ရန္ကုန္အလုပ္သမားေဆးရုံအုပ္ရဲ႕ COVID-19 လူနာေတြ ကုသေပးေနတဲ့ အေတြ႔အႀကံဳ

ရန္ကုန္အလုပ္သမားေဆးရုံအုပ္ရဲ႕ COVID-19 လူနာေတြ ကုသေပးေနတဲ့ အေတြ႔အႀကံဳ
(Zawgyi/Unicode)

မၾကာခင္ရက္ပိုင္းက ရန္ကုန္စက္မႈဇံုေတြမွာ အလုပ္သမား အမ်ားအျပားစုေဝးခဲ့တာေၾကာင့္ COVID-19 ေရာဂါပ်ံ႕ႏွံ႔မွာ စိုးရိမ္ေနသလို၊ COVID- 19 လူနာေတြ ကုသေပးေနတဲ့ က်န္းမာေရးဝန္ထမ္းေတြ ေရာဂါကူးစက္မွာ စိုးရိမ္ေနတယ္လို႔ အလုပ္သမားေဆး႐ံုႀကီး (ရန္ကုန္) ရဲ႕ ယာယီေဆး႐ံုအုပ္ႀကီး ျဖစ္သူ အ႐ိုးအထူးကုဆရာဝန္ႀကီး ေဒါက္တာတင္မင္းထြန္းက VOA ျမန္မာပိုင္းကို ေျပာပါတယ္။ လူမႈဖူလံုေရးေၾကးေပးထားတဲ့ အလုပ္သမားအားလံုးကို ကုသေပးတဲ့ အလုပ္သမားေဆး႐ံုမွာ COVID- 19 သံသယလူနာေတြ ေစာင့္ၾကည့္ဖုိ႔ ျပင္ဆင္ထားတာနဲ႔ ပတ္သက္လို႔ ယာယီေဆး႐ံုအုပ္ႀကီးကို မစုျမတ္မြန္ ဆက္သြယ္ေမးတဲ့အခါ သူက အခုလို စေျပာပါတယ္။

ေဒါက္တာတင္မင္းထြန္း။ ။ က်ေနာ္တို႔အခု ႀကိဳျပင္ထားတာေပါ့ေနာ္ ဆိုပါေတာ့ က်ေနာ္တို႔ဆီကို ဖ်ားတဲ့လူနာေရာက္လာၿပီဆိုရင္ ဖ်ားတဲ့လူနာကို သီးသန္႔ထားဖို႔ အခန္းေတြ ဖြဲ႔ထားတယ္။ အဲဒီလူနာကို ၾကည့္ဖို႔ duty ဘယ္လိုဆင္းမယ္ဆိုတာလည္း တခါတည္း ျပင္ထားတာေပါ့ေနာ္။ ၿပီးေတာ့ COVID သံသယရွိတဲ့လူနာကို ေစာင့္ၾကည့္ဖို႔အတြက္ အခန္းေတြျပင္ထားတယ္။

မစုျမတ္မြန္။ ။ အဲလို ျပင္ဆင္တဲ့အခါမွာ လုိအပ္ခ်က္ေတြရွိလား၊ အကုန္ျပည့္စံုၿပီလားဆရာ။

ေဒါက္တာတင္မင္းထြန္း။ ။ အေျခခံလုိအပ္ခ်က္ျဖစ္တဲ့ PPE တို႔၊ mask တို႔ကေတာ့ က်ေနာ္တို႔ဆီမွာ အျပည့္အစံုရွိတယ္။ မရွိတာတခုကေတာ့ ventilator ေပါ့။ က်ေနာ္တို႔ ေဆးရံုက နဂိုတည္းက ICU မရွိတဲ့အခါက်ေတာ့ ventilator အသက္ရႈစက္ ကို ၀ယ္မထားျဖစ္ဘူး။ က်ေနာ္တုိ႔ဆီမွာ ေလာေလာဆည္ အသက္ရႈစက္ တခုပဲရွိတယ္၊ အဲဒါကို ျပင္ထားတယ္။ ေနာက္အဓိက ျပႆနာတခုကေတာ့ အလုပ္သမားေဆး႐ံုက က်န္းမာေရး၀န္ႀကီးဌာနကေနၿပီးေတာ့ အင္အား ခြဲေပးရတာဆိုေတာ့ Human resource အင္အားနည္းတယ္ အဲဒါတခုပဲ က်န္တာကေတာ့ အျပည့္အစံုရွိတယ္။

