COVID-19 ေရာဂါပိုး ေတြ ့ရွိသူ ၂၁ ဦး ရိွျပီ


(Zawgyi)⤵⤵⤵
COVID-19 ေရာဂါ ေစာင့္ၾကပ္ၾကည့္ရႈမႈႏွင့္ပတ္သက္၍ သတင္းထုတ္ျပန္ျခင္း
(၄-၄-၂၀၂၀) ရက္ေန႔၊ ည (၈:၀၀) နာရီ

၁။ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနသည္ ကမာၻ႔ႏိုင္ငံမ်ားတြင္ ကူးစက္ပ်ံ႕ႏွံ႔လ်က္ရွိ သည့္ COVID-19 ေရာဂါျဖစ္ပြားမႈႏွင့္ပတ္သက္၍ ေရာဂါေစာင့္ၾကပ္ၾကည့္ရႈျခင္း၊ ေရာဂါရွာေဖြ ၍ ထိေရာက္စြာကုသမႈေပးျခင္း၊ ေရာဂါပိုးေတြ႕ရွိသူမ်ားႏွင့္ ထိေတြ႕မႈရွိခဲ့သူမ်ားအား ရွာေဖြေဖာ္ ထုတ္၍ အသြားအလာကန႔္သတ္ျခင္း၊ လိုအပ္ပါက ေဆး႐ုံတက္ေရာက္ကုသမႈ ခံယူႏိုင္ေစေရး ေဆာင္႐ြက္ျခင္း၊ ျပည္ပႏိုင္ငံမ်ားမွ ျပန္လည္ဝင္ေရာက္လာသူမ်ားအား သက္ဆိုင္ရာ ေဒသ အာဏာပိုင္အဖြဲ႕မ်ား၊ အျခားဌာနဆိုင္ရာမ်ားႏွင့္ ခ်ိတ္ဆက္၍သတင္းရယူျခင္း၊ အသြားအလာ ကန႔္သတ္ျခင္းလုပ္ငန္းမ်ား ေဆာင္႐ြက္ျခင္း၊ COVID-19 ေရာဂါႏွင့္ပတ္သက္၍ ျပည္သူလူထုမွ သတင္းမွန္မ်ားရရွိႏိုင္ေရးအတြက္ ေန႔စဥ္သတင္းထုတ္ျပန္ျခင္းလုပ္ငန္းမ်ားအား အရွိန္အဟုန္ ျမႇင့္ ေဆာင္႐ြက္လ်က္ရွိပါ သည္။

၂။ (၃-၄-၂၀၂၀) ရက္ေန႔၊ ညေန (၆) နာရီမွ (၄-၄-၂၀၂၀) ရက္ေန႔၊ ညေန (၆) နာရီအထိ ေစာင့္ၾကည့္လူနာအသစ္ (၅၈) ဦး ရွိပါသည္။

၃။ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) မွ (၄-၄-၂၀၂၀) ရက္ေန႔၊ ည (၅:၃၀) နာရီ ဓာတ္ခြဲစစ္ေဆးမႈအေျဖမ်ားအရ ေစာင့္ၾကည့္လူနာႏွင့္ ေဆး႐ုံ/ အိမ္/ ဟိုတယ္တြင္ အသြားအလာ ကန္႔သတ္၍ ေစာင့္ၾကပ္ၾကည့္ရႈလ်က္ရွိေသာသူ (၈၄) ဦး၏ ဓာတ္ခြဲနမူနာမ်ားအား စစ္ေဆး ခဲ့ရာ (ဇယား-၁) တြင္ေဖာ္ျပထားရွိေသာသူ (၁) ဦး၏ ဓာတ္ခြဲအေျဖတြင္ COVID-19 ေရာဂါ ပိုး ေတြ႕ရွိ (ေတြ႕ရွိ) ရၿပီး က်န္ (၈၃) ဦး၏ ဓာတ္ခြဲအေျဖမ်ားတြင္ COVID-19 ေရာဂါပိုးမရွိ ေၾကာင္း (မရွိေၾကာင္း) ေတြ႕ရွိရပါသည္။

