စပိန္မွာ COVID-19 ေၾကာင့္ တရက္အတြင္း ေသဆုံးမႈစံခ်ိန္တင္


(Zawgyi/Unicode)

စပိန္ႏိုင္ငံမွာ ဗုဒၶဟူး ေန႔ တေန႔ထဲမွာ လူေပါင္း ၉၅၀ ေသဆံုးသြားတဲ့ အတြက္ တရက္အတြင္း ေသဆံုးမႈ အမ်ားဆံုး စံခ်ိန္သစ္ တင္သြား ခဲ့ၿပီး စပိန္မွာ ကိုရိုနာဗိုင္းရပ္စ္ ေရာဂါေၾကာင့္ ေသဆံုးရသူ စုစုေပါင္း ကလည္း ၁ ေသာင္း ေက်ာ္သြားၿပီ ျဖစ္ပါတယ္။

စပိန္ အေရးေပၚဌာန အႀကီးအကဲ Fernando Simon ကေတာ့ ဒီေရာဂါ ျဖစ္ပြားသူ တသိန္း တေသာင္းေက်ာ္ အထိ ျဖစ္လာ ခ်ိန္မွာပဲ ႏိုင္ငံတဝွမ္း ေရာဂါ ျပန္႔ပြားမႈ ႏႈန္းက အတိုးအေလ်ွာ့ မရွိ တည္ၿငိမ္ေနတယ္လို႔ ၾကာသပေတးေန႔ သတင္းစာ ရွင္းလင္း ပြဲမွာ ေျပာပါတယ္။

မတ္လ ၂၅ ရက္ အထိ ေရာဂါ ျပန္႔ပြားမႈက ေန႔စဥ္ ၂၀% တက္ေန ရာကေန အခု ၁၂ % ေအာက္ကို ေလ်ာ့က်လာေၾကာင္း ေတြ႔ရတဲ့ အတြက္ ေဒသခံေတြ ကိုယ့္အိမ္မွာ ကိုယ္ေနဖို႔ အမိန္႔ထုတ္ထားတာ အလုပ္ျဖစ္ေၾကာင္းလည္း က်န္းမာေရး ဝန္ႀကီးဌာန အရာရွိေတြက ေျပာပါတယ္။

ဒီေရာဂါ ျဖစ္ပြားသူဟာ အီတလီနဲ႔ အေမရိကန္မွာ အမ်ားဆံုး ျဖစ္ၿပီး စပိန္က တတိယ ေနရာမွာ ရွိသလုိ ေသဆံုးမႈမွာေတာ့ အီတလီၿပီးရင္ စပိန္က ဒုတိယ အမ်ားဆံုး ျဖစ္ေနတာပါ။

ဗြီအိုေအ (ျမန္မာပုိင္း)
.................

စပိန်မှာ COVID-19 ကြောင့် တရက်အတွင်း သေဆုံးမှုစံချိန်တင်

(Unicode)

စပိန်နိုင်ငံမှာ ဗုဒ္ဓဟူး နေ့ တနေ့ထဲမှာ လူပေါင်း ၉၅၀ သေဆုံးသွားတဲ့ အတွက် တရက်အတွင်း သေဆုံးမှု အများဆုံး စံချိန်သစ် တင်သွား ခဲ့ပြီး စပိန်မှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါကြောင့် သေဆုံးရသူ စုစုပေါင်း ကလည်း ၁ သောင်း ကျော်သွားပြီ ဖြစ်ပါတယ်။

စပိန် အရေးပေါ်ဌာန အကြီးအကဲ Fernando Simon ကတော့ ဒီရောဂါ ဖြစ်ပွားသူ တသိန်း တသောင်းကျော် အထိ ဖြစ်လာ ချိန်မှာပဲ နိုင်ငံတဝှမ်း ရောဂါ ပြန့်ပွားမှု နှုန်းက အတိုးအလျှော့ မရှိ တည်ငြိမ်နေတယ်လို့ ကြာသပတေးနေ့ သတင်းစာ ရှင်းလင်း ပွဲမှာ ပြောပါတယ်။

မတ်လ ၂၅ ရက် အထိ ရောဂါ ပြန့်ပွားမှုက နေ့စဉ် ၂၀% တက်နေ ရာကနေ အခု ၁၂ % အောက်ကို လျော့ကျလာကြောင်း တွေ့ရတဲ့ အတွက် ဒေသခံတွေ ကိုယ့်အိမ်မှာ ကိုယ်နေဖို့ အမိန့်ထုတ်ထားတာ အလုပ်ဖြစ်ကြောင်းလည်း ကျန်းမာရေး ဝန်ကြီးဌာန အရာရှိတွေက ပြောပါတယ်။

ဒီရောဂါ ဖြစ်ပွားသူဟာ အီတလီနဲ့ အမေရိကန်မှာ အများဆုံး ဖြစ်ပြီး စပိန်က တတိယ နေရာမှာ ရှိသလို သေဆုံးမှုမှာတော့ အီတလီပြီးရင် စပိန်က ဒုတိယ အများဆုံး ဖြစ်နေတာပါ။

ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com/a/covid-19-death-tool-950-in-one-day-in-spain-/5357765.html
စပိန္မွာ COVID-19 ေၾကာင့္ တရက္အတြင္း ေသဆုံးမႈစံခ်ိန္တင္ စပိန္မွာ COVID-19 ေၾကာင့္ တရက္အတြင္း ေသဆုံးမႈစံခ်ိန္တင္ Reviewed by THITHTOOLWIN on 05:37 Rating: 5
Powered by Blogger.