ျမန္မာႏုိင္ငံအတြက္ COVID-19 စမ္းသပ္ကိရိယာ ၂ ေသာင္း ကုလေပးပုိ႔


(Zawgyi/Unicode)

ကုလသမဂၢကေန ေပးတဲ့ ကိုရိုနာဗိုင္းရပ္ရိွမရိွစမ္းသပ္ကိရိယာ ႏွစ္ေသာင္းေက်ာ္ျမန္မာႏိုင္ငံေရာက္ရိွလာၿပီဆိုတဲ့ သတင္းကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မစုစုက ေျပာျပပါမယ္။

ျမန္မာျပည္တြင္း COVID- 19 ေရာဂါ စမ္းသပ္မႈျမွင့္တင္ေဆာင္ရြက္ဖုိ႔အတြက္ ကုလသမဂၢ စီမံကိန္းလုပ္ငန္းမ်ား ဆုိင္ရာရံုး (UNOPS) က စမ္းသပ္ကိရိယာ ၂၀,၀၀၀ ေက်ာ္ ျမန္မာႏိုင္ငံကိုေရာက္ရိွလာၿပီး အမ်ိဳးသားက်န္းမာေရး ဓာတ္ခြဲမႈဆုိင္ရာဌာန (NHL) နဲ႔ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာန (MOHS) တုိ႔ကုိ ေပးပို႔သြားမွာပါ။

COVID-19 ေရာဂါစစ္ေဆးဖို႔အတြက္ စမ္းသပ္ကိရိယာ ၃,၀၀၀ နီးပါးကုိ ပထမအႀကိမ္တုန္း ေထာက္ပံ့ကူညီခဲ့ၿပီး အခု ထပ္ေပးတဲ့ ၂၀,၀၀၀ ေက်ာ္ဟာ ျမန္မာအစုိးရကို COVID- 19 စမ္းသပ္ကိရိယာ ၅၀,၀၀၀ ေက်ာ္ ကူညီေထာက္ပံ့မယ့္အစီအစဥ္ရဲ႕ ပထမအသုတ္ျဖစ္တယ္လို႔ ျမန္မာႏုိင္ငံကုလသမဂၢရံုး ေျပာေရးဆုိခြင့္ရွိသူ ဦးေအးဝင္းက ေျပာပါတယ္။

“Test kits ၅၀,၀၀၀ ေလာက္ ထပ္သြင္းဖို႔ရွိတယ္ဆုိတာ အခု ၂၀,၀၀၀ ေလာက္ေတာ့ ေရာက္လာပါၿပီ။ ေရာက္လာေတာ့ က်ေနာ္တို႔ NHL နဲ႔ က်န္းမာေရးဝန္ႀကီးဌာနကုိ ဒါေတြေပးဖုိ႔ရွိပါတယ္ခင္ဗ်။ ဒါေတြကလည္း ဒီ Test kit တင္မကပါဘူး။ တျခားလုိအပ္တဲ့ ပစၥည္းေတြေပါ့ေလ။ အထူးသျဖင့္ Surgical Mask တုိ႔ လက္အိတ္တုိ႔ အဲဒါေတြလည္း ထပ္ၿပီးေတာ့ လွဴဖုိ႔ရွိပါတယ္။ ဒါေတြလည္း ဒီ တရက္ ႏွစ္ရက္အတြင္းမွာ လွဴဖုိ႔ရွိပါတယ္ခင္ဗ်။”

ကိုဗစ္ေရာဂါ စမ္းသပ္မႈျမွင့္တင္ရာမွာ ေဆာင္ရြက္ဖို႔အတြက္ စမ္းသပ္ကိရိယာ Test kit ၂၀,၀၀၀ ေက်ာ္နဲ႔႔အတူ ဒီေရာဂါရွိ၊ မရွိကုိ စစ္ေဆးေပးမယ့္ PCR စမ္းသပ္ပစၥည္း ၅,၀၀၀ နဲ႔ ဓာတ္ခြဲနမူနာေတြကုိ ထည့္သြင္းရမယ့္ ဖန္ျပြန္ ၁၀,၀၀၀ အပါအဝင္၊ ခြဲစိတ္ခန္းသံုးလက္အိတ္ ၁၅၀,၀၀၀ နဲ႔ ခြဲစိတ္ခန္းသံုးႏွာေခါင္းစည္း ၅၀၀,၀၀၀ တို႔ကိုပါ က်န္းမာေရးဝန္ထမ္းေတြအတြက္ ေပးအပ္သြားမယ္လို႔ သိရပါတယ္။

