ျပည္တြင္း IDP စခန္းေတြမွာ COVID-19 ကူးစက္မယ့္အေရး စုိးရိမ္မႈေတြထြက္ေပၚ

ကခ်င္ IDP စခန္းတခု
(Zawgyi/Unicode)

စစ္ေဘးေရွာင္ ၃ သိန္းခြဲေလာက္ စုၿပံဳေနထိုင္ေနၾကတဲ့ ဒုကၡသည္စခန္းေတြထဲမွာ က်န္းမာေရးနဲ႔ မညီညြတ္တဲ့ အေျခအေနေတြေၾကာင့္ ကို႐ိုနာဗုိင္းရပ္စ္ ကူးစက္ႏိုင္တဲ့ အႏၱရာယ္ေတြ ရွိေနပါတယ္။ ဒီအတြက္လည္း ဒုကၡသည္စခန္းေတြမွာ ကို႐ိုနာဗုိင္းရပ္စ္အေၾကာင္း သတင္းအခ်က္အလက္ေတြ ျဖန္႔ေဝေပးႏိုင္ဖို႔နဲ႔ ကူးစက္မႈကုိ ဟန္႔တားဖုိ႔ လိုအပ္တဲ့ပစၥည္းေတြ ေထာက္ပံ့ႏုိင္ေရး အထူးအဖဲြ႔ေတြ ဖဲြ႔စည္းၿပီး စတင္ျပင္ဆင္ေနတဲ့အေၾကာင္း ဗီြအိုေအသတင္းေထာက္ Steve Sandford ရဲ႕ သတင္းေဆာင္းပါးကုိ ေဒၚခင္စိုး၀င္းက ေျပာျပေပးမွာပါ။

ကပ္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရး ကန္႔သတ္တားျမစ္ခ်က္ေတြ တုိးလာေနတာနဲ႔အမွ် ျမန္မာႏုိင္ငံက ဒုကၡသည္စခန္းေတြမွာ စားနပ္ရိကၡာ အကူအညီေတြနဲ႔ သတင္းအခ်က္အလက္ေတြရဖို႔လည္း ပိုခက္ခဲလာေနတာပါ။ ကခ်င္ျပည္နယ္ထဲက ဒုကၡသည္စခန္းေတြမွာ ႏွစ္ေပါင္းမ်ားစြာ ေနလာခဲ့ၾကၿပီး က်ပန္းအလုပ္ေတြလုပ္ၿပီး ရွာေဖြ စားေသာက္ေနရသူေတြ ဆုိရင္လည္း ကပ္ေဘးထက္ စားေရးေသာက္ေရးက ပိုၿပီးေတာ့ စိုးရိမ္စရာ ျဖစ္ေနပါတယ္။

“အခုေျပာမယ္ဆိုရင္ COVID -19 အၾကာၾကီးျဖစ္ေနရင္ အန္တီတို႔ စခန္းမွာက COVID -19 ၀င္လာရင္ အကုန္လံုးစုၿပီးေတာ့ ေသဖို႔ပဲ ရွိတာေပါ့။ ” လို႔ ကခ်င္ဒုကၡသည္စခန္းထဲက ေနာ္ဂ်ာပီး ေျပာသြားတာပါ။

အစားအေသာက္လိုပဲ ကပ္ေဘးအႏၱရာယ္ သတင္းအခ်က္အလက္ေတြလည္း မရႏုိင္ပဲ ျဖစ္ေနတဲ့ ဒုကၡသည္ေတြကိုိေတာ့ အခုအခါ သတင္းမီဒီယာေတြက တဖက္တလမ္းက ကူညီႏုိင္ဖုိ႔ ႀကိဳးပမ္းေနၾကပါတယ္။

