ဗိုင္းရပ္စ္ ကူးစက္ျပန႔္ပြားမႈ ကာကြယ္ဖို႔ အက်ဥ္းသား ေလွ်ာ့ခ်ေရး HRW တိုက္တြန္း

(Zawgyi)⤵⤵⤵
ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ျပန႔္ပြားမႈကို ကာကြယ္ထိန္းခ်ဳပ္ႏိုင္ေရး အက်ဥ္းေထာင္ေတြထဲက အက်ဥ္းသားဦးေရ ေလွ်ာ့ခ်ေပးဖို႔နဲ႔ ႏိုင္ငံေရးအက်ဥ္းသားေတြကို အျမန္ဆုံးလႊတ္ေပးဖို႔ လူ႔အခြင့္အေရး ေစာင့္ၾကည့္ေရးအဖြဲ႕ (HRW) က ျမန္မာအစိုးရကို တိုက္တြန္းလိုက္ပါတယ္။

ကမာၻ႔ကပ္ေရာဂါ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ျပန႔္ပြားမႈ ထိန္းခ်ဳပ္ႏိုင္ေရး ျမန္မာအစိုးရအေနနဲ႔ အက်ဥ္းသားအေရ အတြက္ ေလွ်ာ့ခ်ေပးဖို႔ အပါအဝင္ ႏိုင္ငံေရးအက်ဥ္းသားေတြနဲ႔ မတရားဖမ္းဆီးခံထားရသူေတြကို ခ်က္ခ်င္း လႊတ္ေပးဖို႔ လူ႔အခြင့္အေရး ေစာင့္ၾကည့္ေရးအဖြဲ႕ (HRW) က ဒီကေန႔ ေတာင္းဆိုလိုက္ပါတယ္။

လူ႔အခြင့္အေရးဆိုင္ရာ အာရွဒါ႐ိုက္တာ ဘရက္ အဒမ္က အက်ဥ္းေထာင္ေတြမွာ သတ္မွတ္လူဦးေရထက္ မ်ားျပားေနၿပီး ျမန္မာအစိုးရအေနနဲ႔ အသက္အ႐ြယ္ႀကီးၿပီး က်န္းမာေရး မေကာင္းသူေတြနဲ႔ ႏိုင္ငံေရး အက်ဥ္းသားေတြ အပါအဝင္ မတရားဖမ္းဆီးခံထားရသူေတြကို အျမန္ဆုံးျပန္လႊတ္ေပးသင့္တယ္လို႔ ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ အက်ဥ္းေထာင္ ၆၀ ေက်ာ္နဲ႔ အလုပ္ၾကမ္းစခန္း ၅၀ ေလာက္ရွိၿပီး အက်ဥ္းသား ၉၂၀၀၀ ေက်ာ္ရွိတယ္လို႔ HRW ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

အက်ဥ္းေထာင္ေတြအတြင္း ဖမ္းဆီးခံထားရတဲ့ အခ်ဳပ္သားေတြထဲက အာမခံေပးႏိုင္သူေတြကို အာမခံေပးဖို႔နဲ႔ အမိန႔္ခ်ၿပီးသူေတြထဲက လူ႔အဖြဲ႕အစည္းကို အႏၲရာယ္မေပးႏိုင္တဲ့သူေတြကို လႊတ္ေပးဖို႔ ႏိုင္ငံေတာ္ သမၼတ႐ုံးကို ႏိုင္ငံေရး အက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း AAPP က စာေပးပို႔ ေတာင္းဆိုထားပါတယ္။

ဒီေတာင္းဆိုမႈေတြဟာ လက္ရွိလိုအပ္တဲ့ အခ်က္ျဖစ္သလို အက်ဥ္းသားေတြ ေလွ်ာ့ခ်ၿပီး အခုကတည္းက ႀကိဳတင္ျပင္ဆင္ဖို႔ အႀကံျပဳထားေပမယ့္ သက္ဆိုင္ရာဝန္ရွိသူေတြဘက္က လက္ရွိအခ်ိန္အထိ အေကာင္အထည္ေဖာ္တာ မေတြ႕ရေသးဘူးလို႔ AAPP ရဲ႕ တြဲဘက္အတြင္းေရးမႉး ဦးဘိုၾကည္က RFA ကို ေျပာပါတယ္။

