COVID-19 ေၾကာင့္ အကူအညီလုိသူေတြကုိ လူမႈေရးအဖဲြ႔ေတြ စတင္ကူညီ

COVID-19 ေၾကာင့္ အကူအညီလုိသူေတြကုိ လူမႈေရးအဖဲြ႔ေတြ လိုက္လံ ကူညီေနပံု (သတင္းဓာတ္ပံု - Clean Yangon)
(Zawgyi/Unicode)

COVID-19 ေၾကာင့္ ျမန္မာတႏိုင္ငံလုံး အသြားအလာေတြ ကန႔္သတ္ၿပီး စီးပြားေရးလုပ္ငန္းအမ်ားစု ယာယီရပ္နားထားခ်ိန္ အေျခခံ လက္လုပ္လက္စားေတြရဲ႕ စားဝတ္ေနေရး စိုးရိမ္စရာျဖစ္လာတယ္လို႔ လူမႈကူညီေရး အဖြဲ႔ေတြက ေျပာပါတယ္။ ဒီအေၾကာင္း ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုေဇာ္ထက္က တင္ျပေပးပါမယ္။

သၾကၤန္႐ုံးပိတ္ရက္မွာ ေနအိမ္ျပင္ပ မထြက္ဘဲ အသြားအလာေတြ ကန႔္သတ္ဖို႔ အစိုးရက ႏႈိးေဆာ္ထားၿပီး ဒီကာလအေတာအတြင္း လက္လုပ္လက္စားေတြရဲ႕ စားဝတ္ေနေရးကို COVID ဗဟိုေကာ္မတီ ရန္ပုံေငြနဲ႔ ေထာက္ပံ့ဖို႔ စီစဥ္ေနသလို တျခား အစိုးရမဟုတ္တဲ့ အသင္းအဖြဲ႔ေတြကလည္း ကိုယ့္အစီအစဥ္နဲ႔ ကိုယ္လႉဒါန္းတာေတြ စလုပ္ေနပါတယ္။

ဒီအေတာအတြင္း အလုပ္လက္မဲ့ျဖစ္သြားတဲ့၊ အလုပ္မသြားရတဲ့ အေျခခံလူတန္းစားေတြအတြက္ သတ္မွတ္ခ်က္ေတြ မထားဘဲ လႉဒါန္းေနေၾကာင္း Clean Yangon တာဝန္ခံ ကိုေဇယ်ာထြန္းက ေျပာပါတယ္။
COVID-19 ေၾကာင့္ အကူအညီလုိသူေတြကုိ လူမႈေရးအဖဲြ႔ေတြ ကူညီေနပံု
“အရင္ဦးဆုံး က်ေနာ္တို႔က အေျခခံလူတန္းစား အမ်ားဆုံးရွိတဲ့ လႈိင္သာယာမွာ က်ေနာ္တို႔ ေဝငွျဖစ္တယ္၊ ပန္းလႈိင္တံတားေအာက္တို႔၊ ဘုရင့္ေနာင္တံတား ေအာက္ေတြမွာ အင္မတန္မ်ားတယ္ဗ်။ ေျပာရမယ္ဆိုရင္ က်ဴးေက်ာ္ေတြေပါ့၊ အေျခခံလူတန္းစားေတြေပါ့။ ေနာက္တခုက ေတာင္ဒဂုံ ၿမိဳ႕နယ္ထဲမွာရွိတဲ့ အေျခခံလူတန္းစားေတြ၊ ရတနာလမ္းမေပါ့ အဲေတာက္ေလွ်ာက္ က်ေနာ္တို႔ လိုက္ေဝျဖစ္တယ္။ မနက္ျဖန္လည္း က်ေနာ္တို႔ ထပ္ေဝဖို႔ အစီအစဥ္ရွိပါတယ္။”

အေျခခံလုပ္သားေတြနဲ႔ စုဖြဲ႕ထားတဲ့ H2M ပရဟိတကလည္း အစားအေသာက္လိုအပ္တဲ့ အိမ္ေတြကို ဧၿပီလ ၁ ရက္က စၿပီး ကိုယ္တိုင္သြားေရာက္ လႉဒါန္းတာေတြ လုပ္ေနပါတယ္။

