နမ့္လန္တြင္ Mask( ႏွာေခါင္းစည္း) မတပ္သူမ်ား ထိုင္၊ထ ၃၀ ျပစ္ဒဏ္ေပး

Photo by Namlan Media/ ၿမိဳ႕ဝင္၊ထြက္တြင္ စစ္ေဆးေနပုံ
(Zawgyi)⤵⤵⤵
သွ်မ္ျပည္ ေျမာက္ပိုင္း နမ့္လန္ၿမိဳ႕ တြင္ Mask (ႏွာေခါင္းစည္း) မတပ္ဆင္ပါက ျပစ္ဒဏ္ေပးမႈမ်ားျပဳလုပ္ေနေၾကာင္း သတင္းရရွိသည္။

နမ့္လန္ၿမိဳ႕ထဲသို႔ဝင္ေရာက္လာသည့္ ျပည္သူမ်ား Maske တပ္ဆင္ျခင္းမရွိပါက ထိုင္၊ထ အခါ ၃၀ ျပဳလုပ္ရျခင္း (သို႔မဟုတ္)ေငြဒဏ္ တေယာက္ ၁ေသာင္း ေပးေဆာင္ ရေၾကာင္း နမ့္လန္ ေဒသခံမ်ား ေျပာျပခ်က္ အရသိရသည္။

“ နမ့္လန္ၿမိဳ႕ အဝင္မွာ ဌာန ဆိုင္ရာေတြေစာင့္တယ္။ Mask မတပ္ရင္ ထိုင္၊ထ အခါ ၃၀ လုပ္ရတယ္။ မလုပ္ခ်င္ရင္ ေငြဒဏ္ ၁ေသာင္းေပးရတယ္။ ၿပီးေတာ့ Mask ေဝေပးတယ္” ဟု နမ့္လန္ ေဒသခံ တဦး ျဖစ္သည့္ ကိုႏိုင္ က သွ်မ္းသံေတာ္ဆင့္ သို႔ ေျပာသည္။

ထိုကဲ့သို႔ျပဳလုပ္ျခင္းသည္ COVID-19ကို ကာကြယ္ ထိန္းခ်ဳပ္ရန္ ႏွင့္ လူတိုင္း Mask တပ္ဆင္ၿပီး အျပင္ထြက္ေစခ်င္သည့္ အတြက္ ပညာေပးျခင္းျဖစ္ေၾကာင္း လည္း ကိုႏိုင္က ဆိုသည္။

Mask မတပ္သည္သူမ်ားကို ျပစ္ဒဏ္ေပးျခင္းသည္ ဧၿပီ ၁၅ရက္ မွစတင္ကာ ျပစ္ဒဏ္ေပးသည့္ စနစ္ကို လုပ္ေဆာင္လာခဲ့ၿပီး၊ စတင္လုပ္ေဆာင္သည့္ ရက္တြင္ Mask တပ္ဆင္သည့္ မရွိသေလာက္နည္းပါးေၾကာင္း နမ့္လန္ၿမိဳ႕ ျဖဴစင္ ႏွလုံးသား လူမႈကူညီေရး အသင္းမွ ကိုရန္ႏိုင္စိုး က သွ်မ္းသံေတာ္ဆင့္ သို႔ေျပာသည္။

ထိုျပစ္ဒဏ္ေပးသည့္ စနစ္ကို နမ့္လန္ၿမိဳ႕ မွ သက္ဆိုင္ရာ ဌာန အဖြဲ႕မ်ား ဦးစီးၿပီး ျပဳလုပ္ျခင္းျဖစ္ေၾကာင္း သိရသည္။

“ စလုပ္တဲ့ ရက္က ေတာ္ေတာ္မ်ားမ်ား မတပ္ၾကဘူး။ အခုေနာက္ပိုင္းေတာ့ တပ္လာၾကတယ္။ ဒီနည္းက ေအာင္ျမင္တယ္လို႔ေျပာလို႔ရပါတယ္” ဟု ကိုရန္ႏိုင္စိုးက ဆိုသည္။

