ICJ ထံ တင္သြင္းမယ့္ ပထမဆုံးအစီရင္ခံစာ ျပင္ဆင္မႈ ဘယ္လိုရွိလဲ

(Zawgyi)⤵⤵⤵

ၿပီးခဲ့တဲ့ ဇန္နဝါရီလ ၂၃ ရက္ေန႔က အျပည္ျပည္ဆိုင္ရာတရား႐ုံး ICJ က ျမန္မာႏိုင္ငံအေပၚ ၾကားျဖတ္ စီရင္ခ်က္ ေလးခုခ်မွတ္ထားပါတယ္။ အဲဒီအခ်က္ေတြထဲမွာ ေနာက္ေလးလၾကာရင္ ျမန္မာအစိုးက ICJ ထံ အစီရင္ခံစာ တင္သြင္းရမယ္ဆိုတဲ့ အခ်က္ပါဝင္ပါတယ္။

ပထမဆုံးတင္သြင္းမယ့္ အစီရင္ခံစာမွာ အျပည္ျပည္ဆိုင္ရာတရား႐ုံးရဲ႕ ၾကားျဖတ္ဆုံးျဖတ္ခ်က္ေတြကိုေဆာင္႐ြက္ ရာမွာ တိုးတက္တဲ့အေျခအေန၊ အခက္အခဲေတြအပါအဝင္ ဒုကၡသည္ေတြ ျပန္လက္ခံေရး အစီအစဥ္ကို ထည့္သြင္း တင္ျပဖို႔ လိုတယ္လို႔ ႏိုင္ငံတကာ ဥပေဒကြၽမ္းက်င္သူေတြက ေျပာပါတယ္။

ေလးလျပည့္ရင္ တင္သြင္းရမယ္ဆိုတဲ့ ဆုံးျဖတ္ခ်က္ရွိလို႔ ေမလထဲမွာ မျဖစ္မေန တင္သြင္းရမယ္လို႔ နားလည္ ထားေၾကာင္း ေနာ္ေဝႏိုင္ငံမွာ ေနထိုင္ေနတဲ့ ႏိုင္ငံတကာ ဥပေဒကြၽမ္းက်င္သူ ေရွ႕ေန ဦးမင္းလြင္ဦး ကေျပာ ပါတယ္။

“ကြၽန္ေတာ္တို႔ မျဖစ္မေန တင္သြင္းရမယ့္ အေျခအေနျဖစ္တယ္။ အခက္အခဲေတြ ဘာေတြရွိႏိုင္သလဲ။ ဘာေတြ ရင္ဆိုင္ႀကဳံေတြ႕ရသလဲ။ ႏွစ္ႏိုင္ငံအစိုးရအေနနဲ႔ ဘယ္ေလာက္ပူးေပါင္းေဆာင္႐ြက္မႈ ရွိသလဲ။ ဒုကၡသည္ေတြရဲ႕ လက္ရွိအေျခအေနေတြ ဘယ္ေလာက္ ဆိုးဝါးသြားသလဲ။ သက္ေသခံ ေစာင့္ေရွာက္ ထိန္းသိမ္းရမယ့္အခ်က္ေတြ မွာ ဘယ္ေလာက္ ေအာင္ျမင္မႈရွိသလဲ၊ တိုးတက္တာေကာ၊ မတိုးတက္ တာေကာ၊ ဆုတ္ယုတ္တာေကာ အားလုံးအစီရင္ခံ တင္ျပဖို႔ျဖစ္တယ္။ ”

(၁) ျမန္မာႏိုင္ငံအေနနဲ႔ ႐ိုဟင္ဂ်ာမူဆလင္ လူမ်ိဳးစုေတြအေပၚ သတ္ျဖတ္တာ၊ စိတ္ေရာကိုယ္ပါ အႏၲရာယ္ က်ေရာက္ေအာင္ လုပ္ေဆာင္တာ အပါအဝင္ လူမ်ိဳးတုံးသတ္ျဖတ္မႈေျမာက္ေစတဲ့ လုပ္ေဆာင္ခ်က္အားလုံးကို အစြမ္းကုန္ ကာကြယ္တားဆီးေပးဖို႔၊