မစုျမတ္မြန္။ ။အခုလက္ရွိ ကူးစက္ေနသူေတြထဲမွာ ဆရာ၀န္ေတြ ၊ သူနာျပဳေတြ ၊ က်န္းမာေရး၀န္ထမ္းေတြ ပါ၀င္ေနတဲ့အခါက်ေတာ့ ဆရာတို႔ေဆးရံုမွာ က်န္းမာေရး၀န္ထမ္းေတြအတြက္ အကာအကြယ္ေပးဖို႔ အျပည့္အစံုျပင္ဆင္ထားလား။ ပစၥည္းေရာ အလံုအေလာက္ရွိပါသလား။

ေဒါက္တာတင္မင္းထြန္း။ ။ ရွိပါတယ္ ခုနက က်ေနာ္တို႔ေျပာတဲ့ PPE တို႔၊ mask တို႔ကေတာ့ က်ေနာ္တို႔ဆီမွာ အျပည့္အစံု အလံုအေလာက္ရွိတယ္။ လက္အိတ္ေတြ အကုန္လံုး အေျခခံ လိုအပ္ခ်က္ေတြ အျပည့္အစံုရွိတယ္။ ေနာက္ၿပီးေတာ့ သူတို႔နဲ႔ ထိေတြ႔မူျဖစ္သြားလို႔ Quarantine ထားဖို႔ေတာင္မွ က်ေနာ္တို႔ သီးသန္႔ေနရာေတြ ျပင္ဆင္ထားတယ္။

မစုျမတ္မြန္။ ။ ခုနက ေျပာသလို အသက္ရႈစက္ တခုပဲ ရွိတယ္ဆိုေတာ့ တကယ္လို႔ အခုဆရာတို႔ေဆးရံုမွာ လူနာရွိလာၿပီးေတာ့ အဲဒါမ်ိဳးလိုအပ္လာမယ္ဆိုရင္ေရာ ဘယ္လိုေဆာင္ရြက္ဖို႔ အစီအစဥ္ရွိပါသလဲ။

ေဒါက္တာတင္မင္းထြန္း။ ။ က်ေနာ္တို႔ ဒီေဆးရံုက က်န္းမာေရး၀န္ႀကီးဌာန Guide line နဲ႔ ရန္ကုန္တိုင္းအတြင္းမွာ ရွိတဲ့ ေဆးရံုေတြအားလံုးက COVID-19 positive ျဖစ္သြားၿပီဆိုရင္ သူတို႔က ေ၀ဘာဂီေဆးရံု တို႔ သူတို႔ သတ္မွတ္ထားတဲ့ အထူးေဆးရံုေတြမွာ လြဲေပးဖို႔ ညႊန္ၾကားထား ၿပီးသားဆိုေတာ့ က်ေနာ္တို႔ေဆးရံုမွာ ventilator တင္ရတဲ့ လူနာအဆင့္အထိေတာ့ မေမွ်ာ္မွန္းထားဘူး။ က်ေနာ္တုိ႔ဆီမွာ သံသယလူနာပဲ ထားတဲ့ အဆင့္ပဲေရာက္မယ္။ တကယ္လို႔ positive ျဖစ္သြားၿပီဆိုရင္ က်ေန္ာတို႔က လူနာကို လြဲေပးရမွာေပါ့ေနာ္။

