ျမန္မာ COVID-19 ကူးစက္သူ ၉၆ ဦးရွိၿပီ၊ ေဒသတခ်ဳိ႕ ညမထြက္ရ အမိန္႔ထုတ္


(Zawgyi / Unicode)

ျမန္မာႏုိင္ငံမွာ COVID-19 ေရာဂါ ကူးစက္ထားသူ ေနာက္ထပ္ ၂ ဦး ထပ္တိုးလာတာေၾကာင့္ စုစုေပါင္း ကူးစက္သူ ၉၆ ဦး ရွိသြားၿပီျဖစ္ပါတယ္။

ဧၿပီလ ၁၈ ရက္ေန႔က စစ္ေဆးခဲ့တဲ့ ဓာတ္ခြဲနမူနာ ၉၁ ခုထဲက ၂ ဦးမွာ ေရာဂါပိုး ေတြ႔ရွိရတဲ့အေၾကာင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔ည ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားတာပါ။

အခုခ်ိန္ထိဆုိရင္ ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္ထားသူေတြထဲက ေသဆံုးသူ ၅ ဦး ရွိၿပီျဖစ္ၿပီး ေနာက္ထပ္ ဓာတ္ခြဲစစ္ေဆးတာေတြအရ ေရာဂါပိုးကင္းရွင္းသြားသူက ၅ ဦးရွိၿပီျဖစ္တဲ့အေၾကာင္းလည္း ဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒီအေတာအတြင္းမွာပဲ COVID-19 ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ တားဆီးေရးအတြက္ ရန္ကုန္တိုင္းေဒသႀကီးအတြင္းမွာ ဧၿပီလ ၁၈ ရက္ေန႔ကစၿပီး ည ၁၀ နာရီကေန မနက္ ၄ နာရီအတြင္း ညမထြက္ရအမိန္႔ ထုတ္ျပန္ဖို႔ ၿမိဳ႕နယ္အသီးသီးကို ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႔က အေၾကာင္းၾကားတဲ့ စာတေစာင္ ဆိုရွယ္မီဒီယာေပၚမွာ ပ်ံ႕ေနပါတယ္။

အဲဒီစာကို ၫႊန္ၾကားေရးမွဴး ဦးမိုးဟိန္းက တိုင္းအစိုးရအဖြဲ႔ ဝန္ႀကီးခ်ဳပ္ကိုယ္စား လက္္မွတ္ထိုးထားၿပီး ဧၿပီလ ၁၇ ရက္ေန႔စြဲ တပ္ထားပါတယ္။

ဗီြအိုေအက ေနာက္ဆံုး စံုစမ္းထားသေလာက္ကေတာ့ တခ်ဳိ႕ၿမိဳ႕နယ္ေတြမွာ တာဝန္ရွိသူေတြက အသံခ်ဲ႕စက္နဲ႔ လိုက္ေအာ္ၿပီးေတာ့ ဒီကေန႔ ဧၿပီလ ၁၈ ရက္ ည ၁၀ နာရီကစၿပီး ညမထြက္ရအမိန္႔ ထုတ္ျပန္တဲ့အေၾကာင္း အသိေပးထားေပမယ့္ အဲဒီလို အသိမေပးေသးတဲ့ ၿမိဳ႕နယ္ေတြလည္း ရွိေနပါေသးတယ္။

ဒါ့အျပင္ မႏၱေလး၊ စစ္ကိုင္းနဲ႔ ဧရာ၀တီတုိင္းေဒသႀကီးေတြမွာလည္း ညမထြက္ရအမိန္႔ေတြ ထုတ္ျပန္ထားပါတယ္။

တခ်ိန္တည္းမွာပဲ ကို႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈေတြကို ထိထိေရာက္ေရာက္ ထိန္းခ်ဳပ္ႏုိင္ဖို႔အတြက္ ရန္ကုန္တုိင္းအတြင္းက ၿမိဳ႕နယ္ ၇ ၿမိဳ႕နယ္မွာလည္း ျပည္သူေတြကို အျပင္မထြက္ဘဲ အိမ္ထဲမွာပဲ ေနၾကဖို႔ ဒီကေန႔ အမိန္႔ထုတ္လုိက္ပါတယ္။

အဲဒီၿမိဳ႕နယ္ ၇ ခုကေတာ့ ေတာင္ဥကၠလာ၊ ပန္းဘဲတန္း၊ ဗဟန္း၊ မရမ္းကုန္း၊ အင္းစိန္၊ ေရႊျပည္သာနဲ႔ လႈိင္သာယာၿမိဳ႕နယ္ေတြ ျဖစ္တယ္လို႔ က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

အဲဒီေၾကညာခ်က္ထဲမွာေတာ့ အစိုးရဌာနေတြ၊ ကုမၸဏီေတြနဲ႔ စက္႐ုံအလုပ္႐ုံေတြမွာ အလုပ္သြားလုပ္တဲ့သူေတြ၊ တအိမ္တေယာက္ ေစ်း၀ယ္ထြက္သူေတြ၊ ေဆးခန္းသြားဖို႔ လိုအပ္တဲ့သူေတြကို အျပင္ထြက္ဖို႔ ခြင့္ျပဳထားၿပီး အျပင္ထြက္တဲ့အခါမွာလည္း ႏွာေခါင္းစည္း မ်က္ႏွာဖုံး တပ္ရမယ္လို႔ ေျပာထားပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
-------------------------------------

(Unicode)