တခ်ိဳ႕ ျပည္သူမ်ားက ထိုင္၊ထ အခါ ၃၀ ကို မျပဳလုပ္ဘဲ ေငြဒဏ္ ၁ေယာက္ တေသာင္းက်ပ္ေပးေဆာင္ခဲ့ေၾကာင္း၊ ယေန႔ အခ်ိန္ထိ ေငြ က်ပ္ ၂သိန္း ေက်ာ္ ရရွိကာ ရလာသည့္ ေငြမ်ားကို Mask မ်ားထပ္မွာယူေၾကာင္းလည္း ကိုရန္ႏိုင္စိုး က ေျပာျပသည္။

“ Mask ကေတာ့ က်ေနာ္တို႔လက္ထဲ မွာ ျပတ္ သေလာက္ ရွိသြားၿပီ၊ ရလာတဲ့ ေငြနဲ႔ Mask ေတြ ထပ္မွာရတယ္။ ေငြေတြ ဒီထဲပဲ ျပန္သုံးပါတယ္” ဟု ကိုရန္ႏိုင္စိုးက ထပ္ေလာင္းေျပာသည္။

လက္ရွိ အခ်ိန္ထိ ထို ျပစ္ဒဏ္ေပးမႈကို ဆက္လက္ျပဳလုပ္ေနေသးေၾကာင္း သိရသည္။

ျပစ္ဒဏ္ အမ်ားစု ေပးခံရသူမ်ားသည္ ေက်း႐ြာတြင္ေနထိုင္သူမ်ားျဖစ္ၿပီး၊ COVID-19 ႏွင့္ ပတ္သက္ၿပီး အသိပညာ မသိေသးသူမ်ားျဖစ္ေၾကာင္း၊ လက္ရွိမွာ COVID-19 ပညာေပးမႈကို မ်ားစြာ ဆက္လက္ ျပဳလုပ္ရန္ လိုအပ္ေၾကာင္းလည္း နမ့္လန္ျပည္သူမ်ားက ေျပာဆိုလိုက္သည္။

Mask မတပ္ဆင္ပါက ျပစ္ဒဏ္ေပးမႈသည္ အဓိက မဟုတ္ေၾကာင္း၊ လက္ရွိမွာ ျမန္မာႏိုင္ငံ တဝွမ္း Mask ဝယ္ရခက္ၿပီး ၊ Mask ေဈးႏႈန္းကိုလည္း အဆမတန္ ျမင့္တက္ေရာင္းခ်ေနေၾကာင္း နမ့္လန္ၿမိဳ႕ ခံ တဦးျဖစ္သည့္ နန္းေအး က ေျပာသည္။

“ အခု Mask တပ္ဖို႔ ေျပာေပမယ့္ Mask ဝယ္ဖို႔ ကခက္ေနတယ္။ေဆးဆိုင္ေတြေတာင္ ဝယ္မရတာ။ ေက်း႐ြာကလူေတြဆို ပိုဆိုးတာေပါ့” ဟု နန္းေအး က ဆိုသည္။

သက္ဆိုင္ရာ မ်ားအေနျဖင့္ ျပည္သူမ်ားကို Mask တပ္ဆင္သည့္ ကိစၥတြင္ အသိပညာေပးမႈကို လက္ခံေသာ္လည္း ျပည္သူမ်ား Mask ဝယ္ယူလြယ္ကူေအာင္ နည္းလမ္းရွာေဖြေပးရမည္ျဖစ္ေၾကာင္း၊ ထို႔ျပင္ လူတိုင္းလက္လွမ္းမီသည့္ ေဈးႏႈန္းျဖင့္ ေရာင္းခ်ေပးရန္လည္း နမ့္လန္ ျပည္သူမ်ားက ေတာင္းဆိုလိုက္သည္။