မစုျမတ္မြန္။ ။ ျပီးခဲ့တဲ့ရက္ပိုင္းကပဲ ရန္ကုန္စက္မႈဇံုေတြမွာ စက္ရံုေတြဖြင့္တယ္ဆိုေတာ့ အလုပ္သမားအမ်ားႀကီးပဲ လာၾကတယ္ေပါ့ေလ ။ ဒါၾကည့္ရင္ ဒီေရာဂါကူးဖို႔အတြက္ အင္မတန္ စိုးရိမ္စရာ အေျခအေနျဖစ္တယ္ေပါ့ေလ။ အဲဒီေနာက္ဆက္တြဲေရာ ဆရာဘာေတြ သိရၿပီလဲ။ ေရာဂါပိုးကူးတဲ့ အေျခအေနေတြနဲ႔ ပတ္သက္ၿပီးေတာ့ ဘာေျပာခ်င္ပါသလဲ။

ေဒါက္တာတင္မင္းထြန္း။ ။ အဲဒါကေတာ့ က်ေနာ္တို႔ အလုပ္သမားေဆးရံုေတြ လူမႈဖူလံုေရး ေဆးခန္းေတြ အတြက္က တအားကို စိုးရိမ္တဲ့ကိစၥပါပဲ။ အဲဒီအေျဖက ဘယ္ေတာ့သိမလဲဆိုရင္ ေနာက္၂ ပတ္ေလာက္ ေမလေလာက္မွပဲ အေျဖကို ပိုၿပီးေတာ့ တိတိက်က် သိရမယ္ထင္တယ္။ အခုက သၾကၤန္အၿပီး စက္ရံုအလုပ္ရံုေတြ ျပန္ဖြင့္ၾကတယ္။ ဖြင့္ၿပီးေတာ့ တခါ တခ်ိဳ႕လည္း ပိတ္တယ္ ၊ တခ်ိဳ႕လည္းဖြင့္တယ္ အမ်ိဳးမ်ိဳးျဖစ္ၿပီးေတာ့ ဘာပဲေျပာေျပာ contact ေတြက ရွိသြားၿပီေပ့ါေနာ္။ ထိေတြ႔မႈေတြ ရွိသြားၿပီဆိုေတာ့ အခုေတာ့ ေပၚဦးမွာ မဟုတ္ဘူး ေနာက္ ၂ ပတ္ေလာက္ မွ အေျဖအတိအက် သိရမယ္ထင္တယ္။

မစုျမတ္မြန္။ ။ ဆရာ၀န္တေယာက္အေနနဲ႔ ျမန္မာႏိုင္ငံမွာ ကူးစက္ေနတဲ့ အေျခအေနနဲ႔ ပတ္သက္ၿပီးေတာ့ ဆရာ့ရဲ႕ စိုးရိမ္မႈကို ဘယ္လိုေျပာခ်င္သလဲ။

ေဒါက္တာတင္မင္းထြန္း။ ။ က်ေနာ့္ရဲ႕ စိုးရိမ္မႈက ေလာေလာဆည္ စိတ္ပူတာ ၂ ခုရွိတယ္။ က်ေနာ္တို႔ က်န္းမာေရး၀န္ထမ္းေတြကို ထိသြားမွာ တခုရွိတယ္။ ေနာက္တခုကေတာ့ အေျခခံလူတန္းစားေတြမွာ ျပန္႔သြားမွာ စိုးရိမ္တယ္။ ဥပမာအေနနဲ႔ တာခ်ီလိတ္ေဆးရံုမွာ တေယာက္ positive ျဖစ္တာနဲ႔ ေဆးရံုတခုလံုးက quarantine ၀င္တာနဲ႔ အဲဒီ ေဆးရံုတခုလံုးက လုပ္ငန္းေတြ ရပ္ဆိုင္းသြားသလိုျဖစ္သြားတာေပါ့ေနာ္။ ဆိုေတာ့ က်န္းမာေရး၀န္ထမ္း တေယာက္ထိသြားတာနဲ႔ တျခားေရာဂါေတြ ကုဖို႔ လူနာေတြက quarantine ၀င္တာနဲ႔ အဲဒီ ေဆးရံုတခုလံုးက လုပ္ငန္းေတြရပ္သြားမွာေပါ့ေနာ္ အဲဒါ က်ေနာ္စိတ္ပူတယ္။ ေနာက္တခုကေတာ့ အေျခခံလူတန္းစားေတြေပါ့ တေန႔လုပ္မွ တေန႔စားတဲ့လူေတြ နားဖို႔လည္း အခ်ိန္မရွိဘူး အိမ္မွာေနရတဲ့အခါက်ေတာ့ တအိမ္ထဲမွာ ၅ ေယာက္ ၁၀ ေယာက္ စုၿပီးေတာ့ ေနတာရွိတယ္။ အဲဒီေတာ့ သူတို႔ တေယာက္ျဖစ္တာနဲ႔ က်န္တဲ့လူေတြ outbreak ျဖစ္ဖို႔က chance မ်ားသြားတယ္ေပါ့ေနာ္ အဲဒီ ၂ ခုကို စိတ္ပူတယ္။

