စစ္ကိုင္းတိုင္းေဒသႀကီး ၊ကန႔္ဘလူခ႐ိုင္ ၊ ဇီးကုန္းၿမိဳ႕ Quarantine Centerမွာ ဧၿပီ (၂၅)ရက္ ညပိုင္းက သီးသန႔္ေနထိုင္ေစာင့္ၾကည့္မႈ ျပဳလုပ္ထားသူ အမ်ိဳးသားတစ္ဦးဆီက မူးယစ္ေဆးဝါးအခ်ိဳ႕ ဖမ္းဆီးရမိခဲ့တယ္လို႔ ကန႔္ဘလူၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦး၀င္းေအာင္ ကေျပာပါတယ္။
မူးယစ္ေဆးဝါးနဲ႔ အတူ ဖမ္းဆီးရမိခဲ့တဲ့ အမ်ိဳးသားဟာ ရန္ကုန္ၿမိဳ႕က ျပန္လာသူျဖစ္ၿပီး ေနထိုင္မႈ ပုံစံပ်က္လာတဲ့အတြက္ ေစာင့္ၾကည့္ေနရာက ဖမ္းဆီးရမိခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။ အျပင္က ပစ္ေပးတာယူၿပီး အိမ္သာကျပန္အလာ ဖမ္းမိတာလို႔ ကန႔္ဘလူၿမိဳ႕နယ္ အမ်ိဳးသား လႊတ္ေတာ္ ကိုယ္စားလွယ္ ဦး၀င္းေအာင္ က ေျပာပါတယ္။
“ အိမ္သာထဲက အထြက္ သူကိုဖမ္းလိုက္တာ ။ ခါးပိုက္ၾကားကေန မူးယစ္ေဆးဝါးေတြ ေတြ႕တာပါ” လိူ႔ ဦးဝင္းေအာင္က ေျပာ ပါတယ္။
အဲဒီ အမ်ိဳးသားဆီက ဘိန္းျဖဴ ပင္နယ္စလင္တစ္လုံး ဖမ္းဆီးရမိခဲ့တာျဖစ္ၿပီး အျပင္က ပစ္ေပးသြားသူနဲ႔ ေရာင္းသူပါ ထပ္မံဖမ္းဆီးရမိ ခဲ့တယ္လို႔ သိရပါတယ္။ ဖမ္းဆီးရမိခဲ့သူ(၃)ဦးကို ဥပေဒအရအေရးယူႏိုင္ဖို႔ ေဆာင္႐ြက္ေနတယ္လို႔ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦး၀င္းေအာင္ ကေျပာပါတယ္။ကန႔္ဘလူခ႐ိုင္ ဇီးကုန္းၿမိဳ႕မွာရွိတဲ့ Quarantine Center မွာ Quarantine ၀င္ေနသူေပါင္း (၁၅) ေယာက္ေက်ာ္ ရွိၿပီး အမ်ားစုက ျပည္တြင္းက ျပန္လာသူေတြ ျဖစ္တယ္လို႔ သိရပါတယ္။
သတင္း- ေအာင္ေက်ာ္ၫြန႔္
One News Myanmar
-----------------------------------------
Quarantine ၀င်နေသူထံမှ မူးယစ်ဆေးဝါးဖမ်းဆီးရမိ
စစ်ကိုင်းတိုင်းဒေသကြီး ၊ကန့်ဘလူခရိုင် ၊ ဇီးကုန်းမြို့ Quarantine Centerမှာ ဧပြီ (၂၅)ရက် ညပိုင်းက သီးသန့်နေထိုင်စောင့်ကြည့်မှု ပြုလုပ်ထားသူ အမျိုးသားတစ်ဦးဆီက မူးယစ်ဆေးဝါးအချို့ ဖမ်းဆီးရမိခဲ့တယ်လို့ ကန့်ဘလူမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦး၀င်းအောင် ကပြောပါတယ်။
မူးယစ်ဆေးဝါးနဲ့ အတူ ဖမ်းဆီးရမိခဲ့တဲ့ အမျိုးသားဟာ ရန်ကုန်မြို့က ပြန်လာသူဖြစ်ပြီး နေထိုင်မှု ပုံစံပျက်လာတဲ့အတွက် စောင့်ကြည့်နေရာက ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အပြင်က ပစ်ပေးတာယူပြီး အိမ်သာကပြန်အလာ ဖမ်းမိတာလို့ ကန့်ဘလူမြို့နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦး၀င်းအောင် က ပြောပါတယ်။
“ အိမ်သာထဲက အထွက် သူကိုဖမ်းလိုက်တာ ။ ခါးပိုက်ကြားကနေ မူးယစ်ဆေးဝါးတွေ တွေ့တာပါ” လိူ့ ဦးဝင်းအောင်က ပြော ပါတယ်။
အဲဒီ အမျိုးသားဆီက ဘိန်းဖြူ ပင်နယ်စလင်တစ်လုံး ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး အပြင်က ပစ်ပေးသွားသူနဲ့ ရောင်းသူပါ ထပ်မံဖမ်းဆီးရမိ ခဲ့တယ်လို့ သိရပါတယ်။ ဖမ်းဆီးရမိခဲ့သူ(၃)ဦးကို ဥပဒေအရအရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦး၀င်းအောင် ကပြောပါတယ်။ကန့်ဘလူခရိုင် ဇီးကုန်းမြို့မှာရှိတဲ့ Quarantine Center မှာ Quarantine ၀င်နေသူပေါင်း (၁၅) ယောက်ကျော် ရှိပြီး အများစုက ပြည်တွင်းက ပြန်လာသူတွေ ဖြစ်တယ်လို့ သိရပါတယ်။
သတင်း- အောင်ကျော်ညွန့်
One News Myanmar
https://www.facebook.com/onenewsmyan/
