ျမန္မာ့ COVID-19 တုိက္ဖ်က္ေရးအတြက္ ကန္ အစုိးရက ဘယ္လုိအကူအညီေတြ ေပးေနသလဲ


(Zawgyi/Unicode)

COVID-19 ေရာဂါ တိုက္ဖ်က္ေရးအတြက္ ျမန္မာနိုင္ငံကို အေမရိကန္ ေဒၚလာ ၇.၃ သန္းေက်ာ္ အကူအညီေပးဖို႔ ကတိကဝတ္ျပဳထား တယ္လို႔ ရန္ကုန္ၿမိဳ႕က အေမရိကန္သံ႐ုံးက မေန႔က ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ COVID-19 ေရာဂါ တိုက္ဖ်က္ေရးမွာ အေမရိကန္ သံ႐ုံးအေနနဲ႔ ျမန္မာနိုင္ငံ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန၊ ရပ္ရြာလူထု အဖြဲ႕အစည္းေတြနဲ႔အတူ အနီးကပ္လက္တြဲ ေဆာင္ရြက္ေနပါတယ္လို႔လည္း ေျပာပါတယ္။

အကူအညီေပးမယ့္ ေငြေတြထဲက ေဒၚလာ ၄.၃ သန္းကို COVID-19 တားဆီးကာကြယ္ေရး လူထု အသိပညာေပးေရးလုပ္ငန္းမွာ သုံးစြဲမွာ ျဖစ္သလို ပဋိပကၡ ေဘးသင့္ ေဒသေတြအတြင္းက က်န္းမာေရး လုပ္သားေတြ ေဘးအႏၲရယ္ ကင္းကင္းနဲ႔ တာဝန္ထမ္းေဆာင္နိုင္ဖို႔ အတြက္လည္း ပါဝင္ပါတယ္။ ဒါ့အျပင္ ဓါတ္ခြဲခန္း အသုံးျပဳမႈဆိုင္ရာ သင္တန္းေတြေပးေရးနဲ႔ ဓါတ္ခြဲခန္း ပစၥည္း ကိရိယာေတြ ရရွိေရး၊ ေရာဂါ ကူးစက္သူေတြနဲ႔ ထိေတြ႕ခဲ့သူေတြကို ေျခရာခံ လိုက္တာ အပါအဝင္ ကူးစက္မႈ ရွိ-မရွိ ေစာင့္ၾကည့္ စမ္းသပ္ စစ္ေဆးေရး အတြက္ လည္း သုံးစြဲမွာ ျဖစ္ပါတယ္။

က်န္တဲ့ေငြ ၃ သန္းကို အေမရိကန္ နိုင္ငံတကာ အကူအညီေပးေရးအဖြဲ႕ (USAID) ကေန ေထာက္ပံ့သြားမွာ ျဖစ္ၿပီး ေနရပ္ စြန္႔ခြာထြက္ေျပး ရသူေတြ အတြက္ ထားရွိတဲ့ စခန္းေတြမွာဆပ္ျပာနဲ႔လက္ေဆးဖို႔ေနရာေတြအပါအဝင္ ေရနဲ႔သန႔္ရွင္းေရး အေထာက္ အကူ ျပဳပစၥည္းေတြ အတြက္ အသုံးျပဳသြားမွာျဖစ္ပါတယ္။ အခုအကူအညီ အပါအဝင္ အေမရိကန္ႏိုင္ငံအေနနဲ႔ ျမန္မာနိုင္ငံရဲ႕ က်န္းမာေရးက႑အတြက္ လြန္ခဲ့တဲ့ ႏွစ္ ၂၀ အတြင္း ေပးအပ္ခဲ့တာ စုစုေပါင္း ေဒၚလာ ၁၇၆ သန္းေက်ာ္ရွိၿပီျဖစ္ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
---------------------------------------------

မြန်မာ့ COVID-19 တိုက်ဖျက်ရေးအတွက် ကန် အစိုးရက ဘယ်လိုအကူအညီတွေ ပေးနေသလဲ

(Unicode)

COVID-19 ရောဂါ တိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံကို အမေရိကန် ဒေါ်လာ ၇.၃ သန်းကျော် အကူအညီပေးဖို့ ကတိကဝတ်ပြုထား တယ်လို့ ရန်ကုန်မြို့က အမေရိကန်သံရုံးက မနေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ COVID-19 ရောဂါ တိုက်ဖျက်ရေးမှာ အမေရိကန် သံရုံးအနေနဲ့ မြန်မာနိုင်ငံ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရပ်ရွာလူထု အဖွဲ့အစည်းတွေနဲ့အတူ အနီးကပ်လက်တွဲ ဆောင်ရွက်နေပါတယ်လို့လည်း ပြောပါတယ်။

အကူအညီပေးမယ့် ငွေတွေထဲက ဒေါ်လာ ၄.၃ သန်းကို COVID-19 တားဆီးကာကွယ်ရေး လူထု အသိပညာပေးရေးလုပ်ငန်းမှာ သုံးစွဲမှာ ဖြစ်သလို ပဋိပက္ခ ဘေးသင့် ဒေသတွေအတွင်းက ကျန်းမာရေး လုပ်သားတွေ ဘေးအန္တရယ် ကင်းကင်းနဲ့ တာဝန်ထမ်းဆောင်နိုင်ဖို့ အတွက်လည်း ပါဝင်ပါတယ်။ ဒါ့အပြင် ဓါတ်ခွဲခန်း အသုံးပြုမှုဆိုင်ရာ သင်တန်းတွေပေးရေးနဲ့ ဓါတ်ခွဲခန်း ပစ္စည်း ကိရိယာတွေ ရရှိရေး၊ ရောဂါ ကူးစက်သူတွေနဲ့ ထိတွေ့ခဲ့သူတွေကို ခြေရာခံ လိုက်တာ အပါအဝင် ကူးစက်မှု ရှိ-မရှိ စောင့်ကြည့် စမ်းသပ် စစ်ဆေးရေး အတွက် လည်း သုံးစွဲမှာ ဖြစ်ပါတယ်။

ကျန်တဲ့ငွေ ၃ သန်းကို အမေရိကန် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့ (USAID) ကနေ ထောက်ပံ့သွားမှာ ဖြစ်ပြီး နေရပ် စွန့်ခွာထွက်ပြေး ရသူတွေ အတွက် ထားရှိတဲ့ စခန်းတွေမှာဆပ်ပြာနဲ့လက်ဆေးဖို့နေရာတွေအပါအဝင် ရေနဲ့သန့်ရှင်းရေး အထောက် အကူ ပြုပစ္စည်းတွေ အတွက် အသုံးပြုသွားမှာဖြစ်ပါတယ်။ အခုအကူအညီ အပါအဝင် အမေရိကန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍအတွက် လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း ပေးအပ်ခဲ့တာ စုစုပေါင်း ဒေါ်လာ ၁၇၆ သန်းကျော်ရှိပြီဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/us-myanmar-covid-/5396030.html
ျမန္မာ့ COVID-19 တုိက္ဖ်က္ေရးအတြက္ ကန္ အစုိးရက ဘယ္လုိအကူအညီေတြ ေပးေနသလဲ ျမန္မာ့ COVID-19 တုိက္ဖ်က္ေရးအတြက္ ကန္ အစုိးရက ဘယ္လုိအကူအညီေတြ ေပးေနသလဲ Reviewed by THITHTOOLWIN on 07:09 Rating: 5
Powered by Blogger.