“ပထမအက်ဳိးရလဒ္ကေတာ့ ဒုကၡသည္ေတြအေျခအေနကို ေလ့လာႏုိင္တဲ့ အခ်က္ပါ။ COVID-19 သတင္းအခ်က္အလက္ေတြ လုံလံုေလာက္ေလာက္ ရရဲ႕လား၊ ဒုတိယအခ်က္ကေတာ့ လူေတြ ပိုၿပီးေတာ့ အသိပညာတိုးလာတာပါ။ ဒုကၡသည္ကေလးေတြကအစ COVID-19 ေရာဂါအေၾကာင္း သေဘာေပါက္လာႏုိင္ပါတယ္။” လို႔ ျမစ္ႀကီးနား သတင္းဂ်ာနယ္က ဘရန္မိုင္ ကေျပာသြားတာပါ။

ျပည္တြင္းဒုကၡသည္ေတြ ေပၚလာရတဲ့ စစ္တပ္နဲ႔ တုိင္းရင္းသားလက္နက္ကိုင္အဖြဲ႔ေတြၾကားက တုိက္ပြဲေတြဟာ အခုအခ်ိန္အထိ ရခုိင္နဲ႔ကရင္ျပည္နယ္ အပါအ၀င္ တုိင္းရင္းသား ေဒသေတြမွာ ဆက္လက္ျဖစ္ပြားေနဆဲပါ။ ထုိင္း-ျမန္မာနယ္စပ္က အိတူးထ ကရင္ဒုကၡသည္ စခန္းမွာေတာ့ ထိုင္းႏိုင္ငံက ဆန္ေထာက္ပံ့မႈေတြဟာ ၿပီးခဲ့တဲ့ မတ္လထဲ နယ္စပ္ေတြ ပိတ္လုိက္ကတည္းက ရပ္သြားခဲ့တာေၾကာင့္ အခုဆိုရင္ ဒုကၡသည္ စခန္းမွာ ရိကၡာျပတ္လပ္မႈနဲ႔ ရင္ဆိုင္လာေနရပါၿပီ။

ႏုိင္ငံတကာ လူ႔အခြင့္အေရး လႈပ္ရွားမႈအဖဲြ႔တခုျဖစ္တဲ့ HRW ရဲ႕ အာရွေရးရာ လက္ေထာက္ ညႊန္ၾကားေရးမွဴး ဖီလ္ ႐ိုဘင္ဆဲန္ ကေတာ့ ျမန္မာႏုိင္ငံက ဒုကၡသည္ေတြအတြက္ အစုိးရကုိ ဖိအားေပးဖုိ႔ တုိက္တြန္းထားပါတယ္။

“ျမန္မာျပည္မွာရွိတဲ့ ကုလသမဂၢအဖြဲ႔အေနနဲ႔ ျမန္မာအစိုးရကို ျပင္းျပင္း ထန္ထန္ ဖိအားေပးသင့္တယ္လို႔ ထင္ပါတယ္။ ဒါက ေသေရးရွင္ေရး ကိစၥျဖစ္ၿပီး ကန္႔သတ္ပိတ္ဆို႔မႈေတြကို အဆံုးသတ္ေပးရမယ့္ အခ်ိန္ျဖစ္ပါတယ္။ ဒုကၡသည္ေတြအေနနဲ႔ သူတို႔လိုအပ္တဲ့အကူအညီ အေထာက္အပံ့ေတြ ရသင့္ပါတယ္။” လို႔ သူက ေျပာတာပါ။

ျမန္မာႏိုင္ငံထဲမွာ ေၾကာက္စရာေကာင္းတဲ့ ကို႐ိုနာဗုိင္းရပ္စ္ အႀကီးအက်ယ္ ျပန္႔ပြားလာႏိုင္တာေၾကာင့္လည္း ကိုဗစ္-၁၉ ကပ္ေရာဂါနဲ႔ ပတ္သက္လို႔ အကာအကြယ္အမဲ့ဆံုးျဖစ္ေနရတဲ့ တုိင္းရင္းသားေဒသေတြမွာ အကူအညီေတြ ပိုၿပီးေပးဖို႔ အရပ္ဖက္လူမႈအဖြဲ႔အစည္းေတြကလည္း ေတာင္းဆိုေနၾကပါတယ္။

 ေဒၚခင္စိုး၀င္း / မခြာညိဳ / ဗြီအိုေအ (ျမန္မာပုိင္း)
................