(၂) တပ္မေတာ္ ဒါမွမဟုတ္ စစ္ဘက္ဆိုင္ရာအဖြဲ႕အစည္းေတြက ႐ိုဟင္ဂ်ာ မူဆလင္ေတြကို လူမ်ိဳးတုံးသတ္ျဖတ္မႈ၊ လူမ်ိဳးတုံးသတ္ျဖတ္မႈက်ဴးလြန္ေအာင္ ပူးေပါင္းႀကံစည္မႈ၊ ေသြးထိုးလႈံ႕ေဆာ္မႈ စတာေတြ မက်ဴးလြန္ေအာင္ ၾကပ္မတ္ဖို႔

(၃) လူမ်ိဳးတုံးသတ္ျဖတ္မႈ က်ဳးလြန္ခဲ့တယ္လို႔ စြပ္စြဲခံထားရတဲ့ ေနရာေဒသေတြက သက္ေသ အေထာက္အထား အားလုံးကို ဖ်က္ဆီးမႈမရွိေအာင္ မူလအတိုင္း ကာကြယ္ထိန္းသိမ္းထားဖို႔နဲ႔

(၄) ဒီအမိန႔္ခ်မွတ္တဲ့ ေန႔ကစၿပီး ေလးလအၾကာမွာ ျမန္မာဘက္က ေဆာင္႐ြက္ခ်က္ေတြကို တရား႐ုံးေတာ္ကို တင္ျပအစီရင္ခံၿပီး၊ အဲဒီေနာက္ ေျခာက္လတစ္ႀကိမ္ ပုံမွန္တင္ျပဖို႔ ICJ က ဆုံးျဖတ္ထားတာပါ။

အစီရင္ခံစာတင္သြင္းဖို႔  လိုအပ္တဲ့ အခ်က္အလက္နဲ႔ ဥပေဒပိုင္းဆိုင္ရာ ေဆာင္႐ြက္မႈေတြကို ေရွ႕ေနခ်ဳပ္႐ုံးနဲ႔ စစ္ဥပေဒခ်ဳပ္႐ုံးတို႔  ေန႔စဥ္ ညႇိႏႈိင္းေဆာင္႐ြက္ေနတယ္လို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကား ေရးအဖြဲ႕က ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္း က RFA ကိုေျပာပါတယ္။

“သူတို႔သတ္မွတ္ထားတဲ့ အခ်ိန္အတိုင္း ကြၽန္ေတာ္တို႔ တင္သြင္းျဖစ္မွာ ျဖစ္ပါတယ္။ ေရွ႕ေနခ်ဳပ္႐ုံးနဲ႔ စစ္ဥပေဒ ခ်ဳပ္႐ုံးကေတာ့ လိုအပ္တဲ့အခ်က္အလက္နဲ႔ ဥပေဒပိုင္းဆိုင္ရာ ေဆာင္႐ြက္မႈေတြကို ေန႔စဥ္ ညႇိႏႈိင္းေဆာင္႐ြက္ လွ်က္ရွိပါတယ္။ ႏိုင္ငံေရး ရည္မွန္းခ်က္အရ ေဆာင္႐ြက္ေနတာမ်ိဳးျဖစ္တဲ့အတြက္ သူတို႔ဆီက ေလ်ာ့သြား လိမ့္မယ္လို႔ မျမင္ပါဘူး။ အခ်ိန္ကိုက္ ဖိအားေပးေနဦးမွာပဲလို႔ ကြၽန္ေတာ္တို႔က ျမင္ပါတယ္။”

အစီရင္ခံစာတင္သြင္းဖို႔ နီးလာခ်ိန္ ဧၿပီလ ဒုတိယအပတ္မွာေတာ့ သမၼတ႐ုံးက လူမ်ိဳးျပဳန္းေစမႈ တားဆီးေရးနဲ႔ ျပစ္ဒဏ္ေပးေရး ႏိုင္ငံတကာ သေဘာတူစာခ်ဳပ္ကို လိုက္နာဖို႔  ၫႊန္ၾကားစာ ထုတ္ျပန္ ခဲ့ပါတယ္။