“ဒီေတာင္းဆိုမႈက အလတ္တေလာ လိုအပ္တဲ့ လိုအပ္ခ်က္လည္း ျဖစ္ပါတယ္။ အခုခ်ိန္မွာ လူ႔အဖြဲ႕အစည္း အတြက္ အႏၲရာယ္နည္းတဲ့ အက်ဥ္းသားေတြကို လႊတ္ကို လႊတ္ေပးသင့္တယ္။ COVID – 19 က အက်ဥ္းေထာင္ ေတြထဲမွာရွိေနတဲ့ အက်ဥ္းသားေတြလည္း လြတ္မွာမဟုတ္ဘူး။ အခုကတည္းက ႀကိဳတင္ျပင္ဆင္ဖို႔လိုတယ္။ ပထမအဆင့္အေနနဲ႔ အက်ဥ္းသားဦးေရကို ေလွ်ာ့ခ်ဖို႔လိုတယ္။ အဲဒီလို ေလွ်ာ့ခ်လိုက္မွ အက်ဥ္းေထာင္ထဲမွာ လူးစာလြင့္တာျဖစ္လာမယ္။ အဲဒီေတာ့မွ ႀကိဳတင္ကာကြယ္ေရးကိစၥေတြကို စနစ္တက် ပိုလုပ္လာႏိုင္မယ္။ ဒါေတြကို ကြၽန္ေတာ္တို႔ အႀကံျပဳေနတာ ၾကာပါၿပီ။ ဒါကို အစိုးရနဲ႔ ျပည္ထဲေရးဘက္က အခုအခ်ိန္အထိ အေကာင္အထည္ေဖာ္တာ မေတြ႕ရေသးဘူး”

ၿပီးခဲ့တဲ့ မတ္လလယ္ေလာက္က ႏိုင္ငံေတာ္ သမၼတ႐ုံးကို AAPP က ေထာင္တြင္းလူဦးေရ ေလွ်ာ့ခ်ဖို႔ အႀကံျပဳစာ ေပးပို႔ထားၿပီး သမၼတ႐ုံးက စာလက္ခံရရွိေၾကာင္း အေၾကာင္းျပန္လိုက္ေပမယ့္ ေရွ႕ဆက္လုပ္ေဆာင္မယ့္ အေျခအေနေတြကို မသိရေသးဘူးလို႔ ေျပာပါတယ္။

AAPP ရဲ႕ စာရင္းေတြအရ ႏိုင္ငံေရးအက်ဥ္းသား ၆၀၀ ေက်ာ္ရွိၿပီး ေထာင္က်ၿပီးသား ႏိုင္ငံေရးအက်ဥ္းသား ၇၀ ေက်ာ္၊ ေထာင္ထဲကေန အမႈရင္ဆိုင္ေနရသူ ၁၄၀ ေလာက္နဲ႔ အျပင္ကေန အမႈရင္ဆိုင္ေနရသူေတြျဖစ္တယ္လို႔ ဦးဘိုၾကည္က ေျပာပါတယ္။

ေထာင္ထဲမွာရွိတဲ့ေနတဲ့ ႏိုင္ငံေရးအက်ဥ္းသားေတြကို ေရာဂါပိုးကူးစက္ခံရတယ္ဆိုရင္ သူတို႔ရဲ႕ လူ႔အခြင့္အေရးဟာ ပိုၿပီးဆုံးရႈံးမႈျဖစ္တဲ့အတြက္ ႏိုင္ငံေရးအက်ဥ္းသားေတြကို ခ်က္ခ်င္းလႊတ္ေပးဖို႔ လိုအပ္ၿပီး အက်ဥ္းေထာင္ေတြ ကိုလည္း ေရာဂါပိုးမကူးစက္ေအာင္ စီမံခန႔္ခြဲဖို႔ လိုအပ္တယ္လို႔ Fortify Rights အဖြဲ႕က ကိုနစ္ကီဒိုင္းမြန္းက ေျပာပါတယ္။