“ကုန္စုံဆိုင္ႀကီးေတြ ဘာေတြ၊ ညာေတြက ဖုန္းေလးတခ်က္သာ ဆက္လိုက္ပါ ပစၥည္းေစ်းႏႈန္း မတင္ပါဘူး အိမ္အေရာက္ဝန္ေဆာင္မႈ ေပးပါမယ္ဆိုေတာ့ ပိုက္ဆံရွိတဲ့သူက မွာစားလို႔ရတယ္ေလ။ ပိုက္ဆံမရွိတဲ့သူက ဘယ္လိုစားမလဲ။ ေစ်းေတြကလည္း ပိတ္တယ္၊ စက္႐ုံေတြကလည္း ပိတ္တယ္၊ အလုပ္႐ုံေတြလည္း ပိတ္တယ္၊ construction site ေတြကလည္းရပ္တယ္။ အခက္အခဲျဖစ္ေတာ့ တခ်ိဳ႕လူေတြက က်ေနာ္တို႔ကို ဆက္သြယ္လာတဲ့ အခါက်ေတာ့ က်ေနာ္တို႔က တရက္ကို မိသားစု ၃၀ စာေလာက္ ေန႔စဥ္အိမ္အေရာက္ ပစၥည္း delivery လိုက္ပို႔ေပးတာေပါ့။”

H2M ပရဟိတအဖြဲ႕တာဝန္ခံ ကိုညီညီေျပာျပသြားတာပါ။

ကုန္သည္အသင္းခ်ဳပ္ကေတာ့ အေျခခံလူတန္းစားေတြအတြက္ အစားအေသာက္ေထာက္ပံ့ဖို႔ က်ပ္သိန္း ၁,၅၀၀ မတည္ၿပီး လႉဒါန္းသြားမယ့္ အစီအစဥ္ကို ဒီေန႔စတင္လိုက္ပါတယ္။

“နဂိုကတည္းက စီးပြားေရးေတြက အတိုင္းအတာတခုအထိ ထိခိုက္ေနၿပီ၊ အဲဒီေတာ့ က်ေနာ္တို႔ အေျခခံလူတန္းစား ဘာပဲျဖစ္ျဖစ္ စားဝတ္ေနေရးက အခက္အခဲေတြ ရွိလာၿပီ။ အဲဒီလို အေနအထားမ်ိဳးမွာ သၾကၤန္ပိတ္တယ္၊ Quarantine ေရာ လုပ္မယ္ဆိုရင္ ျပည္သူေတြက အေတာ္ေလးခက္ခဲမွာ။ အဲဒီအတြက္ က်ေနာ္တို႔က အသင္းခ်ဳပ္က ရံပုံေငြစၿပီး မတည္မယ္၊ ၿပီးရင္ အေျခခံလိုအပ္ခ်က္ျဖစ္တဲ့ ဆန္၊ ဆီ၊ ဆား ဝယ္မယ္။ ဝယ္ၿပီး သက္ဆိုင္ရာ တိုင္းေဒသႀကီး အစိုးရအဖြဲ႕ေတြနဲ႔ ညႇိႏႈိင္းၿပီး ရပ္ကြက္အလိုက္ ျဖန႔္မယ္ဆိုတဲ့ ဟာမ်ိဳးေတြ စီစဥ္ထားပါတယ္။”

ကုန္သည္စက္မႈအသင္း အေထြေထြအတြင္းေရးမႉးခ်ဳပ္ ဦးေအးဝင္း ေျပာသြားတာပါ။ ကုန္ေစ်းႏႈန္း ထိန္းညႇိႏိုင္ေအာင္ စက္မႈဇုံေတြရွိတဲ့ လႈိင္သာယာ၊ ေ႐ႊျပည္သာ၊ ဒဂုံအေရွ႕ပိုင္း ေတာင္ပိုင္းၿမိဳ႕နယ္ေတြမွာ အေျခခံစားေသာက္ကုန္ေတြကို လက္ကားေစ်းနဲ႔ ေရာင္းခ်တာကိုလည္း လုပ္ေနေၾကာင္း သူက ေျပာပါတယ္။

