COVID-19 ေၾကာင့္ ျမန္မာပဲတင္ပုိ႔မႈ အခက္ေတြ႔


(Zawgyi/Unicode)

ကိုဗစ္အၾကပ္အတည္း အေျခအေနေၾကာင့္ အိႏၵိယဘက္က ဝယ္ယူဖို႔ရွိတဲ့ မတ္ပဲေတြကို ျမန္မာဘက္က တင္ပို႔ဖို႔ အခက္ႀကဳံေနတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က တင္ျပေပးပါမယ္။

အိႏၵိယ ဝယ္ယူထားတဲ့ မတ္ပဲ ခြဲတမ္းတန္ခ်ိန္ ၂ သိန္းခြဲကို ျမန္မာဘက္က ေမလ ၁၅ ရက္ အိႏၵိယအေရာက္ တင္ပို႔ေပးရမွာျဖစ္ၿပီး ျပည္တြင္းစက္မႈဇုန္ေတြမွာ က်န္းမာေရးစစ္ေဆးမႈေတြ ၾကန႔္ၾကာေနလို႔ ဒီခြဲတမ္းပမာဏကို ျမန္မာဘက္က ဆုံးရႈံးႏိုင္ေျခရွိေၾကာင္း ပဲကုန္သည္ေတြက ေျပာပါတယ္။

ဒီေမလ ၁၅ ရက္ ဆိုတာ အိႏၵိယ အစိုးရက COVID-19 ေရာဂါေၾကာင့္ သက္တမ္းထပ္တိုးေပးထားတာျဖစ္ၿပီး၊ ဒီထက္အခ်ိန္ထပ္တိုးေပးဖို႔ ျဖစ္ႏိုင္ေခ်နည္းတဲ့အေပၚမွာ ကုန္သည္ေတြက စိုးရိမ္လာၾကတာပါ။ လႈိင္သာယာမွာ စက္မႈဇုန္ ၁ ကေန ၇ မွာ စက္႐ုံ ၃၀၀ ေလာက္က ပဲသန႔္စင္စက္႐ုံေတြပါ။ ဒီစက္႐ုံေတြဟာ က်န္းမာေရးဝန္ႀကီးဌာန ၫႊန္ၾကားထားတဲ့အတိုင္း လိုက္နာမႈရွိ၊ မရွိ စစ္ေဆးတာေတြ ခံယူၿပီးမွ ဖြင့္ခြင့္ရမွာပါ။

ဒါေၾကာင့္ အစိုးရက စစ္ေဆးမႈေတြ ျမန္ျမန္ ဆန္ဆန္ လုပ္ေပးဖို႔ လုပ္ငန္းရွင္ေတြက ေမွ်ာ္လင့္ေၾကာင္း လႈိင္သာယာ စက္မႈဇုန္ ၆ ခုရဲ႕ ဥကၠ႒ ဦးအုန္းဆိုင္က ဗြီအိုေအကို ေျပာပါတယ္။

“ေမ ၁၅ ရက္ကို ေနာက္ဆုံးတင္ရမယ္၊ အိႏၵိယကို အေရာက္တင္ရမယ္၊ တကယ္လို႔ မတင္ႏိုင္ရင္ အဲဒီေရာင္းထား၊ ဝယ္ထားတဲ့ ဟာေတြက အိႏၵိယအစိုးရက လက္မခံဘူးေပါ့ဗ်ာ။ ဒီမွာ အိတ္စပို႔တာေတြက ေရာင္းထားတယ္၊ import လုပ္ထားတဲ့ အိႏၵိယႏိုင္ငံသားေတြက ဝယ္ထားတယ္၊ သန႔္စင္မယ္၊ ထုပ္ပိုးမယ္၊ တင္မယ္ လုပ္လို႔မရဘူးဆိုရင္ အခုက ရက္က ဘာမွမလိုဘူးဆိုေတာ့၊ အိႏၵိယကို သြားမယ္ဆိုတာ တိုက္႐ိုက္သေဘၤာလည္း မဟုတ္ဘူး၊ စကၤာပူ transit သြားမယ္ဆိုေတာ့ ဘယ္လိုပဲေျပာေျပာ ၂ ပတ္ၾကာမွာ။ ဒီမွာ အခက္အခဲေတြက အမ်ားႀကီးရွိတယ္၊ ဒါ ဟိုဘက္က transit လုပ္တာ ျမန္ဦးမွ။”

