ထိုင္းမွာ COVID-19 ကူးစက္ခံရသူ ျမန္မာႏုိင္ငံသား ၁၄ ဦးရွိၿပီ


(Zawgyi/Unicode)

သိန္းနဲ႔ခ်ီ ျမန္မာလုပ္သားေတြရိွေနတဲ့ ထိုင္းႏိုင္ငံတြင္းမွာ ျမန္မာႏိုင္ငံသား ၁၄ ဦး ကိုရိုနာဗိုင္းရပ္စ္ ရွိေၾကာင္း ဓါတ္ခဲြစမ္းသပ္မႈ အေျဖထြက္တဲ့သတင္းကို ဗီြအိုေအ ျမန္မာပိုင္း သတင္းေထာက္ မေအးေအးမာက တင္ဆက္ပါမယ္။

ထိုင္းႏိုင္ငံတြင္း ကုိရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၂,၆၀၀ ေက်ာ္ထဲမွာ ျမန္မာႏိုင္ငံသား ၁၄ ဦး ပါ၀င္ေၾကာင္း ထိုင္းက်န္းမာေရးဌာန ထုတ္ျပန္ခ်က္ကို ကုိးကားျပီး ထုိင္းေတာင္ပုိင္းအေျခစိုက္ပညာေရးနဲ႔ ဖြံျဖိဳးေရးေဖာင္ေဒးရွင္းရဲ႕ အလုပ္သမားေရးရာနဲ႔ မွတ္တမ္းေရးရာတာ၀န္ခံ ဦးမင္းဦးက အခုလိုေျပာပါတယ္။

"မေန႔ညထိက ၂,၆၁၃ ရွိတယ္။ အဲဒီထဲမွာ ျမန္မာႏိုင္ငံသားက ၁၁ ေယာက္ရွိတယ္။ အခုက်ေတာ့ ဒီေန႔ ေနခင္းမွာ ကိန္းဂဏန္းက ၃၀ ထပ္တုိးလာတယ္။ အဲဒီမွာ အမ်ားဆံုးက ထုိင္းျဖစ္တယ္။ ႏုိင္ငံျခားသားထဲက ဒုတိယအမ်ားဆံုးက တရုတ္ျဖစ္တယ္။ ျပီးေတာ့ျပင္သစ္ အဲဒါျပီးရင္ က်ေနာ္တို ့ျမန္မာက ႏိုင္ငံျခားသားထဲမွာ တတိယလိုက္တယ္။ အခုဆို ၁၄ ဦးျဖစ္ျပီ။"

ႏွစ္ေယာက္ထက္ ပိုၿပီး လူစုတာမ်ိဳးေတြနဲ႔ ေဒသႏၱရအမိန္႔ေတြကို ခ်ဳိးေဖာက္တာမ်ိဳးေတြ ရွိရင္ COVID-19 အေရးေပၚကာလမွာ အေရးယူမႈေတြ ဆက္တုိက္လုပ္ေနတယ္လို႔ ဆိုပါတယ္။ ဒီရက္ပိုင္းအတြင္း အေရးယူခံရတဲ့အထဲမွာ ျမန္မာေတြ ပါ၀င္တယ္လို႔လည္း ဦးမင္းဦးက ဆုိပါတယ္။

