ ပိုးကူးခံရတာ မ်ားႏိုင္တယ္။ အဲဒါဆို Out Break ျဖစ္လာမွာစိုးရိမ္ တယ္။ လူကအမ်ားႀကီးဝင္လာမွာေလ။”

ဉာဏ္ရည္ ခ်ိဳ႕ယြင္းအားနည္းတဲ့ ကေလးငယ္ေတြနဲ႔ တျခားမသန္စြမ္းေတြ ပိုးကူးစက္ခံရမယ္ဆိုရင္ သာမန္လူေတြနဲ႔ ေရာၿပီး ကုသဖို႔မွာ အခက္အခဲေတြရွိတာမို႔ ဒီလူေတြအတြက္ စဥ္းစားၿပီး သီးသန႔္ လုပ္ေဆာင္ေပးဖို႔ မသန္စြမ္း မ်ား ကိုဗစ္ႏိုင္တင္းအေရးေပၚတုံ႔ျပန္ေရး ပူးေပါင္းေကာ္မတီဥကဌ ဦးျမတ္သူဝင္းက တိုက္တြန္းလိုက္ပါတယ္။

“ စိတ္ပိုင္းဆိုင္ရာ က်န္တဲ့လူေတြကို ခ်က္ခ်င္း တေနရာနဲ႔ တေနရာ ေနသားက်ဖို႔ဆိုတာ က်ေနာ္တို႔မွာ အခက္အခဲေတြ အမ်ားႀကီးရွိတယ္။ စိတ္ဓါတ္အဆင္မေျပတာေတြ မ်ားရင္ စိတ္ဓါတ္က်သြားတယ္။ Quarantine ပဲ ေနရေနရ Positive ပဲ ရွိရွိ ေန႔တဓူ၀ ေနထိုင္စားေသာက္ဖို႔က သက္ေတာင့္သက္သာရွိေစခ်င္တယ္။ ျပည့္စံုဖို႔ မေျပာလိုဘူး က်ေနာ္တုိ႔ စားဖို႔ ေသာက္ဖို႔ေတြလိုတယ္ေပါ့။ ေဆးရံုကေတာ့ ေပးတယ္၊ ေပးတဲ့အခါမွာ မိသားစုရွိရင္ သူ႔မိသားစုအတြက္ကို အေတာ္ေလး ဒုကၡေရာက္ေနတဲ့အခါမွာ စိတ္ဓါတ္က်သြားရင္ immune system ေတြက်မွာ စိုးရတယ္။ က်ေနာ္တို႔အေပၚမွာ ညွင္ညွင္သာသာနဲ႔ ႀကိဳႀကိဳတင္တင္ ျပင္ဆင္ေပးဖို႔ လုပ္ေပးပါ။”

လတ္တေလာ မသန္စြမ္းအမ်ိဳးသမီးတစ္ဦးႏွင့္ အမ်ိဳးသားတစ္ဦးတို႔ ေဆးကုသခံေနရသလို အမ်ိဳးသမီး တဦး ေစာင့္ၾကည့္လူနာ အေနနဲ႔ ကုသမႈခံေနရတယ္လို႔ ဦးျမတ္သူဝင္းက ေျပာပါတယ္။

ထုတ္ျပန္ထားတဲ့ စာရင္းဇယားေတြအရ လက္ရွိမွာ ပိုးရွိမရွိ ေစာင့္ၾကည့္ခံေနသူ ေလးေသာင္းေက်ာ္ရွိၿပီး သံသယလူနာက ၃၀၀၀နီးပါး ရွိတယ္လို႔ ေဖာ္ျပထားပါတယ္။ သံသယလူနာ၊ ေစာင့္ၾကည့္လူနာေတြထဲကမွ အေယာက္ ၇၀၀၀ နီးပါးကို ဓာတ္ခြဲစစ္ေဆး ႏိုင္ခဲ့ၿပီး ဒီထဲကမွ ပိုးေတြ႕လူနာ ၁၄၆ဦးေတြ႕ရွိခဲ့ၿပီး ျဖစ္ပါတယ္။ ျပန္ေကာင္းလူနာ ၁၀ဦးရွိခဲ့ၿပီး ၅ဦးေသဆုံးခဲ့ပါ တယ္္။

.................

မြန်မာရဲ့ Quarantine အစီအစဉ် လိုအပ်ချက်တွေကို ပညာရှင်တွေထောက်ပြ

(Unicode)

COVID-19 ရောဂါထိန်းချုပ်ရေးအတွက် မြန်မာနိုင်ငံကဆောင်ရွက်နေတဲ့ Quarantine ခေါ်တဲ့ သီးခြားခွဲစောင့်ကြည့်မှု လုပ်ငန်းစဉ်မှာ လိုအပ်ချက်တွေနဲ့ပတ်သက်လို့ ဗွီအိုအေ သတင်းထောက် မေခက မေးမြန်းတင်ဆက်ထားပါတယ်။