အိႏၵိယရဲ႕ ၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္ မတ္ပဲခြဲတမ္းကို ျမန္မာဘက္က မတ္လ ၃၁ ရက္ ေနာက္ဆုံးထားပို႔ေပးရေပမဲ့ သမၼတဦးဝင္းျမင့္အိႏၵိယ ခရီးစဥ္အၿပီး အခုဧၿပီလ ၃၀ ရက္အထိ တလထပ္တိုးေပးလိုက္ပါတယ္။ ဒါေပမဲ့ အခု COVID-19 ေရာဂါေၾကာင့္ ေမလ ၁၅ ရက္အထိ ထပ္တိုးေပးထားၿပီး ေနာက္ထပ္ ထပ္တိုးႏိုင္ေျခနည္းေၾကာင္း နယူးေဒလီ ျမန္မာသံ႐ုံး စီးပြားေရးသံမႉး ဦးေနေအးလြင္က ေျပာပါတယ္။

“ဒီၾကားထဲမွာ COVID ေၾကာင့္မို႔ ေနာက္ထပ္ ၁၅ ရက္ extension ထပ္လုပ္ေပးလိုက္တာ ေမလ ၁၅ ရက္အထိေပါ့။ ေလာေလာဆယ္ က်ေနာ့္အျမင္ေပါ့ အိႏၵိယအေနနဲ႔ သူ႔မွာ demand ရွိေနတဲ့အတြက္ ခုနကလို extension ကလည္း ၂ ႀကိမ္ေပးထားၿပီးၿပီ ေနာက္ထပ္ ထပ္ၿပီးေတာင္းမယ္ေဟ့ ဆိုလို႔ရွိရင္ ဒါကေတာ့ သူတို႔လည္း ေတာ္ေတာ္ေလး စဥ္းစားမယ့္အေနအထား ရွိပါတယ္။”

က်န္းမာေရးဝန္ႀကီးဌာန လမ္းၫႊန္ခ်က္အတိုင္း လိုက္နာၿပီး စစ္ေဆးခံထားထားတဲ့ စက္႐ုံက သုံးပုံ တပုံေလာက္ပဲ ရွိပါေသးတယ္။ က်န္တဲ့ စက္႐ုံေတြ စစ္ေဆးႏိုင္ဖို႔ အစိုးရက အင္အားထပ္ျဖည့္ထားေၾကာင္း လႈိင္ယာသာ ရန္ကုန္တိုင္း လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဝင္းေမာင္က ေျပာပါတယ္။

“စက္႐ုံေပါင္း ၂,၀၀၀ နီးပါးေလာက္ကို ဒီေန႔နဲ႔မွ ၄၊ ၅၀၀ ေလာက္ပဲ စစ္ၿပီးသားရွိတယ္၊ အခုကေတာ့ ေနျပည္ေတာ္ကေန စစ္ေဆးမယ့္ အင္အားေတြ ထပ္ၿပီး တိုးခ်ေပးလိုက္တယ္၊ တိုးလာတဲ့အင္အားနဲ႔ ထပ္စစ္လိုက္မယ္ဆိုရင္ ျမန္ျမန္ ဆန္ဆန္ေတာ့ ၿပီးသြားမွာေပါ့။”

ျမန္မာႏိုင္ငံက ပဲတင္သြင္းခြင့္ကို ၂၀၁၇ ကတည္းက အိႏၵိယ အစိုးရက ကန႔္သတ္လိုက္ၿပီး ကိုတာ (ခြဲတမ္း) ပုံစံနဲ႔ ဝယ္ယူေနလို႔ ျပည္တြင္းမွာ ပဲေဈးကြက္ အထိနာခဲ့ေၾကာင္း ကုန္သည္ေတြကေျပာပါတယ္။ ဒါက အိႏၵိယမွာ မတ္ပဲအထြက္တိုးလာၿပီး သူ႔ႏိုင္ငံတြင္း လိုအပ္ခ်က္ပမာဏ ျပည့္မီလာလို႔ ျဖစ္ပါတယ္။

အီးယူ၊ အေမရိကန္၊ ကိုရီးယား၊ ဂ်ပန္ အပါအဝင္ တျခားႏိုင္ငံေပါင္း ၁၀၀ ေက်ာ္ကို ပဲအမ်ိဳးအမ်ိဳး တန္ခ်ိန္ ၁,၀၀၀,၀၀၀ ေက်ာ္ႏွစ္တိုင္း ျမန္မာဘက္က တင္ပို႔ေနတာပါ။ ဒီပမာဏက အေမရိကန္ေဒၚလာ ၁ ဘီလီယံ ရွိတယ္လို႔ ပဲကုန္သည္ေတြက ေျပာပါတယ္။