၄။ COVID-19 ဓာတ္ခြဲအတည္ျပဳလူနာ (Case-21) သည္ ရန္ကုန္တိုင္းေဒသႀကီး၊ ေတာင္ ဥကၠလာပၿမိဳ႕နယ္တြင္ ေနထိုင္သည့္ အသက္ (၂၄) ႏွစ္အ႐ြယ္ ျမန္မာႏိုင္ငံသား အမ်ိဳးသမီး (၁) ဦးျဖစ္ၿပီး မိခင္ႏွင့္ ေမာင္ေတာ္စပ္သူတို႔ႏွင့္အတူ (၂၄-၃-၂၀၂၀) ရက္ေန႔တြင္ အေမရိကန္ႏိုင္ငံမွ ကိုရီးယား သမၼတႏိုင္ငံသို႔ ေလေၾကာင္းလိုင္းျဖင့္ထြက္ခြာခဲ့ကာ ကိုရီးယားသမၼတႏိုင္ငံမွတစ္ဆင့္ ထိုင္းႏိုင္ငံသို႔ (၂၅-၃-၂၀၂၀) ရက္ေန႔၊ ညေနပိုင္းတြင္ ေရာက္ရွိခဲ့ပါသည္။ ထိုင္းႏိုင္ငံမွတစ္ဆင့္ (၂၆-၃-၂၀၂၀) ရက္ေန႔တြင္ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္သို႔ေရာက္ရွိခဲ့ရာ ဗိုလ္တစ္ေထာင္ၿမိဳ႕နယ္ရွိ ဟိုတယ္တစ္ခုတြင္ အသြားအလာကန္႔သတ္ျခင္းျပဳလုပ္ရန္ ၫႊန္းပို႔ခဲ့ပါသည္။ အဆိုပါလူနာသည္ (၂-၄-၂၀၂၀) ရက္ေန႔မွစ၍ ဖ်ားျခင္း၊ ေခ်ာင္းဆိုးျခင္း၊ ေမာပန္းျခင္း စသည့္ေရာဂါလကၡဏာမ်ား ခံစားခဲ့ရသျဖင့္ ယင္း‌ေန႔တြင္ပင္ ရန္ကုန္အေရွ႕ပိုင္းေဆး႐ုံႀကီးသို႔ ထပ္မံၫႊန္းပို႔ခဲ့ရာ ေစာင့္ၾကည့္လူနာအျဖစ္ သီးသန္႔ထားရွိၿပီး ဓာတ္ခြဲနမူနာအား ေပးပို႔စစ္ေဆးခဲ့ျခင္းျဖစ္ပါသည္။ အဆိုပါလူနာအား ေဝဘာဂီအထူးကုေဆး႐ုံႀကီးသို႔ေျပာင္းေ႐ႊ႕ရန္ စီစဥ္လ်က္ ရွိၿပီး လတ္တေလာက်န္းမာေရးအေျခအေနမွာ ေကာင္းမြန္လ်က္ရွိပါသည္။

၅။ COVID-19 ဓာတ္ခြဲအတည္ျပဳလူနာ (၂၀) ဦးအနက္ ခ်င္းျပည္နယ္၊ တီးတိန္ ျပည္သူ႔ေဆး႐ုံတြင္ လူနာ (၁) ဦး၊ ရန္ကုန္ၿမိဳ႕၊ ေဝဘာဂီအထူးကုေဆး႐ုံႀကီးတြင္ လူနာ (၁၀) ဦး ႏွင့္ မႏၲေလး ၿမိဳ႕၊ ကန္ေတာ္နဒီေဆး႐ုံတြင္ လူနာ (၁) ဦး၊ ေနျပည္ေတာ္ျပည္သူ႔ေဆး႐ုံႀကီးတြင္ လူနာ (၁) ဦး၊ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)၊ ျပည္သူ႔ေဆး႐ုံႀကီး၊ လားရႈိးၿမိဳ႕တြင္ ေက်ာက္မဲၿမိဳ႕ ျပည္သူ႔ေဆး႐ုံမွ ေျပာင္းေ႐ႊ႕လူနာ (၁) ဦး၊ ပဲခူးတိုင္းေဒသႀကီး၊ ျပည္သူ႔ေဆး႐ုံႀကီး၊ ျပည္ၿမိဳ႕တြင္ ျပည္သူ႔ေဆး႐ုံ၊ ေပါက္ေခါင္းၿမိဳ႕မွ ေျပာင္းေ႐ႊ႕လူနာ (၄)ဦး၊ စုစုေပါင္း (၁၈) ဦးတို႔၏ က်န္းမာေရး အေျခအေနမွာ တည္ၿငိမ္လ်က္ရွိပါသည္။ ေဝဘာဂီအထူးကုေဆး႐ုံႀကီးရွိ လူနာ (၂) ဦးအား အထူးၾကပ္မတ္ခန္း၌ သီးျခားထားရွိေဆးကုသမႈေပးလ်က္ရွိပါသည္။