မစုျမတ္မြန္။ ။အေမရိကန္တို႔ ၊ ၿဗိတိန္တို႔လို ႏိုင္ငံေတြမွာေတာင္မွ ဆရာ၀န္ေတြ အမ်ားႀကီး ကူးစက္လာၿပီဆိုရင္ ဆရာေျပာသလို လူနာေတြကို ကုသေပးဖို႔ ဆရာ၀န္ေတြမွာ မႏိုင္မနင္းျဖစ္တယ္။ ေနာက္ ဒီေဆးရံုေတြမွာ လိုအပ္ခ်က္ေတြ ရွိလာတယ္ဆိုေတာ့ ျမန္မာျပည္မွာ အဲလိုျဖစ္လာရင္ တႏိုင္ငံလုံးအတိုင္းအတာနဲ႔ လံုလံုေလာက္ေလာက္ကုသေပးဖို႔ ဆရာ့အေနနဲ႔ ဘယ္လိုမ်ိဳး ျမင္သလဲရွင့္။

ေဒါက္တာတင္မင္းထြန္း။ ။ အခုအခ်ိန္ထိကေတာ့ အဆင္ေျပေနေသးတယ္။ ဒါေပမယ့္ outbreak ျဖစ္တဲ့ အေနအထားမွာေတာ့ အေမရိကန္တို႔ ၊ ၿဗိတိန္တို႔လို ႏိုင္ငံေတြမွာေတာင္မွ မႏိုင္မနင္းျဖစ္ၿပီဆိုရင္ က်ေနာ္တို႔ ႏိုင္ငံမ်ိဳးကေတာ့ ဒီထက္ ပိုဆိုးမယ္လို႔ ထင္တာပဲ။

မစုျမတ္မြန္။ ။ အဲလိုမ်ိဳးအေျခအေန သက္သာေအာင္ေရာ ဘယ္လိုမ်ိဳးေတြ လုပ္လို႔ရသလဲ ဆရာ။

ေဒါက္တာတင္မင္းထြန္း။ ။ အဲလိုမ်ိဳးအေျခအေန သက္သာေအာင္လုပ္မယ္ဆိုရင္ေတာ့ က်ေနာ္ေမွ်ာ္မွန္းတာကေတာ့ သၾကၤန္ရံုးပိတ္ရက္ရွည္ကို ဆက္ၿပီးေတာ့ ပိတ္ထားေစခ်င္တယ္ ။ ဒီလို ပိတ္တာေၾကာင့္ အလုပ္သမားေတြ သူတို႔ လစာ မရတာကို ဘယ္လိုျဖည့္ဆည္းေပးႏိုင္မလဲ ။ က်ေနာ္တို႔ home stay ကာလကို ဆက္ၿပီးေတာ့ ၁ လ ၂ လ ေလာက္ တိုးလိုက္မယ္ဆိုရင္ ၊ ျဖစ္ေနတဲ့ အရွိန္ကို ရပ္တန္႔လိုက္ႏိုင္မယ္ဆိုရင္ က်ေနာ္တို႔ ထိန္းႏိုင္မယ္ထင္တာပဲ။