ျမန္မာျပည္တြင္းမွာ COVID- 19 ေရာဂါစမ္းသပ္တာကို အႀကိမ္ေပါင္း ၂၀,၀၀၀ လုပ္ေဆာင္ဖို႔အတြက္ လိုအပ္တဲ့ပစၥည္းေတြကုိ ရရွိႏုိင္ဖို႔ ယူေက၊ ဆီြဒင္၊ အေမရိကန္ျပည္ေထာင္စုနဲ႔ ဆြစ္ဇာလန္ႏိုင္ငံတုိ႔ကေန အေမရိကန္ေဒၚလာ ၇၀၀,၀၀၀ ကို ရန္ပံုေငြ ရယူေပးထားတာပါ။ ေထာက္ပ့မယ့္ပစၥည္းေတြကုိ မၾကာခင္မွာေပးအပ္သြားဖုိ႔ ျပင္ဆင္ထားတယ္လို႔ ဦးေအးဝင္းက ဗီြအုိေအကိုေျပာပါတယ္။

“အဓိက က ဒီ COVID- 19 မွာ ဦးေဆာင္ေဆာင္ရြက္ေနတာက က်န္းမာေရးဝန္ႀကီးဌာနဲ႔ စမ္းသပ္တဲ့ေနရာမွာလည္း NHL က ဒါအဓိက အက်ဆံုးေနရာကေန ျဖစ္ပါတယ္။ Testing ေတြက ပုိၿပီးေတာ့လုပ္ႏုိင္ေလေလ ပိုၿပီးေတာ့ ေရာဂါထိန္းခ်ဳပ္တဲ့ေနရာမွာေရာ ေနာက္ၿပီးေတာ့ ေရာဂါပ်ံ႕ႏွံ႕မႈကြင္းဆက္ကိုလည္း ျဖတ္တဲ့ေနရာမွာ ဒါအေရးပါတယ္ခင္ဗ်။ အဲေတာ့ အတတ္ႏုိင္ဆုံးေတာ့ ဒီပစၥည္းေတြကိုေတာ့ သူတုိ႔ထပ္ၿပီးေတာ့ ေပးပို႔ျခင္းျဖစ္ပါတယ္ခင္ဗ်။”

ျမန္မာျပည္တြင္းက ေစာင့္ၾကည့္နဲ႔ သံသယလူနာေတြရဲ႕ ဓာတ္ခြဲနမူနာေတြကုိ ရန္ကုန္ၿမိဳ႕မွာရွိတဲ့ အမ်ိဳးသားက်န္းမာေရး ဓာတ္ခြဲမႈဆုိင္ရာဌာနမွာ စစ္ေဆးေပးေနတာပါ။ လူနာေတြရဲ႕ ဓာတ္ခြဲနမူနာေတြကုိ ႏုိင္ငံအသီးသီးမွာ အသံုးျပဳေနတဲ့ PCR နည္းပညာနဲ႔ အဆင့္ဆင့္ဓာတ္ခြဲစမ္းသပ္ေပးေနၿပီး တေန႔ကို ဓာတ္ခြဲနမူနာေပါင္း ၂၀၀ ကေန ၃၀၀ အထိ စစ္ေဆးေပးေနတယ္လုိ႔ သိရပါတယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔မနက္အေစာပိုင္း ထုန္ျပန္ၿပီးခ်ိန္အထိဆို ျမန္မာနုိင္ငံတြင္းမွာ COVID- 19 ဓာတ္ခြဲအတည္ျပဳလူနာ ၆၂ ဦးအထိ ရွိထားၿပီး၊ အဲဒီထဲက ေရာဂါေပ်ာက္ကင္းသြားသူ ၂ ဦးနဲ႔ ေသဆံုးသူကေတာ့ ၄ ဦးအထိ ရွိသြားပါၿပီ။

ျမန္မာျပည္တြင္း ကိုဗစ္ေရာဂါျဖစ္ပြားသူေတြထဲ ခရီးသြားရာဇဝင္မရွိသူေတြနဲ႔ ဒီေရာဂါလကၡဏာမျပပဲ ေရာဂါျဖစ္လာသူေတြပါ ရွိတာေၾကာင့္ ဒီေရာဂါျဖစ္ပြားမႈထိန္းခ်ဳပ္ႏုိင္ဖုိ႔ကို သႀကၤန္ကာလတြင္းမွာ ျပည္သူေတြအေနနဲ႔ မလုိအပ္ဘဲအိမ္ျပင္မထြက္ဖုိ႔ကို ညႊန္ၾကားထားၿပီး တာဝန္ရွိသူေတြက အရွိန္ျမွင့္ေဆာင္ရြက္ေနခ်ိန္လည္း ျဖစ္ပါတယ္။

