ျမန္မာအတြက္ COVID-19 အေရးေပၚ ရန္ပုံေငြ ေဒၚလာသန္း ၅၀ ကမာၻ႔ဘဏ္ ေပးမည္

ရန္ကုန္ၿမိဳ႕ရွိ လမ္းတခုမွာ ပိုးသတ္ေဆးျဖန္းေနတဲ့ မီးသတ္၀န္ထမ္းမ်ား (ဧၿပီ ၂၀၊ ၂၀၂၀)
(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ COVID-19 ကပ္ေရာဂါ အေရးေပၚ တံု႔ျပန္ေရးအတြက္ အေမရိကန္ေဒၚလာ သန္း ၅၀ ကို ကမာၻ႔ဘဏ္က ေခ်းဖုိ႔ အတည္ျပဳလိုက္ပါတယ္။

ေဆး႐ံုေတြမွာ COVID-19 လူနာေတြ ကုသေပးႏိုင္ေရး အျမန္ဆံုးျပင္ဆင္ေဆာင္႐ြက္ဖုိ႔ က်န္းမာေရးဝန္ထမ္းေတြကို အကာအကြယ္ေပးဖုိ႔နဲ႔ လူနာေတြ ေရာဂါအျပင္းအထန္ခံစားရတာကေနသက္သာေစဖုိ႔နဲ႔ ေသဆံုးမႈ ေလ်ာ့နည္းေစဖုိ႔ ဒီေငြေတြက အေထာက္အကူျဖစ္မယ္လို႔ ျမန္မာႏိုင္ငံဆိုင္ရာ ကမာၻ႔ဘဏ္တာဝန္႐ွိသူ Mariam Sherman က ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။

အေရးေပၚတံု႔ျပန္ေဆာင္႐ြက္တဲ့ေနရာမွာ COVID-19 လူနာေတြ ကုသေပးေနတဲ့ သတ္မွတ္ေဆး႐ံုေတြက အထူးၾကပ္မတ္ကုသေဆာင္ေတြကို အဆင့္ျမွင့္ေရး၊ က်န္းမာေရးတာဝန္႐ွိသူေတြ တာဝန္႐ွိသူေတြရဲ႕ စြမ္းေဆာင္ရည္ ျမွင့္တင္ေရးန႔ဲ တႏိုင္ငံလံုး လူမႈအသိုင္းအဝိုင္းေတြၾကား အသိပညာေပးေရးလုပ္ငန္းေတြ တိုးျမင့္ေဆာင္႐ြက္သြားေရးကို အဓိကအာ႐ံုစိုက္လုပ္ဖုိ႔ ျဖစ္တယ္လို႔ ေၾကညာခ်က္ထဲမွာ ေဖာ္ျပထားပါတယ္။

ဒီေန႔ ဧၿပီလ ၂၀ ရက္ေန႔ ည ၈ နာရီမွာ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္အရ ၁၀ ႏွစ္အရြယ္ ကေလးတဦး အပါအ၀င္ ျမန္မာႏိုင္ငံမွာ COVID-19 ေရာဂါပိုးေတ႔ြ႐ွိသူ ေနာက္ထပ္ ၆ ဦးကုိ ထပ္မံအတည္ျပဳလုိက္တဲ့အတြက္ အခုဆုိရင္ စုုစုေပါင္း ကူးစက္သူ ၁၁၇ ေယာက္အထိ ႐ွိသြားပါၿပီ။

ေသဆံုးသူ ၅ ေယာက္နဲ႔ ေရာဂါပိုးကင္းလို႔ ေဆး႐ံုက ဆင္းသြားသူ ၆ ေယာက္႐ွိၿပီလို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
------------------------------------------
[Unicode Version]

မြန်မာအတွက် COVID-19 အရေးပေါ် ရန်ပုံငွေ ဒေါ်လာသန်း ၅၀ ကမ္ဘာ့ဘဏ် ပေးမည်

မြန်မာနိုင်ငံမှာ COVID-19 ကပ်ရောဂါ အရေးပေါ် တုံ့ပြန်ရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၅၀ ကို ကမ္ဘာ့ဘဏ်က ချေးဖို့ အတည်ပြုလိုက်ပါတယ်။

