COVID-19 ကပ္ေဘးႀကံဳေနခ်ိန္ ေလွစီးေျပး႐ုိဟင္ဂ်ာေတြ ေရာက္လာတဲ့အတြက္ မေလးရွားစုိးရိမ္

မေလးရွားႏုိင္ငံ ကြာလာလမ္ပူၿမိဳ႕ရွိ ကို႐ုိနာဗုိင္းရပ္စ္ စစ္ေဆးေပးရာေနရာတခုမွ က်န္းမာေရးဝန္ထမ္းမ်ား။ (မတ္ ၂၃၊ ၂၀၂၀)

(Zawgyi / Unicode)

မေလးရွားႏိုင္ငံမွာ ကုိ႐ုိနာဗုိင္းရပ္စ္နဲ႔ ပတ္သက္လို႔ ကူးစက္မႈႏႈန္းနဲ႔ ေသဆံုးမႈႏႈန္းေတြ ျမင့္ေနတဲ့အခ်ိန္မွာ မေလးရွားႏိုင္ငံ လမ္ကာ၀ီက်ြန္းကုိ ေလွစီးေျပး ဒုကၡသည္ ၂၀၀ အစုအေ၀းနဲ႔ ေရာက္ရွိလာတာေၾကာင့္ မေလးရွားအာဏာပိုင္ေတြက ဧၿပီလ ၅ ရက္ေန႔မွာ ဖမ္းဆီးလိုက္ပါတယ္။ အျပည့္အစုံကုိ ထုိင္းအေျခစုိက္ ဗြီအုိေအျမန္မာပုိင္း သတင္းေထာက္ မေအးေအးမာ တင္ဆက္ထားပါတယ္။

ေလွစီးေျပး ႐ုိဟင္ဂ်ာဒုကၡသည္ ၂၀၀ ဟာ ဧၿပီလ ၅ ရက္ေန႔မနက္ အေစာပုိင္းမွာပဲ မေလးရွားႏုိင္ငံ လမ္ကာ၀ီက်ြန္း ပင္လယ္ကမ္းစပ္ကုိ ေရာက္ရွိလာတာပါ။ ဒီသတင္းကုိရတာေၾကာင့္ မေလးရွား အာဏာပုိင္ေတြက ဖမ္းဆီးလိုက္ပါတယ္။

မေလးရွားႏိုင္ငံမွာ ကုိ႐ုိနာဗုိင္းရပ္စ္ ျဖစ္ပြားမႈႏႈန္း ျမင့္လာတဲ့ ဒီလုိအခ်ိန္မွာ လူစုလူေ၀းနဲ႔ ေရာက္လာတာဟာ အႏၱရာယ္ႀကီးမားေၾကာင္း မေလးရွားႏုိင္ငံဆုိင္ရာ ျမန္မာသံ႐ုံးကုိ ကုိယ္စားျပဳၿပီး မေလးရွား ထိန္းသိမ္းေရးစခန္းက ျမန္မာေတြကုိ အကူညီေပးေနတဲ့ ကုိသီဟေမာင္ေမာင္က ေျပာပါတယ္။

“သူတို႔လာတဲ့သူေတြမွာေတာ့ ေရာဂါပုိးပါလာမယ္၊ မပါလာဘူးဆုိတာ ဘယ္သူမွေတာ့ အတိအက် မေျပာႏိုင္ပါဘူး။ အခုခ်ိန္မွာ လာတာဆုိေတာ့ အရမ္း အႏၱရာယ္ႀကီးလြန္းတယ္။ ဥပမာ ဘဂၤလားေဒ့ရွ္ဘက္က လာမယ္ဆုိလည္း ဘဂၤလားေဒ့ရွ္မွာလည္း ေရာဂါျဖစ္ေနတာပဲ။ အဲဒီေတာ့ အႏၱရာယ္ႀကီးလြန္းတယ္။ နယ္စပ္ေတြလည္း အကုန္ပိတ္ထားတယ္။ ထုိင္းနယ္စပ္ေတြမွာလည္း ပိတ္တယ္။ ေလယာဥ္လိုင္းေတြလည္း ပိတ္ထားခ်ိန္မွာ အခုလို ၀င္လာတာေတာ့ အႏၱရာယ္ႀကီးပါတယ္။”