ျမန္မာႏိုင္ငံတြင္ ကိုဗစ္-၁၉ ကူးစက္ေရာဂါေၾကာင့္ ေသဆုံးသူ ၅ဦးရွိလာၿပီး ကူးစက္ခံရသူ ၉၄ဦးထိ ျမင့္တက္လာေၾကာင္း ယေန႔မနက္ ၁၀နာရီတြင္ က်န္းမာေရး ႏွင့္ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ေၾကညာခဲ့သည္။

Nang Seng Nom - သွ်မ္းသံေတာ္ဆင့္
-----------------------------------
(Unicode)⤵⤵⤵
နမ့်လန်တွင် Mask( နှာခေါင်းစည်း) မတပ်သူများ ထိုင်၊ထ ၃၀ ပြစ်ဒဏ်ပေး

သျှမ်ပြည် မြောက်ပိုင်း နမ့်လန်မြို့ တွင် Mask (နှာခေါင်းစည်း) မတပ်ဆင်ပါက ပြစ်ဒဏ်ပေးမှုများပြုလုပ်နေကြောင်း သတင်းရရှိသည်။

နမ့်လန်မြို့ထဲသို့ဝင်ရောက်လာသည့် ပြည်သူများ Maske တပ်ဆင်ခြင်းမရှိပါက ထိုင်၊ထ အခါ ၃၀ ပြုလုပ်ရခြင်း (သို့မဟုတ်)ငွေဒဏ် တယောက် ၁သောင်း ပေးဆောင် ရကြောင်း နမ့်လန် ဒေသခံများ ပြောပြချက် အရသိရသည်။

“ နမ့်လန်မြို့ အဝင်မှာ ဌာန ဆိုင်ရာတွေစောင့်တယ်။ Mask မတပ်ရင် ထိုင်၊ထ အခါ ၃၀ လုပ်ရတယ်။ မလုပ်ချင်ရင် ငွေဒဏ် ၁သောင်းပေးရတယ်။ ပြီးတော့ Mask ဝေပေးတယ်” ဟု နမ့်လန် ဒေသခံ တဦး ဖြစ်သည့် ကိုနိုင် က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

ထိုကဲ့သို့ပြုလုပ်ခြင်းသည် COVID-19ကို ကာကွယ် ထိန်းချုပ်ရန် နှင့် လူတိုင်း Mask တပ်ဆင်ပြီး အပြင်ထွက်စေချင်သည့် အတွက် ပညာပေးခြင်းဖြစ်ကြောင်း လည်း ကိုနိုင်က ဆိုသည်။

Mask မတပ်သည်သူများကို ပြစ်ဒဏ်ပေးခြင်းသည် ဧပြီ ၁၅ရက် မှစတင်ကာ ပြစ်ဒဏ်ပေးသည့် စနစ်ကို လုပ်ဆောင်လာခဲ့ပြီး၊ စတင်လုပ်ဆောင်သည့် ရက်တွင် Mask တပ်ဆင်သည့် မရှိသလောက်နည်းပါးကြောင်း နမ့်လန်မြို့ ဖြူစင် နှလုံးသား လူမှုကူညီရေး အသင်းမှ ကိုရန်နိုင်စိုး က သျှမ်းသံတော်ဆင့် သို့ပြောသည်။

ထိုပြစ်ဒဏ်ပေးသည့် စနစ်ကို နမ့်လန်မြို့ မှ သက်ဆိုင်ရာ ဌာန အဖွဲ့များ ဦးစီးပြီး ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

“ စလုပ်တဲ့ ရက်က တော်တော်များများ မတပ်ကြဘူး။ အခုနောက်ပိုင်းတော့ တပ်လာကြတယ်။ ဒီနည်းက အောင်မြင်တယ်လို့ပြောလို့ရပါတယ်” ဟု ကိုရန်နိုင်စိုးက ဆိုသည်။

