ရပ္ေက်းအဆင့္မွာ ကုိယ့္သေဘာနဲ႔ကုိယ္ Lockdown လုပ္သင့္သလား

Lockdown လုပ္ထားတဲ့ ရန္ကုန္ၿမိဳ႕က လမ္း တလမ္း (ဧၿပီ ၁၈၊ ၂၀၂၀)

(Zawgyi/Unicode)

တခ်ိဳ႕ ရပ္ကြက္ေတြ၊ ေက်း႐ြာေတြမွာ ကိုယ့္အစီအစဥ္နဲ႔ကိုယ္ လမ္းေတြကို ပိတ္ဆို႔ လုံၿခဳံေရးယူတာနဲ႔ ပတ္သက္လို႔ လူ႔အခြင့္အေရးရႈေဒါင့္၊ တရားဥပေဒ စိုးမိုးေရးရႈေဒါင့္ရဲ႕အျမင္ေတြကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မအိမ့္သႏၱာထြန္းက ေျပာျပေပးပါမယ္။

COVID-19 ေရာဂါကူးစက္ျပန္႔ပြားမွာကို စိုးရိမ္ၾကတဲ့ အတြက္ တခ်ိဳ႕ရပ္ကြက္ေတြ ေက်း႐ြာေတြမွာ ကိုယ့္အစီအစဥ္နဲ႔ကိုယ္ လမ္းေတြပိတ္တာ၊ အဝင္အထြက္ ၾကပ္မတ္စီစစ္တာေတြ ရွိေနပါတယ္။ ဒီလိုေတြလုပ္တာက ျမန္မာႏိုင္ငံရဲ႕ တရားဥပေဒစိုးမိုးေရးကို ထိခိုက္လာႏိုင္တဲ့အျပင္ လူ႔အခြင့္အေရးကိုလည္း ထိခိုက္တယ္လို႔ ေရွ႕ေနေတြႏွင့္ လူ႔အခြင့္အေရး လႈပ္ရွားသူေတြက ဆိုပါတယ္။

ရပ္ကြက္ ေက်း႐ြာေတြက ေရာဂါကူးစက္တာကို တားဆီးႏိုင္ဖို႔ ကူညီခ်င္ၾကတာေတြေၾကာင့္ လုပ္ေဆာင္ၾကတာေတြျဖစ္ေပမယ့္ ေဒသႏၲရအစိုးရရဲ႕အမိန႔္ထဲမွာ မပါတာေတြကို မလုပ္ေဆာင္ၾကဖို႔လိုတယ္ လို႔ဆိုပါတယ္။

က်န္းမာေရး ဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲ့ အမိန္႔ကိုပဲ လိုက္နာၿပီး ေဆာင္႐ြက္ၾကဖို႔ကိုလည္း တရားလႊတ္ေတာ္ ေရွ႕ေနဦးႀကီးျမင့္က တိုက္တြန္းထားပါတယ္။