"ဒီမွာလည္း အျပင္ထြက္လို ့သတ္မွတ္ထားတာကို ေဖာက္ဖ်က္တာကို အဖမ္းခံရတာရွိတယ္။ တခ်ိဳ႕ေတြကေတာ့ ေတြြ႔ေနရေသးတယ္။ ေနေနၾကတုန္း၊ စုျပီး စကားေျပာၾကတာ
က်ေနာ္တို႔နားမွာ ကပ္ျပီး ထုိင္ကစားေနၾကတာ ျမန္မာ ၃ ေယာက္ကုိ ဖမ္းခံလိုက္ရတယ္။ သူတို႔က မရဘူး၊ ကစားတာလည္းမရဘူး၊ ၂ေယာက္ထက္ ေက်ာ္လို႔ မရဘူး။ ေနရာေပၚမူတည္တယ္။ လူျမင္ကြင္းမွာ ႏွစ္ေယာက္ထက္ပုိျပီး စုေနတာလည္း မရဘူး။ တေန႔ကေတာ့ အရက္စုေသာက္တာ ရပ္မိရပ္ဖ လူႀကီးသားကုိလည္း ဖမ္းလိုက္တယ္။ ထိုင္းမွာ လူငယ္ေတြ မ်ားတယ္။ မေန႔က ဖမ္းတာ အေယာက္ ၂၀ ၀န္းက်င္ေလာက္ရွိတယ္။ ဒီေန့႔ကေတာ့
၁၂ ေယာက္ေလာက္ ရွိတယ္။ ခ်င္းမုိင္ဘက္မွာလည္း ျမန္မာ ၁၂ ေယာက္ေလာက္ အဖမ္းခံရတယ္။"

ထိုင္းႏိုင္ငံမွာ ျမန္မာအလုပ္သမား ခန္႔မွန္းေခ် ၃ သန္းထက္ မနည္းအလုပ္လုပ္ကုိင္ေနၾကတာျဖစ္ျပီး ျပီးခဲ့တဲ့မတ္လအတြင္းမွာ ျမန္မာအလုပ္သမား ေသာင္းဂဏန္း ေနရပ္ျပန္ခဲ့ၾကပါတယ္။ ဒီေနရပ္ျပန္ေတြထဲ အခ်ိဳ႕မွာ ဓါတ္ခဲြနမူနာစမ္းသပ္မႈအရ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရထားရတာ ေတြ႕ထားရပါတယ္။ ေနာက္ထပ္ ျပန္လာမယ့္ ေနရပ္ျပန္ျမန္မာေတြကို ဧျပီ ၃၀ ေနာက္ပုိ္င္းမွ ေနရပ္ျပန္ၾကဖို႔ကို ျမန္မာအစုိးရဘက္ကလည္း ေၾကျငာခ်က္ထုတ္ျပန္ထားပါတယ္။

မေအးေအးမာ / ဗြီအိုေအ (ျမန္မာပုိင္း)
-----------------------------------------------------
[Unicode Version]

ထိုင်းမှာ COVID-19 ကူးစက်ခံရသူ မြန်မာနိုင်ငံသား ၁၄ ဦးရှိပြီ

သိန်းနဲ့ချီ မြန်မာလုပ်သားတွေရှိနေတဲ့ ထိုင်းနိုင်ငံတွင်းမှာ မြန်မာနိုင်ငံသား ၁၄ ဦး ကိုရိုနာဗိုင်းရပ်စ် ရှိကြောင်း ဓါတ်ခွဲစမ်းသပ်မှု အဖြေထွက်တဲ့သတင်းကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာက တင်ဆက်ပါမယ်။

ထိုင်းနိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂,၆၀၀ ကျော်ထဲမှာ မြန်မာနိုင်ငံသား ၁၄ ဦး ပါဝင်ကြောင်း ထိုင်းကျန်းမာရေးဌာန ထုတ်ပြန်ချက်ကို ကိုးကားပြီး ထိုင်းတောင်ပိုင်းအခြေစိုက်ပညာရေးနဲ့ ဖွံဖြိုးရေးဖောင်ဒေးရှင်းရဲ့ အလုပ်သမားရေးရာနဲ့ မှတ်တမ်းရေးရာတာဝန်ခံ ဦးမင်းဦးက အခုလိုပြောပါတယ်။

"မနေ့ညထိက ၂,၆၁၃ ရှိတယ်။ အဲဒီထဲမှာ မြန်မာနိုင်ငံသားက ၁၁ ယောက်ရှိတယ်။ အခုကျတော့ ဒီနေ့ နေခင်းမှာ ကိန်းဂဏန်းက ၃၀ ထပ်တိုးလာတယ်။ အဲဒီမှာ အများဆုံးက ထိုင်းဖြစ်တယ်။ နိုင်ငံခြားသားထဲက ဒုတိယအများဆုံးက တရုတ်ဖြစ်တယ်။ ပြီးတော့ပြင်သစ် အဲဒါပြီးရင် ကျနော်တို့မြန်မာက နိုင်ငံခြားသားထဲမှာ တတိယလိုက်တယ်။ အခုဆို ၁၄ ဦးဖြစ်ပြီ။"

