ျမန္မာအပါအ၀င္ ႏုိင္ငံ ၄၀ ကုိ ကုိရုိနာဗုိင္းရပ္စ္ စစ္ေဆးေရးကိရိယာ IAEA ေပးမည္

ကိုရိုနာ ဗိုင္းရပ္စ္ရွိ မရွိ စစ္ေဆးေရး ကိရိယာတခ်ိဳ႕
(Zawgyi/Unicode)

ကုလသမဂၢ လက္ေအာက္ခံ အဖြဲ႕အစည္းတစ္ခုျဖစ္တဲ့ နိုင္ငံတကာ အဏုျမဴစြမ္းအင္ ေအဂ်င္စီ IAEA က ကိုရိုနာ ဗိုင္းရပ္စ္ စမ္းသပ္ စစ္ေဆးေရး ကိရိယာေတြကိုျမန္မာနိုင္ငံ အပါအဝင္ နိုင္ငံေပါင္း ၄၀ ကို ေပးပို႔မွာ ျဖစ္ပါတယ္။

အဲဒီ ကိရိယာေတြဟာ ႏ်ဴကလီးယား သိပၸံနည္းပညာကို အသုံးျပဳ ထုတ္လုပ္ထားတာျဖစ္ၿပီး စံႏႈန္းမွီတဲ့ စမ္းသပ္မႈေတြ လုပ္ေဆာင္နိုင္လိမ့္ မယ္လို႔ IAEA က ေျပာေၾကာင္း AP သတင္းရပ္မွာ ေဖာ္ျပထားပါတယ္။ Real time RT-PCR လို႔ေခၚတဲ့ အဲဒီ နည္းပညာကို ပုံမွန္ ဖြံ႔ၿဖိဳးၿပီးနိုင္ငံေတြမွာ အသုံးျပဳတာျဖစ္ ၿပီး ေရာဂါ ကူးစက္မႈ ရွိ-မရွိကို ရွာေဖြ ေဖာ္ထုတ္နိုင္မွာ ျဖစ္ပါတယ္။

IAEA ဟာ အီရန္လို နိုင္ငံမ်ိဳးေတြမွာ ႏ်ဴးကလီယားဆိုင္ရာ စစ္ေဆးမႈေတြ လုပ္တာလို႔ လူသိမ်ားေပမဲ့ သူ႔ရဲ့ ႏ်ဴးကလီးယား နည္းပညာ ကို ၿငိမ္းခ်မ္းေရး အက်ိဳးအတြက္ အသုံးျပဳရမယ့္ တာဝန္လည္း ရွိပါတယ္။ ကနဦး ေပးပို႔မယ့္ ကိရိယာ ပစၥည္းေတြ အတြက္ သုံးစြဲတဲ့ ေငြေတြက IAEA ဘတ္ဂ်က္က ျဖစ္သလို အပိုေဆာင္း ေငြေၾကး အကူအညီအျဖစ္ အေမရိကန္ ျပည္ေထာင္စုက ေဒၚလာ ၆ သန္းနဲ႔ ကေနဒါက ေဒၚလာ ၃ သန္းခြဲ ကူညီထားပါတယ္။

အာဖရိက၊ အာရွ၊ ဥေရာပ၊ လက္တင္ အေမရိကနဲ႔ ကာရစ္ဘီယံ ေဒသေတြက ဓါတ္ခြဲခန္း ဒါဇင္နဲ႔ ခ်ီၿပီး ေရာဂါ ရွာေဖြေရး စက္ကိရိယာ ေတြ၊ စမ္းသပ္ ကိရိယာေတြ၊ ဓါတ္ခြဲခန္းသုံး ပစၥည္းေတြကို လက္ခံရရွိမွာ ျဖစ္ေၾကာင္းလည္ IAEA ရဲ့ ေၾကညာခ်က္မွာ ပါရွိတယ္။

ပထမအသုတ္အျဖစ္ ေပးပို႔မယ့္ ကိရိယာေတြကို တျခား ေဒသက နိုင္ငံေတြနဲ႔အတူ အာရွတိုက္က ထိုင္းနဲ႔ ဗီယက္နမ္တို႔ကို ေပးပို႔သြား မွာ ျဖစ္ၿပီး ေနာက္ထပ္ လက္ခံ ရရွိမယ့္ နိုင္ငံေတြထဲ အာရွတိုက္က ျမန္မာ၊ ကေမၻာဒီးယား၊ လာအို၊ မေလးရွား၊ မြန္ဂိုလီးယား၊ နီေပါ၊ ဖိလစ္ပိုင္နဲ႔ သီရိလကၤာ နိုင္ငံေတြ ပါဝင္ပါတယ္။

အခုလို အေရးႀကီးတဲ့ ပစၥည္းကိရိယာေတြ အဖြဲ႕ဝင္နိုင္ငံေတြဆီကို အျမန္ဆုံး ေရာက္ရွိေရးအတြက္ IAEA ဝန္ထမ္းေတြ အစြမ္းကုန္ ႀကိဳးစားေနေၾကာင္းလည္း IAEA အႀကီးအကဲ Rafael Grossi က ေျပာပါတယ္။

က်န္းမာေရး ဝန္ႀကီးဌာနက ၾကာသပေတးေန႔ ညပိုင္း ထုတ္ျပန္ခ်က္အရ ျမန္မာနိုင္ငံမွာ COVID-19 ကူးစက္သူ ေနာက္ထပ္ ၄ ဦးကို ထပ္မံ ေတြ႕ရွိတာေၾကာင့္ ကူးစက္ခံရသူ စုစုေပါင္း ၂၀ ရွိၿပီ ျဖစ္ပါတယ္။ ေနာက္ထပ္ ကူးစက္ခံရသူေတြထဲမွာ အသက္ ၈ ႏွစ္အရြယ္ ၁ ဦးနဲ႔ ဆက္ေက်ာ္သက္ အရြယ္ ၂ ဦး ပါဝင္ပါတယ္။

.................

