ေတာင္နီQuarantine Centerကေန ေတာင္ႀကီး၊ စဝ္စံထြန္းေဆး႐ုံကို လႊဲေျပာင္းကုသေနတဲ့ အမ်ိဳးသားတစ္ဦး နာရီပိုင္းအတြင္း ေသဆုံး

(Zawgyi)⤵⤵⤵

ေတာင္ႀကီး၊ ဧၿပီ ၁၆

ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေတာင္ႀကီးၿမိဳ႕နယ္၊ ေတာင္နီေက်း႐ြာရွိ Quarantine Centerကေန ေတာင္ႀကီးစဝ္စံထြန္းေဆး႐ုံကို လႊဲေျပာင္းကုသေနတဲ့ အမ်ိဳးသားတစ္ဦးက နာရီပိုင္းအတြင္း ေသဆုံးမႈျဖစ္ပြားခဲ့ေၾကာင္း ရွမ္းျပည္နယ္ျပည္သူ႔က်န္းမာေရး ဦးစီးဌာနထံမွ သိရပါတယ္။

အဲဒီအသက္(၅၆)ႏွစ္အ႐ြယ္အမ်ိဳးသားက ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕ကေန ျပန္လာသူျဖစ္ၿပီး ေတာင္နီေက်း႐ြာရွိ Quarantine Centerကို ဧၿပီလ ၁၄ရက္ေန႔မွာ ေရာက္ရွိလာသူျဖစ္ကာ ေတာင္ႀကီးစဝ္စံထြန္းေဆး႐ုံသို႔ ဒီကေန႔ ဧၿပီလ၁၆ရက္၊ ညေန(၃) နာရီအခ်ိန္ခန႔္က လႊဲေျပာင္းကုသခဲ့ေပမယ့္ ည(၇)နာရီဝန္းက်င္ အခ်ိန္ခန႔္မွာေတာ့ ေသဆုံးသြားခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။

“သူက Covid-19နဲ႔ ပါတ္သက္တဲ့သူ၊ သံသယလူနာျဖစ္တယ္လို႔ ေတာ့ တပ္အပ္ေျပာလို႔မရဘူး။ ဘယ္လိုမွ ေခါင္းစဥ္မတပ္ရ ေသးဘူး။ ညေနက ေတာင္နီကေန စဝ္စံထြန္းကို လႊဲေျပာင္း လာတယ္။ အေစာနားက ဆုံးသြားပါတယ္။ သိပ္ေတာ့ မၾကာ ေသးပါဘူး။ အသက္ကေတာ့ (၅၆)ႏွစ္ရွိပါၿပီ။ မေန႔ကေတာ့ ဝမ္းေလွ်ာတယ္လို႔ေတာ့ ေျပာတယ္”လို႔ ရွမ္းျပည္နယ္ျပည္သူ႔ က်န္းမာေရးဦးစီးဌာနမွ ျပည္နယ္ဦးစီးမႉး ေဒၚသူဇာခ်စ္တင္က ေ႐ႊႀတိဂံေဒသ သတင္းဌာနကို ေျပာပါတယ္။

အဆိုပါအမ်ိဳးသားက စဝ္စံထြန္းေဆး႐ုံသို႔ ေရာက္ရွိလာတဲ့အခ်ိန္မွာ အသက္ရႉၾကပ္တဲ့ လကၡဏာေတြ ေတြ႕ရွိရၿပီး က်န္းမာေရး အေျခအေနဆိုးဝါးလ်က္ရွိသလို မူးယစ္ေဆးဝါးသုံးစြဲထားတဲ့ လကၡဏာေတြကို ေတြ႕ရွိရေၾကာင္းကိုလည္း ေဒၚသူဇာခ်စ္တင္က ဆက္လက္ေျပာၾကားခဲ့ပါတယ္။

ယင္းအမ်ိဳးသားက ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕ကေန ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေတာင္ႀကီးၿမိဳ႕နယ္၊ ေတာင္နီေက်း႐ြာကို တျခားအမ်ိဳးသားတစ္ဦးနဲ႔အတူ ဆိုင္ကယ္နဲ႔ျပန္လာတာျဖစ္ ေၾကာင္း၊ ေသဆုံးသြားသူရဲ႕ တို႔ဖတ္နမူနာကို ယူေဆာင္ထားၿပီး ရန္ကုန္သို႔ ပို႔ေဆာင္ရန္စီစဥ္လ်က္ရွိတယ္လို႔လည္း သိရပါတယ္။