စုစု   / ဗြီအိုေအ (ျမန္မာပုိင္း)
------------------------------------------------

[Unicode Version]

မြန်မာနိုင်ငံအတွက် COVID-19 စမ်းသပ်ကိရိယာ ၂ သောင်း ကုလပေးပို့

ကုလသမဂ္ဂကနေ ပေးတဲ့ ကိုရိုနာဗိုင်းရပ်ရှိမရှိစမ်းသပ်ကိရိယာ နှစ်သောင်းကျော်မြန်မာနိုင်ငံရောက်ရှိလာပြီဆိုတဲ့ သတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက ပြောပြပါမယ်။

မြန်မာပြည်တွင်း COVID- 19 ရောဂါ စမ်းသပ်မှုမြှင့်တင်ဆောင်ရွက်ဖို့အတွက် ကုလသမဂ္ဂ စီမံကိန်းလုပ်ငန်းများ ဆိုင်ရာရုံး (UNOPS) က စမ်းသပ်ကိရိယာ ၂၀,၀၀၀ ကျော် မြန်မာနိုင်ငံကိုရောက်ရှိလာပြီး အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (NHL) နဲ့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန (MOHS) တို့ကို ပေးပို့သွားမှာပါ။

COVID-19 ရောဂါစစ်ဆေးဖို့အတွက် စမ်းသပ်ကိရိယာ ၃,၀၀၀ နီးပါးကို ပထမအကြိမ်တုန်း ထောက်ပံ့ကူညီခဲ့ပြီး အခု ထပ်ပေးတဲ့ ၂၀,၀၀၀ ကျော်ဟာ မြန်မာအစိုးရကို COVID- 19 စမ်းသပ်ကိရိယာ ၅၀,၀၀၀ ကျော် ကူညီထောက်ပံ့မယ့်အစီအစဉ်ရဲ့ ပထမအသုတ်ဖြစ်တယ်လို့ မြန်မာနိုင်ငံကုလသမဂ္ဂရုံး ပြောရေးဆိုခွင့်ရှိသူ ဦးအေးဝင်းက ပြောပါတယ်။

“Test kits ၅၀,၀၀၀ လောက် ထပ်သွင်းဖို့ရှိတယ်ဆိုတာ အခု ၂၀,၀၀၀ လောက်တော့ ရောက်လာပါပြီ။ ရောက်လာတော့ ကျနော်တို့ NHL နဲ့ ကျန်းမာရေးဝန်ကြီးဌာနကို ဒါတွေပေးဖို့ရှိပါတယ်ခင်ဗျ။ ဒါတွေကလည်း ဒီ Test kit တင်မကပါဘူး။ တခြားလိုအပ်တဲ့ ပစ္စည်းတွေပေါ့လေ။ အထူးသဖြင့် Surgical Mask တို့ လက်အိတ်တို့ အဲဒါတွေလည်း ထပ်ပြီးတော့ လှူဖို့ရှိပါတယ်။ ဒါတွေလည်း ဒီ တရက် နှစ်ရက်အတွင်းမှာ လှူဖို့ရှိပါတယ်ခင်ဗျ။”

SEE ALSO:
COVID-19 စမ္းသပ္ပစၥည္း ၅ ေသာင္း ျမန္မာကုိ ကုလထပ္ေပးမည္
ကိုဗစ်ရောဂါ စမ်းသပ်မှုမြှင့်တင်ရာမှာ ဆောင်ရွက်ဖို့အတွက် စမ်းသပ်ကိရိယာ Test kit ၂၀,၀၀၀ ကျော်နဲ့အတူ ဒီရောဂါရှိ၊ မရှိကို စစ်ဆေးပေးမယ့် PCR စမ်းသပ်ပစ္စည်း ၅,၀၀၀ နဲ့ ဓာတ်ခွဲနမူနာတွေကို ထည့်သွင်းရမယ့် ဖန်ပြွန် ၁၀,၀၀၀ အပါအဝင်၊ ခွဲစိတ်ခန်းသုံးလက်အိတ် ၁၅၀,၀၀၀ နဲ့ ခွဲစိတ်ခန်းသုံးနှာခေါင်းစည်း ၅၀၀,၀၀၀ တို့ကိုပါ ကျန်းမာရေးဝန်ထမ်းတွေအတွက် ပေးအပ်သွားမယ်လို့ သိရပါတယ်။

