လုပ္သားေတြအတြက္ EU ကူညီေငြ အမွန္လိုအပ္သူေတြရေအာင္လုပ္ဖို႔ တိုက္တြန္း

ရန္ကုန္ၿမိဳ႕ အထည္ခ်ဳပ္စက္ရံုတခုတြင္ အလုပ္လုပ္ေနၾကေသာ ၀န္ထမ္းတခ်ိဳ႕ (ႏို၀င္ဘာ ၀၁၊ ၂၀၁၈)
(Zawgyi/Unicode)

ျမန္မာျပည္တြင္း စက္႐ုံလုပ္သားေတြကို ေပးမယ့္ ဥေရာပသမဂၢ EU ရဲ႕ ေငြေၾကးအေထာက္အပံ့က အမွန္တကယ္ လိုအပ္သူေတြဆီ ေရာက္ဖို႔ဆိုရင္ အစိုးရထိန္းေၾကာင္းမႈေအာက္ကေန သြားသင့္တယ္လို႔ အလုပ္သမားသမဂၢေတြက ေျပာပါတယ္။ COVID-19 ေၾကာင့္ နစ္နာသြားတဲ့ စက္႐ုံေတြက အလုပ္သမားေတြကို က်ပ္ေငြ ၈ ဘီလီယံနီးပါး ေထာက္ပံ့မယ္လို႔ ဥေရာပသမဂၢက ဒီရက္ပိုင္းေၾကညာအၿပီး အလုပ္သမားအဖြဲ႕ေတြက အခုလို ေျပာလိုက္တာပါ။ ဒီအေၾကာင္း ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က စံုစမ္းေမးျမန္း သတင္းေပးပို႔ထားပါတယ္။

ယူ႐ိုေငြ ၅ သန္း၊ ျမန္မာက်ပ္ေငြနဲ႔ ၈ ဘီလီယံနီးပါးရွိတဲ့ ဒီေထာက္ပံ့ေငြကို ျပည္တြင္းအရပ္ဘက္ လူမႈအဖြဲ႕အစည္းေတြ၊ အလုပ္သမားသမဂၢေတြနဲ႔ နီးနီးကပ္ကပ္ ညႇိႏႈိင္းေဆာင္႐ြက္သြားမယ္လို႔ ဥေရာပသမဂၢက သူ႔ရဲ႕ ထုတ္ျပန္ခ်က္မွာ ေရးသားခဲ့တာပါ။ လုပ္ငန္းရွင္အသင္းအဖဲြ႔ေတြ၊ ကုန္ထုတ္လုပ္ငန္းပိုင္ရွင္ေတြနဲ႔လည္း ညိွႏိႈင္းေဆာင္ရြက္သြားမယ္လို႔ ဆိုထားပါတယ္။

အခုျပည္တြင္းမွာ ယာယီနဲ႔ အၿပီး ပိတ္သိမ္းလိုက္တဲ့ စက္႐ုံက ၈၀ နီးပါးရွိပါတယ္။ အမ်ားစုက အထည္ခ်ဳပ္လုပ္ငန္းေတြပါ။ ဝန္ထမ္းေပါင္း ၂၅,၀၀၀ ေက်ာ္ အလုပ္လက္မဲ့ ျဖစ္သြားတယ္လို႔ အီးယူထုတ္ျပန္ခ်က္မွာ ေရးသားထားေပမဲ့ အမွန္တကယ္နစ္နာတဲ့ စာရင္းအတိအက်ရဖို႔ အစိုးရဦးေဆာင္မႈေအာက္ကေန သြားသင့္ေၾကာင္း အလုပ္သမားသမဂၢေတြက ေျပာပါတယ္။

“အလုပ္လက္မဲ့ျဖစ္သြားသူေတြ က်န္ခဲ့မွာကို က်ေနာ့္ အေနနဲ႔က အမ်ားႀကီး စိုးရိမ္မႈရွိပါတယ္။ သူတို႔အခု ေထာက္ပံ့မယ့္အလႉေငြ က်ေနာ္တို႔က ထိထိေရာက္ေရာက္ ျဖစ္ေစခ်င္တယ္။ အားလုံးတေျပးညီ ေပးဖို႔ဆိုရင္ အလုပ္သမား အဖြဲ႕ခ်ဳပ္ေတြနဲ႔တင္ မလုံေလာက္ဘူး၊ က်န္တဲ့ အလုပ္သမားအေရး ေဆာင္႐ြက္ၾကတဲ့ အဖြဲ႕အစည္းေတြ အကုန္လုံးနဲ႔ ပါဝင္ေဆာင္႐ြက္ဖို႔လိုတယ္။ ေနာက္ၿပီး အဓိကေတာ့ Focal အေနနဲ႔ကေတာ့ အလုပ္သမား ဝန္ႀကီးဌာနကေနတဆင့္ သြားတာကပဲ ပိုၿပီးေကာင္းမယ္လို႔ ျမင္ပါတယ္ခင္ဗ်။”