ပြည်တွင်း IDP စခန်းတွေမှာ COVID-19 ကူးစက်မယ့်အရေး စိုးရိမ်မှုတွေထွက်ပေါ်

(Unicode)

စစ်ဘေးရှောင် ၃ သိန်းခွဲလောက် စုပြုံနေထိုင်နေကြတဲ့ ဒုက္ခသည်စခန်းတွေထဲမှာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အခြေအနေတွေကြောင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်နိုင်တဲ့ အန္တရာယ်တွေ ရှိနေပါတယ်။ ဒီအတွက်လည်း ဒုက္ခသည်စခန်းတွေမှာ ကိုရိုနာဗိုင်းရပ်စ်အကြောင်း သတင်းအချက်အလက်တွေ ဖြန့်ဝေပေးနိုင်ဖို့နဲ့ ကူးစက်မှုကို ဟန့်တားဖို့ လိုအပ်တဲ့ပစ္စည်းတွေ ထောက်ပံ့နိုင်ရေး အထူးအဖွဲ့တွေ ဖွဲ့စည်းပြီး စတင်ပြင်ဆင်နေတဲ့အကြောင်း ဗွီအိုအေသတင်းထောက် Steve Sandford ရဲ့ သတင်းဆောင်းပါးကို ဒေါ်ခင်စိုးဝင်းက ပြောပြပေးမှာပါ။

ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကန့်သတ်တားမြစ်ချက်တွေ တိုးလာနေတာနဲ့အမျှ မြန်မာနိုင်ငံက ဒုက္ခသည်စခန်းတွေမှာ စားနပ်ရိက္ခာ အကူအညီတွေနဲ့ သတင်းအချက်အလက်တွေရဖို့လည်း ပိုခက်ခဲလာနေတာပါ။ ကချင်ပြည်နယ်ထဲက ဒုက္ခသည်စခန်းတွေမှာ နှစ်ပေါင်းများစွာ နေလာခဲ့ကြပြီး ကျပန်းအလုပ်တွေလုပ်ပြီး ရှာဖွေ စားသောက်နေရသူတွေ ဆိုရင်လည်း ကပ်ဘေးထက် စားရေးသောက်ရေးက ပိုပြီးတော့ စိုးရိမ်စရာ ဖြစ်နေပါတယ်။

“အခုပြောမယ်ဆိုရင် COVID -19 အကြာကြီးဖြစ်နေရင် အန်တီတို့ စခန်းမှာက COVID -19 ဝင်လာရင် အကုန်လုံးစုပြီးတော့ သေဖို့ပဲ ရှိတာပေါ့။ ” လို့ ကချင်ဒုက္ခသည်စခန်းထဲက နော်ဂျာပီး ပြောသွားတာပါ။

အစားအသောက်လိုပဲ ကပ်ဘေးအန္တရာယ် သတင်းအချက်အလက်တွေလည်း မရနိုင်ပဲ ဖြစ်နေတဲ့ ဒုက္ခသည်တွေကိုတော့ အခုအခါ သတင်းမီဒီယာတွေက တဖက်တလမ်းက ကူညီနိုင်ဖို့ ကြိုးပမ်းနေကြပါတယ်။

