ဒုသမၼတရဲ႕ ေဆးစစ္ခ်က္ အေျဖ Negative ထြက္

(Zawgyi)⤵⤵⤵

ဒုတိယ သမၼတႀကီး ဦးဟင္နရီဗန္ထီးယူ နဲ႔ မိသားစု အပါအဝင္ လူ ၃၂ ဦး ကို ကို႐ိုနာဗိုင္းရပ္စ္ ကိုဗစ္-၁၉ ပိုး ရွိ၊ မရွိ စစ္ေဆးခဲ့ရာ အားလုံး ပိုးမေတြ႕ အေျဖထြက္ေၾကာင္း သမၼတ႐ုံး ေျပာခြင့္ရသူ ဦးေဇာ္ေဌးက ေနျပည္ေတာ္ အေျခစိုက္ သမၼတအိမ္ေတာ္ သတင္းေထာက္ အဖြဲ႕ကို အတည္ျပဳ ေျပာဆိုပါတယ္။

ကိုဗစ္-၁၉ အတည္ျပဳလူနာတခ်ိဳ႕ တက္ေရာက္ခဲ့တဲ့ ဘာသာေရးအခမ္းအနားက တရားေဟာ ဆရာတစ္ဦးနဲ႔ ဒုသမၼတ တို႔ရဲ႕ ဓာတ္ပုံေတြ လူမႈကြန္ရက္မွာ ပ်ံ႕ႏွံ႔ ၿပီးတဲ့ ေနာက္ပိုင္း လုထုရဲ႕ စိုးရိမ္မႈ ျမင့္တက္ေနတာကို ရွင္းလင္းႏိုင္ဖို႔ အတြက္ ဒုသမၼတနဲ႔မိသားစု အပါအဝင္ သူတို႔နဲ႔ အနီးကပ္ထိေတြ႕ မႈ ရွိခဲ့သူ ၃၂ ဦးကို ေဆးစစ္မႈေတြ ျပဳလုပ္ခဲ့တာပါ။


ေဆးစစ္ခ်က္ အေျဖကို ဧၿပီ ၁၅ ရက္ ဒီေန႔ မနက္ အေစာ ပိုင္း (မေန႔ည ေႏွာင္းပိုင္း) မွာ သိရွိခဲ့ရတယ္လို႔ ဦးေဇာ္ေဌးက ေျပာပါတယ္။

ဒါဟာ ႏိုင္ငံေတာ္အႀကီးအကဲေတြ ရဲ႕ က်န္းမာေရး နဲ႔ ပတ္သက္ၿပီး ေမးျမန္းတဲ့ အေပၚ သတင္း ထုတ္ျပန္တာ ျဖစ္ၿပီး တစ္ႏိုင္ငံလုံးနဲ႔ ဆိုင္တဲ့ စစ္ေဆးခ်က္ အေျဖေတြကိုေတာ့ သက္ဆိုင္တဲ့ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ပုံမွန္ အတိုင္း ထုတ္ျပန္ေပးသြားမွာ ျဖစ္တယ္လို႔ ဆိုပါတယ္။

ႏိုင္ငံေတာ္အႀကီးအကဲမ်ားရဲ႕ က်န္းမာေရးအတြက္ အဝင္-အထြက္ကို စိစစ္သတ္မွတ္ထားသူမ်ားမွအပ အထိအေတြ႕ မရွိေစျခင္း၊ က်န္းမာေရး Guideline မ်ားနဲ႔အညီ စိစစ္ၾကပ္မတ္ေဆာင္႐ြက္ထားျခင္းတို႔ကို စနစ္တက် ေဆာင္႐ြက္လ်က္ ရွိေၾကာင္း လည္း ဦးေဇာ္ေဌး က ေျပာပါတယ္။

BBC Burmese
https://www.facebook.com/BBCnewsBurmese/?epa=SEARCH_BOX
--------
(Unicode)⤵⤵⤵
ဒုသမ္မတရဲ့ ဆေးစစ်ချက် အဖြေ Negative ထွက်

ဒုတိယ သမ္မတကြီး ဦးဟင်နရီဗန်ထီးယူ နဲ့ မိသားစု အပါအဝင် လူ ၃၂ ဦး ကို ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ ပိုး ရှိ၊ မရှိ စစ်ဆေးခဲ့ရာ အားလုံး ပိုးမတွေ့ အဖြေထွက်ကြောင်း သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက နေပြည်တော် အခြေစိုက် သမ္မတအိမ်တော် သတင်းထောက် အဖွဲ့ကို အတည်ပြု ပြောဆိုပါတယ်။

ကိုဗစ်-၁၉ အတည်ပြုလူနာတချို့ တက်ရောက်ခဲ့တဲ့ ဘာသာရေးအခမ်းအနားက တရားဟော ဆရာတစ်ဦးနဲ့ ဒုသမ္မတ တို့ရဲ့ ဓာတ်ပုံတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့ ပြီးတဲ့ နောက်ပိုင်း လုထုရဲ့ စိုးရိမ်မှု မြင့်တက်နေတာကို ရှင်းလင်းနိုင်ဖို့ အတွက် ဒုသမ္မတနဲ့မိသားစု အပါအဝင် သူတို့နဲ့ အနီးကပ်ထိတွေ့ မှု ရှိခဲ့သူ ၃၂ ဦးကို ဆေးစစ်မှုတွေ ပြုလုပ်ခဲ့တာပါ။

ဆေးစစ်ချက် အဖြေကို ဧပြီ ၁၅ ရက် ဒီနေ့ မနက် အစော ပိုင်း (မနေ့ည နှောင်းပိုင်း) မှာ သိရှိခဲ့ရတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

ဒါဟာ နိုင်ငံတော်အကြီးအကဲတွေ ရဲ့ ကျန်းမာရေး နဲ့ ပတ်သက်ပြီး မေးမြန်းတဲ့ အပေါ် သတင်း ထုတ်ပြန်တာ ဖြစ်ပြီး တစ်နိုင်ငံလုံးနဲ့ ဆိုင်တဲ့ စစ်ဆေးချက် အဖြေတွေကိုတော့ သက်ဆိုင်တဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပုံမှန် အတိုင်း ထုတ်ပြန်ပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံတော်အကြီးအကဲများရဲ့ ကျန်းမာရေးအတွက် အဝင်-အထွက်ကို စိစစ်သတ်မှတ်ထားသူများမှအပ အထိအတွေ့ မရှိစေခြင်း၊ ကျန်းမာရေး Guideline များနဲ့အညီ စိစစ်ကြပ်မတ်ဆောင်ရွက်ထားခြင်းတို့ကို စနစ်တကျ ဆောင်ရွက်လျက် ရှိကြောင်း လည်း ဦးဇော်ဌေး က ပြောပါတယ်။

BBC Burmese
https://www.facebook.com/BBCnewsBurmese/?epa=SEARCH_BOX
ဒုသမၼတရဲ႕ ေဆးစစ္ခ်က္ အေျဖ Negative ထြက္ ဒုသမၼတရဲ႕ ေဆးစစ္ခ်က္ အေျဖ Negative ထြက္ Reviewed by THITHTOOLWIN on 10:20 Rating: 5
Powered by Blogger.