စက္မႈလက္မႈ အလုပ္သမား သမဂၢအဖြဲ႕ခ်ဳပ္ MICS က ဦးသက္ႏွင္းေအာင္ ေျပာသြားတာပါ။ အလုပ္လက္မဲ့ျဖစ္သြားတဲ့ သမဂၢအဖြဲ႕ဝင္ေတြကိုပဲ နစ္နာေၾကးေပးမယ္ဆိုရင္လည္း တရားမွ်တမႈရွိလာမွာ မဟုတ္ဘူးလို႔ သူကေျပာပါတယ္။

EU က သူ႔ရဲ႕ေထာက္ပံ့ေငြ ယူ႐ို ၅ သန္းကို ျမန္ျမန္ဆန္ဆန္ေပးႏိုင္ေအာင္ Wave Money ေငြလႊဲစနစ္ကေန အလုပ္သမားေတြကို ေပးသြားမယ္လို႔ ေျပာပါတယ္။ အလုပ္အကိုင္ဆုံးရႈံးသြားသူနဲ႔ အိမ္ကေန အတင္းအၾကပ္ အဖယ္ခံရၿပီး ဒုကၡေရာက္ေနတဲ့ အလုပ္သမား တေယာက္စီကို တလ က်ပ္ေငြ ၇၅,၀၀၀၊ တဘက္သတ္စာခ်ဳပ္အဖ်က္ခံရတဲ့ အလုပ္သမားေတြအတြက္ တလ ၁၂၅,၀၀၀ က်ပ္နဲ႔ တျခားအေသးစား အလတ္စားလုပ္ငန္းေတြက အလုပ္သမားေတြကို ေထာက္ပံ့ဖို႔ EU က စီစဥ္ထားပါတယ္။

“အခုအခ်ိန္အထိေတာ့ အဆင့္ဆင့္ဆိုတဲ့ process ကို က်မတို႔ မသိေသးဘူး။ ဘယ္လိုပုံစံနဲ႔သူတို႔ေပးမွာလဲ။ သမဂၢ မဖြဲ႕ႏိုင္တဲ့ စက္႐ုံေတြမွာလည္း အလုပ္ျပဳတ္သြားတဲ့ ကေလးေတြ အမ်ားႀကီးရွိတယ္၊ ဒီစာရင္းေတြကို ဘယ္လိုလုပ္မွာလဲေပါ့။ အခု EU ကေန ေထာက္ပံ့မယ္ဆိုတဲ့အခါက်ေတာ့ အရမ္းပဲဝမ္းသာတယ္။ တကယ္အလုပ္လက္မဲ့ ျဖစ္သြားတဲ့ကေလးေတြ အခုလက္ရွိ ဒုကၡေတြေရာက္ေနတဲ့ အလုပ္သမားေတြအတြက္ကို အတတ္ႏိုင္ဆုံး ပံ့ပိုးကူညီမႈေတြကို ပူးေပါင္းေဆာင္႐ြက္သင့္တယ္လို႔ က်မျမင္တယ္။”

အလုပ္သမားအေရး ကူညီေပးေနတဲ႔ Future Light Center က ေဒၚသက္သက္ေအာင္ေျပာသြားတာပါ။

နည္းလမ္းတခုအရဆိုရင္ CTUM, MICS, STUM ဒီလို အလုပ္သမားသမဂၢ ၁၄ ဖြဲ႕ေလာက္ စုေပါင္းထားတဲ့ COVID-19 အေရးေပၚတုံ႔ျပန္ေရးအဖြဲ႕နဲ႔ အစိုးရ ပူးေပါင္း လုပ္သင့္တယ္လို႔ ေဒၚသက္သက္ေအာင္က ေျပာပါတယ္။

ျမန္မာ့ အထည္ခ်ဳပ္ထုတ္ကုန္ ၇၀ ရာခုိင္ႏႈန္းဟာ ဥေရာပသမဂၢ အီးယူကို တင္ပို႔ေပးေနတာျဖစ္ၿပီး၊ ဒီအထည္ခ်ဳပ္နဲ႔ ဖိနပ္လုပ္ငန္းေတြကေန အလုပ္ေနရာ ၇၀၀,၀၀၀ ေလာက္ ေပးထားတာလည္း ျဖစ္ပါတယ္။ ျမန္မာ့အထည္ခ်ဳပ္လုပ္ငန္းက အလုပ္သမားေတြနဲ႔ ေသြးစည္းရပ္တည္တဲ့အေနနဲ႔ ဒီေထာက္ပံ့ေငြေပးတဲ့အစီအစဥ္ကို လုပ္ေဆာင္ရတာလို႔ EU က သူ႔ရဲ႕ ထုတ္ျပန္ခ်က္မွာ ေရးသားထားပါတယ္။