“ဟာ ..ထိခိုက္တာေပါ့ တေက်ာင္း တဂါထာ တ႐ြာတပုဒ္ဆန္း လုပ္လို႔မရဘူးေလ...ဒါကလည္း အစိုးရရဲ႕ အမိန႔္ထုတ္တာေတြ ေနာက္က်တာေပါ့။ လုပ္ရမယ့္ဟာေတြ အခ်ိန္မီွ မလုပ္ႏိုင္ဘူး။ သူတို႔ကေတာ့ ကူညီတာေပါ့ဗ်ာ၊ ရပ္႐ြာေတြက တႏိုင္တပိုင္ကူညီၾကတာေပါ့။ ေကာင္းတာကေတာ့ တေျပးညီ ျဖစ္ရင္ ေကာင္းတာေပါ့။ က်န္းမာေရး ဝန္ႀကီးဌာနရဲ႕ အမိန႔္က ညမထြက္ရဆိုၿပီး ၿမိဳ႕နယ္ေတြ သတ္မွတ္တယ္။ ဘယ္ႏွစ္နာရီက ဘယ္ႏွစ္နာရီ မထြက္ရဆိုတာ အဲ့ဒါက တစ္ျပည္လုံးကို လႊမ္းမိုးသင့္တယ္ေလ။ သတ္မွတ္တဲ့ေနရာေတြေပါ့။ အဲ့ဒါမွ အပ ဥပမာ ပုဒ္မ ၁၄၄ ထုတ္တယ္တို႔ ေတာင္ႀကီးတို႔ ဘာတို႔မွာၾကားတယ္။ အဲ့ဒါက အျပင္ထြက္ရင္ အေရးယူလို႔ရတယ္။ အဲ့ဒါမ်ိဳး မထုတ္ရဘူးေလ။ ဒါက ျပစ္ဒဏ္ပဲဟာ။ အဲ့ေတာ့ ပုဒ္မ ၁၄၄ ႏွင့္ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္တဲ့ အမိန႔္ႏွင့္ မွားၿပီး အေကာင္အထည္ေဖာ္ေနၾကတယ္။ တကယ္က ပုဒ္မ ၁၄၄ ထုတ္ရမွာ မဟုတ္ဘူး။ က်န္းမာေရး ဝန္ႀကီးဌာနက အမိန႔္ကိုပဲ လိုက္နာၿပီး အားလုံးလုပ္ရမွာ။ ေျပာရရင္ လမ္းေတြပိတ္ဆိုတာေတြဘာေတြ အဲ့တာေတြက မလုပ္ရဘူး။ အမိန႔္ထဲမွာ အဲ့ဒါေတြ မပါဘူး။ အမိန္ထဲမွာ မပါတဲ့ ဟာေတြကို အေကာင္အထည္ေဖာ္လို႔မရဘူး။”

ဒီလို ရပ္ကြက္ေတြ ေက်း႐ြာေတြမွာ ကိုယ့္သေဘာႏွင့္ကိုယ္ Lockdown လုပ္တာေတြ ရွိရင္ သက္ဆိုင္ရာ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးေတြ၊ ရဲစခန္းေတြ၊ သက္ဆိုင္ရာ လႊတ္ေတာ္ကိုယ္စားလွယ္႐ုံးေတြကို သြားေရာက္တိုင္ၾကားႏိုင္ၿပီး သူတို႔ေတြကသာ ေျဖရွင္းမေပးဘူး ဆိုရင္ ဒီလို ပိတ္ဆို႔ထားသူေတြကို ဒဏ္ေငြ ၅၀,၀၀၀ ႏွင့္ ေထာင္ဒဏ္ ၆ လ အေရးယူလို႔ရတယ္လို႔ ဦးႀကီးျမင့္က ဆိုပါတယ္။

ဒီလို အသြားအလာ အဝင္အထြက္ေတြကို ပိတ္ဆို႔ကန႔္သတ္ထားတာေတြက လူတစ္ဦးခ်င္းစီရဲ႕ ကိုယ္ပိုင္အခြင့္အေရးေတြျဖစ္တဲ့ လြတ္လပ္စြာ သြားလာခြင့္ကို ထိခိုက္သလို ဒီလိုလုပ္တာကေန လုပ္ပိုင္ခြင့္ထက္ ေက်ာ္လြန္ၿပီးေတာ့ အၾကမ္းဖက္တဲ့ အဆင့္မ်ိဳးထိ ေရာက္သြားမွာကို စိုးရိမ္တဲ့ အေၾကာင္း လူအခြင့္အေရး လႈပ္ရွားသူတဦးျဖစ္တဲ့ Equality Myanmar ရဲ႕ ဒါ႐ိုက္တာ ဦးေအာင္မ်ိဳးမင္းက ေျပာပါတယ္။

