စင္ကာပူမွာ COVID-19 ကူးစက္သူတုိး


(Zawgyi / Unicode)

စင္ကာပူႏိုင္ငံမွာ တနဂၤေႏြေန႔တရက္တည္း COVID-19 ေရာဂါပိုး ကူးစက္သူ ၉၃၁ ဦး ရွိတဲ့အတြက္ စုစုေပါင္း ပိုးကူးစက္ခံထားရသူ ၁၃၀၀၀ ေက်ာ္ရွိပါတယ္။

အသစ္ကူးစက္တဲ့အထဲ အၿမဲတမ္းေနထိုင္သူ ၁၅ ဦးပါဝင္ၿပီး က်န္ေရာဂါကူးစက္သူ အမ်ားစုက ႏိုင္ငံျခားသား အလုပ္သမားေတြ ေနထိုင္တဲ့ အေဆာင္ေတြက ျဖစ္တယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

လူဦးေရ ၅.၇ သန္းပဲရွိတဲ့ စင္ကာပူမွာ အေရွ႕ေတာင္အာရွ ႏုိင္ငံေတြက လာေရာက္အလုပ္လုပ္ကိုင္ေနသူ ၃၀၀,၀၀၀ ေက်ာ္ရွိၿပီး သူတို႔ေတြက အေဆာင္ေတြမွာ စုေဝးေနထိုင္ၾကတာ ျဖစ္ပါတယ္။

ဂ်ပန္ႏိုင္ငံမွာ တနဂၤေႏြေန႔ စာရင္းအရ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္သူ ၇၂ ဦးရွိတဲ့အတြက္ ဒါဟာ ဧၿပီ ၁ ရက္ေန႔ေနာက္ပိုင္း ကူးစက္မႈ အေရအတြက္ အနည္းဆုံးျဖစ္တယ္လို႔ Kyodo သတင္းဌာနက ေဖာ္ျပပါတယ္။

ဂ်ပန္မွာ ပိုးကူးစက္ခံထားရသူ စုစုေပါင္း ၁၃၀၀၀ ေက်ာ္နဲ႔ ေသဆုံးသူ ၃၆၀ ေလာက္ ရွိေနတာပါ။

ဖိလစ္ပိုင္မွာေတာ့ COVID-19 ကူးစက္ခံရသူ ၇၅၀၀ ေက်ာ္နဲ႔ ေသဆုံးသူ ၅၀၀ ေက်ာ္ၿပီလို႔ ဖိလစ္ပိုင္ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ပါတယ္။ ျပန္လည္က်န္းမာလာသူက ၈၆၀ ေက်ာ္ရွိပါတယ္။

တနဂၤေႏြေန႔အထိ စာရင္းအရ မေလးရွားမွာ ေရာဂါကူးစက္ခံထားရသူ ၅၇၀၀ ေက်ာ္နဲ႔ ေသဆုံးသူ ၉၈ ဦးရွိပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ စတင္ျပန္႔ပြားခဲ့တဲ့ တ႐ုတ္ႏိုင္ငံမွာေတာ့ Heilongjiang ျပည္နယ္နဲ႔ Guangdong ျပည္နယ္ေတြမွာ ကူးစက္မႈအသစ္ ၁၁ ဦးေလာက္ရွိတယ္ဆိုေပမယ့္ တနဂၤေႏြေန႔အထိ ၁၁ ရက္ဆက္တိုက္ ေသဆုံးစာရင္း မရွိပါဘူး။

ဗြီအိုေအ (ျမန္မာပုိင္း)
----------------------------

(Unicode)

စင်ကာပူမှာ COVID-19 ကူးစက်သူတိုး

စင်ကာပူနိုင်ငံမှာ တနင်္ဂနွေနေ့တရက်တည်း COVID-19 ရောဂါပိုး ကူးစက်သူ ၉၃၁ ဦး ရှိတဲ့အတွက် စုစုပေါင်း ပိုးကူးစက်ခံထားရသူ ၁၃၀၀၀ ကျော်ရှိပါတယ်။

အသစ်ကူးစက်တဲ့အထဲ အမြဲတမ်းနေထိုင်သူ ၁၅ ဦးပါဝင်ပြီး ကျန်ရောဂါကူးစက်သူ အများစုက နိုင်ငံခြားသား အလုပ်သမားတွေ နေထိုင်တဲ့ အဆောင်တွေက ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

လူဦးရေ ၅.၇ သန်းပဲရှိတဲ့ စင်ကာပူမှာ အရှေ့တောင်အာရှ နိုင်ငံတွေက လာရောက်အလုပ်လုပ်ကိုင်နေသူ ၃၀၀,၀၀၀ ကျော်ရှိပြီး သူတို့တွေက အဆောင်တွေမှာ စုဝေးနေထိုင်ကြတာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ တနင်္ဂနွေနေ့ စာရင်းအရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၇၂ ဦးရှိတဲ့အတွက် ဒါဟာ ဧပြီ ၁ ရက်နေ့နောက်ပိုင်း ကူးစက်မှု အရေအတွက် အနည်းဆုံးဖြစ်တယ်လို့ Kyodo သတင်းဌာနက ဖော်ပြပါတယ်။

ဂျပန်မှာ ပိုးကူးစက်ခံထားရသူ စုစုပေါင်း ၁၃၀၀၀ ကျော်နဲ့ သေဆုံးသူ ၃၆၀ လောက် ရှိနေတာပါ။

ဖိလစ်ပိုင်မှာတော့ COVID-19 ကူးစက်ခံရသူ ၇၅၀၀ ကျော်နဲ့ သေဆုံးသူ ၅၀၀ ကျော်ပြီလို့ ဖိလစ်ပိုင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ပြန်လည်ကျန်းမာလာသူက ၈၆၀ ကျော်ရှိပါတယ်။

တနင်္ဂနွေနေ့အထိ စာရင်းအရ မလေးရှားမှာ ရောဂါကူးစက်ခံထားရသူ ၅၇၀၀ ကျော်နဲ့ သေဆုံးသူ ၉၈ ဦးရှိပါတယ်။

ကိုရိုနာဗိုင်းရပ်စ် စတင်ပြန့်ပွားခဲ့တဲ့ တရုတ်နိုင်ငံမှာတော့ Heilongjiang ပြည်နယ်နဲ့ Guangdong ပြည်နယ်တွေမှာ ကူးစက်မှုအသစ် ၁၁ ဦးလောက်ရှိတယ်ဆိုပေမယ့် တနင်္ဂနွေနေ့အထိ ၁၁ ရက်ဆက်တိုက် သေဆုံးစာရင်း မရှိပါဘူး။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/singapore-covid19/5392664.html
စင္ကာပူမွာ COVID-19 ကူးစက္သူတုိး စင္ကာပူမွာ COVID-19 ကူးစက္သူတုိး Reviewed by THITHTOOLWIN on 22:30 Rating: 5
Powered by Blogger.