စာခ်ဳပ္ပါ အပိုဒ္ ၂ နဲ႔ ၃ တားျမစ္ခ်က္ေတြကို ေဒသခံေတြ၊ ဝန္ထမ္းေတြ၊ စစ္မႈထမ္းေတြက က်ဴးလြန္မႈ မရွိေအာင္ ျပည္ေထာင္စုအစိုးရ၊ ျပည္နယ္နဲ႔ တိုင္းေဒသႀကီး အစိုးရေတြက စီမံေဆာင္႐ြက္ရမွာျဖစ္ၿပီး က်ဴးလြန္မႈေတြရွိရင္ သမၼတ႐ုံးထံ တင္ျပရမယ္လို႔ စာမွာေဖာ္ျပပါတယ္။

လူမ်ိဳးျပဳန္းေစမႈ တားဆီးေရးနဲ႔ ျပစ္ဒဏ္ေပးေရး ႏိုင္ငံတကာသေဘာတူစာခ်ဳပ္ အပိုဒ္ ၂ မွာ အုပ္စု တစ္စုရဲ႕ အဖြဲ႕ဝင္ေတြကို သတ္ျဖတ္တာ၊ စိတ္ပိုင္းနဲ႔႐ုပ္ပိုင္းဆိုင္ရာ နာက်င္ေအာင္လုပ္တာ၊ ဘဝ ရပ္တည္မႈ အေျခ အေနေတြကို ထိခိုက္ေအာင္လုပ္တာ၊ ေမြးဖြားမႈကို တားျမစ္ပိတ္ပင္တာ၊ အုပ္စု တစ္စုရဲ႕ ကေလးေတြကို တျခားအုပ္စုကို အတင္းလႊဲေျပာင္းေပးတာေတြကို တားျမစ္ထားပါတယ္။

အပိုဒ္ ၃ မွာေတာ့ လူမ်ိဳးျပဳန္းေစမႈ၊ လူမ်ိဳးျပဳန္းေအာင္ ပူးေပါင္းႀကံစည္မႈ၊ လႈံေဆာ္မႈ၊ ၫႊန္ၾကားမႈ၊ အားထုတ္မႈနဲ႔ အလိုတူ အလိုပါ ေဆာင္႐ြက္မႈေတြကို တားျမစ္ထားပါတယ္။

ဒါ့အျပင္ ဧၿပီလ ၂၀ ရက္ေန႔ကလည္း အမုန္းစကားနဲ႔ အၾကမ္းဖက္မႈေတြကို တားဆီးဖို႔ သမၼတ႐ုံးက ၫႊန္ၾကားစာ ထုတ္ျပန္ခဲ့ပါတယ္။ ဒါေတြဟာ အစီရင္ခံစာမွာ ေဖာ္ျပမယ့္ အေၾကာင္းအရာေတြလို႔ ျပည္တြင္းေလ့လာသူေတြက ခန႔္မွန္းပါတယ္။

သမၼတ႐ုံးရဲ႕ ၫႊန္ၾကားခ်က္ေတြကို တပ္မေတာ္ဘက္က လိုက္နာေဆာင္႐ြက္ေနတယ္လို႔ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္း ကေျပာပါတယ္။

ဒီလထဲမွာ ျမန္မာႏိုင္ငံအႏွံ႔က ဖမ္းဆီးခံထားရတဲ့ ႐ိုဟင္ဂ်ာေတြကို ျပန္လႊတ္ေပးလိုက္ တာဟာ အစီရင္ခံစာတင္သြင္းေရးအတြက္ အေထာက္အကူျဖစ္ေစမယ္လို႔ ကိုဖီအာနန္ေကာ္မရွင္ အဖြဲ႕ဝင္အျဖစ္ ေဆာင္႐ြက္ခဲ့သူ ဦးေအးလြင္ ကေျပာပါတယ္။