အလုပ္သမားေဆး႐ံုႀကီး (ရန္ကုန္) ရဲ႕ ယာယီေဆး႐ံုအုပ္ႀကီး ျဖစ္သူ အ႐ိုးအထူးကုဆရာဝန္ႀကီး ေဒါက္တာတင္မင္းထြန္းကို မစုျမတ္မြန္ ဆက္သြယ္ေမးျမန္းထားတာပါ။

မစုုျမတ္မြန္  / ဗြီအိုေအ (ျမန္မာပုိင္း)
--------------------------------------------------

ရန်ကုန်အလုပ်သမားဆေးရုံအုပ်ရဲ့ COVID-19 လူနာတွေ ကုသပေးနေတဲ့ အတွေ့အကြုံ

(Unicode)

မကြာခင်ရက်ပိုင်းက ရန်ကုန်စက်မှုဇုံတွေမှာ အလုပ်သမား အများအပြားစုဝေးခဲ့တာကြောင့် COVID-19 ရောဂါပျံ့နှံ့မှာ စိုးရိမ်နေသလို၊ COVID- 19 လူနာတွေ ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ ရောဂါကူးစက်မှာ စိုးရိမ်နေတယ်လို့ အလုပ်သမားဆေးရုံကြီး (ရန်ကုန်) ရဲ့ ယာယီဆေးရုံအုပ်ကြီး ဖြစ်သူ အရိုးအထူးကုဆရာဝန်ကြီး ဒေါက်တာတင်မင်းထွန်းက VOA မြန်မာပိုင်းကို ပြောပါတယ်။ လူမှုဖူလုံရေးကြေးပေးထားတဲ့ အလုပ်သမားအားလုံးကို ကုသပေးတဲ့ အလုပ်သမားဆေးရုံမှာ COVID- 19 သံသယလူနာတွေ စောင့်ကြည့်ဖို့ ပြင်ဆင်ထားတာနဲ့ ပတ်သက်လို့ ယာယီဆေးရုံအုပ်ကြီးကို မစုမြတ်မွန် ဆက်သွယ်မေးတဲ့အခါ သူက အခုလို စပြောပါတယ်။

ဒေါက်တာတင်မင်းထွန်း။ ။ ကျနော်တို့အခု ကြိုပြင်ထားတာပေါ့နော် ဆိုပါတော့ ကျနော်တို့ဆီကို ဖျားတဲ့လူနာရောက်လာပြီဆိုရင် ဖျားတဲ့လူနာကို သီးသန့်ထားဖို့ အခန်းတွေ ဖွဲ့ထားတယ်။ အဲဒီလူနာကို ကြည့်ဖို့ duty ဘယ်လိုဆင်းမယ်ဆိုတာလည်း တခါတည်း ပြင်ထားတာပေါ့နော်။ ပြီးတော့ COVID သံသယရှိတဲ့လူနာကို စောင့်ကြည့်ဖို့အတွက် အခန်းတွေပြင်ထားတယ်။

မစုမြတ်မွန်။ ။ အဲလို ပြင်ဆင်တဲ့အခါမှာ လိုအပ်ချက်တွေရှိလား၊ အကုန်ပြည့်စုံပြီလားဆရာ။

