အလုပ္လက္မဲ့ ျမန္မာအထည္ခ်ဳပ္လုပ္သားေတြ EU ကူညီေငြေပးမယ္

လိႈင္သာယာအထည္ခ်ဳပ္စက္ရံုက အလုပ္သမားမ်ား (မတ္ ၁၀၊ ၂၀၁၀)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ COVID-19 ကပ္ေရာဂါေၾကာင့္ အလုပ္လက္မဲ့ျဖစ္ေနၾကတဲ့ အထည္ခ်ဳပ္လုပ္ငန္းေတြက အလုပ္သမားေတြအတြက္ EU ဥေရာပသမဂၢက Wave Money ကတစ္ဆင့္ ေထာက္ပံ့ကူညီသြားမယ္လုိ႔ ျမန္မာႏိုင္ငံဆိုင္ရာ ဥေရာပသမဂၢ႐ံုးက ေၾကညာခ်က္ထုတ္ျပန္ပါတယ္။ ျမန္ကူလို႔ဆိုတဲ့ “Quick Assistance” ရန္ပုံေငြ ယူ႐ို ၅,၀၀၀,၀၀၀၊ က်ပ္ေငြ ၇.၉ ဘီလ်ံကို အေထာက္အပံ့ ၃ မ်ဳိးေပးသြားမွာျဖစ္ပါတယ္။

ပထမတမ်ဳိးက အလုပ္အကိုင္ဆုံးရႈံးသြားသူ ဒါမွမဟုတ္ ေနအိမ္ေတြကေန အတင္းအဓမၼဖယ္ရွားခံရသူ အလုပ္သမား ၃၀,၀၀၀ ကေန ၈၀,၀၀၀ အထိကို တစ္လကေန သုံးလအထိ လစဥ္ ပ်မ္းမွ် က်ပ္ ၇၅,၀၀၀ ေလာက္္အထိ ေငြသားလႊဲေပးမွာ ျဖစ္ပါတယ္။

ဒုတိယတမ်ဳိးက တရားမဝင္ စာခ်ဳပ္ဖ်က္သိမ္းခံရတဲ့ အလုပ္သမားေတြအတြက္ တစ္လကိုက်ပ္ ၁ သိန္း ၂ ေသာင္းခဲြအထိ ေငြးသား လႊဲေပးမွာျဖစ္ပါတယ္။

တတိယ တမ်ဳိးက အလုပ္သမားေတြကို အလုပ္ဆက္ခန္႔ထားၿပီး ေငြသားျဖစ္ေစ၊ ေနထိုင္ စားေသာက္ဖို႔ တျခားေထာက္ပံ့မႈေတြ ဆက္ေပးသြားဖုိ႔ သေဘာတူထားတဲ့ အေသးစားနဲ႔ အလတ္စား စီးပြားေရးလုပ္ငန္းေတြက အလုပ္သမားေတြကုိ Wave Money ကတဆင့္ ေငြသားလႊဲေပးသြားမယ္လို႔ ျမန္မာႏိုင္ငံဆိုင္ရာ EU ႐ံုးထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။

ျမန္မာႏိုင္ငံက ကုန္ထုတ္လုပ္မႈ စံခ်ိန္စံႏႈန္း၊ လူမႈေရး၊ သဘာဝပတ္ဝန္းက်င္နဲ႔ ေကာ္ပိုရိတ္တာဝန္ယူမႈ ျမင့္တက္ေစေရး ကူညီေနတဲ့ SMART အစီအစဥ္ကေန ျမန္ကူ ရန္ပုံေငြေတြကို စီမံခန႔္ခြဲေပးသြားမွာျဖစ္တယ္လို႔လည္း ေဖာ္ျပထားပါတယ္။

SMART အစီအစဥ္က ဘယ္အလုပ္သမားေတြကို ေထာက္ပံ့ ကူညီမလဲလို႔ ေ႐ြးခ်ယ္တဲ့ေနရာမွာ ျပည္တြင္းအရပ္ဖက္လူမႈအဖြဲ႕အစည္းေတြ၊ အလုပ္သမားသမဂၢေတြနဲ႔ အနီးကပ္ေဆာင္႐ြက္သြားမွာျဖစ္သလို လုပ္ငန္းပိုင္႐ွင္ေတြ၊ လုပ္ငန္းအသင္းအဖဲြ႔ေတြ၊ အစိုးရမိတ္ဖက္ ကြန္ယက္ေတြနဲ႔ ၫွိႏႈိင္းေဆာင္႐ြက္သြားမယ္လို႔ ေၾကညာခ်က္မွာ ေရးထားပါတယ္။

ျမန္မာႏိုင္ငံမွာ မတ္လကုန္အထိ စက္႐ံုေပါင္း ၄၀ ေက်ာ္က ဝန္ထမ္း ၂၅,၀၀၀ ေလာက္ အလုပ္လက္မဲ့ျဖစ္ခဲ့ၾကရၿပီး လက္႐ွိမွာ အဝတ္အထည္လုပ္ငန္းက႑က ဝန္ထမ္းစုစုေပါင္း ၇၀၀,၀၀၀ ထဲက ခန္႔မွန္းေျခ ၃၅၀,၀၀၀ ေလာက္ လစာမဲ့ခြင့္ေပးခံရတာ အလုပ္အကိုင္ဆံုး႐ံႈးတာေတြနဲ႔ ႀကံဳေတြ႔ႏုိင္ရေျခ႐ွိတယ္လို႔လည္း ျမန္မာႏိုင္ငံဆိုင္ရာ ဥေရာပသမဂၢ႐ံုးက ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