“ထူးထူးျခားျခားကေတာ့ ဘာေတြ႕ရသလဲဆိုရင္ ႐ိုဟင္ဂ်ာေတြကို လဝက ဥပေဒနဲ႔ ဖမ္းဆီးထားတာ ေတြကို ျပန္လႊတ္ေပးတဲ့ ကိစၥရပ္ေတြက အျပဳသေဘာေဆာင္ေတြ႕တယ္လို႔ ကြၽန္ေတာ္ျမင္ပါတယ္။ အဲဒီဟာေတြက ေျဖေလ်ာ့မႈေတြလုပ္ေနတာမို႔ အျပဳသေဘာေဆာင္တယ္ေလ။”

ပုသိမ္မွာ အမႈရင္ဆိုင္ေနရတဲ့ ႐ိုဟင္ဂ်ာ ၁၄ဝ ကို ဧၿပီလ ဒုတိယအပတ္ထဲမွာ အမႈ႐ုပ္သိမ္းၿပီး ရခိုင္ျပည္နယ္ကို ျပန္ပို႔ခဲ့ပါတယ္။

ဒါ့အျပင္ ျမန္မာႏွစ္ဆန္း (၁) ရက္ေန႔က သမၼတရဲ႕ လြတ္ၿငိမ္းသက္သာခြင့္နဲ႔ ႐ိုဟင္ဂ်ာ အေယာက္ ၈၀၀ ေက်ာ္ လြတ္လာၿပီး သူတို႔ကို မူလေနရပ္ျဖစ္တဲ့ ရခိုင္ျပည္နယ္ကို  ျပန္ပို႔လိုက္ပါတယ္။

သူတို႔ေတြဟာ ရခိုင္ျပည္နယ္မွာ ေနထိုင္ၾကသူေတြျဖစ္ၿပီး စားဝတ္ေနေရးခက္ခဲတာ၊ အလုပ္အကိုင္၊ ပညာေရး အခက္အခဲေတြေၾကာင့္ လူပြဲစားေတြကေန တဆင့္ ျပည္ပႏိုင္ငံေတြကို ထြက္ဖို႔ႀကိဳးစားရင္း ဖမ္းဆီးခံရသူေတြ ျဖစ္ပါတယ္။

ကမာၻ႔ကပ္ေရာဂါ ျဖစ္ေနခ်ိန္မို႔လို႔ ျမန္မာအေပၚ ႏိုင္ငံတကာရဲ႕ ဖိအားေတြဟာ ေလ်ာ့က်သြားမယ္လို႔ ထင္ျမင္မိေၾကာင္း ဥပေဒပညာရွင္ တစ္ဦးျဖစ္တဲ့ ေဒါက္တာ ဆလိုင္းငြန္က်ဳံးလ်န္ ကေျပာပါတယ္။

“ဘယ္နည္းနဲ႔ပဲ တင္တင္ တင္လို႔ရတယ္။ သံ႐ုံးေတြက ဖြင့္ထားတာကိုး။ ကိုဗစ္ကိစၥေၾကာင့္ ျမန္မာကိစၥေလ ႏိုင္ငံတကာ အက်ဥ္းအၾကပ္ထဲမွာ ေလ်ာ့ႏိုင္စရာရွိတယ္။ ဒီအခ်ိန္မွာ ICJေကာ ICC ေကာ အေရးမႀကီးေတာ့ ဘူးေလ။ ကိုယ့္တိုင္းျပည္လုံၿခဳံေရးနဲ႔ ကိုယ့္တိုင္းျပည္လူေတြ က်န္းမာေရးပဲ အေရးႀကီးတာကိုး။”

ဘဂၤလားေဒ့ရွ္ေရာက္ ဒုကၡသည္ေတြကေတာ့ ႏွစ္ႏိုင္ငံအစိုးရ အစီအစဥ္နဲ႔ ျပန္လာႏိုင္တာ မရွိေသးပါဘူး။ လတ္တေလာမွာလည္း ကို႐ိုနာဗိုင္းရပ္စ္ ျပန႔္ပြားေနမႈေၾကာင့္ ဒုကၡသည္ျပန္လည္ လက္ခံေရး အစီအစဥ္ကို ရပ္ထားရပုံရွိပါတယ္။

