COVID-19 ေရာဂါေၾကာင့္ နယူးေယာက္က ျမန္မာ-အေမရိကန္တဦး ကြယ္လြန္

COVID-19 အႏၲရာယ္ကာကြယ္ရန္ ႏွာေခါင္းစည္း အကာမ်ား တပ္ဆင္ထားၾကသည့္ နယူးေယာက္ ေျမေအာက္ရထားစီး ခရီးသည္မ်ား။ ဧၿပီ ၇၊ ၂၀၂၀။
(Zawgyi/Unicode)

အေမရိကန္ျပည္ေထာင္စု နယူးေယာက္ၿမိဳ႕က ျမန္မာ-အေမရိကန္တဦး COVID-19 ေရာဂါနဲ႔ ဧၿပီလ ၈ ရက္၊ ဗုဒၶဟူးေန႔က ကြယ္လြန္သြားတဲ့အေၾကာင္း သူ႔ရဲ႕ ေဆြမ်ဳိးသားခ်င္းတဦးက ဗီြအိုေအကို အတည္ျပဳ ေျပာဆိုပါတယ္။

"ဟုတ္ပါတယ္ခင္ဗ်၊ မေန႔က ဗုဒၶဟူးေန႔ မနက္အေစာႀကီး အ႐ုဏ္ထင္ပါတယ္၊ ၁ နာရီမွာ ဆံုးသြားတယ္ခင္ဗ်။ အသက္ ၆၈ ႏွစ္။ မျဖစ္ခင္ကေတာ့ သူ ေခ်ာင္းဆိုးတဲ့ေရာဂါေတာ့ နည္းနည္းရွိတယ္။ ႀကီးႀကီးမားမား ဘာဆိုဘာမွမရွိဘူး။ က်ေနာ္ သိရသေလာက္ေျပာရရင္ သူ မျဖစ္ခင္ သံုး ေလးရက္ေလာက္က ေမာတယ္။ ေမာၿပီး ေခ်ာင္းဆိုးတယ္။ သူ ဆရာဝန္ သြားျပမယ္ေျပာၿပီးေတာ့၊ သူက တေယာက္ထဲ ေနတယ္၊ ေနမေကာင္းဘူးဆိုေတာ့ ကိုယ့္ဟာာကိုယ္ တကၠဆီငွားၿပီးေတာ့ ေဆး႐ံု သူကိုယ္တို္င္သြားတယ္။ ၃ ရက္ေန႔မနက္ ၉ နာရီေလာက္ကသြားတယ္။ ၃ ရက္၊ ၄ ရက္၊ ၅ ရက္၊ သူ႔ရဲ႕ Family Doctor က က်ေနာ္တို႔နဲ႔ ဆရာဝန္တူတူပဲ၊ ေအာက္ဆီဂ်င္ နည္းနည္းက်တဲ့အေၾကာင္း ေျပာျပလို႔ သိတယ္။”

"ဒီတိုင္းပဲေနရင္းနဲ႔ ေအာက္ဆီဂ်င္လယ္ဗယ္ ေတာ္ေတာ္ျပန္တက္လာတယ္၊ တက္လာေတာ့ ေတာ္ေတာ္ေလးေကာင္းၿပီဆိုၿပီး က်ေနာ္တို႔ကလည္း စိတ္ခ်ၿပီး ေဆး႐ံုမွာပဲ သူဆက္ေနတယ္။ ဆက္ေနၿပီးေတာ့ မထင္ဘဲနဲ႔ ည ၁၀ နာရီေလာက္မွာ သူက နည္းနည္းေလး စေဖာက္တယ္၊ ေဖာက္ၿပီးေတာ့ ၁၁ နာရီခြဲ ၁၂ နာရီေလာက္မွာ Ventilator (အသက္႐ႈစက္) တင္လိုက္တယ္ ထင္တာပဲ။ အဲဒါကေန ၁ နာရီခြဲေလာက္မွာ ဆံုးသြားတယ္။"

COVID-19 ေရာဂါေၾကာင့္ နယူးေယာက္ၿမိဳ႕မွာ ဗုဒၶဟူးေန႔ကကြယ္လြန္သြားသူ ျမန္မာ-အေမရိကန္တဦး ရဲ႕ ေဆြမ်ဳိးသားခ်င္းက ေျပာသြားတာပါ။

