COVID-19 လူနာ ေနာက္တဦးေတြ႔ရွိ


COVID-19 ေရာဂါ ေစာင့္ၾကပ္ၾကည့္ရႈမႈႏွင့္ပတ္သက္၍ သတင္းထုတ္ျပန္ျခင္း
(၆-၄-၂၀၂၀) ရက္ေန႔၊ ည (၈:၀၀) နာရီ

၁။ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနသည္ ကမာၻ႔ႏိုင္ငံမ်ားတြင္ ကူးစက္ပ်ံ႕ႏွံ႔လ်က္ရွိသည့္ COVID-19 ေရာဂါျဖစ္ပြားမႈႏွင့္ပတ္သက္၍ ေရာဂါေစာင့္ၾကပ္ၾကည့္ရႈျခင္း၊ ေရာဂါရွာေဖြ၍ ထိေရာက္စြာကုသမႈေပးျခင္း၊ ေရာဂါပိုးေတြ႕ရွိသူမ်ားႏွင့္ ထိေတြ႕မႈရွိခဲ့သူမ်ားအား ရွာေဖြေဖာ္ထုတ္၍ အသြားအလာကန႔္သတ္ျခင္း၊ လိုအပ္ပါကေဆး႐ုံတက္ေရာက္ကုသမႈခံယူႏိုင္ေစေရးေဆာင္႐ြက္ျခင္း၊ ျပည္ပႏိုင္ငံမ်ားမွ ျပန္လည္ဝင္ေရာက္လာသူမ်ားအား သက္ဆိုင္ရာ ေဒသအာဏာပိုင္အဖြဲ႕မ်ား၊ အျခားဌာနဆိုင္ရာမ်ားႏွင့္ ခ်ိတ္ဆက္၍သတင္းရယူျခင္း၊ အသြားအလာ ကန႔္သတ္ျခင္းလုပ္ငန္းမ်ား ေဆာင္႐ြက္ျခင္း၊ COVID-19 ေရာဂါႏွင့္ပတ္သက္၍ ျပည္သူလူထုမွ သတင္းမွန္မ်ားရရွိႏိုင္ေရး အတြက္ေန႔စဥ္ သတင္းထုတ္ျပန္ျခင္းလုပ္ငန္းမ်ားအား အရွိန္အဟုန္ျမႇင့္ ေဆာင္႐ြက္လ်က္ရွိပါသည္။

၂။ (၅-၄-၂၀၂၀)ရက္ေန႔၊ ညေန(၆)နာရီမွ (၆-၄-၂၀၂၀)ရက္ေန႔၊ ညေန(၆)နာရီအထိ ေစာင့္ၾကည့္လူနာအသစ္ (၃၁) ဦး ရွိပါသည္။

၃။ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) မွ (၆-၄-၂၀၂၀) ရက္ေန႔ ဓာတ္ခြဲစစ္ေဆးမႈအေျဖမ်ားအရ ေစာင့္ၾကည့္လူနာႏွင့္ ေဆး႐ုံတြင္ အသြား အလာကန္႔သတ္၍ ေစာင့္ၾကပ္ၾကည့္ရႈလ်က္ရွိေသာသူ (၄၆) ဦး၏ ဓာတ္ခြဲနမူနာမ်ားအား စစ္ေဆးခဲ့ရာ (ဇယား-၁) တြင္ေဖာ္ျပထားရွိေသာသူ (၁) ဦး၏ ဓာတ္ခြဲအေျဖတြင္ COVID-19 ေရာဂါပိုးေတြ႕ရွိ (ေတြ႕ရွိ) ရၿပီး က်န္ (၄၅) ဦး၏ ဓာတ္ခြဲအေျဖမ်ားတြင္ COVID-19 ေရာဂါပိုးမရွိေၾကာင္း (မရွိေၾကာင္း) ေတြ႕ရွိရပါသည္။