အျပည္ျပည္ဆိုင္ရာတရား႐ုံးကလည္း ေမလကုန္အထိ ၾကားနားမႈေတြ ရပ္ဆိုင္းထားၿပီး အလည္အပတ္ လာေရာက္မႈေတြကိုလည္း ဖ်တ္သိမ္းထားတယ္လို႔ ICJ ရဲ႕ ဝက္ဆိုဒ္မွာ ဧၿပီလ ၇ ရက္ေန႔ ကထုတ္ျပန္ထား ပါတယ္။

အစီရင္ခံစာတင္သြင္းေရးကိစၥနဲ႔ ပတ္သက္လို႔ ေနာက္ဆုတ္သြားႏိုင္ေခ်ရွိ၊ မရွိ နဲ႔ စီစဥ္ေဆာင္႐ြက္ထားမႈ အေျခအေနေတြကို သိႏိုင္ေအာင္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးခ်မ္းေအးနဲ႔ သမၼတ႐ုံး ေျပာေရးဆိုခြင့္ ရွိသူ ဦးေဇာ္ေဌးတို႔ကို ဆက္သြယ္ေမးျမန္းခဲ့ေပမယ့္ တုံ႔ျပန္ခ်က္ မရရွိေသးပါဘူး။

RFA Burmese
https://www.rfa.org/burmese/news/ICJ-report-04222020052319.html
------------
(Unicode)⤵⤵⤵
ICJ ထံ တင်သွင်းမယ့် ပထမဆုံးအစီရင်ခံစာ ပြင်ဆင်မှု ဘယ်လိုရှိလဲ

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့က အပြည်ပြည်ဆိုင်ရာတရားရုံး ICJ က မြန်မာနိုင်ငံအပေါ် ကြားဖြတ် စီရင်ချက် လေးခုချမှတ်ထားပါတယ်။ အဲဒီအချက်တွေထဲမှာ နောက်လေးလကြာရင် မြန်မာအစိုးက ICJ ထံ အစီရင်ခံစာ တင်သွင်းရမယ်ဆိုတဲ့ အချက်ပါဝင်ပါတယ်။

ပထမဆုံးတင်သွင်းမယ့် အစီရင်ခံစာမှာ အပြည်ပြည်ဆိုင်ရာတရားရုံးရဲ့ ကြားဖြတ်ဆုံးဖြတ်ချက်တွေကိုဆောင်ရွက် ရာမှာ တိုးတက်တဲ့အခြေအနေ၊ အခက်အခဲတွေအပါအဝင် ဒုက္ခသည်တွေ ပြန်လက်ခံရေး အစီအစဉ်ကို ထည့်သွင်း တင်ပြဖို့ လိုတယ်လို့ နိုင်ငံတကာ ဥပဒေကျွမ်းကျင်သူတွေက ပြောပါတယ်။

လေးလပြည့်ရင် တင်သွင်းရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ရှိလို့ မေလထဲမှာ မဖြစ်မနေ တင်သွင်းရမယ်လို့ နားလည် ထားကြောင်း နော်ဝေနိုင်ငံမှာ နေထိုင်နေတဲ့ နိုင်ငံတကာ ဥပဒေကျွမ်းကျင်သူ ရှေ့နေ ဦးမင်းလွင်ဦး ကပြော ပါတယ်။

“ကျွန်တော်တို့ မဖြစ်မနေ တင်သွင်းရမယ့် အခြေအနေဖြစ်တယ်။ အခက်အခဲတွေ ဘာတွေရှိနိုင်သလဲ။ ဘာတွေ ရင်ဆိုင်ကြုံတွေ့ရသလဲ။ နှစ်နိုင်ငံအစိုးရအနေနဲ့ ဘယ်လောက်ပူးပေါင်းဆောင်ရွက်မှု ရှိသလဲ။ ဒုက္ခသည်တွေရဲ့ လက်ရှိအခြေအနေတွေ ဘယ်လောက် ဆိုးဝါးသွားသလဲ။ သက်သေခံ စောင့်ရှောက် ထိန်းသိမ်းရမယ့်အချက်တွေ မှာ ဘယ်လောက် အောင်မြင်မှုရှိသလဲ၊ တိုးတက်တာကော၊ မတိုးတက် တာကော၊ ဆုတ်ယုတ်တာကော အားလုံးအစီရင်ခံ တင်ပြဖို့ဖြစ်တယ်။ ”

