COVID-19 ကာကြယ္ေဆး တ႐ုတ္စမ္းသပ္မႈ ဒုတိယဆင့္ေရာက္ၿပီ

ကိုရိုနာဗိုင္းရပ္စ္ စမ္းသပ္ျပြန္တခု (ဇန္န၀ါရီ ၂၉၊ ၂၀၂၀)
(Zawgyi/Unicode)

ကိုရိုနာဗုိင္းရပ္စ္ကာကြယ္ဖို႔ စမ္းသပ္ထုတ္လုပ္ထားတဲ့ ကာကြယ္ေဆးသစ္ကို တရုတ္သိပၸံပညာရွင္ေတြက လူေတြနဲ႔ စမ္းသပ္ၿပီး တပတ္မျပည့္ခင္မွာပဲ အဲဒီကာကြယ္ေဆးကို စမ္းသပ္အထိုးခံမယ့္ ဒုတိယတသုတ္ကို ေရြးခ်ယ္လိုက္ၿပီလို႔ တရုတ္အစိုးရပိုင္ သတင္းမီဒီယာ ေတြကေဖာ္ျပလိုက္ပါတယ္။ ဒီကာကြယ္ေဆးစမ္းသပ္တဲ့ အစီအစဥ္အတြက္ ကိုရိုနာဗုိင္းရပ္စ္စတင္ျဖစ္ပြားခဲ့တဲ့ ဟူေဘးျပည္နယ္ကအသက္ ၁၈ ႏွစ္အထက္ လူ ၅၀၀ ကို ေခၚယူစုေဆာင္းေနတာျဖစ္ပါတယ္။

အခုထုတ္လုပ္ေနတဲ့ ကာကြယ္ေဆးေတြအေနနဲ႔ အဆင့္ ၃ ဆင့္ ဒါမွမဟုတ္ ၄ ဆင့္အထိ စမ္းသပ္စစ္ေဆးမႈေတြ လုပ္သြားမွာရမွာျဖစ္ပါတယ္။ စမ္းသပ္မႈေတြလုပ္ေနစဥ္ကာလအတြင္း လူအေရအတြက္ကိုလည္း တုိးၿပီးလုပ္သြားမွာျဖစ္တဲ့အျပင္ အဲဒီေနာက္ ေဆးရဲ႕ ေဘးထြက္ ဆုိးက်ိဳးေတြ ဘယ္ေလာက္ရွိတယ္ဆုိတာနဲ႔ ဘယ္ေလာက္ထိေရာက္မႈ ရွိသလဲဆုိတာေတြကို အနီးကပ္ေစာင့္ၾကည့္ၿပီး ဆုံးျဖတ္သြားမွာ ျဖစ္ပါတယ္။ ကာကြယ္ေဆးစမ္းသပ္မႈေတြဟာ ႏွစ္နဲ႔ခ်ီၾကာႏုိင္ေပမယ့္ အခုလက္ရွိျဖစ္ေနတဲ့ ကပ္ေရာဂါမွာေတာ့ ပိုၿပီးေတာ့ ျမန္ျမန္ဆန္ဆန္ ထုတ္လာႏုိ္္င္တဲ့ အေျခအေနရွိတယ္လို႔ခန္႔မွန္းရပါတယ္။

ဒါဟာ ဒုတိယအဆင့္စမ္းသပ္မႈကို လ်င္လ်င္ျမန္ျမန္ လုပ္ေဆာင္လိုက္တာျဖစ္ၿပီး ဒါကိုၾကည့္ျခင္းအားျဖင့္ တရုတ္ႏုိင္ငံအေနနဲ႔ အလြန္ကိုစနစ္တက် နဲ႔ အျမန္လုပ္ေဆာင္ႏုိင္တယ္ဆုိတာကို ျပသေနတယ္လို႔ အေမရိကန္ျပည္ေထာင္စု Oregon ျပည္နယ္မွာရွိတဲ့ ေမ်ာက္၀ံနဲ႔ လူမ်ိဳးႏြယ္စုေတြကို ေလ့လာတဲ့ အမ်ိဳးသား သုေတသနဌာနက ကာကြယ္ေဆးေလ့လာသူ Mark Slifka က ေျပာပါတယ္။

တရုတ္ႏုိင္ငံက ကာကြယ္ေဆးစမ္းသပ္မႈ ပထမအဆင့္ကို ၿပီးခဲ့တဲ့ မတ္လ ၁၆ ရက္ေန႔က လုပ္ေဆာင္ခဲ့ပါတယ္။ တခ်ိန္တည္းမွာပဲအေမရိကန္မွာလည္း Morderna Theraputics ဇီ၀နည္းပညာကုမၸဏီက စမ္းသပ္ထုတ္လုပ္တဲ့ ကာကြယ္ေဆးကို Seattle ၿမိဳ႕ခံတဦး နဲ႔ စမ္းသပ္ခဲ့တာျဖစ္ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
-------------------------------------------
[Unicode Version]