ေသဆုံးသြားသူဟာ နယူးေယာက္ၿမိဳ႕ Queens အရပ္မွ ေနထိုင္သူျဖစ္ၿပီး JFK ႏုိင္ငံတကာေလဆိပ္မွာ အလုပ္လုပ္ေနသူ တဦးျဖစ္ပါတယ္။ အေမရိကန္ျပည္ေထာင္စုမွာ ေနထုိင္တာ ၾကာၿပီျဖစ္ေပမဲ့ နယူးေယာက္ၿမိဳ႕မွာ ေျပာင္း ေရႊ႕ေနထိုင္တာကေတာ့ ၇ ႏွစ္ေလာက္ပဲ ရွိပါေသးတယ္။ သူ႔ရဲ႕မိသားစုကေတာ့ ျမန္မာႏုိင္ငံမွာ ရွိေနတာပါ။ နယူးေယာက္ၿမိဳ႕မွာ ဆူရွီအစားအေသာက္လုပ္ငန္း လုပ္ကိုင္သူ တဦးနဲ႔ သြားဆရာ၀န္တဦး အပါအ၀င္ COVID-19 ေရာဂါနဲ႔ ေသဆံုးသူ ၇ ဦးရွိတဲ့အေၾကာင္း နယူးေယာက္ ျမန္မာအသိုင္းအ၀ိုင္းက ေျပာပါတယ္။ လက္ရွိမွာ ဖ်ားနာေနသူေတြ၊ ေနအိမ္မွာ သီးျခားခြဲေနသူေတြ ရွိေနတယ္လို႔လည္း သိရပါတယ္။

ၾကာသပေတးေန႔လည္ပိုင္းအထိဆိုရင္ နယူးေယာက္ျပည္နယ္မွာ ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္ခံထားရသူေပါင္း ၁၅၀,၀၀၀ ေက်ာ္ရွိၿပီး နယူးေယာက္ၿမိဳ႕ တၿမိဳ႕ထဲမွာတင္ ၈၁,၀၀၀ ေက်ာ္ရွိပါတယ္။ နယူးေယာက္ျပည္နယ္အေနနဲ႔ဆိုရင္ ေသဆံုးသူေပါင္း ၇,၀၀၀ ေက်ာ္ရွိေနၿပီျဖစ္ပါတယ္။

အေမရိကန္ တႏုိင္ငံလံုးမွာေတာ့ ေရာဂါပိုး ကူးစက္ထားသူ ၄ သိန္းခြဲေက်ာ္၊ ေသဆံုးသူက ၁၆၀၀၀ ေက်ာ္ ရွိေနပါတယ္။

ေက်ာ္ေက်ာ္သိန္း  / ဗြီအိုေအ (ျမန္မာပုိင္း)
-------------------------------------------------------------

(Unicode)

COVID-19 ရောဂါကြောင့် နယူးယောက်က မြန်မာ-အမေရိကန်တဦး ကွယ်လွန်

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့က မြန်မာ-အမေရိကန်တဦး COVID-19 ရောဂါနဲ့ ဧပြီလ ၈ ရက်၊ ဗုဒ္ဓဟူးနေ့က ကွယ်လွန်သွားတဲ့အကြောင်း သူ့ရဲ့ ဆွေမျိုးသားချင်းတဦးက ဗွီအိုအေကို အတည်ပြု ပြောဆိုပါတယ်။

"ဟုတ်ပါတယ်ခင်ဗျ၊ မနေ့က ဗုဒ္ဓဟူးနေ့ မနက်အစောကြီး အရုဏ်ထင်ပါတယ်၊ ၁ နာရီမှာ ဆုံးသွားတယ်ခင်ဗျ။ အသက် ၆၈ နှစ်။ မဖြစ်ခင်ကတော့ သူ ချောင်းဆိုးတဲ့ရောဂါတော့ နည်းနည်းရှိတယ်။ ကြီးကြီးမားမား ဘာဆိုဘာမှမရှိဘူး။ ကျနော် သိရသလောက်ပြောရရင် သူ မဖြစ်ခင် သုံး လေးရက်လောက်က မောတယ်။ မောပြီး ချောင်းဆိုးတယ်။ သူ ဆရာဝန် သွားပြမယ်ပြောပြီးတော့၊ သူက တယောက်ထဲ နေတယ်၊ နေမကောင်းဘူးဆိုတော့ ကိုယ့်ဟာာကိုယ် တက္ကဆီငှားပြီးတော့ ဆေးရုံ သူကိုယ်တိုင်သွားတယ်။ ၃ ရက်နေ့မနက် ၉ နာရီလောက်ကသွားတယ်။ ၃ ရက်၊ ၄ ရက်၊ ၅ ရက်၊ သူ့ရဲ့ Family Doctor က ကျနော်တို့နဲ့ ဆရာဝန်တူတူပဲ၊ အောက်ဆီဂျင် နည်းနည်းကျတဲ့အကြောင်း ပြောပြလို့ သိတယ်။”