“ပထမ ဦးဆုံး Lock Down လုပ္တဲ့ အေျခအေနမ်ိဳးမွာ ထိခိုက္ႏိုင္တာက လြတ္လပ္စြာ သြားလာခြင့္ဆိုတဲ့ အေၾကာင္းအရာေတြထိခိုက္ပါတယ္။ ေနာက္တစ္ခါ လြတ္လပ္စြာ ၿငိမ္းခ်ိမ္းစြာ စီတန္းခြင့္ စုေဝးလွည့္လည္ခြင့္ကို ထိခိုက္ပါတယ္။ တစ္ခါတစ္ေလ ဘာသာေရး ယုံၾကည္ခ်က္ေၾကာင့္ လူစုလူေဝးနဲ႔ ဝတ္ျပဳတာေတြ ဆုေတာင္းတာေတြ ဒါကိုလည္း ထိခိုက္ႏိုင္ပါတယ္။ ဒါေပမယ့္ ဒီလိုမ်ိဳး ကိစၥေတြက က်ေနာ္တို႔ အေရးေပါကာလမွာ လိုအပ္ရင္ လိုအပ္သေလာက္ဆိုင္းငံ့မႈကေတာ့ လူ႔အခြင့္အေရးထဲမွာ ခြင့္ျပဳထားတဲ့ သေဘာရွိပါတယ္။ ဒါေပမဲ့ က်ေနာ္ စိုးရိမ္တာက ခုနကလိုမ်ိဳး က်ေနာ္တို႔တိုင္းျပည္မွာက တစ္ေက်ာင္း၊ တစ္ဂါထာ၊ တစ္႐ြာ တစ္ပုဒ္ဆန္းဆိုသလိုပဲ တခ်ိဳ႕ၿမိဳ႕နယ္က တခ်ိဳ႕သတ္မွတ္ခ်က္ေတြရွိတယ္။ တခ်ိဳ႕က Quarantine ဝင္ခိုင္းတယ္။ တခ်ိဳ႕က လုံးဝ ႐ြာထဲကို မဝင္ခိုင္းဘူး။ ကိုယ့္သေဘာဆႏၵနဲ႔ သံဆူးႀကိဳးေတြခ်ၿပီးေတာ့ ႐ြာဆက္တဲ့ လမ္းေတြကအစ ပိတ္တာမ်ိဳးေတြ ျဖစ္လာတယ္။ ဆိုင္းငံ့လို႔ရတဲ့ အခြင့္အေရးထက္ ပိုလြန္ၿပီးေတာ့ အၾကမ္းဖက္တဲ့ ဟာမ်ိဳး မတရားႏွိပ္စက္တဲ့ ဟာမ်ိဳး၊ လိုအပ္တဲ့ လုပ္ပိုင္ခြင့္ထက္ပိုၿပီးေတာ့ အာဏာကို အလြဲသုံးစား လုပ္တဲ့ အေျခအေနမ်ိဳးမ်ား ျဖစ္သြားမလားဆိုၿပီးေတာ့ က်ေနာ္စိုးရိမ္ပါတယ္။”

ေရာဂါကူးစက္တာကို တားဆီးႏိုင္ဖို႔အတြက္ Lockdown လုပ္ဖို႔ လိုအပ္သလို ဒီလို လုပ္တဲ့ အခါ သက္ႀကီး႐ြယ္အိုေတြ၊ မက်န္းမာတဲ့သူေတြ ကေလးငယ္ေတြ အပါအဝင္ စားဝတ္ေနေရး အခက္အခဲရွိႏိုင္တဲ့ သူေတြအတြက္ကို ပံ့ပိုးေပးႏိုင္ဖို႔ အစီအစဥ္ေတြ အမ်ားႀကီး လုပ္ေဆာင္ေပးဖို႔ လိုအပ္တယ္လို႔လည္း ဦးေအာင္မ်ိဳးမင္းက ေျပာပါတယ္။

