မိုင္းလား NDAA ေဒသ Covid-19 ကာကြယ္၊ ထိန္းခ်ဳပ္ေရး လုပ္ငန္းစဥ္ တရုတ္ေလ့လာအၾကံျပဳ

ယူနန္က်န္းမားေရး ေဆးသိပၸံ ကိုယ္စားလွယ္အဖြဲ႔၏ မိုင္းလားသို႔ လာေရာက္ေလ့လာခဲ့မႈမ်ား- ဓာတ္ပံု- စိုင္းခမ္းလ်ွံ ( မုန္းလား )
(Zawgyi)⤵⤵⤵
တိုင္းရင္းသားလက္နက္ကိုင္တပ္ဖြဲ႔ျဖစ္သည့္ အမ်ဳိးသား ဒီမိုကေရစီ မဟာမိတ္တပ္မေတာ္ မိုင္းလား ၊ NDAA အုပ္ခ်ဳပ္သည့္ ေဒသအတြင္း Covid-19 ကပ္ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္ေရး လုပ္ငန္းစဥ္မ်ား အရိွန္ျမွင့္တင္ျခင္း ၊ ပညာေပးအစီအစဥ္မ်ား ေဆာင္ရြက္ေနမႈအေပၚ ယူနန္ျပည္နယ္ က်န္းမာေရးဌာန ႏွင့္ ေဆးသိပၸံတို႔မွ တာ၀န္ရိွသူမ်ားသည္ ဧျပီလ ၂၃ ရက္ေန႔က လာေရာက္ေလ့လာအၾကံျပဳခဲ့ၾကပါသည္။

မိုင္းလားေဒသအတြင္း သံသယ ျဖစ္ဖြယ္ရိွသူမ်ား သီးသန္႔ ေစာင့္ၾကည့္ေနမႈ Facility Quaratine ၊ ပညာေပးလုပ္ငန္းမ်ားေဆာင္ရြက္ေနမႈ ၊ ေဆးရံု ေဆးေပးခန္းမ်ားအေျခအေနကို ေလ့လာခဲ့ျပီးေနာက္ အၾကံျပဳခ်က္မ်ား ေပးခဲ့ၾကသည္ဟု သိရပါသည္။

ျမန္မာႏိုင္ငံတြင္ ကိုဗစ္-၁၉ ျဖစ္ပြားေနစဥ္ကာလအတြင္း တရုတ္ႏိုင္ငံမွ ျမန္မာအစိုးရ ႏွင့္ တပ္မေတာ္တို႔အတြက္ ေဆးဘက္ဆိုင္ရာ ပစၥည္းမ်ား အကာအကြယ္ပစၥည္းမ်ား ေပးအပ္ေနသလို နည္းပညာႏွင့္ ေဆးကုသေရးအဖြဲ႔မ်ား ေစလႊတ္ ကူညီလ်က္ရိွေနပါသည္။

ယင္းအျပင္ အစိုးရအုပ္ခ်ဳပ္မႈေအာက္တြင္ မရိွသည့္ နယ္စပ္ေဒသရိွ တိုင္းရင္းသားလက္နက္ကိုင္မ်ား ထိန္းခ်ဳပ္ရာေဒသမ်ားႏွင့္လည္း ယူနန္အစုိးရတို႔အၾကား ကိုဗစ္-၁၉ ကာကြယ္ ၊ ကုသ ၊ ထိန္းခ်ဳပ္ေရး လုပ္ငန္းမ်ားတြင္ ပူးေပါင္းေဆာင္ရြက္လ်က္ရိွျပီး သံသယ လူနာမ်ား`၏ နမူနာ တို႔ဖတ္မ်ားကို ယူနန္ျပည္နယ္တြင္ လက္ခံ ဓါတ္ခြဲစမ္းသပ္မႈမ်ား ျပဳလုပ္ေပးလ်က္ရိွပါသည္။