မြန်မာနိုင်ငံမှာ ဒီရောဂါပိုးစတင်တွေ့ရှိတာ တလကျော်လာပါပြီ။ ပြန်လည်သက်သာလာသူ တိုးလာသလို ကူးစက်ခံရသူ အရေအတွက်လည်းတိုးလာနေတာကြောင့် ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနဘက်က ရန်ကုန်တိုင်းအတွင်း မြို့နယ်တချို့မှာ နေအိမ်မှာပဲနေကြဖို့ ၊ ညမထွက်ရအမိန့်ထပ်တိုးထုတ်တာတို့ကို ဆက်လက် လုပ်ဆောင်လျက်ရှိပါတယ်။ လာမယ့် မေလအထိ လက်ရှိ ချမှတ်ထားတဲ့ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းစဉ်တွေ အတိုင်း ဆက်လက် လုပ်ဆောင်သွားဖို့ ပြင်ဆင်ထားတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ပြည်ထောင်စုဝန်ကြီး က မနေ့က ထုတ်ပြန်ပြောဆို ထားပါတယ်။

ပိုးတွေ့လူနာနဲ့ တိုက်ရိုက် ဆက်စပ်တဲ့ မိသားစုဝင်တွေအပြင် ထိတွေ့ဆက်ဆံမိတဲ့လူတွေကို နေအိမ်တွေမှာထားစောင့်ကြည့်တာ၊ ဟိုတယ်တွေမှာ ထားစောင့်ကြည့် တာ တွေလည်း ပိုလုပ်လာပါတယ်။ ရန်ကုန် တိုင်းက ပိုးတွေ့လူနာ အများဆုံးတွေ့ရှိထားတဲ့အတွက် မြို့နယ် ၁၀ ခုမှာ ကန့်သတ် ပိတ်ဆို့မှုတွေလည်း လုပ်ထားပါတယ်။

ဒီလိုလုပ်တာမှာ ပိုးတွေ့လူနာနဲ့ မိသားစုဝင်တွေ၊ ဆက်စပ်သူတွေ၊ ဆက်စပ်ခြင်းမရှိဘဲ အနီးနား နေထိုင်မိ သူ တွေကိုလာ ရောက် ခေါ်ဆောင်မှုတွေမှာ ဒီလူတွေ အပေါ်ခွဲခြားဆက်ဆံခံရစေတဲ့ အပြုအမှုတွေနဲ့ လာရောက် ခေါ်ဆောင်မှု တွေရှိနေတာမို့ ဒီအပိုင်းကို ပထမဆုံးပြင်ဖို့ တိုက်တွန်းလာသူက အထွေထွေရောဂါကု ဆရာဝန် ဦးမြင့်ဦးပါ။

“ လူထုကြောက်တာက ၂ ပိုင်းရှိတယ်၊ COVID ကိုကြောက်တယ်၊ Quarantine ကိုကြောက်တယ်။ Lockdown ကိုကြောက်တယ်ပေါ့။ အဲဒါတွေကို မကြောက်အောင် ပြန်လုပ်ရမှာပေါ့။ အဓိက ကျနော်တို့ ကျန်းမာရေးဌာနရဲ့ ဗျူဟာက ဘယ်ကို ဦးတည်သွားရမလဲဆိုတော့ အဲဒါတွေမဖြစ်အောင် လူထုထဲမှာ Quarantine ကို မကြောက်ဖို့ Lockdown ကိုမကြောက်ဖို့ အချင်းချင်း ခွဲခြားဆက်ဆံတာမလုပ်ဖို့၊ Quarantine ပေါ်လစီသေချာသုံးသပ်ဖို့ လိုပါတယ်။ လူမှုအသင်းအဖွဲ့လေးတွေ သူတို့နည်းနဲ့ လုပ်နေကြတာကို သင်တန်း ခပ်တိုတိုလေးတွေ ပေးလိုက်မယ်၊ PPE ဆိုတာ ဘယ်နေရာမှာ ဝတ်ရတာ၊ ပြည်သူတွေကို ရောဂါမကူးအောင် စနစ်တကျ ကျနော်တို့ Volunteer တွေက ဆင်းရတော့မယ်။ ကျနော်တို့ ပြင်ပဆရာဝန်တွေကိုfever corner တွေပေါ့နော် သူတို့ ဝတ်စုံအပြည့်နဲ့ သုံးမလား ။ သို့မဟုတ်ဆေးရုံမှာ ပညာပေးတဲ့နေရာမှာ သုံးမလား အဲဒါတွေမှာ Volunteer တွေအများကြီး အသုံးချလို့ ရနိုင်ပါတယ်။”

မြဝတီမှာ စေတနာဝန်ထမ်းအနေနဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးနေ တဲ့ ဦးအောင်မိုးကတော့ နယ်စပ် ဂိတ်တွေနဲ့ နေရာစုံကနေ နိုင်ငံတွင်း ပြန်လည်ဝင်ရောက်လာဖို့ လုပ်နေတဲ့ နိုင်ငံသားတွေနဲ့ ပတ်သတ်လို့ နည်းစနစ်တခု နဲ့ကိုင်တွယ်ဖို့ တိုက်တွန်းသွားပါတယ်။