မြန်မာ COVID-19 ကူးစက်သူ ၉၆ ဦးရှိပြီ၊ ဒေသတချို့ ညမထွက်ရ အမိန့်ထုတ်

မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်ထားသူ နောက်ထပ် ၂ ဦး ထပ်တိုးလာတာကြောင့် စုစုပေါင်း ကူးစက်သူ ၉၆ ဦး ရှိသွားပြီဖြစ်ပါတယ်။

ဧပြီလ ၁၈ ရက်နေ့က စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာ ၉၁ ခုထဲက ၂ ဦးမှာ ရောဂါပိုး တွေ့ရှိရတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

အခုချိန်ထိဆိုရင် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ထားသူတွေထဲက သေဆုံးသူ ၅ ဦး ရှိပြီဖြစ်ပြီး နောက်ထပ် ဓာတ်ခွဲစစ်ဆေးတာတွေအရ ရောဂါပိုးကင်းရှင်းသွားသူက ၅ ဦးရှိပြီဖြစ်တဲ့အကြောင်းလည်း ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီအတောအတွင်းမှာပဲ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် တားဆီးရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ဧပြီလ ၁၈ ရက်နေ့ကစပြီး ည ၁၀ နာရီကနေ မနက် ၄ နာရီအတွင်း ညမထွက်ရအမိန့် ထုတ်ပြန်ဖို့ မြို့နယ်အသီးသီးကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အကြောင်းကြားတဲ့ စာတစောင် ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နေပါတယ်။

အဲဒီစာကို ညွှန်ကြားရေးမှူး ဦးမိုးဟိန်းက တိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်ကိုယ်စား လက်မှတ်ထိုးထားပြီး ဧပြီလ ၁၇ ရက်နေ့စွဲ တပ်ထားပါတယ်။

ဗွီအိုအေက နောက်ဆုံး စုံစမ်းထားသလောက်ကတော့ တချို့မြို့နယ်တွေမှာ တာဝန်ရှိသူတွေက အသံချဲ့စက်နဲ့ လိုက်အော်ပြီးတော့ ဒီကနေ့ ဧပြီလ ၁၈ ရက် ည ၁၀ နာရီကစပြီး ညမထွက်ရအမိန့် ထုတ်ပြန်တဲ့အကြောင်း အသိပေးထားပေမယ့် အဲဒီလို အသိမပေးသေးတဲ့ မြို့နယ်တွေလည်း ရှိနေပါသေးတယ်။

ဒါ့အပြင် မန္တလေး၊ စစ်ကိုင်းနဲ့ ဧရာဝတီတိုင်းဒေသကြီးတွေမှာလည်း ညမထွက်ရအမိန့်တွေ ထုတ်ပြန်ထားပါတယ်။

တချိန်တည်းမှာပဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်ဖို့အတွက် ရန်ကုန်တိုင်းအတွင်းက မြို့နယ် ၇ မြို့နယ်မှာလည်း ပြည်သူတွေကို အပြင်မထွက်ဘဲ အိမ်ထဲမှာပဲ နေကြဖို့ ဒီကနေ့ အမိန့်ထုတ်လိုက်ပါတယ်။

အဲဒီမြို့နယ် ၇ ခုကတော့ တောင်ဥက္ကလာ၊ ပန်းဘဲတန်း၊ ဗဟန်း၊ မရမ်းကုန်း၊ အင်းစိန်၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေ ဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီကြေညာချက်ထဲမှာတော့ အစိုးရဌာနတွေ၊ ကုမ္ပဏီတွေနဲ့ စက်ရုံအလုပ်ရုံတွေမှာ အလုပ်သွားလုပ်တဲ့သူတွေ၊ တအိမ်တယောက် ဈေးဝယ်ထွက်သူတွေ၊ ဆေးခန်းသွားဖို့ လိုအပ်တဲ့သူတွေကို အပြင်ထွက်ဖို့ ခွင့်ပြုထားပြီး အပြင်ထွက်တဲ့အခါမှာလည်း နှာခေါင်းစည်း မျက်နှာဖုံး တပ်ရမယ်လို့ ပြောထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-covid19/5377739.html

မွတ္ခ်က္ေရးသားလုိတဲ့ စာဖတ္ပရိတ္မ်ား ေတာင္းဆုိခ်က္အရ ဖြင့္ေပးလုိက္ပါျပီ။ မွတ္ခ်က္မ်ား ေရးသားႏုိင္ပါျပီ။

အခ်ိန္နဲ ့တေျပးညီ သတင္းမ်ား ဖတ္ရႈႏိုင္ဖုိ ့ facebook "like" ကုိ ႏွိပ္ပါ။ thithtoolwin9@gmail.com ကုိ လည္း သတင္းမ်ား ဆက္သြယ္ေပးပုိ ့ႏိုင္ပါသည္။
ေနာက္ဆုံးရ သတင္းမ်ားကုိ ေအာက္ပါ Tweets မွာ ေဖာ္ျပထားပါတယ္။ Tweets ရဲ ့ေဘးေဘာင္တန္းကုိ ဆဲြခ်ျပီ မိမိတုိ ့စိတ္၀င္စားတဲ့ သတင္းေခါင္းစဥ္ ေအာက္က Link ကုိ ႏွိပ္ျပီ အျပည့္အစုံဖတ္ရႈႏိုင္ပါတယ္။
 

Advertisement

 

အသစ္ တင္သမွ် သတင္းမ်ား အလို အေလွ်ာက္ပုိ ့ ေပးပါမည္

က်န္းမာေရးႏွင့္ ေဖ်ာ္ေျဖေရး

တစ္ပတ္အတြင္း စိတ္ဝင္စားဖြယ္ရာ သတင္းမ်ား