ေလွစီးေျပး ႐ုိဟင္ဂ်ာ၂၀၀ ဟာ ဧၿပီ ၅ ရက္ မနက္ပိုင္းမွာ ကမ္းေျခနဲ႔ မီတာ ၅၀၀ အကြာ ပင္လယ္တြင္း ရပ္နားေနတဲ့ စက္ေလွတစင္းေပၚကေန က်ြန္းေသာင္စပ္ကို ေရကူးလာခဲ့တာလို႔ မေလးရွားအာဏာပုိင္ေတြက ဆုိပါတယ္။ ဒါဟာ ပထမဦးဆံုးအႀကိမ္ေတာ့ မဟုတ္ပါဘူး။ ၿပီးခဲ့တဲ့ ႏွစ္ေတြတုန္းကလည္း လမ္ကာ၀ီက်ြန္းကို သေဘၤာပ်က္ၿပီး ေရာက္ရွိလာတဲ့ ႐ုိဟင္ဂ်ာေတြ ရွိခဲ့ပါတယ္။ သူတို႔ဟာ ဘယ္ေနရာက လာၾကသလဲ ဆုိတာကိုေတာ့ ဆက္ၿပီး စံုစမ္းသြားမွာျဖစ္ေၾကာင္း မေလးရွားအာဏာပိုင္ေတြကို ကိုးကားၿပီး မေလးရွားသတင္းေတြမွာ ေဖာ္ျပေနၾကတာပါ။

မေလးရွားႏုိင္ငံမွာ ကုိ႐ုိနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၃၀၀၀ ေက်ာ္ရွိၿပီး ေသဆံုးသူကေတာ့ ၆၀ ေက်ာ္ ရွိသြားပါၿပီ။ မေလးရွားႏုိင္ငံက စာသင္ေက်ာင္းေတြ၊ ဘာသာေရး ၀တ္ျပဳဆုေတာင္းပဲြေတြလည္း ပိတ္ပင္ထားၿပီး ၿပီးခဲ့တဲ့လကေတာ့ မေလးရွားႏိုင္ငံမွာ ႐ုိဟင္ဂ်ာ ၂၀၀၀ ေလာက္ကုိလည္း ေဆးစစ္ေဆးမႈ လုပ္ခဲ့တယ္လုိ႔ မေလးသတင္းေတြမွာ ပါရွိပါတယ္။

---------------------------------

(Unicode)

COVID-19 ကပ်ဘေးကြုံနေချိန် လှေစီးပြေးရိုဟင်ဂျာတွေ ရောက်လာတဲ့အတွက် မလေးရှားစိုးရိမ်

မလေးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ ကူးစက်မှုနှုန်းနဲ့ သေဆုံးမှုနှုန်းတွေ မြင့်နေတဲ့အချိန်မှာ မလေးရှားနိုင်ငံ လမ်ကာဝီကျွန်းကို လှေစီးပြေး ဒုက္ခသည် ၂၀၀ အစုအဝေးနဲ့ ရောက်ရှိလာတာကြောင့် မလေးရှားအာဏာပိုင်တွေက ဧပြီလ ၅ ရက်နေ့မှာ ဖမ်းဆီးလိုက်ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ဆက်ထားပါတယ်။

လှေစီးပြေး ရိုဟင်ဂျာဒုက္ခသည် ၂၀၀ ဟာ ဧပြီလ ၅ ရက်နေ့မနက် အစောပိုင်းမှာပဲ မလေးရှားနိုင်ငံ လမ်ကာဝီကျွန်း ပင်လယ်ကမ်းစပ်ကို ရောက်ရှိလာတာပါ။ ဒီသတင်းကိုရတာကြောင့် မလေးရှား အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။

    မလေးရှားမှာ COVID-19 ထိန်းချုပ်တဲ့အနေနဲ့ အိမ်ပြင်ထွက်သူတွေကို ဖမ်းတဲ့သတင်း ဖတ်ရှုနိုင်ပါတယ်။

မလေးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုနှုန်း မြင့်လာတဲ့ ဒီလိုအချိန်မှာ လူစုလူဝေးနဲ့ ရောက်လာတာဟာ အန္တရာယ်ကြီးမားကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးကို ကိုယ်စားပြုပြီး မလေးရှား ထိန်းသိမ်းရေးစခန်းက မြန်မာတွေကို အကူညီပေးနေတဲ့ ကိုသီဟမောင်မောင်က ပြောပါတယ်။

“သူတို့လာတဲ့သူတွေမှာတော့ ရောဂါပိုးပါလာမယ်၊ မပါလာဘူးဆိုတာ ဘယ်သူမှတော့ အတိအကျ မပြောနိုင်ပါဘူး။ အခုချိန်မှာ လာတာဆိုတော့ အရမ်း အန္တရာယ်ကြီးလွန်းတယ်။ ဥပမာ ဘင်္ဂလားဒေ့ရှ်ဘက်က လာမယ်ဆိုလည်း ဘင်္ဂလားဒေ့ရှ်မှာလည်း ရောဂါဖြစ်နေတာပဲ။ အဲဒီတော့ အန္တရာယ်ကြီးလွန်းတယ်။ နယ်စပ်တွေလည်း အကုန်ပိတ်ထားတယ်။ ထိုင်းနယ်စပ်တွေမှာလည်း ပိတ်တယ်။ လေယာဉ်လိုင်းတွေလည်း ပိတ်ထားချိန်မှာ အခုလို ဝင်လာတာတော့ အန္တရာယ်ကြီးပါတယ်။”

လှေစီးပြေး ရိုဟင်ဂျာ၂၀၀ ဟာ ဧပြီ ၅ ရက် မနက်ပိုင်းမှာ ကမ်းခြေနဲ့ မီတာ ၅၀၀ အကွာ ပင်လယ်တွင်း ရပ်နားနေတဲ့ စက်လှေတစင်းပေါ်ကနေ ကျွန်းသောင်စပ်ကို ရေကူးလာခဲ့တာလို့ မလေးရှားအာဏာပိုင်တွေက ဆိုပါတယ်။ ဒါဟာ ပထမဦးဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ နှစ်တွေတုန်းကလည်း လမ်ကာဝီကျွန်းကို သင်္ဘောပျက်ပြီး ရောက်ရှိလာတဲ့ ရိုဟင်ဂျာတွေ ရှိခဲ့ပါတယ်။ သူတို့ဟာ ဘယ်နေရာက လာကြသလဲ ဆိုတာကိုတော့ ဆက်ပြီး စုံစမ်းသွားမှာဖြစ်ကြောင်း မလေးရှားအာဏာပိုင်တွေကို ကိုးကားပြီး မလေးရှားသတင်းတွေမှာ ဖော်ပြနေကြတာပါ။

မလေးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၃၀၀၀ ကျော်ရှိပြီး သေဆုံးသူကတော့ ၆၀ ကျော် ရှိသွားပါပြီ။ မလေးရှားနိုင်ငံက စာသင်ကျောင်းတွေ၊ ဘာသာရေး ဝတ်ပြုဆုတောင်းပွဲတွေလည်း ပိတ်ပင်ထားပြီး ပြီးခဲ့တဲ့လကတော့ မလေးရှားနိုင်ငံမှာ ရိုဟင်ဂျာ ၂၀၀၀ လောက်ကိုလည်း ဆေးစစ်ဆေးမှု လုပ်ခဲ့တယ်လို့ မလေးသတင်းတွေမှာ ပါရှိပါတယ်။

မေအးေအးမာ/VOA (Burmese)
https://burmese.voanews.com/a/covid19-rohingya-malaysia/5360910.html
COVID-19 ကပ္ေဘးႀကံဳေနခ်ိန္ ေလွစီးေျပး႐ုိဟင္ဂ်ာေတြ ေရာက္လာတဲ့အတြက္ မေလးရွားစုိးရိမ္ COVID-19 ကပ္ေဘးႀကံဳေနခ်ိန္ ေလွစီးေျပး႐ုိဟင္ဂ်ာေတြ ေရာက္လာတဲ့အတြက္ မေလးရွားစုိးရိမ္ Reviewed by THITHTOOLWIN on 19:51 Rating: 5
Powered by Blogger.