ေဇာ္ထက္  / ဗြီအိုေအ (ျမန္မာပုိင္း)
--------------------------------------
[Unicode Version]

COVID-19 ကြောင့် မြန်မာပဲတင်ပို့မှု အခက်တွေ့

ကိုဗစ်အကြပ်အတည်း အခြေအနေကြောင့် အိန္ဒိယဘက်က ဝယ်ယူဖို့ရှိတဲ့ မတ်ပဲတွေကို မြန်မာဘက်က တင်ပို့ဖို့ အခက်ကြုံနေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က တင်ပြပေးပါမယ်။

အိန္ဒိယ ဝယ်ယူထားတဲ့ မတ်ပဲ ခွဲတမ်းတန်ချိန် ၂သိန်းခွဲကို မြန်မာဘက်က မေလ ၁၅ ရက် အိန္ဒိယအရောက် တင်ပို့ပေးရမှာဖြစ်ပြီး ပြည်တွင်းစက်မှုဇုန်တွေမှာ ကျန်းမာရေးစစ်ဆေးမှုတွေ ကြန့်ကြာနေလို့ ဒီခွဲတမ်းပမာဏကို မြန်မာဘက်က ဆုံးရှုံးနိုင်ခြေရှိကြောင်း ပဲကုန်သည်တွေက ပြောပါတယ်။

ဒီမေလ ၁၅ ရက် ဆိုတာ အိန္ဒိယ အစိုးရက COVID-19 ရောဂါကြောင့် သက်တမ်းထပ်တိုးပေးထားတာဖြစ်ပြီး၊ ဒီထက်အချိန်ထပ်တိုးပေးဖို့ ဖြစ်နိုင်ချေနည်းတဲ့အပေါ်မှာ ကုန်သည်တွေက စိုးရိမ်လာကြတာပါ။ လှိုင်သာယာမှာ စက်မှုဇုန် ၁ ကနေ ၇ မှာ စက်ရုံ ၃၀၀ လောက်က ပဲသန့်စင်စက်ရုံတွေပါ။ ဒီစက်ရုံတွေဟာ ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားထားတဲ့အတိုင်း လိုက်နာမှုရှိ၊ မရှိ စစ်ဆေးတာတွေ ခံယူပြီးမှ ဖွင့်ခွင့်ရမှာပါ။

ဒါကြောင့် အစိုးရက စစ်ဆေးမှုတွေ မြန်မြန် ဆန်ဆန် လုပ်ပေးဖို့ လုပ်ငန်းရှင်တွေက မျှော်လင့်ကြောင်း လှိုင်သာယာ စက်မှုဇုန် ၆ ခုရဲ့ ဥက္ကဋ္ဌ ဦးအုန်းဆိုင်က ဗွီအိုအေကို ပြောပါတယ်။

“မေ ၁၅ ရက်ကို နောက်ဆုံးတင်ရမယ်၊ အိန္ဒိယကို အရောက်တင်ရမယ်၊ တကယ်လို့ မတင်နိုင်ရင် အဲဒီရောင်းထား၊ ဝယ်ထားတဲ့ ဟာတွေက အိန္ဒိယအစိုးရက လက်မခံဘူးပေါ့ဗျာ။ ဒီမှာ အိတ်စပို့တာတွေက ရောင်းထားတယ်၊ import လုပ်ထားတဲ့ အိန္ဒိယနိုင်ငံသားတွေက ဝယ်ထားတယ်၊ သန့်စင်မယ်၊ ထုပ်ပိုးမယ်၊ တင်မယ် လုပ်လို့မရဘူးဆိုရင် အခုက ရက်က ဘာမှမလိုဘူးဆိုတော့၊ အိန္ဒိယကို သွားမယ်ဆိုတာ တိုက်ရိုက်သင်္ဘောလည်း မဟုတ်ဘူး၊ စင်္ကာပူ transit သွားမယ်ဆိုတော့ ဘယ်လိုပဲပြောပြော ၂ ပတ်ကြာမှာ။ ဒီမှာ အခက်အခဲတွေက အများကြီးရှိတယ်၊ ဒါ ဟိုဘက်က transit လုပ်တာ မြန်ဦးမှ။”

