ျပည္ေထာင္စုအဆင့္ကို တင္ျပၿပီး ခြင့္ျပဳခ်က္ရမွ ကပ္တဲလ္ေက်း႐ြာ Lock Down ျဖဳတ္မည္


(Zawgyi)⤵⤵⤵
Case – 1 လူနာေတြ႕ရွိခဲ့သည့္ ကပ္တဲလ္ေက်း႐ြာ၏ Lock Down ကာလျပည့္ၿပီျဖစ္ေသာ္လည္း ျပည္ေထာင္စုအဆင့္မွ ခြင့္ျပဳမွသာလွ်င္ Lock Down ျဖဳတ္မည္ျဖစ္ေၾကာင္း ခ်င္းျပည္နယ္ အစိုးရေျပာေရးဆိုခြင့္ရွိ စည္ပင္ဝန္ႀကီးဦးစိုးထက္ကေျပာသည္။

" ၂၈ရက္ေန႔ Lock Down ခ်တဲ့ရက္ ၿပီးသြားၿပီ၊ကြၽန္ေတာ္တို႔ မေန႔ကထိ ေဆြးေႏြးတာကေတာ့ တကယ္လို႔ ကပ္တဲလ္က ေနာက္ထပ္ ပိုးရွိတဲ့သူ ေတြ႕ရင္ ရက္ထပ္တိုးသင့္ရင္ တိုးရမွာေပါ့ေနာ္၊ အဲဒီစစ္တဲ့ သူေတြထဲကေတာ့ ေနာက္ထပ္ ပိုးရွိတဲ့သူ မေတြ႕ဘူး၊ ဟားခါးမွာပဲ လာေတြ႕တယ္ ၊အဲဒီအတြက္ကို ကြၽန္ေတာ္ တို႔ျပည္ေထာင္စု တင္ျပမယ္၊ COVID ထိန္းသိမ္းေရး တင္ျပၿပီးေတာ့ မွ ခြင့္ျပဳခ်က္ရတာနဲ႔ Lock Down ျပန္ျဖဳတ္မယ္၊အခုဒီလိုပဲ ခဏထားဦးမယ္ေပါ့ေနာ္ "ဟု ခ်င္းျပည္နယ္အစိုးရ ေျပာေရးဆိုခြင့္ ဝန္ႀကီး ဦးစိုးထက္ ကေျပာသည္။

တီးတိန္ၿမိဳ႕နယ္ ကပ္တဲလ္ေက်း႐ြာ သည္ ျမန္မာႏိုင္ငံတြင္ ပထမွ ဦးဆုံး COVID -19 ပိုး ေတြ႕ရွိသူ ေနထိုင္ခဲ့ရာ႐ြာျဖစ္ၿပီး ခ်င္းျပည္နယ္အစိုးရမွ မတ္လ ၂၄ ရက္ေန႔ကစၿပီး Lock Down ခ်ထားျခင္းျဖစ္သည္။

ကပ္တဲလ္႐ြာႏွင့္ တီးတိန္ၿမိဳ႕တြင္ COVID-19 ႏွင့္ပတ္သတ္ၿပီး ေဆာင္႐ြက္သူ လက္ေထာက္က်န္းမာေရးမႈး ဦးပီတာ ခိုင္ဒိတ္တုန္းက " lock Down ေျဖရင္လည္း အဆင္ေျပမယ့္ အေျခေနေတာ့ ရွိတယ္လို႔ေျပာရမွာေပါ့ေနာ္၊အနီးကပ္ ၾကည့္ၿပီး လုပ္ေဆာင္ခဲ့ရတဲ့လူေတြလည္း တတ္ႏိုင္သမွ် အကုန္လုံး စစ္ထားၿပီးသားဆိုေတာ့ ၊ အခုအေျခေနအရဆိုရင္ အဆင္ေျပတယ္လို႔ ေျပာလို႔ရတယ္ေပါ့ေနာ္၊ေတာ္ေတာ္မ်ားမ်ားNegative ျဖစ္တယ္ဆိုေတာ့အဆင္ေျပပါတယ္၊Lockdown ေျဖမယ္ဆိုရင္လည္း ပုံမွန္က်န္းမာေရး ေစာင့္ေရွာက္မႈ ဆက္ေပးမယ္၊ Surveillance လုပ္ငန္းေတြ ဆက္လက္လုပ္ေဆာင္မယ္"ဟု ေျပာသည္။

ကပ္တဲလ္ ေက်း႐ြာတြင္ေနထိုင္ခဲ့သူ Case-1 သည္ ေရာဂါပိုးမေတြ႕ေတာ့ ပဲ ေဆး႐ုံမွ ဆင္းရန္ ျပင္ဆင္ေနၾကၿပီ ျဖစ္သည္ဟုလည္း သိရသည္။

ယေန႔မနက္ က်န္းမားေရးႏွင့္ အားကစားဝန္ႀကီးဌာန ၏ထုတ္ျပန္ခ်က္အရ ပိုးအသစ္ေတြ႕ရွိသူ ဟားခါးမွ အသက္ ၁၈ႏွစ္အ႐ြယ္အမ်ိဳးသမီးသည္လည္း သူႏွင့္ထိေတြ႕ခဲ့သူမ်ားကို ဆက္လက္စုံးစမ္းေနဆဲျဖစ္ေၾကာင္းလည္း သိရသည္။