“သူတို႔က နီးနီးကပ္ကပ္ေနရအတြက္ေၾကာင့္ ကိုဗစ္ကာလမွာ ေထာင္ထဲကို ဒီဗိုင္းရပ္စ္ေရာက္သြားရင္ အက်ဥ္းသားေတြ အကုန္လုံး ဒုကၡေရာက္မယ္။ ၿပီးရင္ ႏိုင္ငံေရးအက်ဥ္းသားေတြက မတရားဖမ္းဆီး ေထာင္ခ်ခံထားရတာျဖစ္တဲ့အတြက္ ေရာဂါပိုးကူးစက္ခံရရင္ သူတို႔ရဲ႕ လူ႔အခြင့္အေရးဟာ ပိုၿပီးေတာ့ ဆုံးရႈံးတာမ်ိဳးေတြ ျဖစ္မယ္ေပါ့။ ဒါ့ေၾကာင့္ အစိုးရအေနနဲ႔ ႏိုင္ငံေရးအက်ဥ္းသားေတြကို ခ်က္ခ်င္းလႊတ္ေပးဖို႔ လိုအပ္တယ္။ ၿပီးေတာ့ အက်ဥ္းေထာင္ေတြလည္း ေရာဂါမကူးစက္ေအာင္ စီမံခန႔္ခြဲဖို႔ လိုပါတယ္”

ႏိုင္ငံေရးအက်ဥ္းသားေဟာင္းမ်ားအဖြဲ႕ ဦးေဆာင္ေကာ္မတီဝင္ ဦးထြန္းၾကည္ကေတာ့ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ျပန႔္ပြားမႈဟာ အက်ဥ္းေထာင္ေတြမွာ ပိုၿပီးလြယ္ကူတာေၾကာင့္ ႀကိဳတင္ကာကြယ္တဲ့အေနနဲ႔ လႊတ္ေပးသင့္တဲ့ အက်ဥ္းသားေတြကို အျမန္ဆုံးလႊတ္ေပးသင့္တယ္လို႔ ေျပာပါတယ္။

“COVID – 19 ဗိုင္းရပ္စ္ အခ်ိန္မေ႐ြးကူးစက္ႏိုင္မႈဟာ အက်ဥ္းေထာင္ေတြထဲမွာ ပိုၿပီးေတာ့ လြယ္ကူပါတယ္။ ႀကီးႀကီးမားမား ဆုံးရႈံးမႈေတြ မျဖစ္ေသးခင္မွာ ကာကြယ္တားဆီးတဲ့အေနနဲ႔ လႊတ္ေပးသင့္ လႊတ္ေပးထိုက္တဲ့ အက်ဥ္းသားေတြကို အျမန္ဆုံးလႊတ္ေပးသင့္တယ္လို႔ ျမင္ပါတယ္”

အစိုးရအေနနဲ႔ ဝန္ထုတ္ဝန္ပိုး ႀကီးႀကီးမားမား ထမ္း႐ြက္ေနရတဲ့အေျခအေနမွာ ေထာင္အတြင္းမွာ ဗိုင္းရပ္စ္ ဝင္လာတာနဲ႔ ထိန္းမႏိုင္သိမ္းမႏိုင္ျဖစ္ႏိုင္တာေၾကာင့္ လာမယ့္ ျမန္မာႏွစ္ဆန္းတစ္ရက္ေန႔တို႔ ေစာင့္မေနဘဲ လႊတ္ေပးသင့္သူေတြကို အျမန္ဆုံးလႊတ္ေပးသင့္တယ္လို႔လည္း ဦးထြန္းၾကည္က ေျပာပါတယ္။

HRW က ႏိုင္ငံေရးအက်ဥ္းသားေတြ ျပန္လႊတ္ဖို႔နဲ႔ အက်ဥ္းသားဦးေရ ေလ်ာခ်ဖို႔ တိုက္တြန္းေတာင္းဆိုတာနဲ႔ ပတ္သက္ၿပီး အက်ဥ္းဦးစီးဌာနက ေျပာေရးဆိုခြင့္ရွိသူ ဒုတိယၫႊန္ၾကားေရးမႉး ဦးရဲရင့္ႏိုင္ကို RFA က ဆက္သြယ္ေမးျမန္းခဲ့ေပမယ့္ ဖုန္းလက္ခံေျဖၾကားတာ မရွိပါဘူး။