ဒေါက်တာတင်မင်းထွန်း။ ။ အခြေခံလိုအပ်ချက်ဖြစ်တဲ့ PPE တို့၊ mask တို့ကတော့ ကျနော်တို့ဆီမှာ အပြည့်အစုံရှိတယ်။ မရှိတာတခုကတော့ ventilator ပေါ့။ ကျနော်တို့ ဆေးရုံက နဂိုတည်းက ICU မရှိတဲ့အခါကျတော့ ventilator အသက်ရှုစက် ကို ဝယ်မထားဖြစ်ဘူး။ ကျနော်တို့ဆီမှာ လောလောဆည် အသက်ရှုစက် တခုပဲရှိတယ်၊ အဲဒါကို ပြင်ထားတယ်။ နောက်အဓိက ပြဿနာတခုကတော့ အလုပ်သမားဆေးရုံက ကျန်းမာရေးဝန်ကြီးဌာနကနေပြီးတော့ အင်အား ခွဲပေးရတာဆိုတော့ Human resource အင်အားနည်းတယ် အဲဒါတခုပဲ ကျန်တာကတော့ အပြည့်အစုံရှိတယ်။

မစုမြတ်မွန်။ ။အခုလက်ရှိ ကူးစက်နေသူတွေထဲမှာ ဆရာဝန်တွေ ၊ သူနာပြုတွေ ၊ ကျန်းမာရေးဝန်ထမ်းတွေ ပါဝင်နေတဲ့အခါကျတော့ ဆရာတို့ဆေးရုံမှာ ကျန်းမာရေးဝန်ထမ်းတွေအတွက် အကာအကွယ်ပေးဖို့ အပြည့်အစုံပြင်ဆင်ထားလား။ ပစ္စည်းရော အလုံအလောက်ရှိပါသလား။

ဒေါက်တာတင်မင်းထွန်း။ ။ ရှိပါတယ် ခုနက ကျနော်တို့ပြောတဲ့ PPE တို့၊ mask တို့ကတော့ ကျနော်တို့ဆီမှာ အပြည့်အစုံ အလုံအလောက်ရှိတယ်။ လက်အိတ်တွေ အကုန်လုံး အခြေခံ လိုအပ်ချက်တွေ အပြည့်အစုံရှိတယ်။ နောက်ပြီးတော့ သူတို့နဲ့ ထိတွေ့မူဖြစ်သွားလို့ Quarantine ထားဖို့တောင်မှ ကျနော်တို့ သီးသန့်နေရာတွေ ပြင်ဆင်ထားတယ်။

မစုမြတ်မွန်။ ။ ခုနက ပြောသလို အသက်ရှုစက် တခုပဲ ရှိတယ်ဆိုတော့ တကယ်လို့ အခုဆရာတို့ဆေးရုံမှာ လူနာရှိလာပြီးတော့ အဲဒါမျိုးလိုအပ်လာမယ်ဆိုရင်ရော ဘယ်လိုဆောင်ရွက်ဖို့ အစီအစဉ်ရှိပါသလဲ။

ဒေါက်တာတင်မင်းထွန်း။ ။ ကျနော်တို့ ဒီဆေးရုံက ကျန်းမာရေးဝန်ကြီးဌာန Guide line နဲ့ ရန်ကုန်တိုင်းအတွင်းမှာ ရှိတဲ့ ဆေးရုံတွေအားလုံးက COVID-19 positive ဖြစ်သွားပြီဆိုရင် သူတို့က ဝေဘာဂီဆေးရုံ တို့ သူတို့ သတ်မှတ်ထားတဲ့ အထူးဆေးရုံတွေမှာ လွဲပေးဖို့ ညွှန်ကြားထား ပြီးသားဆိုတော့ ကျနော်တို့ဆေးရုံမှာ ventilator တင်ရတဲ့ လူနာအဆင့်အထိတော့ မမျှော်မှန်းထားဘူး။ ကျနော်တို့ဆီမှာ သံသယလူနာပဲ ထားတဲ့ အဆင့်ပဲရောက်မယ်။ တကယ်လို့ positive ဖြစ်သွားပြီဆိုရင် ကျနေ်ာတို့က လူနာကို လွဲပေးရမှာပေါ့နော်။