လက္ရွိမွာေတာ့ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက လူ ၅ ဦးထက္ပို မစုၾကဖို႔ ၫႊန္ၾကားထားၿပီး ရန္ကုန္ရဲ႕ ၿမိဳ႕နယ္ ၇ ခုမွာ အသြားအလာ တင္းၾကပ္တာေတြလုပ္ထားပါတယ္။

တိုင္းႏွင့္ျပည္နယ္ အခ်ိဳ႕မွာေတာ့ ညမထြက္ရ အမိန႔္ကို သက္ဆိုင္ရာ တိုင္းအစိုးရက ေဒသႏၲရ အမိန႔္ ထုတ္ျပန္ထားတာေတြ ရွိပါတယ္။

[Unicode Version]

ရပ်ကျေးအဆင့်မှာ ကိုယ့်သဘောနဲ့ကိုယ် Lockdown လုပ်သင့်သလား

တချို့ ရပ်ကွက်တွေ၊ ကျေးရွာတွေမှာ ကိုယ့်အစီအစဉ်နဲ့ကိုယ် လမ်းတွေကို ပိတ်ဆို့ လုံခြုံရေးယူတာနဲ့ ပတ်သက်လို့ လူ့အခွင့်အရေးရှုဒေါင့်၊ တရားဥပဒေ စိုးမိုးရေးရှုဒေါင့်ရဲ့အမြင်တွေကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပေးပါမယ်။

COVID-19 ရောဂါကူးစက်ပြန့်ပွားမှာကို စိုးရိမ်ကြတဲ့ အတွက် တချို့ရပ်ကွက်တွေ ကျေးရွာတွေမှာ ကိုယ့်အစီအစဉ်နဲ့ကိုယ် လမ်းတွေပိတ်တာ၊ အဝင်အထွက် ကြပ်မတ်စီစစ်တာတွေ ရှိနေပါတယ်။ ဒီလိုတွေလုပ်တာက မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်လာနိုင်တဲ့အပြင် လူ့အခွင့်အရေးကိုလည်း ထိခိုက်တယ်လို့ ရှေ့နေတွေနှင့် လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဆိုပါတယ်။

ရပ်ကွက် ကျေးရွာတွေက ရောဂါကူးစက်တာကို တားဆီးနိုင်ဖို့ ကူညီချင်ကြတာတွေကြောင့် လုပ်ဆောင်ကြတာတွေဖြစ်ပေမယ့် ဒေသန္တရအစိုးရရဲ့အမိန့်ထဲမှာ မပါတာတွေကို မလုပ်ဆောင်ကြဖို့လိုတယ် လို့ဆိုပါတယ်။

ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အမိန့်ကိုပဲ လိုက်နာပြီး ဆောင်ရွက်ကြဖို့ကိုလည်း တရားလွှတ်တော် ရှေ့နေဦးကြီးမြင့်က တိုက်တွန်းထားပါတယ်။