"ဒီတိုင်းပဲနေရင်းနဲ့ အောက်ဆီဂျင်လယ်ဗယ် တော်တော်ပြန်တက်လာတယ်၊ တက်လာတော့ တော်တော်လေးကောင်းပြီဆိုပြီး ကျနော်တို့ကလည်း စိတ်ချပြီး ဆေးရုံမှာပဲ သူဆက်နေတယ်။ ဆက်နေပြီးတော့ မထင်ဘဲနဲ့ ည ၁၀ နာရီလောက်မှာ သူက နည်းနည်းလေး စဖောက်တယ်၊ ဖောက်ပြီးတော့ ၁၁ နာရီခွဲ ၁၂ နာရီလောက်မှာ Ventilator (အသက်ရှုစက်) တင်လိုက်တယ် ထင်တာပဲ။ အဲဒါကနေ ၁ နာရီခွဲလောက်မှာ ဆုံးသွားတယ်။"

COVID-19 ရောဂါကြောင့် နယူးယောက်မြို့မှာ ဗုဒ္ဓဟူးနေ့ကကွယ်လွန်သွားသူ မြန်မာ-အမေရိကန်တဦး ရဲ့ ဆွေမျိုးသားချင်းက ပြောသွားတာပါ။

သေဆုံးသွားသူဟာ နယူးယောက်မြို့ Queens အရပ်မှ နေထိုင်သူဖြစ်ပြီး JFK နိုင်ငံတကာလေဆိပ်မှာ အလုပ်လုပ်နေသူ တဦးဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်တာ ကြာပြီဖြစ်ပေမဲ့ နယူးယောက်မြို့မှာ ပြောင်း ရွှေ့နေထိုင်တာကတော့ ၇ နှစ်လောက်ပဲ ရှိပါသေးတယ်။ သူ့ရဲ့မိသားစုကတော့ မြန်မာနိုင်ငံမှာ ရှိနေတာပါ။ နယူးယောက်မြို့မှာ ဆူရှီအစားအသောက်လုပ်ငန်း လုပ်ကိုင်သူ တဦးနဲ့ သွားဆရာဝန်တဦး အပါအဝင် COVID-19 ရောဂါနဲ့ သေဆုံးသူ ၇ ဦးရှိတဲ့အကြောင်း နယူးယောက် မြန်မာအသိုင်းအဝိုင်းက ပြောပါတယ်။ လက်ရှိမှာ ဖျားနာနေသူတွေ၊ နေအိမ်မှာ သီးခြားခွဲနေသူတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

ကြာသပတေးနေ့လည်ပိုင်းအထိဆိုရင် နယူးယောက်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူပေါင်း ၁၅၀,၀၀၀ ကျော်ရှိပြီး နယူးယောက်မြို့ တမြို့ထဲမှာတင် ၈၁,၀၀၀ ကျော်ရှိပါတယ်။ နယူးယောက်ပြည်နယ်အနေနဲ့ဆိုရင် သေဆုံးသူပေါင်း ၇,၀၀၀ ကျော်ရှိနေပြီဖြစ်ပါတယ်။

အမေရိကန် တနိုင်ငံလုံးမှာတော့ ရောဂါပိုး ကူးစက်ထားသူ ၄ သိန်းခွဲကျော်၊ သေဆုံးသူက ၁၆၀၀၀ ကျော် ရှိနေပါတယ်။

ကျော်ကျော်သိန်း  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/a-myanmar-american-in-new-york-passed-away-with-covid-19/5366319.html
COVID-19 ေရာဂါေၾကာင့္ နယူးေယာက္က ျမန္မာ-အေမရိကန္တဦး ကြယ္လြန္ COVID-19 ေရာဂါေၾကာင့္ နယူးေယာက္က ျမန္မာ-အေမရိကန္တဦး ကြယ္လြန္ Reviewed by THITHTOOLWIN on 10:39 Rating: 5
Powered by Blogger.