မစုမြတ်မွန်။ ။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ရန်ကုန်စက်မှုဇုံတွေမှာ စက်ရုံတွေဖွင့်တယ်ဆိုတော့ အလုပ်သမားအများကြီးပဲ လာကြတယ်ပေါ့လေ ။ ဒါကြည့်ရင် ဒီရောဂါကူးဖို့အတွက် အင်မတန် စိုးရိမ်စရာ အခြေအနေဖြစ်တယ်ပေါ့လေ။ အဲဒီနောက်ဆက်တွဲရော ဆရာဘာတွေ သိရပြီလဲ။ ရောဂါပိုးကူးတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ ဘာပြောချင်ပါသလဲ။

ဒေါက်တာတင်မင်းထွန်း။ ။ အဲဒါကတော့ ကျနော်တို့ အလုပ်သမားဆေးရုံတွေ လူမှုဖူလုံရေး ဆေးခန်းတွေ အတွက်က တအားကို စိုးရိမ်တဲ့ကိစ္စပါပဲ။ အဲဒီအဖြေက ဘယ်တော့သိမလဲဆိုရင် နောက်၂ ပတ်လောက် မေလလောက်မှပဲ အဖြေကို ပိုပြီးတော့ တိတိကျကျ သိရမယ်ထင်တယ်။ အခုက သင်္ကြန်အပြီး စက်ရုံအလုပ်ရုံတွေ ပြန်ဖွင့်ကြတယ်။ ဖွင့်ပြီးတော့ တခါ တချို့လည်း ပိတ်တယ် ၊ တချို့လည်းဖွင့်တယ် အမျိုးမျိုးဖြစ်ပြီးတော့ ဘာပဲပြောပြော contact တွေက ရှိသွားပြီပေ့ါနော်။ ထိတွေ့မှုတွေ ရှိသွားပြီဆိုတော့ အခုတော့ ပေါ်ဦးမှာ မဟုတ်ဘူး နောက် ၂ ပတ်လောက် မှ အဖြေအတိအကျ သိရမယ်ထင်တယ်။

မစုမြတ်မွန်။ ။ ဆရာဝန်တယောက်အနေနဲ့ မြန်မာနိုင်ငံမှာ ကူးစက်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့ ဆရာ့ရဲ့ စိုးရိမ်မှုကို ဘယ်လိုပြောချင်သလဲ။

ဒေါက်တာတင်မင်းထွန်း။ ။ ကျနော့်ရဲ့ စိုးရိမ်မှုက လောလောဆည် စိတ်ပူတာ ၂ ခုရှိတယ်။ ကျနော်တို့ ကျန်းမာရေးဝန်ထမ်းတွေကို ထိသွားမှာ တခုရှိတယ်။ နောက်တခုကတော့ အခြေခံလူတန်းစားတွေမှာ ပြန့်သွားမှာ စိုးရိမ်တယ်။ ဥပမာအနေနဲ့ တာချီလိတ်ဆေးရုံမှာ တယောက် positive ဖြစ်တာနဲ့ ဆေးရုံတခုလုံးက quarantine ဝင်တာနဲ့ အဲဒီ ဆေးရုံတခုလုံးက လုပ်ငန်းတွေ ရပ်ဆိုင်းသွားသလိုဖြစ်သွားတာပေါ့နော်။ ဆိုတော့ ကျန်းမာရေးဝန်ထမ်း တယောက်ထိသွားတာနဲ့ တခြားရောဂါတွေ ကုဖို့ လူနာတွေက quarantine ဝင်တာနဲ့ အဲဒီ ဆေးရုံတခုလုံးက လုပ်ငန်းတွေရပ်သွားမှာပေါ့နော် အဲဒါ ကျနော်စိတ်ပူတယ်။ နောက်တခုကတော့ အခြေခံလူတန်းစားတွေပေါ့ တနေ့လုပ်မှ တနေ့စားတဲ့လူတွေ နားဖို့လည်း အချိန်မရှိဘူး အိမ်မှာနေရတဲ့အခါကျတော့ တအိမ်ထဲမှာ ၅ ယောက် ၁၀ ယောက် စုပြီးတော့ နေတာရှိတယ်။ အဲဒီတော့ သူတို့ တယောက်ဖြစ်တာနဲ့ ကျန်တဲ့လူတွေ outbreak ဖြစ်ဖို့က chance များသွားတယ်ပေါ့နော် အဲဒီ ၂ ခုကို စိတ်ပူတယ်။

