ျမန္မာမွာ COVID-19 ကူးစက္သူ ၆၃ ဦးရွိ

ရန္ကုန္မွာ ပိုးသတ္ေဆးျဖန္းေနတဲ့ ေစတနာ့ ၀န္ထမ္း ႏွစ္ဦး (ဧၿပီ ၁၄၊ ၂၀၂၀)
(Zawgyi/Unicode)

ျမန္မာႏုိင္ငံမွာ COVID-19 ေရာဂါ ကူးစက္သူ ေနာက္ထပ္တစ္ဦး ထပ္တိုးလာတဲ့အတြက္ အဂၤါေန႔ညဘက္ ထိဆိုရင္ ကူးစက္ခံရသူ စုစုေပါင္း ၆၃ ဦး ရွိသြားၿပီျဖစ္ပါတယ္။

အခုေနာက္ဆံုး ကို႐ိုနာဗိုင္းရပ္စ္ပိုး စစ္ေဆးေတြ႔ရွိသူဟာ ၂၄ ေယာက္ေျမာက္ ဗိုင္းရပ္စ္ပိုးကူးစက္သူနဲ႔ ထိေတြ႔မႈရွိခဲ့သူ ရန္ကုန္တိုင္း၊ လိႈင္သာယာၿမိဳ႕နယ္က အသက္ ၆၅ ႏွစ္အရြယ္ အမ်ဳိးသားျဖစ္တယ္လုိ႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ အဂၤါေန႔ည ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

လက္ရွိအခ်ိန္ထိေတာ့ သူ႔ကို ေနအိမ္မွာပဲ အသြားအလာကန္႔သတ္ၿပီးေတာ့ ေစာင့္ၾကပ္ၾကည့္႐ႈေနၿပီး သက္ဆိုင္ရာေဆး႐ံုကုိ လႊဲေျပာင္းၿပီးေတာ့ ကုသမႈခံယူေစမယ္လို႔လည္း ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။

အခုေနာက္ဆံုး ဗိုင္းရပ္စ္ပိုးေတြ႔ရွိသူအပါအဝင္ စုစုေပါင္း ၉၁ ေယာက္ကို ပထမအသုတ္ စစ္ေဆးခဲ့တာမွာ က်န္တဲ့လူ အေယာက္ ၉၀ မွာေတာ့ COVID-19 ေရာဂါပိုး မေတြ႔ရဘူးလို႔ ဝန္ႀကီးဌာနကဆိုပါတယ္။

ဗိုင္းရပ္ပိုး ကူးစက္ခံခဲ့ရသူ ၆၃ ဦးထဲမွာ ပိုးကင္းစင္တဲ့အတြက္ ေဆး႐ံုကေန ဆင္းခြင့္ေပးလိုက္ၿပီး တဲ့ေနာက္ ဆက္ေစာင့္ၾကည့္ေနၿပီး အသြားအလာ ကန္႔သတ္၊ တားျမစ္ထားသူ ၂ ဦးရွိၿပီး ေသဆံုးသူကေတာ့ ၄ ဦး ရွိသြားၿပီျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း ေစာင့္ၾကည့္လူနာအသစ္ ၁၂၃ ဦးရွိတယ္လုိ႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဝန္ႀကီးဌာနအေနနဲ႔ COVID-19 ေရာဂါနဲ႔ ပတ္သက္လို႔ ၿပီးခဲ့တဲ့ရက္ပိုင္းေတြက အလ်ဥ္းသင့္သလို သတင္း ထုတ္ျပန္ခဲ့ေပမယ့္ ဧၿပီလ ၁၅ ရက္၊ ဗုဒၶဟူးေန႔ကစၿပီး မနက္ ၉နာရီကေန ၁၀ နာရီၾကားမွာ တစ္ႀကိမ္၊ ည ၈ နာရီကေန ၉ နာရီၾကားမွာတစ္ႀကိမ္ ထုတ္ျပန္သြားမယ္လုိ႔ ဝန္ႀကီးဌာနက အသိေပးထားပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
--------------------------------------------------

[Unicode Version]

မြန်မာမှာ COVID-19 ကူးစက်သူ ၆၃ ဦးရှိ

မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်သူ နောက်ထပ်တစ်ဦး ထပ်တိုးလာတဲ့အတွက် အင်္ဂါနေ့ညဘက် ထိဆိုရင် ကူးစက်ခံရသူ စုစုပေါင်း ၆၃ ဦး ရှိသွားပြီဖြစ်ပါတယ်။

အခုနောက်ဆုံး ကိုရိုနာဗိုင်းရပ်စ်ပိုး စစ်ဆေးတွေ့ရှိသူဟာ ၂၄ ယောက်မြောက် ဗိုင်းရပ်စ်ပိုးကူးစက်သူနဲ့ ထိတွေ့မှုရှိခဲ့သူ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်က အသက် ၆၅ နှစ်အရွယ် အမျိုးသားဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ အင်္ဂါနေ့ည ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိအချိန်ထိတော့ သူ့ကို နေအိမ်မှာပဲ အသွားအလာကန့်သတ်ပြီးတော့ စောင့်ကြပ်ကြည့်ရှုနေပြီး သက်ဆိုင်ရာဆေးရုံကို လွှဲပြောင်းပြီးတော့ ကုသမှုခံယူစေမယ်လို့လည်း ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

အခုနောက်ဆုံး ဗိုင်းရပ်စ်ပိုးတွေ့ရှိသူအပါအဝင် စုစုပေါင်း ၉၁ ယောက်ကို ပထမအသုတ် စစ်ဆေးခဲ့တာမှာ ကျန်တဲ့လူ အယောက် ၉၀ မှာတော့ COVID-19 ရောဂါပိုး မတွေ့ရဘူးလို့ ဝန်ကြီးဌာနကဆိုပါတယ်။

ဗိုင်းရပ်ပိုး ကူးစက်ခံခဲ့ရသူ ၆၃ ဦးထဲမှာ ပိုးကင်းစင်တဲ့အတွက် ဆေးရုံကနေ ဆင်းခွင့်ပေးလိုက်ပြီး တဲ့နောက် ဆက်စောင့်ကြည့်နေပြီး အသွားအလာ ကန့်သတ်၊ တားမြစ်ထားသူ ၂ ဦးရှိပြီး သေဆုံးသူကတော့ ၄ ဦး ရှိသွားပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း စောင့်ကြည့်လူနာအသစ် ၁၂၃ ဦးရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဝန်ကြီးဌာနအနေနဲ့ COVID-19 ရောဂါနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ရက်ပိုင်းတွေက အလျဉ်းသင့်သလို သတင်း ထုတ်ပြန်ခဲ့ပေမယ့် ဧပြီလ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့ကစပြီး မနက် ၉နာရီကနေ ၁၀ နာရီကြားမှာ တစ်ကြိမ်၊ ည ၈ နာရီကနေ ၉ နာရီကြားမှာတစ်ကြိမ် ထုတ်ပြန်သွားမယ်လို့ ဝန်ကြီးဌာနက အသိပေးထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-covid-confirmed-case/5371309.html
ျမန္မာမွာ COVID-19 ကူးစက္သူ ၆၃ ဦးရွိ ျမန္မာမွာ COVID-19 ကူးစက္သူ ၆၃ ဦးရွိ Reviewed by THITHTOOLWIN on 07:48 Rating: 5
Powered by Blogger.