(၁) မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာမူဆလင် လူမျိုးစုတွေအပေါ် သတ်ဖြတ်တာ၊ စိတ်ရောကိုယ်ပါ အန္တရာယ် ကျရောက်အောင် လုပ်ဆောင်တာ အပါအဝင် လူမျိုးတုံးသတ်ဖြတ်မှုမြောက်စေတဲ့ လုပ်ဆောင်ချက်အားလုံးကို အစွမ်းကုန် ကာကွယ်တားဆီးပေးဖို့၊

(၂) တပ်မတော် ဒါမှမဟုတ် စစ်ဘက်ဆိုင်ရာအဖွဲ့အစည်းတွေက ရိုဟင်ဂျာ မူဆလင်တွေကို လူမျိုးတုံးသတ်ဖြတ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်အောင် ပူးပေါင်းကြံစည်မှု၊ သွေးထိုးလှုံ့ဆော်မှု စတာတွေ မကျူးလွန်အောင် ကြပ်မတ်ဖို့

(၃) လူမျိုးတုံးသတ်ဖြတ်မှု ကျုးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ နေရာဒေသတွေက သက်သေ အထောက်အထား အားလုံးကို ဖျက်ဆီးမှုမရှိအောင် မူလအတိုင်း ကာကွယ်ထိန်းသိမ်းထားဖို့နဲ့

(၄) ဒီအမိန့်ချမှတ်တဲ့ နေ့ကစပြီး လေးလအကြာမှာ မြန်မာဘက်က ဆောင်ရွက်ချက်တွေကို တရားရုံးတော်ကို တင်ပြအစီရင်ခံပြီး၊ အဲဒီနောက် ခြောက်လတစ်ကြိမ် ပုံမှန်တင်ပြဖို့ ICJ က ဆုံးဖြတ်ထားတာပါ။

အစီရင်ခံစာတင်သွင်းဖို့  လိုအပ်တဲ့ အချက်အလက်နဲ့ ဥပဒေပိုင်းဆိုင်ရာ ဆောင်ရွက်မှုတွေကို ရှေ့နေချုပ်ရုံးနဲ့ စစ်ဥပဒေချုပ်ရုံးတို့  နေ့စဉ် ညှိနှိုင်းဆောင်ရွက်နေတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြား ရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က RFA ကိုပြောပါတယ်။

“သူတို့သတ်မှတ်ထားတဲ့ အချိန်အတိုင်း ကျွန်တော်တို့ တင်သွင်းဖြစ်မှာ ဖြစ်ပါတယ်။ ရှေ့နေချုပ်ရုံးနဲ့ စစ်ဥပဒေ ချုပ်ရုံးကတော့ လိုအပ်တဲ့အချက်အလက်နဲ့ ဥပဒေပိုင်းဆိုင်ရာ ဆောင်ရွက်မှုတွေကို နေ့စဉ် ညှိနှိုင်းဆောင်ရွက် လျှက်ရှိပါတယ်။ နိုင်ငံရေး ရည်မှန်းချက်အရ ဆောင်ရွက်နေတာမျိုးဖြစ်တဲ့အတွက် သူတို့ဆီက လျော့သွား လိမ့်မယ်လို့ မမြင်ပါဘူး။ အချိန်ကိုက် ဖိအားပေးနေဦးမှာပဲလို့ ကျွန်တော်တို့က မြင်ပါတယ်။”

အစီရင်ခံစာတင်သွင်းဖို့ နီးလာချိန် ဧပြီလ ဒုတိယအပတ်မှာတော့ သမ္မတရုံးက လူမျိုးပြုန်းစေမှု တားဆီးရေးနဲ့ ပြစ်ဒဏ်ပေးရေး နိုင်ငံတကာ သဘောတူစာချုပ်ကို လိုက်နာဖို့  ညွှန်ကြားစာ ထုတ်ပြန် ခဲ့ပါတယ်။