ယင္းသို႔ ကူညီမႈမ်ားရိွေသာ္လည္း ျမန္မာႏိုင္ငံမွ ကိုဗစ္-၁၉ ဗိုင္းရပ္စ္ တရုတ္ျပည္အတြင္းပ်ံ႔ႏွံ႔မလာေစရန္အတြက္ တရုတ္ျမန္မာ နယ္စပ္မ်ဥ္းတေလ်ွာက္တြင္ အသြားအလာ တင္းၾကပ္မႈမ်ားကို လတ္တေလာ ကာလအတြင္း အရိွန္ျမွင့္ ျပဳလုပ္လာေနပါသည္။

ေရႊၾတိဂံသတင္းလႊာ
-------------------------------------
(Unicode)⤵⤵⤵
မိုင်းလား NDAA ဒေသ Covid-19 ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းစဉ် တရုတ်လေ့လာအကြံပြု

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့် အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် မိုင်းလား ၊ NDAA အုပ်ချုပ်သည့် ဒေသအတွင်း Covid-19 ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းစဉ်များ အရှိန်မြှင့်တင်ခြင်း ၊ ပညာပေးအစီအစဉ်များ ဆောင်ရွက်နေမှုအပေါ် ယူနန်ပြည်နယ် ကျန်းမာရေးဌာန နှင့် ဆေးသိပ္ပံတို့မှ တာဝန်ရှိသူများသည် ဧပြီလ ၂၃ ရက်နေ့က လာရောက်လေ့လာအကြံပြုခဲ့ကြပါသည်။

မိုင်းလားဒေသအတွင်း သံသယ ဖြစ်ဖွယ်ရှိသူများ သီးသန့် စောင့်ကြည့်နေမှု Facility Quaratine ၊ ပညာပေးလုပ်ငန်းများဆောင်ရွက်နေမှု ၊ ဆေးရုံ ဆေးပေးခန်းများအခြေအနေကို လေ့လာခဲ့ပြီးနောက် အကြံပြုချက်များ ပေးခဲ့ကြသည်ဟု သိရပါသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ်ကာလအတွင်း တရုတ်နိုင်ငံမှ မြန်မာအစိုးရ နှင့် တပ်မတော်တို့အတွက် ဆေးဘက်ဆိုင်ရာ ပစ္စည်းများ အကာအကွယ်ပစ္စည်းများ ပေးအပ်နေသလို နည်းပညာနှင့် ဆေးကုသရေးအဖွဲ့များ စေလွှတ် ကူညီလျက်ရှိနေပါသည်။

ယင်းအပြင် အစိုးရအုပ်ချုပ်မှုအောက်တွင် မရှိသည့် နယ်စပ်ဒေသရှိ တိုင်းရင်းသားလက်နက်ကိုင်များ ထိန်းချုပ်ရာဒေသများနှင့်လည်း ယူနန်အစိုးရတို့အကြား ကိုဗစ်-၁၉ ကာကွယ် ၊ ကုသ ၊ ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး သံသယ လူနာများ`၏ နမူနာ တို့ဖတ်များကို ယူနန်ပြည်နယ်တွင် လက်ခံ ဓါတ်ခွဲစမ်းသပ်မှုများ ပြုလုပ်ပေးလျက်ရှိပါသည်။

ယင်းသို့ ကူညီမှုများရှိသော်လည်း မြန်မာနိုင်ငံမှ ကိုဗစ်-၁၉ ဗိုင်းရပ်စ် တရုတ်ပြည်အတွင်းပျံ့နှံ့မလာစေရန်အတွက် တရုတ်မြန်မာ နယ်စပ်မျဉ်းတလျှောက်တွင် အသွားအလာ တင်းကြပ်မှုများကို လတ်တလော ကာလအတွင်း အရှိန်မြှင့် ပြုလုပ်လာနေပါသည်။

ရွှေတြိဂံသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews
မိုင္းလား NDAA ေဒသ Covid-19 ကာကြယ္၊ ထိန္းခ်ဳပ္ေရး လုပ္ငန္းစဥ္ တရုတ္ေလ့လာအၾကံျပဳ မိုင္းလား NDAA ေဒသ Covid-19 ကာကြယ္၊ ထိန္းခ်ဳပ္ေရး လုပ္ငန္းစဥ္ တရုတ္ေလ့လာအၾကံျပဳ Reviewed by THITHTOOLWIN on 21:16 Rating: 5
Powered by Blogger.