အိန္ဒိယရဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် မတ်ပဲခွဲတမ်းကို မြန်မာဘက်က မတ်လ ၃၁ ရက် နောက်ဆုံးထားပို့ပေးရပေမဲ့ သမ္မတဦးဝင်းမြင့်အိန္ဒိယ ခရီးစဉ်အပြီး အခုဧပြီလ ၃၀ ရက်အထိ တလထပ်တိုးပေးလိုက်ပါတယ်။ ဒါပေမဲ့ အခု COVID-19 ရောဂါကြောင့် မေလ ၁၅ ရက်အထိ ထပ်တိုးပေးထားပြီး နောက်ထပ် ထပ်တိုးနိုင်ခြေနည်းကြောင်း နယူးဒေလီ မြန်မာသံရုံး စီးပွားရေးသံမှူး ဦးနေအေးလွင်က ပြောပါတယ်။

“ဒီကြားထဲမှာ COVID ကြောင့်မို့ နောက်ထပ် ၁၅ ရက် extension ထပ်လုပ်ပေးလိုက်တာ မေလ ၁၅ ရက်အထိပေါ့။ လောလောဆယ် ကျနော့်အမြင်ပေါ့ အိန္ဒိယအနေနဲ့ သူ့မှာ demand ရှိနေတဲ့အတွက် ခုနကလို extension ကလည်း ၂ ကြိမ်ပေးထားပြီးပြီ နောက်ထပ် ထပ်ပြီးတောင်းမယ်ဟေ့ ဆိုလို့ရှိရင် ဒါကတော့ သူတို့လည်း တော်တော်လေး စဉ်းစားမယ့်အနေအထား ရှိပါတယ်။”

ကျန်းမာရေးဝန်ကြီးဌာန လမ်းညွှန်ချက်အတိုင်း လိုက်နာပြီး စစ်ဆေးခံထားထားတဲ့ စက်ရုံက သုံးပုံ တပုံလောက်ပဲ ရှိပါသေးတယ်။ ကျန်တဲ့ စက်ရုံတွေ စစ်ဆေးနိုင်ဖို့ အစိုးရက အင်အားထပ်ဖြည့်ထားကြောင်း လှိုင်ယာသာ ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်က ပြောပါတယ်။

“စက်ရုံပေါင်း ၂,၀၀၀ နီးပါးလောက်ကို ဒီနေ့နဲ့မှ ၄၊ ၅၀၀ လောက်ပဲ စစ်ပြီးသားရှိတယ်၊ အခုကတော့ နေပြည်တော်ကနေ စစ်ဆေးမယ့် အင်အားတွေ ထပ်ပြီး တိုးချပေးလိုက်တယ်၊ တိုးလာတဲ့အင်အားနဲ့ ထပ်စစ်လိုက်မယ်ဆိုရင် မြန်မြန် ဆန်ဆန်တော့ ပြီးသွားမှာပေါ့။”

မြန်မာနိုင်ငံက ပဲတင်သွင်းခွင့်ကို ၂၀၁၇ ကတည်းက အိန္ဒိယ အစိုးရက ကန့်သတ်လိုက်ပြီး ကိုတာ (ခွဲတမ်း) ပုံစံနဲ့ ဝယ်ယူနေလို့ ပြည်တွင်းမှာ ပဲဈေးကွက် အထိနာခဲ့ကြောင်း ကုန်သည်တွေကပြောပါတယ်။ ဒါက အိန္ဒိယမှာ မတ်ပဲအထွက်တိုးလာပြီး သူ့နိုင်ငံတွင်း လိုအပ်ချက်ပမာဏ ပြည့်မီလာလို့ ဖြစ်ပါတယ်။

အီးယူ၊ အမေရိကန်၊ ကိုရီးယား၊ ဂျပန် အပါအဝင် တခြားနိုင်ငံပေါင်း ၁၀၀ ကျော်ကို ပဲအမျိုးအမျိုး တန်ချိန် ၁,၀၀၀,၀၀၀ ကျော်နှစ်တိုင်း မြန်မာဘက်က တင်ပို့နေတာပါ။ ဒီပမာဏက အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ရှိတယ်လို့ ပဲကုန်သည်တွေက ပြောပါတယ်။

ဇော်ထက်  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/india-myanmar-trade/5393565.html
COVID-19 ေၾကာင့္ ျမန္မာပဲတင္ပုိ႔မႈ အခက္ေတြ႔ COVID-19 ေၾကာင့္ ျမန္မာပဲတင္ပုိ႔မႈ အခက္ေတြ႔ Reviewed by THITHTOOLWIN on 22:33 Rating: 5
Powered by Blogger.