၆။ ယခုအခါ (၂၃-၃-၂၀၂၀) ရက္ေန႔မွ (၄-၄-၂၀၂၀) ရက္ေန႔အထိ ျမန္မာႏိုင္ငံတြင္ COVID-19 ဓာတ္ခြဲအတည္ျပဳလူနာ (၂၁) ဦး ေတြ႕ရွိလာရၿပီျဖစ္ပါသည္။ သို႔ျဖစ္ပါ၍ ျပည္သူ မ်ားအေနျဖင့္ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနမွ ထုတ္ျပန္ထားေသာ ေရာဂါကာကြယ္ ေရးဆိုင္ရာ က်န္းမာေရးပညာေပးအခ်က္အလက္မ်ားအား တိက်စြာလိုက္နာ ေဆာင္႐ြက္ျခင္းျဖင့္ မိမိသာမက မိမိ၏ မိသားစုႏွင့္ပတ္ဝန္းက်င္မွ လူမ်ားအတြက္ပါ ေရာဂါကူးစက္မႈမရွိေစေရး ပူးေပါင္း ေဆာင္႐ြက္ေပးႏိုင္ၾကပါရန္ ႏႈိးေဆာ္အပ္ပါသည္။

Ministry of Health and Sports, Myanmar
---------------------------------------------------
(Unicode)⤵⤵⤵
COVID-19 ရောဂါပိုး တွေ့ရှိသူ ၂၁ ဦး ရှိပြီ

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၄-၄-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိ သည့် COVID-19 ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ရောဂါရှာဖွေ ၍ ထိရောက်စွာကုသမှုပေးခြင်း၊ ရောဂါပိုးတွေ့ရှိသူများနှင့် ထိတွေ့မှုရှိခဲ့သူများအား ရှာဖွေဖော် ထုတ်၍ အသွားအလာကန့်သတ်ခြင်း၊ လိုအပ်ပါက ဆေးရုံတက်ရောက်ကုသမှု ခံယူနိုင်စေရေး ဆောင်ရွက်ခြင်း၊ ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူများအား သက်ဆိုင်ရာ ဒေသ အာဏာပိုင်အဖွဲ့များ၊ အခြားဌာနဆိုင်ရာများနှင့် ချိတ်ဆက်၍သတင်းရယူခြင်း၊ အသွားအလာ ကန့်သတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ COVID-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူလူထုမှ သတင်းမှန်များရရှိနိုင်ရေးအတွက် နေ့စဉ်သတင်းထုတ်ပြန်ခြင်းလုပ်ငန်းများအား အရှိန်အဟုန် မြှင့် ဆောင်ရွက်လျက်ရှိပါ သည်။

၂။ (၃-၄-၂၀၂၀) ရက်နေ့၊ ညနေ (၆) နာရီမှ (၄-၄-၂၀၂၀) ရက်နေ့၊ ညနေ (၆) နာရီအထိ စောင့်ကြည့်လူနာအသစ် (၅၈) ဦး ရှိပါသည်။

၃။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (၄-၄-၂၀၂၀) ရက်နေ့၊ ည (၅:၃၀) နာရီ ဓာတ်ခွဲစစ်ဆေးမှုအဖြေများအရ စောင့်ကြည့်လူနာနှင့် ဆေးရုံ/ အိမ်/ ဟိုတယ်တွင် အသွားအလာ ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိသောသူ (၈၄) ဦး၏ ဓာတ်ခွဲနမူနာများအား စစ်ဆေး ခဲ့ရာ (ဇယား-၁) တွင်ဖော်ပြထားရှိသောသူ (၁) ဦး၏ ဓာတ်ခွဲအဖြေတွင် COVID-19 ရောဂါ ပိုး တွေ့ရှိ (တွေ့ရှိ) ရပြီး ကျန် (၈၃) ဦး၏ ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုးမရှိ ကြောင်း (မရှိကြောင်း) တွေ့ရှိရပါသည်။

