သွ်မ္းျပည္ေျမာက္ပိုင္း တ႐ုတ္နယ္စပ္ မူဆယ္ၿမိဳ႕ တြင္ COVID-19 လူနာ တဦး စတင္ေတြ႕ရွိေၾကာင္း အားကစား ႏွင့္ က်န္းမာေရးဝန္ႀကီးဌာနမွ ယေန႔ ည (၈ ) နာရီက ထုတ္ျပန္ခဲ့သည္။
ယေန႔ ျမန္မာႏိုင္ငံတြင္ COVID-19 လူနာသစ္ ၄ ဦးေတြ႕ရွိခဲ့ၿပီး ထိုထဲတြင္ လူနာအမွတ္ ၁၄၃ သည္ မူဆယ္ၿမိဳ႕ မွလူနာ ျဖစ္ေနေၾကာင္း သိရသည္။
လူနာ အမွတ္ ၁၄၃ သည္ အသက္ ၈၇ ႏွစ္ ရွိသည့္ အမ်ိဳးသမီး ျဖစ္ၿပီး ေရာဂါ ပိုးေတြ႕ရွိသူ ႏွင့္ ထိေတြ႕မႈ မရွိခဲ့ေသာ္လည္း ႏိုင္ငံျခားျပန္ ျဖစ္ေၾကာင္း သိရသည္။
“ဒူဘိုင္းႏိုင္ငံကို သြားလည္လာတာ။ သူတို႔က မူဆယ္ၿမိဳ႕က ေဈးပိုင္း ရပ္ကြက္မွာ ေနတယ္” မူဆယ္ေဒသခံ စိုင္းေအာင္ ကေျပာသည္။
အဆိုပါ လူနာ အမွတ္ ၁၄၃ သည္ ေခ်ာင္းဆိုးၿပီး လည္ေခ်ာင္းနာသျဖင့္ ေဆး႐ုံသို႔ သြားေရာက္စစ္ေဆးခဲ့သည္။ ယခု လူနာ အမွတ္ ၁၄၃ သည္ မူဆယ္ၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံႀကီးတြင္ ေဆးကုသမႈ ခံယူေနေၾကာင္း သိရသည္။
“ႏိုင္ငံျခားကေန ျပန္လာတာလည္း ၁ လေက်ာ္ၿပီလို႔ ၾကားတယ္။ ခုက သူ ေခ်ာင္းဆိုးၿပီး လည္ေခ်ာင္းနာတာနဲ႔ ခ်က္ခ်င္း ေဆး႐ုံကို ေခၚသြားတာ” ဟု စိုင္းေအာင္ ကေျပာသည္။
ျမန္မာႏိုင္ငံတြင္ ပိုးေတြ႕လူနာ စုစုေပါင္း ၁၄၃ ဦးရွိၿပီး သွ်မ္းျပည္နယ္မွာ ၇ ဦး ရွိေၾကာင္း သိရသည္။ အဆိုပါ ၇ ဦးမွာ သွ်မ္းျပည္ေျမာက္ပိုင္း ၂ ဦး သွ်မ္းျပည္ေတာင္ပိုင္း ၂ ဦး ႏွင့္ သွ်မ္းျပည္အေရွ႕ပိုင္း ၃ ဦး ရွိသည္။
နန္းဆိုင္ဖူး - သွ်မ္းသံေတာ္ဆင့္
----------------------------------------
မူဆယ်မြို့ COVID-19 ပိုးတွေ့လူနာ တစ်ဦးရှိလာ
သျှမ်းပြည်မြောက်ပိုင်း တရုတ်နယ်စပ် မူဆယ်မြို့ တွင် COVID-19 လူနာ တဦး စတင်တွေ့ရှိကြောင်း အားကစား နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ယနေ့ ည (၈ ) နာရီက ထုတ်ပြန်ခဲ့သည်။
ယနေ့ မြန်မာနိုင်ငံတွင် COVID-19 လူနာသစ် ၄ ဦးတွေ့ရှိခဲ့ပြီး ထိုထဲတွင် လူနာအမှတ် ၁၄၃ သည် မူဆယ်မြို့ မှလူနာ ဖြစ်နေကြောင်း သိရသည်။
လူနာ အမှတ် ၁၄၃ သည် အသက် ၈၇ နှစ် ရှိသည့် အမျိုးသမီး ဖြစ်ပြီး ရောဂါ ပိုးတွေ့ရှိသူ နှင့် ထိတွေ့မှု မရှိခဲ့သော်လည်း နိုင်ငံခြားပြန် ဖြစ်ကြောင်း သိရသည်။
“ဒူဘိုင်းနိုင်ငံကို သွားလည်လာတာ။ သူတို့က မူဆယ်မြို့က ဈေးပိုင်း ရပ်ကွက်မှာ နေတယ်” မူဆယ်ဒေသခံ စိုင်းအောင် ကပြောသည်။
အဆိုပါ လူနာ အမှတ် ၁၄၃ သည် ချောင်းဆိုးပြီး လည်ချောင်းနာသဖြင့် ဆေးရုံသို့ သွားရောက်စစ်ဆေးခဲ့သည်။ ယခု လူနာ အမှတ် ၁၄၃ သည် မူဆယ်မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။
“နိုင်ငံခြားကနေ ပြန်လာတာလည်း ၁ လကျော်ပြီလို့ ကြားတယ်။ ခုက သူ ချောင်းဆိုးပြီး လည်ချောင်းနာတာနဲ့ ချက်ချင်း ဆေးရုံကို ခေါ်သွားတာ” ဟု စိုင်းအောင် ကပြောသည်။
မြန်မာနိုင်ငံတွင် ပိုးတွေ့လူနာ စုစုပေါင်း ၁၄၃ ဦးရှိပြီး သျှမ်းပြည်နယ်မှာ ၇ ဦး ရှိကြောင်း သိရသည်။ အဆိုပါ ၇ ဦးမှာ သျှမ်းပြည်မြောက်ပိုင်း ၂ ဦး သျှမ်းပြည်တောင်ပိုင်း ၂ ဦး နှင့် သျှမ်းပြည်အရှေ့ပိုင်း ၃ ဦး ရှိသည်။
နန်းဆိုင်ဖူး - သျှမ်းသံတော်ဆင့်
https://burmese.shannews.org/archives/16287
