COVID သီးျခားေစာင့္ၾကည့္ေနရာမ်ားအတြက္ MFF ပါဝင္ကူညီ


(Zawgyi/Unicode)

ကမာၻတ၀ွမ္း ကိုရိုနာဗုိင္းရပ္စ္ကူးစက္မႈေတြကို ကမာၻ႔ႏုိင္ငံအသီးသီးနဲ႔ နုိင္ငံတကာအဖဲဲြ႔အစည္းအသီးသီးက ကာကြယ္တုိက္ဖ်က္ေနၾကတာမွာ FIFA ကမာၻ႔ေဘာလုံးအဖဲြ႔ခ်ဳပ္ နဲ႔ အတူ ျမန္မာႏုိင္ငံေဘာလုံးအဖဲြ႔ခ်ဳပ္လည္း ပါ၀င္လုပ္ေဆာင္ေနတယ္လို႔ FIFA က ဒီကေန႔ သတင္းထုတ္ျပန္လိုက္ပါတယ္။

ျမန္မာေဘာလုံးအဖဲြ႔ခ်ဳပ္ ဥကၠ႒ ဦးေဇာ္ေဇာ္ဟာ ျမန္မာအစိုးရ က်န္းမာေရးနဲ႔အားကစား၀န္ႀကီး ေဒါက္တာျမင့္ေထြးတုိ႔ ေတြ႔ဆုံ ေဆြးေႏြးခဲ့ၾကၿပီး အမ်ိဳးသားေဘာလုံးအကယ္ဒမီ၊ သု၀ဏၰအမ်ိဳးသားေလ့က်င့္ေရးစခန္း နဲ႔ လက္ေရြးစင္အသင္းကစားသမားေတြရဲ႕ အေဆာင္ေတြကို ျပည္ပကေန ျမန္မာႏုိင္ငံကို ျပန္လာတဲ့သူေတြကို သီးသန္႔ခဲြၿပီး ေစာင့္ၾကည့္စစ္ေဆးတဲ့ေနရာေတြအျဖစ္ အသုံးျပဳဖို႔လုပ္ေဆာင္ခဲ့ၾကတယ္လို႔ ကမာၻ႔ေဘာလုံးအဖဲြ႔ခ်ဳပ္ ရဲ႕သတင္းထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။

ဒါ့အျပင္ အဲဒီေနရာေတြမွာ သီးသန္႔ခဲြၿပီး ေစာင့္ၾကည့္စစ္ေဆးခံရသူေတြကိုလည္း ျမန္မာႏုိင္ငံေဘာလုံးအဖဲြ႔ခ်ဳပ္ဘက္က အစားအစာနဲ႔ တယ္လီဖုန္းဆင္းမ္ကတ္ေတြ ေပးသြားမွာျဖစ္သလို သူ႔တုိကိုေစာင့္ေရွာက္ကုသေပးေနတဲ့ က်န္းမာေရး၀န္ထမ္းေတြကိုလည္း အစားအစာနဲ႔ ကုန္က်စရိတ္ေတြ ေပးသြားမွာျဖစ္တယ္ဆုိၿပီး ေျပာထားပါတယ္။

ဒါ့အျပင္ ကိုရိုနာဗုိင္းရပ္စ္ ကာကြယ္ထိန္းခ်ဳပ္ေရအတြက္ ကမာၻ႔ေဘာလုံးအဖဲြ႔ခ်ဳပ္နဲ႔ ကမာၻ႔က်န္းမာေရးအဖဲြ႔ခ်ဳပ္ WHO တုိ႔က သတ္မွတ္ထားတဲ့ လုပ္ေဆာင္ခ်က္ေတြအညီ ျမန္မာႏုိင္ငံေဘာလုံးအဖဲြ႔ခ်ဳပ္ကလည္း ပရိသတ္ေတြကို ဗုိင္းရပ္စ္ကာကြယ္ေရး ပညာေပးမႈေတြ လုပ္သြားမွာျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။