အက်ဥ္းသားေတြရဲ႕ မိသားစုေတြ အထိတ္တလန႔္ျဖစ္ေအာင္ Facebook Account ေတြနဲ႔ သတင္းအတုေတြ ျဖန႔္မယ္ဆိုရင္ အမႈဖြင့္ အေရးယူေဆာင္႐ြက္သြားမယ္လို႔ မတ္လ ၂၄ ရက္မွာ အက်ဥ္းဦးစီးဌာနက ထုတ္ျပန္ထားပါတယ္။

အက်ဥ္းဦးစီးဌာနလက္ေအာက္မွာရွိတဲ့ အက်ဥ္းေထာင္နဲ႔ အက်ဥ္းစခန္းေတြမွာ ကို႐ိုနာေရာဂါ သံသယရွိသူ ၿပီးခဲ့တဲ့ မတ္လ ၂၄ ရက္ေန႔အထိ မေတြ႕ေသးဘူးလို႔လည္း ေျပာထားပါတယ္။

RFA Burmese
https://www.rfa.org/burmese/news/hrw-urge-prisoner-release-04042020075324.html
--------------
(Unicode)⤵⤵⤵
ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု ကာကွယ်ဖို့ အကျဉ်းသား လျှော့ချရေး HRW တိုက်တွန်း

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ရေး အကျဉ်းထောင်တွေထဲက အကျဉ်းသားဦးရေ လျှော့ချပေးဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံးလွှတ်ပေးဖို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။

ကမ္ဘာ့ကပ်ရောဂါ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေး မြန်မာအစိုးရအနေနဲ့ အကျဉ်းသားအရေ အတွက် လျှော့ချပေးဖို့ အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေနဲ့ မတရားဖမ်းဆီးခံထားရသူတွေကို ချက်ချင်း လွှတ်ပေးဖို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။

လူ့အခွင့်အရေးဆိုင်ရာ အာရှဒါရိုက်တာ ဘရက် အဒမ်က အကျဉ်းထောင်တွေမှာ သတ်မှတ်လူဦးရေထက် များပြားနေပြီး မြန်မာအစိုးရအနေနဲ့ အသက်အရွယ်ကြီးပြီး ကျန်းမာရေး မကောင်းသူတွေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ အပါအဝင် မတရားဖမ်းဆီးခံထားရသူတွေကို အမြန်ဆုံးပြန်လွှတ်ပေးသင့်တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ အကျဉ်းထောင် ၆၀ ကျော်နဲ့ အလုပ်ကြမ်းစခန်း ၅၀ လောက်ရှိပြီး အကျဉ်းသား ၉၂၀၀၀ ကျော်ရှိတယ်လို့ HRW ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အကျဉ်းထောင်တွေအတွင်း ဖမ်းဆီးခံထားရတဲ့ အချုပ်သားတွေထဲက အာမခံပေးနိုင်သူတွေကို အာမခံပေးဖို့နဲ့ အမိန့်ချပြီးသူတွေထဲက လူ့အဖွဲ့အစည်းကို အန္တရာယ်မပေးနိုင်တဲ့သူတွေကို လွှတ်ပေးဖို့ နိုင်ငံတော် သမ္မတရုံးကို နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က စာပေးပို့ တောင်းဆိုထားပါတယ်။

ဒီတောင်းဆိုမှုတွေဟာ လက်ရှိလိုအပ်တဲ့ အချက်ဖြစ်သလို အကျဉ်းသားတွေ လျှော့ချပြီး အခုကတည်းက ကြိုတင်ပြင်ဆင်ဖို့ အကြံပြုထားပေမယ့် သက်ဆိုင်ရာဝန်ရှိသူတွေဘက်က လက်ရှိအချိန်အထိ အကောင်အထည်ဖော်တာ မတွေ့ရသေးဘူးလို့ AAPP ရဲ့ တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်က RFA ကို ပြောပါတယ်။