မြန်မာအပါအဝင် နိုင်ငံ ၄၀ ကို ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးရေးကိရိယာ IAEA ပေးမည်

(Unicode)

ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ IAEA က ကိုရိုနာ ဗိုင်းရပ်စ် စမ်းသပ် စစ်ဆေးရေး ကိရိယာတွေကိုမြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၄၀ ကို ပေးပို့မှာ ဖြစ်ပါတယ်။ အဲဒီ ကိရိယာတွေဟာ နျူကလီးယား သိပ္ပံနည်းပညာကို အသုံးပြု ထုတ်လုပ်ထားတာဖြစ်ပြီး စံနှုန်းမှီတဲ့ စမ်းသပ်မှုတွေ လုပ်ဆောင်နိုင်လိမ့် မယ်လို့ IAEA က ပြောကြောင်း AP သတင်းရပ်မှာ ဖော်ပြထားပါတယ်။ Real time RT-PCR လို့ခေါ်တဲ့ အဲဒီ နည်းပညာကို ပုံမှန် ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ အသုံးပြုတာဖြစ် ပြီး ရောဂါ ကူးစက်မှု ရှိ-မရှိကို ရှာဖွေ ဖော်ထုတ်နိုင်မှာ ဖြစ်ပါတယ်။

IAEA ဟာ အီရန်လို နိုင်ငံမျိုးတွေမှာ နျူးကလီယားဆိုင်ရာ စစ်ဆေးမှုတွေ လုပ်တာလို့ လူသိများပေမဲ့ သူ့ရဲ့ နျူးကလီးယား နည်းပညာ ကို ငြိမ်းချမ်းရေး အကျိုးအတွက် အသုံးပြုရမယ့် တာဝန်လည်း ရှိပါတယ်။ ကနဦး ပေးပို့မယ့် ကိရိယာ ပစ္စည်းတွေ အတွက် သုံးစွဲတဲ့ ငွေတွေက IAEA ဘတ်ဂျက်က ဖြစ်သလို အပိုဆောင်း ငွေကြေး အကူအညီအဖြစ် အမေရိကန် ပြည်ထောင်စုက ဒေါ်လာ ၆ သန်းနဲ့ ကနေဒါက ဒေါ်လာ ၃ သန်းခွဲ ကူညီထားပါတယ်။

အာဖရိက၊ အာရှ၊ ဥရောပ၊ လက်တင် အမေရိကနဲ့ ကာရစ်ဘီယံ ဒေသတွေက ဓါတ်ခွဲခန်း ဒါဇင်နဲ့ ချီပြီး ရောဂါ ရှာဖွေရေး စက်ကိရိယာ တွေ၊ စမ်းသပ် ကိရိယာတွေ၊ ဓါတ်ခွဲခန်းသုံး ပစ္စည်းတွေကို လက်ခံရရှိမှာ ဖြစ်ကြောင်းလည် IAEA ရဲ့ ကြေညာချက်မှာ ပါရှိတယ်။

ပထမအသုတ်အဖြစ် ပေးပို့မယ့် ကိရိယာတွေကို တခြား ဒေသက နိုင်ငံတွေနဲ့အတူ အာရှတိုက်က ထိုင်းနဲ့ ဗီယက်နမ်တို့ကို ပေးပို့သွား မှာ ဖြစ်ပြီး နောက်ထပ် လက်ခံ ရရှိမယ့် နိုင်ငံတွေထဲ အာရှတိုက်က မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ မွန်ဂိုလီးယား၊ နီပေါ၊ ဖိလစ်ပိုင်နဲ့ သီရိလင်္ကာ နိုင်ငံတွေ ပါဝင်ပါတယ်။

အခုလို အရေးကြီးတဲ့ ပစ္စည်းကိရိယာတွေ အဖွဲ့ဝင်နိုင်ငံတွေဆီကို အမြန်ဆုံး ရောက်ရှိရေးအတွက် IAEA ဝန်ထမ်းတွေ အစွမ်းကုန် ကြိုးစားနေကြောင်းလည်း IAEA အကြီးအကဲ Rafael Grossi က ပြောပါတယ်။

ကျန်းမာရေး ဝန်ကြီးဌာနက ကြာသပတေးနေ့ ညပိုင်း ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ COVID-19 ကူးစက်သူ နောက်ထပ် ၄ ဦးကို ထပ်မံ တွေ့ရှိတာကြောင့် ကူးစက်ခံရသူ စုစုပေါင်း ၂၀ ရှိပြီ ဖြစ်ပါတယ်။ နောက်ထပ် ကူးစက်ခံရသူတွေထဲမှာ အသက် ၈ နှစ်အရွယ် ၁ ဦးနဲ့ ဆက်ကျော်သက် အရွယ် ၂ ဦး ပါဝင်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-coronavirus-iaea-testing-gear-/5357478.html
ျမန္မာအပါအ၀င္ ႏုိင္ငံ ၄၀ ကုိ ကုိရုိနာဗုိင္းရပ္စ္ စစ္ေဆးေရးကိရိယာ IAEA ေပးမည္ ျမန္မာအပါအ၀င္ ႏုိင္ငံ ၄၀ ကုိ ကုိရုိနာဗုိင္းရပ္စ္ စစ္ေဆးေရးကိရိယာ IAEA ေပးမည္ Reviewed by THITHTOOLWIN on 05:37 Rating: 5
Powered by Blogger.