ျမန္မာေဘာလုံးအဖဲြ႔ခ်ဳပ္ဥကၠ႒ ဦေဇာ္ေဇာ္ရဲ႕ ဧရာ၀တီေဖာင္ေဒးရွင္းက COVID-19 ကူးစက္ေရာဂါတုိက္ဖ်က္ေရးအတြက္ ေ၀ဘာဂီေဆးရုံနဲ႔ ရန္ကင္းကေလးေဆး႐ုံေတြကို သိန္း ၁,၀၀၀ လွဴဒါန္းထားတယ္လို႔လည္း ဖီဖာရဲ႕သတင္းထုတ္ျပန္ခ်က္ထဲမွာ ေျပာထားပါတယ္ခင္ဗ်ာ။

ဗြီအိုေအ (ျမန္မာပုိင္း)
-----------------------------------------------------------
[Unicode Version]

COVID သီးခြားစောင့်ကြည့်နေရာများအတွက် MFF ပါဝင်ကူညီ

ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေကို ကမ္ဘာ့နိုင်ငံအသီးသီးနဲ့ နိုင်ငံတကာအဖဲွဲ့အစည်းအသီးသီးက ကာကွယ်တိုက်ဖျက်နေကြတာမှာ FIFA ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် နဲ့ အတူ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်လည်း ပါဝင်လုပ်ဆောင်နေတယ်လို့ FIFA က ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

မြန်မာဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်ဟာ မြန်မာအစိုးရ ကျန်းမာရေးနဲ့အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးတို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး အမျိုးသားဘောလုံးအကယ်ဒမီ၊ သုဝဏ္ဏအမျိုးသားလေ့ကျင့်ရေးစခန်း နဲ့ လက်ရွေးစင်အသင်းကစားသမားတွေရဲ့ အဆောင်တွေကို ပြည်ပကနေ မြန်မာနိုင်ငံကို ပြန်လာတဲ့သူတွေကို သီးသန့်ခွဲပြီး စောင့်ကြည့်စစ်ဆေးတဲ့နေရာတွေအဖြစ် အသုံးပြုဖို့လုပ်ဆောင်ခဲ့ကြတယ်လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ရဲ့သတင်းထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ဒါ့အပြင် အဲဒီနေရာတွေမှာ သီးသန့်ခွဲပြီး စောင့်ကြည့်စစ်ဆေးခံရသူတွေကိုလည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဘက်က အစားအစာနဲ့ တယ်လီဖုန်းဆင်းမ်ကတ်တွေ ပေးသွားမှာဖြစ်သလို သူ့တိုကိုစောင့်ရှောက်ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကိုလည်း အစားအစာနဲ့ ကုန်ကျစရိတ်တွေ ပေးသွားမှာဖြစ်တယ်ဆိုပြီး ပြောထားပါတယ်။

ဒါ့အပြင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေအတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် WHO တို့က သတ်မှတ်ထားတဲ့ လုပ်ဆောင်ချက်တွေအညီ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကလည်း ပရိသတ်တွေကို ဗိုင်းရပ်စ်ကာကွယ်ရေး ပညာပေးမှုတွေ လုပ်သွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

မြန်မာဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦဇော်ဇော်ရဲ့ ဧရာဝတီဖောင်ဒေးရှင်းက COVID-19 ကူးစက်ရောဂါတိုက်ဖျက်ရေးအတွက် ဝေဘာဂီဆေးရုံနဲ့ ရန်ကင်းကလေးဆေးရုံတွေကို သိန်း ၁,၀၀၀ လှူဒါန်းထားတယ်လို့လည်း ဖီဖာရဲ့သတင်းထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်ခင်ဗျာ။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/covid-fifa-federation-myanmar/5356984.html
COVID သီးျခားေစာင့္ၾကည့္ေနရာမ်ားအတြက္ MFF ပါဝင္ကူညီ COVID သီးျခားေစာင့္ၾကည့္ေနရာမ်ားအတြက္ MFF ပါဝင္ကူညီ Reviewed by THITHTOOLWIN on 22:13 Rating: 5
Powered by Blogger.