“ဟာ ..ထိခိုက်တာပေါ့ တကျောင်း တဂါထာ တရွာတပုဒ်ဆန်း လုပ်လို့မရဘူးလေ...ဒါကလည်း အစိုးရရဲ့ အမိန့်ထုတ်တာတွေ နောက်ကျတာပေါ့။ လုပ်ရမယ့်ဟာတွေ အချိန်မှီ မလုပ်နိုင်ဘူး။ သူတို့ကတော့ ကူညီတာပေါ့ဗျာ၊ ရပ်ရွာတွေက တနိုင်တပိုင်ကူညီကြတာပေါ့။ ကောင်းတာကတော့ တပြေးညီ ဖြစ်ရင် ကောင်းတာပေါ့။ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ အမိန့်က ညမထွက်ရဆိုပြီး မြို့နယ်တွေ သတ်မှတ်တယ်။ ဘယ်နှစ်နာရီက ဘယ်နှစ်နာရီ မထွက်ရဆိုတာ အဲ့ဒါက တစ်ပြည်လုံးကို လွှမ်းမိုးသင့်တယ်လေ။ သတ်မှတ်တဲ့နေရာတွေပေါ့။ အဲ့ဒါမှ အပ ဥပမာ ပုဒ်မ ၁၄၄ ထုတ်တယ်တို့ တောင်ကြီးတို့ ဘာတို့မှာကြားတယ်။ အဲ့ဒါက အပြင်ထွက်ရင် အရေးယူလို့ရတယ်။ အဲ့ဒါမျိုး မထုတ်ရဘူးလေ။ ဒါက ပြစ်ဒဏ်ပဲဟာ။ အဲ့တော့ ပုဒ်မ ၁၄၄ နှင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်တဲ့ အမိန့်နှင့် မှားပြီး အကောင်အထည်ဖော်နေကြတယ်။ တကယ်က ပုဒ်မ ၁၄၄ ထုတ်ရမှာ မဟုတ်ဘူး။ ကျန်းမာရေး ဝန်ကြီးဌာနက အမိန့်ကိုပဲ လိုက်နာပြီး အားလုံးလုပ်ရမှာ။ ပြောရရင် လမ်းတွေပိတ်ဆိုတာတွေဘာတွေ အဲ့တာတွေက မလုပ်ရဘူး။ အမိန့်ထဲမှာ အဲ့ဒါတွေ မပါဘူး။ အမိန်ထဲမှာ မပါတဲ့ ဟာတွေကို အကောင်အထည်ဖော်လို့မရဘူး။”

ဒီလို ရပ်ကွက်တွေ ကျေးရွာတွေမှာ ကိုယ့်သဘောနှင့်ကိုယ် Lockdown လုပ်တာတွေ ရှိရင် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးတွေ၊ ရဲစခန်းတွေ၊ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်ရုံးတွေကို သွားရောက်တိုင်ကြားနိုင်ပြီး သူတို့တွေကသာ ဖြေရှင်းမပေးဘူး ဆိုရင် ဒီလို ပိတ်ဆို့ထားသူတွေကို ဒဏ်ငွေ ၅၀,၀၀၀ နှင့် ထောင်ဒဏ် ၆ လ အရေးယူလို့ရတယ်လို့ ဦးကြီးမြင့်က ဆိုပါတယ်။

ဒီလို အသွားအလာ အဝင်အထွက်တွေကို ပိတ်ဆို့ကန့်သတ်ထားတာတွေက လူတစ်ဦးချင်းစီရဲ့ ကိုယ်ပိုင်အခွင့်အရေးတွေဖြစ်တဲ့ လွတ်လပ်စွာ သွားလာခွင့်ကို ထိခိုက်သလို ဒီလိုလုပ်တာကနေ လုပ်ပိုင်ခွင့်ထက် ကျော်လွန်ပြီးတော့ အကြမ်းဖက်တဲ့ အဆင့်မျိုးထိ ရောက်သွားမှာကို စိုးရိမ်တဲ့ အကြောင်း လူအခွင့်အရေး လှုပ်ရှားသူတဦးဖြစ်တဲ့ Equality Myanmar ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောပါတယ်။