COVID-19 ကာကွယ်ဆေး တရုတ်စမ်းသပ်မှု ဒုတိယဆင့်ရောက်ပြီ

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဖို့ စမ်းသပ်ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးသစ်ကို တရုတ်သိပ္ပံပညာရှင်တွေက လူတွေနဲ့ စမ်းသပ်ပြီး တပတ်မပြည့်ခင်မှာပဲ အဲဒီကာကွယ်ဆေးကို စမ်းသပ်အထိုးခံမယ့် ဒုတိယတသုတ်ကို ရွေးချယ်လိုက်ပြီလို့ တရုတ်အစိုးရပိုင် သတင်းမီဒီယာ တွေကဖော်ပြလိုက်ပါတယ်။ ဒီကာကွယ်ဆေးစမ်းသပ်တဲ့ အစီအစဉ်အတွက် ကိုရိုနာဗိုင်းရပ်စ်စတင်ဖြစ်ပွားခဲ့တဲ့ ဟူဘေးပြည်နယ်ကအသက် ၁၈ နှစ်အထက် လူ ၅၀၀ ကို ခေါ်ယူစုဆောင်းနေတာဖြစ်ပါတယ်။

အခုထုတ်လုပ်နေတဲ့ ကာကွယ်ဆေးတွေအနေနဲ့ အဆင့် ၃ ဆင့် ဒါမှမဟုတ် ၄ ဆင့်အထိ စမ်းသပ်စစ်ဆေးမှုတွေ လုပ်သွားမှာရမှာဖြစ်ပါတယ်။ စမ်းသပ်မှုတွေလုပ်နေစဉ်ကာလအတွင်း လူအရေအတွက်ကိုလည်း တိုးပြီးလုပ်သွားမှာဖြစ်တဲ့အပြင် အဲဒီနောက် ဆေးရဲ့ ဘေးထွက် ဆိုးကျိုးတွေ ဘယ်လောက်ရှိတယ်ဆိုတာနဲ့ ဘယ်လောက်ထိရောက်မှု ရှိသလဲဆိုတာတွေကို အနီးကပ်စောင့်ကြည့်ပြီး ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။ ကာကွယ်ဆေးစမ်းသပ်မှုတွေဟာ နှစ်နဲ့ချီကြာနိုင်ပေမယ့် အခုလက်ရှိဖြစ်နေတဲ့ ကပ်ရောဂါမှာတော့ ပိုပြီးတော့ မြန်မြန်ဆန်ဆန် ထုတ်လာနို်င်တဲ့ အခြေအနေရှိတယ်လို့ခန့်မှန်းရပါတယ်။

ဒါဟာ ဒုတိယအဆင့်စမ်းသပ်မှုကို လျင်လျင်မြန်မြန် လုပ်ဆောင်လိုက်တာဖြစ်ပြီး ဒါကိုကြည့်ခြင်းအားဖြင့် တရုတ်နိုင်ငံအနေနဲ့ အလွန်ကိုစနစ်တကျ နဲ့ အမြန်လုပ်ဆောင်နိုင်တယ်ဆိုတာကို ပြသနေတယ်လို့ အမေရိကန်ပြည်ထောင်စု Oregon ပြည်နယ်မှာရှိတဲ့ မျောက်ဝံနဲ့ လူမျိုးနွယ်စုတွေကို လေ့လာတဲ့ အမျိုးသား သုတေသနဌာနက ကာကွယ်ဆေးလေ့လာသူ Mark Slifka က ပြောပါတယ်။

တရုတ်နိုင်ငံက ကာကွယ်ဆေးစမ်းသပ်မှု ပထမအဆင့်ကို ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့က လုပ်ဆောင်ခဲ့ပါတယ်။ တချိန်တည်းမှာပဲအမေရိကန်မှာလည်း Morderna Theraputics ဇီဝနည်းပညာကုမ္ပဏီက စမ်းသပ်ထုတ်လုပ်တဲ့ ကာကွယ်ဆေးကို Seattle မြို့ခံတဦး နဲ့ စမ်းသပ်ခဲ့တာဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/covid-19-china-vaccine/5367273.html
COVID-19 ကာကြယ္ေဆး တ႐ုတ္စမ္းသပ္မႈ ဒုတိယဆင့္ေရာက္ၿပီ COVID-19 ကာကြယ္ေဆး တ႐ုတ္စမ္းသပ္မႈ ဒုတိယဆင့္ေရာက္ၿပီ Reviewed by THITHTOOLWIN on 22:35 Rating: 5
Powered by Blogger.