ျပည္ေတာ္ျပန္ ေတြခိုးသယ္သည့္ ပဲ့ခ်ိတ္သမားမ်ား Quarantine ကာလအၿပီးအေရးယူမည္

(Zawgyi)⤵⤵⤵

ကိုဗစ္ကာလအတြင္း ထိုင္းနယ္စပ္လမ္းေၾကာင္းတစ္ေလွ်ာက္ လူအဝင္အထြက္ ပိတ္ထားသည့္ၾကားက ျပည္ေတာ္ျပန္မ်ားကို အခေၾကးေငြယူကာ ခိုးသယ္လာသည့္ ပဲ့ခ်ိတ္သမားမ်ားကို Facility Quarantine ျပဳလုပ္ထားၿပီး Quarantine ကာလ ၿပီးဆုံးပါက တည္ဆဲဥပေဒအရ အေရးယူသြားမည္ ျဖစ္ေၾကာင္း ေကာ့ေသာင္းၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး ကဆိုသည္။

လက္ရွိတြင္ ျပန္ေတာ္ျပန္မ်ားခိုးသယ္လာသည့္ ပဲ့ခ်ိတ္ ၃စီးကို ထိန္းသိမ္းထားၿပီး ပဲ့ခ်ိတ္သမားမ်ားႏွင့္ ၎မိသားစုမ်ား ျပည္ေတာ္ျပန္မ်ားကို ေစာင့္ၾကည့္လူနာအျဖစ္ ေစာင့္ၾကည့္ေရးစင္တာ တြင္ထားရွိထားေၾကာင္းသိရသည္။

Quarantine ကာလမွာ အေရးယူၿပီးအခ်ဳပ္ထဲတန္းထဲလို႔မရဘူး ဒါေၾကာင့္ အရင္ဆုံးက်န္းမာေရးေစာင့္ၾကည့္တယ္ ေစာင့္ၾကည့္ကာလ လြန္တာနဲ႔ စံျပအျဖစ္ အေရးယူေဆာင္ကြက္မွာ ျဖစ္တယ္လို႔ ေကာ့ေသာင္းၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး ဦးေဇာ္လင္းထြန္း ကဆိုသည္။

ထိုင္းဘက္မွ ျပည္ေတာ္ျပန္မ်ားကို တစ္ဦးလွ်င္ ဘတ္ေငြ ၁၅၀၀ ျမန္မာက်ပ္ေငြ ၆ေသာင္းေက်ာ္ ျဖစ္ လုံၿခဳံေရးကင္းမ်ားခ်ထားသည့္ၾကားမွ ညဘက္မ်ားတြင္ ပဲ့ခ်ိတ္သမားတစ္ခ်ိဳ႕ ခိုးသယ္တာေတြ လုပ္လွ်က္ရွိသည္ ဟု ေဒသခံမ်ားထံမွသိရသည္။

လက္ရွိတြင္ ေကာ့ေသာင္းၿမိဳ႕နယ္ ေစာင့္ၾကည့္ေရးစင္တာ ၁၁ခုဖြင့္လွစ္ထားၿပီး ေစာင့္ၾကည့္ခံထားရသူ ၂ရာေက်ာ္ရွိၿပီး က်န္းမာေရးအေျခေနမွာ ေကာင္းမြန္လွ်က္ရွိေၾကာင္း သိရသည္။

Myat Htut - Myeik
https://www.facebook.com/Myat-Htut-Myeik-222869948053294/
---------
(Unicode)⤵⤵⤵
ပြည်တော်ပြန် တွေခိုးသယ်သည့် ပဲ့ချိတ်သမားများ Quarantine ကာလအပြီးအရေးယူမည်

ကိုဗစ်ကာလအတွင်း ထိုင်းနယ်စပ်လမ်းကြောင်းတစ်လျှောက် လူအဝင်အထွက် ပိတ်ထားသည့်ကြားက ပြည်တော်ပြန်များကို အခကြေးငွေယူကာ ခိုးသယ်လာသည့် ပဲ့ချိတ်သမားများကို Facility Quarantine ပြုလုပ်ထားပြီး Quarantine ကာလ ပြီးဆုံးပါက တည်ဆဲဥပဒေအရ အရေးယူသွားမည် ဖြစ်ကြောင်း ကော့သောင်းမြို့နယ် အုပ်ချုပ်ရေးမှူး ကဆိုသည်။

လက်ရှိတွင် ပြန်တော်ပြန်များခိုးသယ်လာသည့် ပဲ့ချိတ် ၃စီးကို ထိန်းသိမ်းထားပြီး ပဲ့ချိတ်သမားများနှင့် ၎င်းမိသားစုများ ပြည်တော်ပြန်များကို စောင့်ကြည့်လူနာအဖြစ် စောင့်ကြည့်ရေးစင်တာ တွင်ထားရှိထားကြောင်းသိရသည်။

Quarantine ကာလမှာ အရေးယူပြီးအချုပ်ထဲတန်းထဲလို့မရဘူး ဒါကြောင့် အရင်ဆုံးကျန်းမာရေးစောင့်ကြည့်တယ် စောင့်ကြည့်ကာလ လွန်တာနဲ့ စံပြအဖြစ် အရေးယူဆောင်ကွက်မှာ ဖြစ်တယ်လို့ ကော့သောင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်း ကဆိုသည်။

ထိုင်းဘက်မှ ပြည်တော်ပြန်များကို တစ်ဦးလျှင် ဘတ်ငွေ ၁၅၀၀ မြန်မာကျပ်ငွေ ၆သောင်းကျော် ဖြစ် လုံခြုံရေးကင်းများချထားသည့်ကြားမှ ညဘက်များတွင် ပဲ့ချိတ်သမားတစ်ချို့ ခိုးသယ်တာတွေ လုပ်လျှက်ရှိသည် ဟု ဒေသခံများထံမှသိရသည်။

လက်ရှိတွင် ကော့သောင်းမြို့နယ် စောင့်ကြည့်ရေးစင်တာ ၁၁ခုဖွင့်လှစ်ထားပြီး စောင့်ကြည့်ခံထားရသူ ၂ရာကျော်ရှိပြီး ကျန်းမာရေးအခြေနေမှာ ကောင်းမွန်လျှက်ရှိကြောင်း သိရသည်။

Myat Htut - Myeik
https://www.facebook.com/Myat-Htut-Myeik-222869948053294/
ျပည္ေတာ္ျပန္ ေတြခိုးသယ္သည့္ ပဲ့ခ်ိတ္သမားမ်ား Quarantine ကာလအၿပီးအေရးယူမည္ ျပည္ေတာ္ျပန္ ေတြခိုးသယ္သည့္ ပဲ့ခ်ိတ္သမားမ်ား Quarantine ကာလအၿပီးအေရးယူမည္ Reviewed by THITHTOOLWIN on 20:39 Rating: 5
Powered by Blogger.