ႏိုင္ငံေတာ္အတိုင္ပင္ခံေဒၚေအာင္ဆန္းစုၾကည္ကလည္း လက္လုပ္လက္စားေတြရဲ႕ စားဝတ္ေနေရးအတြက္ COVID ဗဟိုေကာ္မတီရံပုံေငြနဲ႔ ေထာက္ပံ့ေပးဖို႔ ရွိၿပီး ဒီေကာ္မတီ ရန္ပုံေငြအတြက္ လႉဒါန္းၾကဖို႔လည္း သူ႔ရဲ႕ Facebook စာမ်က္ႏွာကေန ေမတၱာရပ္ခံထားပါတယ္။

 ေဇာ္ထက္  / ဗြီအိုေအ (ျမန္မာပုိင္း)
------------------------------------------------

COVID-19 ကြောင့် အကူအညီလိုသူတွေကို လူမှုရေးအဖွဲ့တွေ စတင်ကူညီ

(Unicode)

COVID-19 ကြောင့် မြန်မာတနိုင်ငံလုံး အသွားအလာတွေ ကန့်သတ်ပြီး စီးပွားရေးလုပ်ငန်းအများစု ယာယီရပ်နားထားချိန် အခြေခံ လက်လုပ်လက်စားတွေရဲ့ စားဝတ်နေရေး စိုးရိမ်စရာဖြစ်လာတယ်လို့ လူမှုကူညီရေး အဖွဲ့တွေက ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က တင်ပြပေးပါမယ်။

သင်္ကြန်ရုံးပိတ်ရက်မှာ နေအိမ်ပြင်ပ မထွက်ဘဲ အသွားအလာတွေ ကန့်သတ်ဖို့ အစိုးရက နှိုးဆော်ထားပြီး ဒီကာလအတောအတွင်း လက်လုပ်လက်စားတွေရဲ့ စားဝတ်နေရေးကို COVID ဗဟိုကော်မတီ ရန်ပုံငွေနဲ့ ထောက်ပံ့ဖို့ စီစဉ်နေသလို တခြား အစိုးရမဟုတ်တဲ့ အသင်းအဖွဲ့တွေကလည်း ကိုယ့်အစီအစဉ်နဲ့ ကိုယ်လှူဒါန်းတာတွေ စလုပ်နေပါတယ်။

ဒီအတောအတွင်း အလုပ်လက်မဲ့ဖြစ်သွားတဲ့၊ အလုပ်မသွားရတဲ့ အခြေခံလူတန်းစားတွေအတွက် သတ်မှတ်ချက်တွေ မထားဘဲ လှူဒါန်းနေကြောင်း Clean Yangon တာဝန်ခံ ကိုဇေယျာထွန်းက ပြောပါတယ်။

“အရင်ဦးဆုံး ကျနော်တို့က အခြေခံလူတန်းစား အများဆုံးရှိတဲ့ လှိုင်သာယာမှာ ကျနော်တို့ ဝေငှဖြစ်တယ်၊ ပန်းလှိုင်တံတားအောက်တို့၊ ဘုရင့်နောင်တံတား အောက်တွေမှာ အင်မတန်များတယ်ဗျ။ ပြောရမယ်ဆိုရင် ကျူးကျော်တွေပေါ့၊ အခြေခံလူတန်းစားတွေပေါ့။ နောက်တခုက တောင်ဒဂုံ မြို့နယ်ထဲမှာရှိတဲ့ အခြေခံလူတန်းစားတွေ၊ ရတနာလမ်းမပေါ့ အဲတောက်လျှောက် ကျနော်တို့ လိုက်ဝေဖြစ်တယ်။ မနက်ဖြန်လည်း ကျနော်တို့ ထပ်ဝေဖို့ အစီအစဉ်ရှိပါတယ်။”

အခြေခံလုပ်သားတွေနဲ့ စုဖွဲ့ထားတဲ့ H2M ပရဟိတကလည်း အစားအသောက်လိုအပ်တဲ့ အိမ်တွေကို ဧပြီလ ၁ ရက်က စပြီး ကိုယ်တိုင်သွားရောက် လှူဒါန်းတာတွေ လုပ်နေပါတယ်။