“ဧပြီလအကုန်မှာ ပြန်ဝင်လာမယ့်သူတွေရှိတယ်။ ကျနော်တို့ကတော့ အဲလူတွေကိုမဝင်လာစေချင်ဘူး။ အစိုးရအနေနဲ့ G to G လုပ်တာ မျိုး request လုပ်ထားပြီး ပတ်စပို့သက်တမ်းတိုးမယ်ဆိုလဲ သံရုံးကနေတဆင့်တိုးတာ၊ Home Visit ပုံမျိုးလုပ်ရင်ပို အဆင်ပြေတယ်။ ဒီတခေါက်ဝင်လာရင် ပိုးကူးခံရတာ များနိုင်တယ်။ အဲဒါဆို Out Break ဖြစ်လာမှာစိုးရိမ် တယ်။ လူကအများကြီးဝင်လာမှာလေ။”

ဉာဏ်ရည် ချို့ယွင်းအားနည်းတဲ့ ကလေးငယ်တွေနဲ့ တခြားမသန်စွမ်းတွေ ပိုးကူးစက်ခံရမယ်ဆိုရင် သာမန်လူတွေနဲ့ ရောပြီး ကုသဖို့မှာ အခက်အခဲတွေရှိတာမို့ ဒီလူတွေအတွက် စဉ်းစားပြီး သီးသန့် လုပ်ဆောင်ပေးဖို့ မသန်စွမ်း များ ကိုဗစ်နိုင်တင်းအရေးပေါ်တုံ့ပြန်ရေး ပူးပေါင်းကော်မတီဥကဌ ဦးမြတ်သူဝင်းက တိုက်တွန်းလိုက်ပါတယ်။

“ စိတ်ပိုင်းဆိုင်ရာ ကျန်တဲ့လူတွေကို ချက်ချင်း တနေရာနဲ့ တနေရာ နေသားကျဖို့ဆိုတာ ကျနော်တို့မှာ အခက်အခဲတွေ အများကြီးရှိတယ်။ စိတ်ဓါတ်အဆင်မပြေတာတွေ များရင် စိတ်ဓါတ်ကျသွားတယ်။ Quarantine ပဲ နေရနေရ Positive ပဲ ရှိရှိ နေ့တဓူ၀ နေထိုင်စားသောက်ဖို့က သက်တောင့်သက်သာရှိစေချင်တယ်။ ပြည့်စုံဖို့ မပြောလိုဘူး ကျနော်တို့ စားဖို့ သောက်ဖို့တွေလိုတယ်ပေါ့။ ဆေးရုံကတော့ ပေးတယ်၊ ပေးတဲ့အခါမှာ မိသားစုရှိရင် သူ့မိသားစုအတွက်ကို အတော်လေး ဒုက္ခရောက်နေတဲ့အခါမှာ စိတ်ဓါတ်ကျသွားရင် immune system တွေကျမှာ စိုးရတယ်။ ကျနော်တို့အပေါ်မှာ ညှင်ညှင်သာသာနဲ့ ကြိုကြိုတင်တင် ပြင်ဆင်ပေးဖို့ လုပ်ပေးပါ။”

လတ်တလော မသန်စွမ်းအမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ ဆေးကုသခံနေရသလို အမျိုးသမီး တဦး စောင့်ကြည့်လူနာ အနေနဲ့ ကုသမှုခံနေရတယ်လို့ ဦးမြတ်သူဝင်းက ပြောပါတယ်။

ထုတ်ပြန်ထားတဲ့ စာရင်းဇယားတွေအရ လက်ရှိမှာ ပိုးရှိမရှိ စောင့်ကြည့်ခံနေသူ လေးသောင်းကျော်ရှိပြီး သံသယလူနာက ၃၀၀၀နီးပါး ရှိတယ်လို့ ဖော်ပြထားပါတယ်။ သံသယလူနာ၊ စောင့်ကြည့်လူနာတွေထဲကမှ အယောက် ၇၀၀၀ နီးပါးကို ဓာတ်ခွဲစစ်ဆေး နိုင်ခဲ့ပြီး ဒီထဲကမှ ပိုးတွေ့လူနာ ၁၄၆ဦးတွေ့ရှိခဲ့ပြီး ဖြစ်ပါတယ်။ ပြန်ကောင်းလူနာ ၁၀ဦးရှိခဲ့ပြီး ၅ဦးသေဆုံးခဲ့ပါ တယ်။

ေမခ/VOA (Burmese)
https://burmese.voanews.com/a/quaratine-myanmar-/5394638.html
ျမန္မာရဲ႕ Quarantine အစီအစဥ္ လုိအပ္ခ်က္ေတြကုိ ပညာရွင္ေတြေထာက္ျပ ျမန္မာရဲ႕ Quarantine အစီအစဥ္ လုိအပ္ခ်က္ေတြကုိ ပညာရွင္ေတြေထာက္ျပ Reviewed by THITHTOOLWIN on 07:16 Rating: 5
Powered by Blogger.