မြန်မာပြည်တွင်းမှာ COVID- 19 ရောဂါစမ်းသပ်တာကို အကြိမ်ပေါင်း ၂၀,၀၀၀ လုပ်ဆောင်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကို ရရှိနိုင်ဖို့ ယူကေ၊ ဆွီဒင်၊ အမေရိကန်ပြည်ထောင်စုနဲ့ ဆွစ်ဇာလန်နိုင်ငံတို့ကနေ အမေရိကန်ဒေါ်လာ ၇၀၀,၀၀၀ ကို ရန်ပုံငွေ ရယူပေးထားတာပါ။ ထောက်ပ့မယ့်ပစ္စည်းတွေကို မကြာခင်မှာပေးအပ်သွားဖို့ ပြင်ဆင်ထားတယ်လို့ ဦးအေးဝင်းက ဗွီအိုအေကိုပြောပါတယ်။

“အဓိက က ဒီ COVID- 19 မှာ ဦးဆောင်ဆောင်ရွက်နေတာက ကျန်းမာရေးဝန်ကြီးဌာနဲ့ စမ်းသပ်တဲ့နေရာမှာလည်း NHL က ဒါအဓိက အကျဆုံးနေရာကနေ ဖြစ်ပါတယ်။ Testing တွေက ပိုပြီးတော့လုပ်နိုင်လေလေ ပိုပြီးတော့ ရောဂါထိန်းချုပ်တဲ့နေရာမှာရော နောက်ပြီးတော့ ရောဂါပျံ့နှံ့မှုကွင်းဆက်ကိုလည်း ဖြတ်တဲ့နေရာမှာ ဒါအရေးပါတယ်ခင်ဗျ။ အဲတော့ အတတ်နိုင်ဆုံးတော့ ဒီပစ္စည်းတွေကိုတော့ သူတို့ထပ်ပြီးတော့ ပေးပို့ခြင်းဖြစ်ပါတယ်ခင်ဗျ။”

မြန်မာပြည်တွင်းက စောင့်ကြည့်နဲ့ သံသယလူနာတွေရဲ့ ဓာတ်ခွဲနမူနာတွေကို ရန်ကုန်မြို့မှာရှိတဲ့ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနမှာ စစ်ဆေးပေးနေတာပါ။ လူနာတွေရဲ့ ဓာတ်ခွဲနမူနာတွေကို နိုင်ငံအသီးသီးမှာ အသုံးပြုနေတဲ့ PCR နည်းပညာနဲ့ အဆင့်ဆင့်ဓာတ်ခွဲစမ်းသပ်ပေးနေပြီး တနေ့ကို ဓာတ်ခွဲနမူနာပေါင်း ၂၀၀ ကနေ ၃၀၀ အထိ စစ်ဆေးပေးနေတယ်လို့ သိရပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့မနက်အစောပိုင်း ထုန်ပြန်ပြီးချိန်အထိဆို မြန်မာနိုင်ငံတွင်းမှာ COVID- 19 ဓာတ်ခွဲအတည်ပြုလူနာ ၆၂ ဦးအထိ ရှိထားပြီး၊ အဲဒီထဲက ရောဂါပျောက်ကင်းသွားသူ ၂ ဦးနဲ့ သေဆုံးသူကတော့ ၄ ဦးအထိ ရှိသွားပါပြီ။

မြန်မာပြည်တွင်း ကိုဗစ်ရောဂါဖြစ်ပွားသူတွေထဲ ခရီးသွားရာဇဝင်မရှိသူတွေနဲ့ ဒီရောဂါလက္ခဏာမပြပဲ ရောဂါဖြစ်လာသူတွေပါ ရှိတာကြောင့် ဒီရောဂါဖြစ်ပွားမှုထိန်းချုပ်နိုင်ဖို့ကို သင်္ကြန်ကာလတွင်းမှာ ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲအိမ်ပြင်မထွက်ဖို့ကို ညွှန်ကြားထားပြီး တာဝန်ရှိသူတွေက အရှိန်မြှင့်ဆောင်ရွက်နေချိန်လည်း ဖြစ်ပါတယ်။

စုစု   / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/donation-un-myanmar-covid/5371077.html
ျမန္မာႏုိင္ငံအတြက္ COVID-19 စမ္းသပ္ကိရိယာ ၂ ေသာင္း ကုလေပးပုိ႔  ျမန္မာႏုိင္ငံအတြက္ COVID-19 စမ္းသပ္ကိရိယာ ၂ ေသာင္း ကုလေပးပုိ႔ Reviewed by THITHTOOLWIN on 20:56 Rating: 5
Powered by Blogger.