၄။ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ (Case-21) သည် ရန်ကုန်တိုင်းဒေသကြီး၊ တောင် ဥက္ကလာပမြို့နယ်တွင် နေထိုင်သည့် အသက် (၂၄) နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသမီး (၁) ဦးဖြစ်ပြီး မိခင်နှင့် မောင်တော်စပ်သူတို့နှင့်အတူ (၂၄-၃-၂၀၂၀) ရက်နေ့တွင် အမေရိကန်နိုင်ငံမှ ကိုရီးယား သမ္မတနိုင်ငံသို့ လေကြောင်းလိုင်းဖြင့်ထွက်ခွာခဲ့ကာ ကိုရီးယားသမ္မတနိုင်ငံမှတစ်ဆင့် ထိုင်းနိုင်ငံသို့ (၂၅-၃-၂၀၂၀) ရက်နေ့၊ ညနေပိုင်းတွင် ရောက်ရှိခဲ့ပါသည်။ ထိုင်းနိုင်ငံမှတစ်ဆင့် (၂၆-၃-၂၀၂၀) ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိခဲ့ရာ ဗိုလ်တစ်ထောင်မြို့နယ်ရှိ ဟိုတယ်တစ်ခုတွင် အသွားအလာကန့်သတ်ခြင်းပြုလုပ်ရန် ညွှန်းပို့ခဲ့ပါသည်။ အဆိုပါလူနာသည် (၂-၄-၂၀၂၀) ရက်နေ့မှစ၍ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ မောပန်းခြင်း စသည့်ရောဂါလက္ခဏာများ ခံစားခဲ့ရသဖြင့် ယင်း‌နေ့တွင်ပင် ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးသို့ ထပ်မံညွှန်းပို့ခဲ့ရာ စောင့်ကြည့်လူနာအဖြစ် သီးသန့်ထားရှိပြီး ဓာတ်ခွဲနမူနာအား ပေးပို့စစ်ဆေးခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါလူနာအား ဝေဘာဂီအထူးကုဆေးရုံကြီးသို့ပြောင်းရွှေ့ရန် စီစဉ်လျက် ရှိပြီး လတ်တလောကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပါသည်။

၅။ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ (၂၀) ဦးအနက် ချင်းပြည်နယ်၊ တီးတိန် ပြည်သူ့ဆေးရုံတွင် လူနာ (၁) ဦး၊ ရန်ကုန်မြို့၊ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် လူနာ (၁၀) ဦး နှင့် မန္တလေး မြို့၊ ကန်တော်နဒီဆေးရုံတွင် လူနာ (၁) ဦး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီးတွင် လူနာ (၁) ဦး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ပြည်သူ့ဆေးရုံကြီး၊ လားရှိုးမြို့တွင် ကျောက်မဲမြို့ ပြည်သူ့ဆေးရုံမှ ပြောင်းရွှေ့လူနာ (၁) ဦး၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်သူ့ဆေးရုံကြီး၊ ပြည်မြို့တွင် ပြည်သူ့ဆေးရုံ၊ ပေါက်ခေါင်းမြို့မှ ပြောင်းရွှေ့လူနာ (၄)ဦး၊ စုစုပေါင်း (၁၈) ဦးတို့၏ ကျန်းမာရေး အခြေအနေမှာ တည်ငြိမ်လျက်ရှိပါသည်။ ဝေဘာဂီအထူးကုဆေးရုံကြီးရှိ လူနာ (၂) ဦးအား အထူးကြပ်မတ်ခန်း၌ သီးခြားထားရှိဆေးကုသမှုပေးလျက်ရှိပါသည်။

၆။ ယခုအခါ (၂၃-၃-၂၀၂၀) ရက်နေ့မှ (၄-၄-၂၀၂၀) ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာ (၂၁) ဦး တွေ့ရှိလာရပြီဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ပြည်သူ များအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ် ရေးဆိုင်ရာ ကျန်းမာရေးပညာပေးအချက်အလက်များအား တိကျစွာလိုက်နာ ဆောင်ရွက်ခြင်းဖြင့် မိမိသာမက မိမိ၏ မိသားစုနှင့်ပတ်ဝန်းကျင်မှ လူများအတွက်ပါ ရောဂါကူးစက်မှုမရှိစေရေး ပူးပေါင်း ဆောင်ရွက်ပေးနိုင်ကြပါရန် နှိုးဆော်အပ်ပါသည်။

Ministry of Health and Sports, Myanmar
https://www.facebook.com/MinistryOfHealthAndSportsMyanmar/
COVID-19 ေရာဂါပိုး ေတြ ့ရွိသူ ၂၁ ဦး ရိွျပီ COVID-19 ေရာဂါပိုး ေတြ ့ရွိသူ ၂၁ ဦး ရိွျပီ Reviewed by THITHTOOLWIN on 20:17 Rating: 5
Powered by Blogger.