ဆေးရုံတွေမှာ COVID-19 လူနာတွေ ကုသပေးနိုင်ရေး အမြန်ဆုံးပြင်ဆင်ဆောင်ရွက်ဖို့ ကျန်းမာရေးဝန်ထမ်းတွေကို အကာအကွယ်ပေးဖို့နဲ့ လူနာတွေ ရောဂါအပြင်းအထန်ခံစားရတာကနေသက်သာစေဖို့နဲ့ သေဆုံးမှု လျော့နည်းစေဖို့ ဒီငွေတွေက အထောက်အကူဖြစ်မယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်တာဝန်ရှိသူ Mariam Sherman က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

အရေးပေါ်တုံ့ပြန်ဆောင်ရွက်တဲ့နေရာမှာ COVID-19 လူနာတွေ ကုသပေးနေတဲ့ သတ်မှတ်ဆေးရုံတွေက အထူးကြပ်မတ်ကုသဆောင်တွေကို အဆင့်မြှင့်ရေး၊ ကျန်းမာရေးတာဝန်ရှိသူတွေ တာဝန်ရှိသူတွေရဲ့ စွမ်းဆောင်ရည် မြှင့်တင်ရေးနဲ့ တနိုင်ငံလုံး လူမှုအသိုင်းအဝိုင်းတွေကြား အသိပညာပေးရေးလုပ်ငန်းတွေ တိုးမြင့်ဆောင်ရွက်သွားရေးကို အဓိကအာရုံစိုက်လုပ်ဖို့ ဖြစ်တယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒီနေ့ ဧပြီလ ၂၀ ရက်နေ့ ည ၈ နာရီမှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ၁၀ နှစ်အရွယ် ကလေးတဦး အပါအဝင် မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုးတေ့ွရှိသူ နောက်ထပ် ၆ ဦးကို ထပ်မံအတည်ပြုလိုက်တဲ့အတွက် အခုဆိုရင် စုစုပေါင်း ကူးစက်သူ ၁၁၇ ယောက်အထိ ရှိသွားပါပြီ။

သေဆုံးသူ ၅ ယောက်နဲ့ ရောဂါပိုးကင်းလို့ ဆေးရုံက ဆင်းသွားသူ ၆ ယောက်ရှိပြီလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-world-bank-covid/5379788.html

မွတ္ခ်က္ေရးသားလုိတဲ့ စာဖတ္ပရိတ္မ်ား ေတာင္းဆုိခ်က္အရ ဖြင့္ေပးလုိက္ပါျပီ။ မွတ္ခ်က္မ်ား ေရးသားႏုိင္ပါျပီ။

အခ်ိန္နဲ ့တေျပးညီ သတင္းမ်ား ဖတ္ရႈႏိုင္ဖုိ ့ facebook "like" ကုိ ႏွိပ္ပါ။ thithtoolwin9@gmail.com ကုိ လည္း သတင္းမ်ား ဆက္သြယ္ေပးပုိ ့ႏိုင္ပါသည္။
ေနာက္ဆုံးရ သတင္းမ်ားကုိ ေအာက္ပါ Tweets မွာ ေဖာ္ျပထားပါတယ္။ Tweets ရဲ ့ေဘးေဘာင္တန္းကုိ ဆဲြခ်ျပီ မိမိတုိ ့စိတ္၀င္စားတဲ့ သတင္းေခါင္းစဥ္ ေအာက္က Link ကုိ ႏွိပ္ျပီ အျပည့္အစုံဖတ္ရႈႏိုင္ပါတယ္။
 

Advertisement

 

အသစ္ တင္သမွ် သတင္းမ်ား အလို အေလွ်ာက္ပုိ ့ ေပးပါမည္

က်န္းမာေရးႏွင့္ ေဖ်ာ္ေျဖေရး

တစ္ပတ္အတြင္း စိတ္ဝင္စားဖြယ္ရာ သတင္းမ်ား