မစုမြတ်မွန်။ ။အမေရိကန်တို့ ၊ ဗြိတိန်တို့လို နိုင်ငံတွေမှာတောင်မှ ဆရာဝန်တွေ အများကြီး ကူးစက်လာပြီဆိုရင် ဆရာပြောသလို လူနာတွေကို ကုသပေးဖို့ ဆရာဝန်တွေမှာ မနိုင်မနင်းဖြစ်တယ်။ နောက် ဒီဆေးရုံတွေမှာ လိုအပ်ချက်တွေ ရှိလာတယ်ဆိုတော့ မြန်မာပြည်မှာ အဲလိုဖြစ်လာရင် တနိုင်ငံလုံးအတိုင်းအတာနဲ့ လုံလုံလောက်လောက်ကုသပေးဖို့ ဆရာ့အနေနဲ့ ဘယ်လိုမျိုး မြင်သလဲရှင့်။

ဒေါက်တာတင်မင်းထွန်း။ ။ အခုအချိန်ထိကတော့ အဆင်ပြေနေသေးတယ်။ ဒါပေမယ့် outbreak ဖြစ်တဲ့ အနေအထားမှာတော့ အမေရိကန်တို့ ၊ ဗြိတိန်တို့လို နိုင်ငံတွေမှာတောင်မှ မနိုင်မနင်းဖြစ်ပြီဆိုရင် ကျနော်တို့ နိုင်ငံမျိုးကတော့ ဒီထက် ပိုဆိုးမယ်လို့ ထင်တာပဲ။

မစုမြတ်မွန်။ ။ အဲလိုမျိုးအခြေအနေ သက်သာအောင်ရော ဘယ်လိုမျိုးတွေ လုပ်လို့ရသလဲ ဆရာ။

ဒေါက်တာတင်မင်းထွန်း။ ။ အဲလိုမျိုးအခြေအနေ သက်သာအောင်လုပ်မယ်ဆိုရင်တော့ ကျနော်မျှော်မှန်းတာကတော့ သင်္ကြန်ရုံးပိတ်ရက်ရှည်ကို ဆက်ပြီးတော့ ပိတ်ထားစေချင်တယ် ။ ဒီလို ပိတ်တာကြောင့် အလုပ်သမားတွေ သူတို့ လစာ မရတာကို ဘယ်လိုဖြည့်ဆည်းပေးနိုင်မလဲ ။ ကျနော်တို့ home stay ကာလကို ဆက်ပြီးတော့ ၁ လ ၂ လ လောက် တိုးလိုက်မယ်ဆိုရင် ၊ ဖြစ်နေတဲ့ အရှိန်ကို ရပ်တန့်လိုက်နိုင်မယ်ဆိုရင် ကျနော်တို့ ထိန်းနိုင်မယ်ထင်တာပဲ။

အလုပ်သမားဆေးရုံကြီး (ရန်ကုန်) ရဲ့ ယာယီဆေးရုံအုပ်ကြီး ဖြစ်သူ အရိုးအထူးကုဆရာဝန်ကြီး ဒေါက်တာတင်မင်းထွန်းကို မစုမြတ်မွန် ဆက်သွယ်မေးမြန်းထားတာပါ။

မစုမြတ်မွန်  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-covid-workers/5386646.html
ရန္ကုန္အလုပ္သမားေဆးရုံအုပ္ရဲ႕ COVID-19 လူနာေတြ ကုသေပးေနတဲ့ အေတြ႔အႀကံဳ ရန္ကုန္အလုပ္သမားေဆးရုံအုပ္ရဲ႕ COVID-19 လူနာေတြ ကုသေပးေနတဲ့ အေတြ႔အႀကံဳ Reviewed by THITHTOOLWIN on 11:06 Rating: 5
Powered by Blogger.