ေဇာ္ထက္  / ဗြီအိုေအ (ျမန္မာပုိင္း)
-------------------------------------------------
[Unicode Version]

လုပ်သားတွေအတွက် EU ကူညီငွေ အမှန်လိုအပ်သူတွေရအောင်လုပ်ဖို့ တိုက်တွန်း

မြန်မာပြည်တွင်း စက်ရုံလုပ်သားတွေကို ပေးမယ့် ဥရောပသမဂ္ဂ EU ရဲ့ ငွေကြေးအထောက်အပံ့က အမှန်တကယ် လိုအပ်သူတွေဆီ ရောက်ဖို့ဆိုရင် အစိုးရထိန်းကြောင်းမှုအောက်ကနေ သွားသင့်တယ်လို့ အလုပ်သမားသမဂ္ဂတွေက ပြောပါတယ်။ COVID-19 ကြောင့် နစ်နာသွားတဲ့ စက်ရုံတွေက အလုပ်သမားတွေကို ကျပ်ငွေ ၈ ဘီလီယံနီးပါး ထောက်ပံ့မယ်လို့ ဥရောပသမဂ္ဂက ဒီရက်ပိုင်းကြေညာအပြီး အလုပ်သမားအဖွဲ့တွေက အခုလို ပြောလိုက်တာပါ။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က စုံစမ်းမေးမြန်း သတင်းပေးပို့ထားပါတယ်။

ယူရိုငွေ ၅ သန်း၊ မြန်မာကျပ်ငွေနဲ့ ၈ ဘီလီယံနီးပါးရှိတဲ့ ဒီထောက်ပံ့ငွေကို ပြည်တွင်းအရပ်ဘက် လူမှုအဖွဲ့အစည်းတွေ၊ အလုပ်သမားသမဂ္ဂတွေနဲ့ နီးနီးကပ်ကပ် ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ဥရောပသမဂ္ဂက သူ့ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားခဲ့တာပါ။ လုပ်ငန်းရှင်အသင်းအဖွဲ့တွေ၊ ကုန်ထုတ်လုပ်ငန်းပိုင်ရှင်တွေနဲ့လည်း ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ဆိုထားပါတယ်။

အခုပြည်တွင်းမှာ ယာယီနဲ့ အပြီး ပိတ်သိမ်းလိုက်တဲ့ စက်ရုံက ၈၀ နီးပါးရှိပါတယ်။ အများစုက အထည်ချုပ်လုပ်ငန်းတွေပါ။ ဝန်ထမ်းပေါင်း ၂၅,၀၀၀ ကျော် အလုပ်လက်မဲ့ ဖြစ်သွားတယ်လို့ အီးယူထုတ်ပြန်ချက်မှာ ရေးသားထားပေမဲ့ အမှန်တကယ်နစ်နာတဲ့ စာရင်းအတိအကျရဖို့ အစိုးရဦးဆောင်မှုအောက်ကနေ သွားသင့်ကြောင်း အလုပ်သမားသမဂ္ဂတွေက ပြောပါတယ်။

“အလုပ်လက်မဲ့ဖြစ်သွားသူတွေ ကျန်ခဲ့မှာကို ကျနော့် အနေနဲ့က အများကြီး စိုးရိမ်မှုရှိပါတယ်။ သူတို့အခု ထောက်ပံ့မယ့်အလှူငွေ ကျနော်တို့က ထိထိရောက်ရောက် ဖြစ်စေချင်တယ်။ အားလုံးတပြေးညီ ပေးဖို့ဆိုရင် အလုပ်သမား အဖွဲ့ချုပ်တွေနဲ့တင် မလုံလောက်ဘူး၊ ကျန်တဲ့ အလုပ်သမားအရေး ဆောင်ရွက်ကြတဲ့ အဖွဲ့အစည်းတွေ အကုန်လုံးနဲ့ ပါဝင်ဆောင်ရွက်ဖို့လိုတယ်။ နောက်ပြီး အဓိကတော့ Focal အနေနဲ့ကတော့ အလုပ်သမား ဝန်ကြီးဌာနကနေတဆင့် သွားတာကပဲ ပိုပြီးကောင်းမယ်လို့ မြင်ပါတယ်ခင်ဗျ။”