စာချုပ်ပါ အပိုဒ် ၂ နဲ့ ၃ တားမြစ်ချက်တွေကို ဒေသခံတွေ၊ ဝန်ထမ်းတွေ၊ စစ်မှုထမ်းတွေက ကျူးလွန်မှု မရှိအောင် ပြည်ထောင်စုအစိုးရ၊ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရတွေက စီမံဆောင်ရွက်ရမှာဖြစ်ပြီး ကျူးလွန်မှုတွေရှိရင် သမ္မတရုံးထံ တင်ပြရမယ်လို့ စာမှာဖော်ပြပါတယ်။

လူမျိုးပြုန်းစေမှု တားဆီးရေးနဲ့ ပြစ်ဒဏ်ပေးရေး နိုင်ငံတကာသဘောတူစာချုပ် အပိုဒ် ၂ မှာ အုပ်စု တစ်စုရဲ့ အဖွဲ့ဝင်တွေကို သတ်ဖြတ်တာ၊ စိတ်ပိုင်းနဲ့ရုပ်ပိုင်းဆိုင်ရာ နာကျင်အောင်လုပ်တာ၊ ဘဝ ရပ်တည်မှု အခြေ အနေတွေကို ထိခိုက်အောင်လုပ်တာ၊ မွေးဖွားမှုကို တားမြစ်ပိတ်ပင်တာ၊ အုပ်စု တစ်စုရဲ့ ကလေးတွေကို တခြားအုပ်စုကို အတင်းလွှဲပြောင်းပေးတာတွေကို တားမြစ်ထားပါတယ်။

အပိုဒ် ၃ မှာတော့ လူမျိုးပြုန်းစေမှု၊ လူမျိုးပြုန်းအောင် ပူးပေါင်းကြံစည်မှု၊ လှုံဆော်မှု၊ ညွှန်ကြားမှု၊ အားထုတ်မှုနဲ့ အလိုတူ အလိုပါ ဆောင်ရွက်မှုတွေကို တားမြစ်ထားပါတယ်။

ဒါ့အပြင် ဧပြီလ ၂၀ ရက်နေ့ကလည်း အမုန်းစကားနဲ့ အကြမ်းဖက်မှုတွေကို တားဆီးဖို့ သမ္မတရုံးက ညွှန်ကြားစာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါတွေဟာ အစီရင်ခံစာမှာ ဖော်ပြမယ့် အကြောင်းအရာတွေလို့ ပြည်တွင်းလေ့လာသူတွေက ခန့်မှန်းပါတယ်။

သမ္မတရုံးရဲ့ ညွှန်ကြားချက်တွေကို တပ်မတော်ဘက်က လိုက်နာဆောင်ရွက်နေတယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ကပြောပါတယ်။

ဒီလထဲမှာ မြန်မာနိုင်ငံအနှံ့က ဖမ်းဆီးခံထားရတဲ့ ရိုဟင်ဂျာတွေကို ပြန်လွှတ်ပေးလိုက် တာဟာ အစီရင်ခံစာတင်သွင်းရေးအတွက် အထောက်အကူဖြစ်စေမယ်လို့ ကိုဖီအာနန်ကော်မရှင် အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သူ ဦးအေးလွင် ကပြောပါတယ်။

“ထူးထူးခြားခြားကတော့ ဘာတွေ့ရသလဲဆိုရင် ရိုဟင်ဂျာတွေကို လဝက ဥပဒေနဲ့ ဖမ်းဆီးထားတာ တွေကို ပြန်လွှတ်ပေးတဲ့ ကိစ္စရပ်တွေက အပြုသဘောဆောင်တွေ့တယ်လို့ ကျွန်တော်မြင်ပါတယ်။ အဲဒီဟာတွေက ဖြေလျော့မှုတွေလုပ်နေတာမို့ အပြုသဘောဆောင်တယ်လေ။”

ပုသိမ်မှာ အမှုရင်ဆိုင်နေရတဲ့ ရိုဟင်ဂျာ ၁၄ဝ ကို ဧပြီလ ဒုတိယအပတ်ထဲမှာ အမှုရုပ်သိမ်းပြီး ရခိုင်ပြည်နယ်ကို ပြန်ပို့ခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနှစ်ဆန်း (၁) ရက်နေ့က သမ္မတရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ ရိုဟင်ဂျာ အယောက် ၈၀၀ ကျော် လွတ်လာပြီး သူတို့ကို မူလနေရပ်ဖြစ်တဲ့ ရခိုင်ပြည်နယ်ကို  ပြန်ပို့လိုက်ပါတယ်။