“ပထမ ဦးဆုံး Lock Down လုပ်တဲ့ အခြေအနေမျိုးမှာ ထိခိုက်နိုင်တာက လွတ်လပ်စွာ သွားလာခွင့်ဆိုတဲ့ အကြောင်းအရာတွေထိခိုက်ပါတယ်။ နောက်တစ်ခါ လွတ်လပ်စွာ ငြိမ်းချိမ်းစွာ စီတန်းခွင့် စုဝေးလှည့်လည်ခွင့်ကို ထိခိုက်ပါတယ်။ တစ်ခါတစ်လေ ဘာသာရေး ယုံကြည်ချက်ကြောင့် လူစုလူဝေးနဲ့ ဝတ်ပြုတာတွေ ဆုတောင်းတာတွေ ဒါကိုလည်း ထိခိုက်နိုင်ပါတယ်။ ဒါပေမယ့် ဒီလိုမျိုး ကိစ္စတွေက ကျနော်တို့ အရေးပေါကာလမှာ လိုအပ်ရင် လိုအပ်သလောက်ဆိုင်းငံ့မှုကတော့ လူ့အခွင့်အရေးထဲမှာ ခွင့်ပြုထားတဲ့ သဘောရှိပါတယ်။ ဒါပေမဲ့ ကျနော် စိုးရိမ်တာက ခုနကလိုမျိုး ကျနော်တို့တိုင်းပြည်မှာက တစ်ကျောင်း၊ တစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်းဆိုသလိုပဲ တချို့မြို့နယ်က တချို့သတ်မှတ်ချက်တွေရှိတယ်။ တချို့က Quarantine ဝင်ခိုင်းတယ်။ တချို့က လုံးဝ ရွာထဲကို မဝင်ခိုင်းဘူး။ ကိုယ့်သဘောဆန္ဒနဲ့ သံဆူးကြိုးတွေချပြီးတော့ ရွာဆက်တဲ့ လမ်းတွေကအစ ပိတ်တာမျိုးတွေ ဖြစ်လာတယ်။ ဆိုင်းငံ့လို့ရတဲ့ အခွင့်အရေးထက် ပိုလွန်ပြီးတော့ အကြမ်းဖက်တဲ့ ဟာမျိုး မတရားနှိပ်စက်တဲ့ ဟာမျိုး၊ လိုအပ်တဲ့ လုပ်ပိုင်ခွင့်ထက်ပိုပြီးတော့ အာဏာကို အလွဲသုံးစား လုပ်တဲ့ အခြေအနေမျိုးများ ဖြစ်သွားမလားဆိုပြီးတော့ ကျနော်စိုးရိမ်ပါတယ်။”

ရောဂါကူးစက်တာကို တားဆီးနိုင်ဖို့အတွက် Lockdown လုပ်ဖို့ လိုအပ်သလို ဒီလို လုပ်တဲ့ အခါ သက်ကြီးရွယ်အိုတွေ၊ မကျန်းမာတဲ့သူတွေ ကလေးငယ်တွေ အပါအဝင် စားဝတ်နေရေး အခက်အခဲရှိနိုင်တဲ့ သူတွေအတွက်ကို ပံ့ပိုးပေးနိုင်ဖို့ အစီအစဉ်တွေ အများကြီး လုပ်ဆောင်ပေးဖို့ လိုအပ်တယ်လို့လည်း ဦးအောင်မျိုးမင်းက ပြောပါတယ်။

လက်ရှိမှာတော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လူ ၅ ဦးထက်ပို မစုကြဖို့ ညွှန်ကြားထားပြီး ရန်ကုန်ရဲ့ မြို့နယ် ၇ ခုမှာ အသွားအလာ တင်းကြပ်တာတွေလုပ်ထားပါတယ်။

တိုင်းနှင့်ပြည်နယ် အချို့မှာတော့ ညမထွက်ရ အမိန့်ကို သက်ဆိုင်ရာ တိုင်းအစိုးရက ဒေသန္တရ အမိန့် ထုတ်ပြန်ထားတာတွေ ရှိပါတယ်။

အိမ့္သႏၲာထြန္း/VOA (Burmese)
https://burmese.voanews.com/a/covid-myanmar-lockdown/5383485.html
ရပ္ေက်းအဆင့္မွာ ကုိယ့္သေဘာနဲ႔ကုိယ္ Lockdown လုပ္သင့္သလား ရပ္ေက်းအဆင့္မွာ ကုိယ့္သေဘာနဲ႔ကုိယ္ Lockdown လုပ္သင့္သလား Reviewed by THITHTOOLWIN on 21:01 Rating: 5
Powered by Blogger.