စက်မှုလက်မှု အလုပ်သမား သမဂ္ဂအဖွဲ့ချုပ် MICS က ဦးသက်နှင်းအောင် ပြောသွားတာပါ။ အလုပ်လက်မဲ့ဖြစ်သွားတဲ့ သမဂ္ဂအဖွဲ့ဝင်တွေကိုပဲ နစ်နာကြေးပေးမယ်ဆိုရင်လည်း တရားမျှတမှုရှိလာမှာ မဟုတ်ဘူးလို့ သူကပြောပါတယ်။

EU က သူ့ရဲ့ထောက်ပံ့ငွေ ယူရို ၅ သန်းကို မြန်မြန်ဆန်ဆန်ပေးနိုင်အောင် Wave Money ငွေလွှဲစနစ်ကနေ အလုပ်သမားတွေကို ပေးသွားမယ်လို့ ပြောပါတယ်။ အလုပ်အကိုင်ဆုံးရှုံးသွားသူနဲ့ အိမ်ကနေ အတင်းအကြပ် အဖယ်ခံရပြီး ဒုက္ခရောက်နေတဲ့ အလုပ်သမား တယောက်စီကို တလ ကျပ်ငွေ ၇၅,၀၀၀၊ တဘက်သတ်စာချုပ်အဖျက်ခံရတဲ့ အလုပ်သမားတွေအတွက် တလ ၁၂၅,၀၀၀ ကျပ်နဲ့ တခြားအသေးစား အလတ်စားလုပ်ငန်းတွေက အလုပ်သမားတွေကို ထောက်ပံ့ဖို့ EU က စီစဉ်ထားပါတယ်။

“အခုအချိန်အထိတော့ အဆင့်ဆင့်ဆိုတဲ့ process ကို ကျမတို့ မသိသေးဘူး။ ဘယ်လိုပုံစံနဲ့သူတို့ပေးမှာလဲ။ သမဂ္ဂ မဖွဲ့နိုင်တဲ့ စက်ရုံတွေမှာလည်း အလုပ်ပြုတ်သွားတဲ့ ကလေးတွေ အများကြီးရှိတယ်၊ ဒီစာရင်းတွေကို ဘယ်လိုလုပ်မှာလဲပေါ့။ အခု EU ကနေ ထောက်ပံ့မယ်ဆိုတဲ့အခါကျတော့ အရမ်းပဲဝမ်းသာတယ်။ တကယ်အလုပ်လက်မဲ့ ဖြစ်သွားတဲ့ကလေးတွေ အခုလက်ရှိ ဒုက္ခတွေရောက်နေတဲ့ အလုပ်သမားတွေအတွက်ကို အတတ်နိုင်ဆုံး ပံ့ပိုးကူညီမှုတွေကို ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ ကျမမြင်တယ်။”

အလုပ်သမားအရေး ကူညီပေးနေတဲ့ Future Light Center က ဒေါ်သက်သက်အောင်ပြောသွားတာပါ။

နည်းလမ်းတခုအရဆိုရင် CTUM, MICS, STUM ဒီလို အလုပ်သမားသမဂ္ဂ ၁၄ ဖွဲ့လောက် စုပေါင်းထားတဲ့ COVID-19 အရေးပေါ်တုံ့ပြန်ရေးအဖွဲ့နဲ့ အစိုးရ ပူးပေါင်း လုပ်သင့်တယ်လို့ ဒေါ်သက်သက်အောင်က ပြောပါတယ်။

မြန်မာ့ အထည်ချုပ်ထုတ်ကုန် ၇၀ ရာခိုင်နှုန်းဟာ ဥရောပသမဂ္ဂ အီးယူကို တင်ပို့ပေးနေတာဖြစ်ပြီး၊ ဒီအထည်ချုပ်နဲ့ ဖိနပ်လုပ်ငန်းတွေကနေ အလုပ်နေရာ ၇၀၀,၀၀၀ လောက် ပေးထားတာလည်း ဖြစ်ပါတယ်။ မြန်မာ့အထည်ချုပ်လုပ်ငန်းက အလုပ်သမားတွေနဲ့ သွေးစည်းရပ်တည်တဲ့အနေနဲ့ ဒီထောက်ပံ့ငွေပေးတဲ့အစီအစဉ်ကို လုပ်ဆောင်ရတာလို့ EU က သူ့ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဇော်ထက်  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/eu-fund-for-mm-worker/5367210.html
လုပ္သားေတြအတြက္ EU ကူညီေငြ အမွန္လိုအပ္သူေတြရေအာင္လုပ္ဖို႔ တိုက္တြန္း လုပ္သားေတြအတြက္ EU ကူညီေငြ အမွန္လိုအပ္သူေတြရေအာင္လုပ္ဖို႔ တိုက္တြန္း Reviewed by THITHTOOLWIN on 22:48 Rating: 5
Powered by Blogger.