သူတို့တွေဟာ ရခိုင်ပြည်နယ်မှာ နေထိုင်ကြသူတွေဖြစ်ပြီး စားဝတ်နေရေးခက်ခဲတာ၊ အလုပ်အကိုင်၊ ပညာရေး အခက်အခဲတွေကြောင့် လူပွဲစားတွေကနေ တဆင့် ပြည်ပနိုင်ငံတွေကို ထွက်ဖို့ကြိုးစားရင်း ဖမ်းဆီးခံရသူတွေ ဖြစ်ပါတယ်။

ကမ္ဘာ့ကပ်ရောဂါ ဖြစ်နေချိန်မို့လို့ မြန်မာအပေါ် နိုင်ငံတကာရဲ့ ဖိအားတွေဟာ လျော့ကျသွားမယ်လို့ ထင်မြင်မိကြောင်း ဥပဒေပညာရှင် တစ်ဦးဖြစ်တဲ့ ဒေါက်တာ ဆလိုင်းငွန်ကျုံးလျန် ကပြောပါတယ်။

“ဘယ်နည်းနဲ့ပဲ တင်တင် တင်လို့ရတယ်။ သံရုံးတွေက ဖွင့်ထားတာကိုး။ ကိုဗစ်ကိစ္စကြောင့် မြန်မာကိစ္စလေ နိုင်ငံတကာ အကျဉ်းအကြပ်ထဲမှာ လျော့နိုင်စရာရှိတယ်။ ဒီအချိန်မှာ ICJကော ICC ကော အရေးမကြီးတော့ ဘူးလေ။ ကိုယ့်တိုင်းပြည်လုံခြုံရေးနဲ့ ကိုယ့်တိုင်းပြည်လူတွေ ကျန်းမာရေးပဲ အရေးကြီးတာကိုး။”

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေကတော့ နှစ်နိုင်ငံအစိုးရ အစီအစဉ်နဲ့ ပြန်လာနိုင်တာ မရှိသေးပါဘူး။ လတ်တလောမှာလည်း ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားနေမှုကြောင့် ဒုက္ခသည်ပြန်လည် လက်ခံရေး အစီအစဉ်ကို ရပ်ထားရပုံရှိပါတယ်။

အပြည်ပြည်ဆိုင်ရာတရားရုံးကလည်း မေလကုန်အထိ ကြားနားမှုတွေ ရပ်ဆိုင်းထားပြီး အလည်အပတ် လာရောက်မှုတွေကိုလည်း ဖျတ်သိမ်းထားတယ်လို့ ICJ ရဲ့ ဝက်ဆိုဒ်မှာ ဧပြီလ ၇ ရက်နေ့ ကထုတ်ပြန်ထား ပါတယ်။

အစီရင်ခံစာတင်သွင်းရေးကိစ္စနဲ့ ပတ်သက်လို့ နောက်ဆုတ်သွားနိုင်ချေရှိ၊ မရှိ နဲ့ စီစဉ်ဆောင်ရွက်ထားမှု အခြေအနေတွေကို သိနိုင်အောင် နိုင်ငံခြားရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးနဲ့ သမ္မတရုံး ပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးတို့ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တုံ့ပြန်ချက် မရရှိသေးပါဘူး။

RFA Burmese
https://www.rfa.org/burmese/news/ICJ-report-04222020052319.html
ICJ ထံ တင္သြင္းမယ့္ ပထမဆုံးအစီရင္ခံစာ ျပင္ဆင္မႈ ဘယ္လိုရွိလဲ ICJ ထံ တင္သြင္းမယ့္ ပထမဆုံးအစီရင္ခံစာ ျပင္ဆင္မႈ ဘယ္လိုရွိလဲ Reviewed by THITHTOOLWIN on 02:16 Rating: 5
Powered by Blogger.