“ကုန်စုံဆိုင်ကြီးတွေ ဘာတွေ၊ ညာတွေက ဖုန်းလေးတချက်သာ ဆက်လိုက်ပါ ပစ္စည်းဈေးနှုန်း မတင်ပါဘူး အိမ်အရောက်ဝန်ဆောင်မှု ပေးပါမယ်ဆိုတော့ ပိုက်ဆံရှိတဲ့သူက မှာစားလို့ရတယ်လေ။ ပိုက်ဆံမရှိတဲ့သူက ဘယ်လိုစားမလဲ။ ဈေးတွေကလည်း ပိတ်တယ်၊ စက်ရုံတွေကလည်း ပိတ်တယ်၊ အလုပ်ရုံတွေလည်း ပိတ်တယ်၊ construction site တွေကလည်းရပ်တယ်။ အခက်အခဲဖြစ်တော့ တချို့လူတွေက ကျနော်တို့ကို ဆက်သွယ်လာတဲ့ အခါကျတော့ ကျနော်တို့က တရက်ကို မိသားစု ၃၀ စာလောက် နေ့စဉ်အိမ်အရောက် ပစ္စည်း delivery လိုက်ပို့ပေးတာပေါ့။”

H2M ပရဟိတအဖွဲ့တာဝန်ခံ ကိုညီညီပြောပြသွားတာပါ။

ကုန်သည်အသင်းချုပ်ကတော့ အခြေခံလူတန်းစားတွေအတွက် အစားအသောက်ထောက်ပံ့ဖို့ ကျပ်သိန်း ၁,၅၀၀ မတည်ပြီး လှူဒါန်းသွားမယ့် အစီအစဉ်ကို ဒီနေ့စတင်လိုက်ပါတယ်။

“နဂိုကတည်းက စီးပွားရေးတွေက အတိုင်းအတာတခုအထိ ထိခိုက်နေပြီ၊ အဲဒီတော့ ကျနော်တို့ အခြေခံလူတန်းစား ဘာပဲဖြစ်ဖြစ် စားဝတ်နေရေးက အခက်အခဲတွေ ရှိလာပြီ။ အဲဒီလို အနေအထားမျိုးမှာ သင်္ကြန်ပိတ်တယ်၊ Quarantine ရော လုပ်မယ်ဆိုရင် ပြည်သူတွေက အတော်လေးခက်ခဲမှာ။ အဲဒီအတွက် ကျနော်တို့က အသင်းချုပ်က ရံပုံငွေစပြီး မတည်မယ်၊ ပြီးရင် အခြေခံလိုအပ်ချက်ဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား ဝယ်မယ်။ ဝယ်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့တွေနဲ့ ညှိနှိုင်းပြီး ရပ်ကွက်အလိုက် ဖြန့်မယ်ဆိုတဲ့ ဟာမျိုးတွေ စီစဉ်ထားပါတယ်။”

ကုန်သည်စက်မှုအသင်း အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်း ပြောသွားတာပါ။ ကုန်ဈေးနှုန်း ထိန်းညှိနိုင်အောင် စက်မှုဇုံတွေရှိတဲ့ လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံအရှေ့ပိုင်း တောင်ပိုင်းမြို့နယ်တွေမှာ အခြေခံစားသောက်ကုန်တွေကို လက်ကားဈေးနဲ့ ရောင်းချတာကိုလည်း လုပ်နေကြောင်း သူက ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ကလည်း လက်လုပ်လက်စားတွေရဲ့ စားဝတ်နေရေးအတွက် COVID ဗဟိုကော်မတီရံပုံငွေနဲ့ ထောက်ပံ့ပေးဖို့ ရှိပြီး ဒီကော်မတီ ရန်ပုံငွေအတွက် လှူဒါန်းကြဖို့လည်း သူ့ရဲ့ Facebook စာမျက်နှာကနေ မေတ္တာရပ်ခံထားပါတယ်။

 ဇော်ထက်  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/covid19-myanmar-volunteer-donation/5361594.html
COVID-19 ေၾကာင့္ အကူအညီလုိသူေတြကုိ လူမႈေရးအဖဲြ႔ေတြ စတင္ကူညီ COVID-19 ေၾကာင့္ အကူအညီလုိသူေတြကုိ လူမႈေရးအဖဲြ႔ေတြ စတင္ကူညီ Reviewed by THITHTOOLWIN on 21:48 Rating: 5
Powered by Blogger.