[Unicode Version]

အလုပ်လက်မဲ့ မြန်မာအထည်ချုပ်လုပ်သားတွေ EU ကူညီငွေပေးမယ်

မြန်မာနိုင်ငံမှာ COVID-19 ကပ်ရောဂါကြောင့် အလုပ်လက်မဲ့ဖြစ်နေကြတဲ့ အထည်ချုပ်လုပ်ငန်းတွေက အလုပ်သမားတွေအတွက် EU ဥရောပသမဂ္ဂက Wave Money ကတစ်ဆင့် ထောက်ပံ့ကူညီသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂရုံးက ကြေညာချက်ထုတ်ပြန်ပါတယ်။ မြန်ကူလို့ဆိုတဲ့ “Quick Assistance” ရန်ပုံငွေ ယူရို ၅,၀၀၀,၀၀၀၊ ကျပ်ငွေ ၇.၉ ဘီလျံကို အထောက်အပံ့ ၃ မျိုးပေးသွားမှာဖြစ်ပါတယ်။

ပထမတမျိုးက အလုပ်အကိုင်ဆုံးရှုံးသွားသူ ဒါမှမဟုတ် နေအိမ်တွေကနေ အတင်းအဓမ္မဖယ်ရှားခံရသူ အလုပ်သမား ၃၀,၀၀၀ ကနေ ၈၀,၀၀၀ အထိကို တစ်လကနေ သုံးလအထိ လစဉ် ပျမ်းမျှ ကျပ် ၇၅,၀၀၀ လောက်အထိ ငွေသားလွှဲပေးမှာ ဖြစ်ပါတယ်။

ဒုတိယတမျိုးက တရားမဝင် စာချုပ်ဖျက်သိမ်းခံရတဲ့ အလုပ်သမားတွေအတွက် တစ်လကိုကျပ် ၁ သိန်း ၂ သောင်းခွဲအထိ ငွေးသား လွှဲပေးမှာဖြစ်ပါတယ်။

တတိယ တမျိုးက အလုပ်သမားတွေကို အလုပ်ဆက်ခန့်ထားပြီး ငွေသားဖြစ်စေ၊ နေထိုင် စားသောက်ဖို့ တခြားထောက်ပံ့မှုတွေ ဆက်ပေးသွားဖို့ သဘောတူထားတဲ့ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေက အလုပ်သမားတွေကို Wave Money ကတဆင့် ငွေသားလွှဲပေးသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ EU ရုံးထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

မြန်မာနိုင်ငံက ကုန်ထုတ်လုပ်မှု စံချိန်စံနှုန်း၊ လူမှုရေး၊ သဘာဝပတ်ဝန်းကျင်နဲ့ ကော်ပိုရိတ်တာဝန်ယူမှု မြင့်တက်စေရေး ကူညီနေတဲ့ SMART အစီအစဉ်ကနေ မြန်ကူ ရန်ပုံငွေတွေကို စီမံခန့်ခွဲပေးသွားမှာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

SMART အစီအစဉ်က ဘယ်အလုပ်သမားတွေကို ထောက်ပံ့ ကူညီမလဲလို့ ရွေးချယ်တဲ့နေရာမှာ ပြည်တွင်းအရပ်ဖက်လူမှုအဖွဲ့အစည်းတွေ၊ အလုပ်သမားသမဂ္ဂတွေနဲ့ အနီးကပ်ဆောင်ရွက်သွားမှာဖြစ်သလို လုပ်ငန်းပိုင်ရှင်တွေ၊ လုပ်ငန်းအသင်းအဖွဲ့တွေ၊ အစိုးရမိတ်ဖက် ကွန်ယက်တွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ကြေညာချက်မှာ ရေးထားပါတယ်။

မြန်မာနိုင်ငံမှာ မတ်လကုန်အထိ စက်ရုံပေါင်း ၄၀ ကျော်က ဝန်ထမ်း ၂၅,၀၀၀ လောက် အလုပ်လက်မဲ့ဖြစ်ခဲ့ကြရပြီး လက်ရှိမှာ အဝတ်အထည်လုပ်ငန်းကဏ္ဍက ဝန်ထမ်းစုစုပေါင်း ၇၀၀,၀၀၀ ထဲက ခန့်မှန်းခြေ ၃၅၀,၀၀၀ လောက် လစာမဲ့ခွင့်ပေးခံရတာ အလုပ်အကိုင်ဆုံးရှုံးတာတွေနဲ့ ကြုံတွေ့နိုင်ရခြေရှိတယ်လို့လည်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂရုံးက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

VOA (Burmese)
https://burmese.voanews.com/a/covid-u-aid/5365692.html
အလုပ္လက္မဲ့ ျမန္မာအထည္ခ်ဳပ္လုပ္သားေတြ EU ကူညီေငြေပးမယ္ အလုပ္လက္မဲ့ ျမန္မာအထည္ခ်ဳပ္လုပ္သားေတြ EU ကူညီေငြေပးမယ္ Reviewed by THITHTOOLWIN on 19:29 Rating: 5
Powered by Blogger.