တချို့ ပြည်သူများက ထိုင်၊ထ အခါ ၃၀ ကို မပြုလုပ်ဘဲ ငွေဒဏ် ၁ယောက် တသောင်းကျပ်ပေးဆောင်ခဲ့ကြောင်း၊ ယနေ့ အချိန်ထိ ငွေ ကျပ် ၂သိန်း ကျော် ရရှိကာ ရလာသည့် ငွေများကို Mask များထပ်မှာယူကြောင်းလည်း ကိုရန်နိုင်စိုး က ပြောပြသည်။

“ Mask ကတော့ ကျနော်တို့လက်ထဲ မှာ ပြတ် သလောက် ရှိသွားပြီ၊ ရလာတဲ့ ငွေနဲ့ Mask တွေ ထပ်မှာရတယ်။ ငွေတွေ ဒီထဲပဲ ပြန်သုံးပါတယ်” ဟု ကိုရန်နိုင်စိုးက ထပ်လောင်းပြောသည်။

လက်ရှိ အချိန်ထိ ထို ပြစ်ဒဏ်ပေးမှုကို ဆက်လက်ပြုလုပ်နေသေးကြောင်း သိရသည်။

ပြစ်ဒဏ် အများစု ပေးခံရသူများသည် ကျေးရွာတွင်နေထိုင်သူများဖြစ်ပြီး၊ COVID-19 နှင့် ပတ်သက်ပြီး အသိပညာ မသိသေးသူများဖြစ်ကြောင်း၊ လက်ရှိမှာ COVID-19 ပညာပေးမှုကို များစွာ ဆက်လက် ပြုလုပ်ရန် လိုအပ်ကြောင်းလည်း နမ့်လန်ပြည်သူများက ပြောဆိုလိုက်သည်။

Mask မတပ်ဆင်ပါက ပြစ်ဒဏ်ပေးမှုသည် အဓိက မဟုတ်ကြောင်း၊ လက်ရှိမှာ မြန်မာနိုင်ငံ တဝှမ်း Mask ဝယ်ရခက်ပြီး ၊ Mask ဈေးနှုန်းကိုလည်း အဆမတန် မြင့်တက်ရောင်းချနေကြောင်း နမ့်လန်မြို့ ခံ တဦးဖြစ်သည့် နန်းအေး က ပြောသည်။

“ အခု Mask တပ်ဖို့ ပြောပေမယ့် Mask ဝယ်ဖို့ ကခက်နေတယ်။ဆေးဆိုင်တွေတောင် ဝယ်မရတာ။ ကျေးရွာကလူတွေဆို ပိုဆိုးတာပေါ့” ဟု နန်းအေး က ဆိုသည်။

သက်ဆိုင်ရာ များအနေဖြင့် ပြည်သူများကို Mask တပ်ဆင်သည့် ကိစ္စတွင် အသိပညာပေးမှုကို လက်ခံသော်လည်း ပြည်သူများ Mask ဝယ်ယူလွယ်ကူအောင် နည်းလမ်းရှာဖွေပေးရမည်ဖြစ်ကြောင်း၊ ထို့ပြင် လူတိုင်းလက်လှမ်းမီသည့် ဈေးနှုန်းဖြင့် ရောင်းချပေးရန်လည်း နမ့်လန် ပြည်သူများက တောင်းဆိုလိုက်သည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် သေဆုံးသူ ၅ဦးရှိလာပြီး ကူးစက်ခံရသူ ၉၄ဦးထိ မြင့်တက်လာကြောင်း ယနေ့မနက် ၁၀နာရီတွင် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

Nang Seng Nom - သျှမ်းသံတော်ဆင့်
https://burmese.shannews.org/archives/16192
နမ့္လန္တြင္ Mask( ႏွာေခါင္းစည္း) မတပ္သူမ်ား ထိုင္၊ထ ၃၀ ျပစ္ဒဏ္ေပး နမ့္လန္တြင္ Mask( ႏွာေခါင္းစည္း) မတပ္သူမ်ား ထိုင္၊ထ ၃၀ ျပစ္ဒဏ္ေပး Reviewed by THITHTOOLWIN on 21:19 Rating: 5
Powered by Blogger.