“ပထမအကျိုးရလဒ်ကတော့ ဒုက္ခသည်တွေအခြေအနေကို လေ့လာနိုင်တဲ့ အချက်ပါ။ COVID-19 သတင်းအချက်အလက်တွေ လုံလုံလောက်လောက် ရရဲ့လား၊ ဒုတိယအချက်ကတော့ လူတွေ ပိုပြီးတော့ အသိပညာတိုးလာတာပါ။ ဒုက္ခသည်ကလေးတွေကအစ COVID-19 ရောဂါအကြောင်း သဘောပေါက်လာနိုင်ပါတယ်။” လို့ မြစ်ကြီးနား သတင်းဂျာနယ်က ဘရန်မိုင် ကပြောသွားတာပါ။

ပြည်တွင်းဒုက္ခသည်တွေ ပေါ်လာရတဲ့ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြားက တိုက်ပွဲတွေဟာ အခုအချိန်အထိ ရခိုင်နဲ့ကရင်ပြည်နယ် အပါအဝင် တိုင်းရင်းသား ဒေသတွေမှာ ဆက်လက်ဖြစ်ပွားနေဆဲပါ။ ထိုင်း-မြန်မာနယ်စပ်က အိတူးထ ကရင်ဒုက္ခသည် စခန်းမှာတော့ ထိုင်းနိုင်ငံက ဆန်ထောက်ပံ့မှုတွေဟာ ပြီးခဲ့တဲ့ မတ်လထဲ နယ်စပ်တွေ ပိတ်လိုက်ကတည်းက ရပ်သွားခဲ့တာကြောင့် အခုဆိုရင် ဒုက္ခသည် စခန်းမှာ ရိက္ခာပြတ်လပ်မှုနဲ့ ရင်ဆိုင်လာနေရပါပြီ။

နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့တခုဖြစ်တဲ့ HRW ရဲ့ အာရှရေးရာ လက်ထောက် ညွှန်ကြားရေးမှူး ဖီလ် ရိုဘင်ဆဲန် ကတော့ မြန်မာနိုင်ငံက ဒုက္ခသည်တွေအတွက် အစိုးရကို ဖိအားပေးဖို့ တိုက်တွန်းထားပါတယ်။

“မြန်မာပြည်မှာရှိတဲ့ ကုလသမဂ္ဂအဖွဲ့အနေနဲ့ မြန်မာအစိုးရကို ပြင်းပြင်း ထန်ထန် ဖိအားပေးသင့်တယ်လို့ ထင်ပါတယ်။ ဒါက သေရေးရှင်ရေး ကိစ္စဖြစ်ပြီး ကန့်သတ်ပိတ်ဆို့မှုတွေကို အဆုံးသတ်ပေးရမယ့် အချိန်ဖြစ်ပါတယ်။ ဒုက္ခသည်တွေအနေနဲ့ သူတို့လိုအပ်တဲ့အကူအညီ အထောက်အပံ့တွေ ရသင့်ပါတယ်။” လို့ သူက ပြောတာပါ။

မြန်မာနိုင်ငံထဲမှာ ကြောက်စရာကောင်းတဲ့ ကိုရိုနာဗိုင်းရပ်စ် အကြီးအကျယ် ပြန့်ပွားလာနိုင်တာကြောင့်လည်း ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ ပတ်သက်လို့ အကာအကွယ်အမဲ့ဆုံးဖြစ်နေရတဲ့ တိုင်းရင်းသားဒေသတွေမှာ အကူအညီတွေ ပိုပြီးပေးဖို့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေကလည်း တောင်းဆိုနေကြပါတယ်။

 ဒေါ်ခင်စိုးဝင်း / မခွာညို / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-idp-camp-covid-19-/5396195.html
ျပည္တြင္း IDP စခန္းေတြမွာ COVID-19 ကူးစက္မယ့္အေရး စုိးရိမ္မႈေတြထြက္ေပၚ ျပည္တြင္း IDP စခန္းေတြမွာ COVID-19 ကူးစက္မယ့္အေရး စုိးရိမ္မႈေတြထြက္ေပၚ Reviewed by THITHTOOLWIN on 07:19 Rating: 5
Powered by Blogger.