ျမန္မာ COVID-19 ကူးစက္သူ ၂ ဦးတိုး၊ ၁၂၃ ဦး ကူးစက္ထား

ရန္ကုန္ၿမိဳ႕ လမ္းတခုတြင္ ပိုးသတ္ေဆးျဖန္းေနတဲ့ ၀တ္စံုျပည့္၀တ္ထားတဲ့ မီးသတ္၀န္ထမ္း တခ်ိဳ႕ (ဧၿပီ ၂၁၊ ၂၀၂၀)
(Zawgyi/Unicode)

ျမန္မာႏုိင္ငံမွာ ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္သူအျဖစ္ ေနာက္ထပ္ ၂ ဦးကုိ အတည္ျပဳလုိက္တဲ့အတြက္ စုစုေပါင္း ၁၂၃ ေယာက္အထိ ရွိသြားပါၿပီ။

အသက္ ၂၈ ႏွစ္အရြယ္ အမ်ဳိးသားနဲ႔ အသက္ ၁၈ ႏွစ္အရြယ္ အမ်ဳိးသမီးတုိ႔ဟာ ျပည္ပႏုိင္ငံေတြကုိ ခရီးသြားဖူးတဲ့ ရာဇ၀င္မရွိေပမဲ့ COVID-19 ေရာဂါရွိေၾကာင္း အတည္ျပဳထားတဲ့ လူနာေတြနဲ႔ ထိေတြ႔မႈရွိခဲ့သူေတြျဖစ္ေၾကာင္းလည္း က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနရဲ႕ ဗုဒၶဟူးေန႔ည ၈ နာရီ သတင္းထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားတာပါ။

ျမန္မာႏုိင္ငံမွာ COVID-19 ေရာဂါေၾကာင့္ ေသဆုံးသူ ၅ ဦး အပါအ၀င္ ေရာဂါပုိးကူးစက္သူအျဖစ္ အတည္ျပဳထားတဲ့သူ ၁၂၃ ေယာက္ ရွိခဲ့ေပမဲ့ ၉ ေယာက္ကေတာ့ ေရာဂါပုိးကင္းစင္တဲ့အတြက္ ေဆး႐ုံက ဆင္းခြင့္ျပဳခဲ့ၿပီး အသြားအလာ ဆက္လက္ကန္႔သတ္ထားေၾကာင္းလည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

က်န္လူနာ ၁၀၉ ေယာက္မွာ ၃ ေယာက္ကုိေတာ့ အထူးၾကတ္မတ္ကုသေပးထားရၿပီး ေစာင့္ၾကည့္လူနာအသစ္ ၁၂၁ ေယာက္ ရွိတယ္လုိ႔လည္း ေျပာပါတယ္။

ျမန္မာႏုိင္ငံမွာ COVID-19 ေရာဂါ ကူးစက္သူအေရအတြက္ တုိးလာေနတာနဲ႔အမွ် ေရာဂါကူးစက္မႈ ရွိ-မရွိ စမ္းသပ္စစ္ေဆးမႈေတြကုိ တုိးျမွင့္သြားဖုိ႔ စီစဥ္ထားေၾကာင္းလည္း က်န္းမာေရး၀န္ႀကီးဌာနက ေျပာဆုိထားတာပါ။
၀တ္စံုျပည့္၀တ္ထားတဲ့ မီးသတ္တပ္ဖဲြ႔၀င္တခ်ိဳ႕ကို ရန္ကုန္ၿမိဳ႕ရွိ လမ္းတခုတြင္ ေတြ႔ရ (ဧၿပီ ၂၁၊ ၂၀၂၀)

လတ္တေလာ ေန႔စဥ္ ဓာတ္ခဲြနမူနာေပါင္း ၃၀၀ ကေန ၄၀၀ ၾကား စစ္ေဆးေပးေနတဲ့ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆုိင္ရာဌာနအျပင္ ေနာက္ထပ္ ၃ ေနရာ တုိးခ်ဲ႕စစ္ေဆးဖုိ႔ ျပင္ဆင္ထားေၾကာင္း က်န္းမာေရး၀န္ႀကီးဌာန ညႊန္ၾကားေရးမွဴး ေဒါက္တာသန္းႏုိင္စုိးက ဗြီအုိေအကုိ ေျပာထားပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
-----------------------------------------

[Unicode Version]

မြန်မာ COVID-19 ကူးစက်သူ ၂ ဦးတိုး၊ ၁၂၃ ဦး ကူးစက်ထား

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူအဖြစ် နောက်ထပ် ၂ ဦးကို အတည်ပြုလိုက်တဲ့အတွက် စုစုပေါင်း ၁၂၃ ယောက်အထိ ရှိသွားပါပြီ။

အသက် ၂၈ နှစ်အရွယ် အမျိုးသားနဲ့ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးတို့ဟာ ပြည်ပနိုင်ငံတွေကို ခရီးသွားဖူးတဲ့ ရာဇဝင်မရှိပေမဲ့ COVID-19 ရောဂါရှိကြောင်း အတည်ပြုထားတဲ့ လူနာတွေနဲ့ ထိတွေ့မှုရှိခဲ့သူတွေဖြစ်ကြောင်းလည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဗုဒ္ဓဟူးနေ့ည ၈ နာရီ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

မြန်မာနိုင်ငံမှာ COVID-19 ရောဂါကြောင့် သေဆုံးသူ ၅ ဦး အပါအဝင် ရောဂါပိုးကူးစက်သူအဖြစ် အတည်ပြုထားတဲ့သူ ၁၂၃ ယောက် ရှိခဲ့ပေမဲ့ ၉ ယောက်ကတော့ ရောဂါပိုးကင်းစင်တဲ့အတွက် ဆေးရုံက ဆင်းခွင့်ပြုခဲ့ပြီး အသွားအလာ ဆက်လက်ကန့်သတ်ထားကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကျန်လူနာ ၁၀၉ ယောက်မှာ ၃ ယောက်ကိုတော့ အထူးကြတ်မတ်ကုသပေးထားရပြီး စောင့်ကြည့်လူနာအသစ် ၁၂၁ ယောက် ရှိတယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်သူအရေအတွက် တိုးလာနေတာနဲ့အမျှ ရောဂါကူးစက်မှု ရှိ-မရှိ စမ်းသပ်စစ်ဆေးမှုတွေကို တိုးမြှင့်သွားဖို့ စီစဉ်ထားကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာနက ပြောဆိုထားတာပါ။

လတ်တလော နေ့စဉ် ဓာတ်ခွဲနမူနာပေါင်း ၃၀၀ ကနေ ၄၀၀ ကြား စစ်ဆေးပေးနေတဲ့ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနအပြင် နောက်ထပ် ၃ နေရာ တိုးချဲ့စစ်ဆေးဖို့ ပြင်ဆင်ထားကြောင်း ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ဗွီအိုအေကို ပြောထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-covid/5385417.html
ျမန္မာ COVID-19 ကူးစက္သူ ၂ ဦးတိုး၊ ၁၂၃ ဦး ကူးစက္ထား ျမန္မာ COVID-19 ကူးစက္သူ ၂ ဦးတိုး၊ ၁၂၃ ဦး ကူးစက္ထား Reviewed by THITHTOOLWIN on 21:05 Rating: 5
Powered by Blogger.