နှစ်ယောက်ထက် ပိုပြီး လူစုတာမျိုးတွေနဲ့ ဒေသန္တရအမိန့်တွေကို ချိုးဖောက်တာမျိုးတွေ ရှိရင် COVID-19 အရေးပေါ်ကာလမှာ အရေးယူမှုတွေ ဆက်တိုက်လုပ်နေတယ်လို့ ဆိုပါတယ်။ ဒီရက်ပိုင်းအတွင်း အရေးယူခံရတဲ့အထဲမှာ မြန်မာတွေ ပါဝင်တယ်လို့လည်း ဦးမင်းဦးက ဆိုပါတယ်။

"ဒီမှာလည်း အပြင်ထွက်လို့သတ်မှတ်ထားတာကို ဖောက်ဖျက်တာကို အဖမ်းခံရတာရှိတယ်။ တချို့တွေကတော့ တွေ့နေရသေးတယ်။ နေနေကြတုန်း၊ စုပြီး စကားပြောကြတာ
ကျနော်တို့နားမှာ ကပ်ပြီး ထိုင်ကစားနေကြတာ မြန်မာ ၃ ယောက်ကို ဖမ်းခံလိုက်ရတယ်။ သူတို့က မရဘူး၊ ကစားတာလည်းမရဘူး၊ ၂ယောက်ထက် ကျော်လို့ မရဘူး။ နေရာပေါ်မူတည်တယ်။ လူမြင်ကွင်းမှာ နှစ်ယောက်ထက်ပိုပြီး စုနေတာလည်း မရဘူး။ တနေ့ကတော့ အရက်စုသောက်တာ ရပ်မိရပ်ဖ လူကြီးသားကိုလည်း ဖမ်းလိုက်တယ်။ ထိုင်းမှာ လူငယ်တွေ များတယ်။ မနေ့က ဖမ်းတာ အယောက် ၂၀ ဝန်းကျင်လောက်ရှိတယ်။ ဒီနေ့ကတော့
၁၂ ယောက်လောက် ရှိတယ်။ ချင်းမိုင်ဘက်မှာလည်း မြန်မာ ၁၂ ယောက်လောက် အဖမ်းခံရတယ်။"

ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား ခန့်မှန်းချေ ၃ သန်းထက် မနည်းအလုပ်လုပ်ကိုင်နေကြတာဖြစ်ပြီး ပြီးခဲ့တဲ့မတ်လအတွင်းမှာ မြန်မာအလုပ်သမား သောင်းဂဏန်း နေရပ်ပြန်ခဲ့ကြပါတယ်။ ဒီနေရပ်ပြန်တွေထဲ အချို့မှာ ဓါတ်ခွဲနမူနာစမ်းသပ်မှုအရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရထားရတာ တွေ့ထားရပါတယ်။ နောက်ထပ် ပြန်လာမယ့် နေရပ်ပြန်မြန်မာတွေကို ဧပြီ ၃၀ နောက်ပိုင်းမှ နေရပ်ပြန်ကြဖို့ကို မြန်မာအစိုးရဘက်ကလည်း ကြေငြာချက်ထုတ်ပြန်ထားပါတယ်။

မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/covid-myanmar-mdy/5372788.html
ထိုင္းမွာ COVID-19 ကူးစက္ခံရသူ ျမန္မာႏုိင္ငံသား ၁၄ ဦးရွိၿပီ ထိုင္းမွာ COVID-19 ကူးစက္ခံရသူ ျမန္မာႏုိင္ငံသား ၁၄ ဦးရွိၿပီ Reviewed by THITHTOOLWIN on 21:11 Rating: 5
Powered by Blogger.