လက္ရွိျမန္မာႏိုင္ငံတြင္ COVID-19 ေရာဂါပိုးေတြ႕ရွိသူ ၁၅ဝဦးထိရွိလာၿပီျဖစ္သည္။

Shing Mang / Chin World
------------------------------------
(Unicode)⤵⤵⤵
ပြည်ထောင်စုအဆင့်ကို တင်ပြပြီး ခွင့်ပြုချက်ရမှ ကပ်တဲလ်ကျေးရွာ Lock Down ဖြုတ်မည်

Case – 1 လူနာတွေ့ရှိခဲ့သည့် ကပ်တဲလ်ကျေးရွာ၏ Lock Down ကာလပြည့်ပြီဖြစ်သော်လည်း ပြည်ထောင်စုအဆင့်မှ ခွင့်ပြုမှသာလျှင် Lock Down ဖြုတ်မည်ဖြစ်ကြောင်း ချင်းပြည်နယ် အစိုးရပြောရေးဆိုခွင့်ရှိ စည်ပင်ဝန်ကြီးဦးစိုးထက်ကပြောသည်။

" ၂၈ရက်နေ့ Lock Down ချတဲ့ရက် ပြီးသွားပြီ၊ကျွန်တော်တို့ မနေ့ကထိ ဆွေးနွေးတာကတော့ တကယ်လို့ ကပ်တဲလ်က နောက်ထပ် ပိုးရှိတဲ့သူ တွေ့ရင် ရက်ထပ်တိုးသင့်ရင် တိုးရမှာပေါ့နော်၊ အဲဒီစစ်တဲ့ သူတွေထဲကတော့ နောက်ထပ် ပိုးရှိတဲ့သူ မတွေ့ဘူး၊ ဟားခါးမှာပဲ လာတွေ့တယ် ၊အဲဒီအတွက်ကို ကျွန်တော် တို့ပြည်ထောင်စု တင်ပြမယ်၊ COVID ထိန်းသိမ်းရေး တင်ပြပြီးတော့ မှ ခွင့်ပြုချက်ရတာနဲ့ Lock Down ပြန်ဖြုတ်မယ်၊အခုဒီလိုပဲ ခဏထားဦးမယ်ပေါ့နော် "ဟု ချင်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့် ဝန်ကြီး ဦးစိုးထက် ကပြောသည်။

တီးတိန်မြို့နယ် ကပ်တဲလ်ကျေးရွာ သည် မြန်မာနိုင်ငံတွင် ပထမှ ဦးဆုံး COVID -19 ပိုး တွေ့ရှိသူ နေထိုင်ခဲ့ရာရွာဖြစ်ပြီး ချင်းပြည်နယ်အစိုးရမှ မတ်လ ၂၄ ရက်နေ့ကစပြီး Lock Down ချထားခြင်းဖြစ်သည်။

ကပ်တဲလ်ရွာနှင့် တီးတိန်မြို့တွင် COVID-19 နှင့်ပတ်သတ်ပြီး ဆောင်ရွက်သူ လက်ထောက်ကျန်းမာရေးမှုး ဦးပီတာ ခိုင်ဒိတ်တုန်းက " lock Down ဖြေရင်လည်း အဆင်ပြေမယ့် အခြေနေတော့ ရှိတယ်လို့ပြောရမှာပေါ့နော်၊အနီးကပ် ကြည့်ပြီး လုပ်ဆောင်ခဲ့ရတဲ့လူတွေလည်း တတ်နိုင်သမျှ အကုန်လုံး စစ်ထားပြီးသားဆိုတော့ ၊ အခုအခြေနေအရဆိုရင် အဆင်ပြေတယ်လို့ ပြောလို့ရတယ်ပေါ့နော်၊တော်တော်များများNegative ဖြစ်တယ်ဆိုတော့အဆင်ပြေပါတယ်၊Lockdown ဖြေမယ်ဆိုရင်လည်း ပုံမှန်ကျန်းမာရေး စောင့်ရှောက်မှု ဆက်ပေးမယ်၊ Surveillance လုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်မယ်"ဟု ပြောသည်။

ကပ်တဲလ် ကျေးရွာတွင်နေထိုင်ခဲ့သူ Case-1 သည် ရောဂါပိုးမတွေ့တော့ ပဲ ဆေးရုံမှ ဆင်းရန် ပြင်ဆင်နေကြပြီ ဖြစ်သည်ဟုလည်း သိရသည်။

ယနေ့မနက် ကျန်းမားရေးနှင့် အားကစားဝန်ကြီးဌာန ၏ထုတ်ပြန်ချက်အရ ပိုးအသစ်တွေ့ရှိသူ ဟားခါးမှ အသက် ၁၈နှစ်အရွယ်အမျိုးသမီးသည်လည်း သူနှင့်ထိတွေ့ခဲ့သူများကို ဆက်လက်စုံးစမ်းနေဆဲဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိမြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုးတွေ့ရှိသူ ၁၅ဝဦးထိရှိလာပြီဖြစ်သည်။

Shing Mang / Chin World
ျပည္ေထာင္စုအဆင့္ကို တင္ျပၿပီး ခြင့္ျပဳခ်က္ရမွ ကပ္တဲလ္ေက်း႐ြာ Lock Down ျဖဳတ္မည္ ျပည္ေထာင္စုအဆင့္ကို တင္ျပၿပီး ခြင့္ျပဳခ်က္ရမွ ကပ္တဲလ္ေက်း႐ြာ Lock Down ျဖဳတ္မည္ Reviewed by THITHTOOLWIN on 20:53 Rating: 5
Powered by Blogger.