“ဒီတောင်းဆိုမှုက အလတ်တလော လိုအပ်တဲ့ လိုအပ်ချက်လည်း ဖြစ်ပါတယ်။ အခုချိန်မှာ လူ့အဖွဲ့အစည်း အတွက် အန္တရာယ်နည်းတဲ့ အကျဉ်းသားတွေကို လွှတ်ကို လွှတ်ပေးသင့်တယ်။ COVID – 19 က အကျဉ်းထောင် တွေထဲမှာရှိနေတဲ့ အကျဉ်းသားတွေလည်း လွတ်မှာမဟုတ်ဘူး။ အခုကတည်းက ကြိုတင်ပြင်ဆင်ဖို့လိုတယ်။ ပထမအဆင့်အနေနဲ့ အကျဉ်းသားဦးရေကို လျှော့ချဖို့လိုတယ်။ အဲဒီလို လျှော့ချလိုက်မှ အကျဉ်းထောင်ထဲမှာ လူးစာလွင့်တာဖြစ်လာမယ်။ အဲဒီတော့မှ ကြိုတင်ကာကွယ်ရေးကိစ္စတွေကို စနစ်တကျ ပိုလုပ်လာနိုင်မယ်။ ဒါတွေကို ကျွန်တော်တို့ အကြံပြုနေတာ ကြာပါပြီ။ ဒါကို အစိုးရနဲ့ ပြည်ထဲရေးဘက်က အခုအချိန်အထိ အကောင်အထည်ဖော်တာ မတွေ့ရသေးဘူး”

ပြီးခဲ့တဲ့ မတ်လလယ်လောက်က နိုင်ငံတော် သမ္မတရုံးကို AAPP က ထောင်တွင်းလူဦးရေ လျှော့ချဖို့ အကြံပြုစာ ပေးပို့ထားပြီး သမ္မတရုံးက စာလက်ခံရရှိကြောင်း အကြောင်းပြန်လိုက်ပေမယ့် ရှေ့ဆက်လုပ်ဆောင်မယ့် အခြေအနေတွေကို မသိရသေးဘူးလို့ ပြောပါတယ်။

AAPP ရဲ့ စာရင်းတွေအရ နိုင်ငံရေးအကျဉ်းသား ၆၀၀ ကျော်ရှိပြီး ထောင်ကျပြီးသား နိုင်ငံရေးအကျဉ်းသား ၇၀ ကျော်၊ ထောင်ထဲကနေ အမှုရင်ဆိုင်နေရသူ ၁၄၀ လောက်နဲ့ အပြင်ကနေ အမှုရင်ဆိုင်နေရသူတွေဖြစ်တယ်လို့ ဦးဘိုကြည်က ပြောပါတယ်။

ထောင်ထဲမှာရှိတဲ့နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ရောဂါပိုးကူးစက်ခံရတယ်ဆိုရင် သူတို့ရဲ့ လူ့အခွင့်အရေးဟာ ပိုပြီးဆုံးရှုံးမှုဖြစ်တဲ့အတွက် နိုင်ငံရေးအကျဉ်းသားတွေကို ချက်ချင်းလွှတ်ပေးဖို့ လိုအပ်ပြီး အကျဉ်းထောင်တွေ ကိုလည်း ရောဂါပိုးမကူးစက်အောင် စီမံခန့်ခွဲဖို့ လိုအပ်တယ်လို့ Fortify Rights အဖွဲ့က ကိုနစ်ကီဒိုင်းမွန်းက ပြောပါတယ်။

“သူတို့က နီးနီးကပ်ကပ်နေရအတွက်ကြောင့် ကိုဗစ်ကာလမှာ ထောင်ထဲကို ဒီဗိုင်းရပ်စ်ရောက်သွားရင် အကျဉ်းသားတွေ အကုန်လုံး ဒုက္ခရောက်မယ်။ ပြီးရင် နိုင်ငံရေးအကျဉ်းသားတွေက မတရားဖမ်းဆီး ထောင်ချခံထားရတာဖြစ်တဲ့အတွက် ရောဂါပိုးကူးစက်ခံရရင် သူတို့ရဲ့ လူ့အခွင့်အရေးဟာ ပိုပြီးတော့ ဆုံးရှုံးတာမျိုးတွေ ဖြစ်မယ်ပေါ့။ ဒါ့ကြောင့် အစိုးရအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ချက်ချင်းလွှတ်ပေးဖို့ လိုအပ်တယ်။ ပြီးတော့ အကျဉ်းထောင်တွေလည်း ရောဂါမကူးစက်အောင် စီမံခန့်ခွဲဖို့ လိုပါတယ်”