သတင္း-ရဲရင့္ဇြဲ(ေ႐ႊႀတိဂံ)
Golden Triangle Regional News - ေ႐ႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
-----------
(Unicode)⤵⤵⤵
တောင်နီQuarantine Centerကနေ တောင်ကြီး၊ စဝ်စံထွန်းဆေးရုံကို လွှဲပြောင်းကုသနေတဲ့ အမျိုးသားတစ်ဦး နာရီပိုင်းအတွင်း သေဆုံး

တောင်ကြီး၊ ဧပြီ ၁၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ တောင်နီကျေးရွာရှိ Quarantine Centerကနေ တောင်ကြီးစဝ်စံထွန်းဆေးရုံကို လွှဲပြောင်းကုသနေတဲ့ အမျိုးသားတစ်ဦးက နာရီပိုင်းအတွင်း သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ရှမ်းပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနထံမှ သိရပါတယ်။

အဲဒီအသက်(၅၆)နှစ်အရွယ်အမျိုးသားက ကချင်ပြည်နယ်၊ ဖားကန့်မြို့ကနေ ပြန်လာသူဖြစ်ပြီး တောင်နီကျေးရွာရှိ Quarantine Centerကို ဧပြီလ ၁၄ရက်နေ့မှာ ရောက်ရှိလာသူဖြစ်ကာ တောင်ကြီးစဝ်စံထွန်းဆေးရုံသို့ ဒီကနေ့ ဧပြီလ၁၆ရက်၊ ညနေ(၃) နာရီအချိန်ခန့်က လွှဲပြောင်းကုသခဲ့ပေမယ့် ည(၇)နာရီဝန်းကျင် အချိန်ခန့်မှာတော့ သေဆုံးသွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“သူက Covid-19နဲ့ ပါတ်သက်တဲ့သူ၊ သံသယလူနာဖြစ်တယ်လို့ တော့ တပ်အပ်ပြောလို့မရဘူး။ ဘယ်လိုမှ ခေါင်းစဉ်မတပ်ရ သေးဘူး။ ညနေက တောင်နီကနေ စဝ်စံထွန်းကို လွှဲပြောင်း လာတယ်။ အစောနားက ဆုံးသွားပါတယ်။ သိပ်တော့ မကြာ သေးပါဘူး။ အသက်ကတော့ (၅၆)နှစ်ရှိပါပြီ။ မနေ့ကတော့ ဝမ်းလျှောတယ်လို့တော့ ပြောတယ်”လို့ ရှမ်းပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါ်သူဇာချစ်တင်က ရွှေတြိဂံဒေသ သတင်းဌာနကို ပြောပါတယ်။

အဆိုပါအမျိုးသားက စဝ်စံထွန်းဆေးရုံသို့ ရောက်ရှိလာတဲ့အချိန်မှာ အသက်ရှူကြပ်တဲ့ လက္ခဏာတွေ တွေ့ရှိရပြီး ကျန်းမာရေး အခြေအနေဆိုးဝါးလျက်ရှိသလို မူးယစ်ဆေးဝါးသုံးစွဲထားတဲ့ လက္ခဏာတွေကို တွေ့ရှိရကြောင်းကိုလည်း ဒေါ်သူဇာချစ်တင်က ဆက်လက်ပြောကြားခဲ့ပါတယ်။

ယင်းအမျိုးသားက ကချင်ပြည်နယ်၊ ဖားကန့်မြို့ကနေ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ တောင်နီကျေးရွာကို တခြားအမျိုးသားတစ်ဦးနဲ့အတူ ဆိုင်ကယ်နဲ့ပြန်လာတာဖြစ် ကြောင်း၊ သေဆုံးသွားသူရဲ့ တို့ဖတ်နမူနာကို ယူဆောင်ထားပြီး ရန်ကုန်သို့ ပို့ဆောင်ရန်စီစဉ်လျက်ရှိတယ်လို့လည်း သိရပါတယ်။

သတင်း-ရဲရင့်ဇွဲ(ရွှေတြိဂံ)
Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ေတာင္နီQuarantine Centerကေန ေတာင္ႀကီး၊ စဝ္စံထြန္းေဆး႐ုံကို လႊဲေျပာင္းကုသေနတဲ့ အမ်ိဳးသားတစ္ဦး နာရီပိုင္းအတြင္း ေသဆုံး ေတာင္နီQuarantine Centerကေန ေတာင္ႀကီး၊ စဝ္စံထြန္းေဆး႐ုံကို လႊဲေျပာင္းကုသေနတဲ့ အမ်ိဳးသားတစ္ဦး နာရီပိုင္းအတြင္း ေသဆုံး Reviewed by THITHTOOLWIN on 21:21 Rating: 5
Powered by Blogger.