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်ကတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုဟာ အကျဉ်းထောင်တွေမှာ ပိုပြီးလွယ်ကူတာကြောင့် ကြိုတင်ကာကွယ်တဲ့အနေနဲ့ လွှတ်ပေးသင့်တဲ့ အကျဉ်းသားတွေကို အမြန်ဆုံးလွှတ်ပေးသင့်တယ်လို့ ပြောပါတယ်။

“COVID – 19 ဗိုင်းရပ်စ် အချိန်မရွေးကူးစက်နိုင်မှုဟာ အကျဉ်းထောင်တွေထဲမှာ ပိုပြီးတော့ လွယ်ကူပါတယ်။ ကြီးကြီးမားမား ဆုံးရှုံးမှုတွေ မဖြစ်သေးခင်မှာ ကာကွယ်တားဆီးတဲ့အနေနဲ့ လွှတ်ပေးသင့် လွှတ်ပေးထိုက်တဲ့ အကျဉ်းသားတွေကို အမြန်ဆုံးလွှတ်ပေးသင့်တယ်လို့ မြင်ပါတယ်”

အစိုးရအနေနဲ့ ဝန်ထုတ်ဝန်ပိုး ကြီးကြီးမားမား ထမ်းရွက်နေရတဲ့အခြေအနေမှာ ထောင်အတွင်းမှာ ဗိုင်းရပ်စ် ဝင်လာတာနဲ့ ထိန်းမနိုင်သိမ်းမနိုင်ဖြစ်နိုင်တာကြောင့် လာမယ့် မြန်မာနှစ်ဆန်းတစ်ရက်နေ့တို့ စောင့်မနေဘဲ လွှတ်ပေးသင့်သူတွေကို အမြန်ဆုံးလွှတ်ပေးသင့်တယ်လို့လည်း ဦးထွန်းကြည်က ပြောပါတယ်။

HRW က နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ဖို့နဲ့ အကျဉ်းသားဦးရေ လျောချဖို့ တိုက်တွန်းတောင်းဆိုတာနဲ့ ပတ်သက်ပြီး အကျဉ်းဦးစီးဌာနက ပြောရေးဆိုခွင့်ရှိသူ ဒုတိယညွှန်ကြားရေးမှူး ဦးရဲရင့်နိုင်ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

အကျဉ်းသားတွေရဲ့ မိသားစုတွေ အထိတ်တလန့်ဖြစ်အောင် Facebook Account တွေနဲ့ သတင်းအတုတွေ ဖြန့်မယ်ဆိုရင် အမှုဖွင့် အရေးယူဆောင်ရွက်သွားမယ်လို့ မတ်လ ၂၄ ရက်မှာ အကျဉ်းဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

အကျဉ်းဦးစီးဌာနလက်အောက်မှာရှိတဲ့ အကျဉ်းထောင်နဲ့ အကျဉ်းစခန်းတွေမှာ ကိုရိုနာရောဂါ သံသယရှိသူ ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်နေ့အထိ မတွေ့သေးဘူးလို့လည်း ပြောထားပါတယ်။

RFA Burmese
https://www.rfa.org/burmese/news/hrw-urge-prisoner-release-04042020075324.html
ဗိုင္းရပ္စ္ ကူးစက္ျပန႔္ပြားမႈ ကာကြယ္ဖို႔ အက်ဥ္းသား ေလွ်ာ့ခ်ေရး HRW တိုက္တြန္း ဗိုင္းရပ္စ္ ကူးစက္ျပန႔္ပြားမႈ ကာကြယ္ဖို႔ အက်ဥ္းသား ေလွ်ာ့ခ်ေရး HRW တိုက္တြန္း Reviewed by THITHTOOLWIN on 19:20 Rating: 5
Powered by Blogger.