၄။ ဓာတ္ခြဲအတည္ျပဳလူနာ (Case-022) သည္ ရန္ကုန္တိုင္းေဒသႀကီး၊ ေတာင္ဥကၠလာပၿမိဳ႕နယ္ တြင္ ေနထိုင္သည့္ အသက္ (၅၁)ႏွစ္အ႐ြယ္ ျမန္မာႏိုင္ငံသား အမ်ိဳးသမီးတစ္ဦးျဖစ္ၿပီး ဓာတ္ခြဲ အတည္ျပဳလူနာ (Case-021)ႏွင့္ အတူ (၂၄-၃-၂၀၂၀) ရက္ေန႔တြင္ အေမရိကန္ႏိုင္ငံမွ ကိုရီးယားသမၼတႏိုင္ငံသို႔ ေလေၾကာင္းလိုင္းျဖင့္ထြက္ခြာခဲ့ကာ ကိုရီးယား သမၼတႏိုင္ငံ မွတစ္ဆင့္ ထိုင္းႏိုင္ငံသို႔ (၂၅-၃-၂၀၂၀) ရက္ေန႔၊ ညေနပိုင္းတြင္ ေရာက္ရွိခဲ့ပါသည္။ ထိုင္းႏိုင္ငံမွ တစ္ဆင့္ (၂၆-၃-၂၀၂၀) ရက္ေန႔တြင္ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္သို႔ေရာက္ရွိခဲ့ၿပီး ဗိုလ္ တစ္ေထာင္ၿမိဳ႕နယ္ရွိ ဟိုတယ္တစ္ခုတြင္ အသြားအလာကန႔္သတ္ျခင္း ေဆာင္႐ြက္ထားရွိစဥ္ ဓာတ္ခြဲအတည္ျပဳလူနာ (Case-021)ႏွင့္ အတူ တစ္ခန္းထဲတြင္ ေနထိုင္ခဲ့သူျဖစ္ပါသည္။ အဆိုပါ အမ်ိဳးသမီးအား ေဝဘာဂီအထူးကုေဆး႐ုံသို႔ လႊဲေျပာင္း၍ ဓာတ္ခြဲနမူနာရယူစစ္ေဆးခဲ့ျခင္း ျဖစ္ပါသည္။ လူနာ၏ လတ္တေလာက်န္းမာေရးအေျခအေနမွာ ေကာင္းမြန္လ်က္ရွိပါသည္။

၅။ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာ (၂၁)ဦးအနက္ ခ်င္းျပည္နယ္၊ တီးတိန္ ျပည္သူ႔ ေဆး႐ုံတြင္ လူနာ(၁)ဦး၊ ရန္ကုန္ၿမိဳ႕၊ ေဝဘာဂီအထူးကုေဆး႐ုံႀကီးတြင္ လူနာ(၁၂)ဦးႏွင့္ မႏၲေလးၿမိဳ႕၊ ကန္ေတာ္နဒီေဆး႐ုံတြင္လူနာ(၁)ဦး၊ ေနျပည္ေတာ္ျပည္သူ႔ေဆး႐ုံႀကီးတြင္လူနာ(၁)ဦး၊ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)၊ ျပည္သူ႔ေဆး႐ုံႀကီး၊ လားရႈိးၿမိဳ႕တြင္ ေက်ာက္မဲၿမိဳ႕ ျပည္သူ႔ေဆး႐ုံမွ ေျပာင္းေ႐ႊ႕လူနာ (၁)ဦး၊ ပဲခူးတိုင္းေဒသႀကီး၊ ျပည္သူ႔ေဆး႐ုံႀကီး၊ ျပည္ၿမိဳ႕တြင္ ျပည္သူ႔ေဆး႐ုံ၊ ေပါက္ေခါင္းၿမိဳ႕မွ ေျပာင္းေ႐ႊ႕လူနာ(၃)ဦး၊ စုစုေပါင္း (၁၉)ဦးတို႔၏ က်န္းမာေရးအေျခအေနမွာ တည္ၿငိမ္လ်က္ရွိပါ သည္။ ေဝဘာဂီအထူးကုေဆး႐ုံႀကီးရွိ လူနာ (၁) ဦးႏွင့္ ျပည္ၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးမွ လူနာ(၁)ဦးတို႔ အား အထူးၾကပ္မတ္ခန္း၌ သီးျခားထားရွိ ေဆးကုသမႈ ေပးလ်က္ရွိပါသည္။

၆။ ယခုအခါ (၂၃-၃-၂၀၂၀)ရက္ေန႔မွ (၆-၄-၂၀၂၀)ရက္ေန႔အထိ ျမန္မာႏိုင္ငံတြင္ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာ (၂၂)ဦး ေတြ႕ရွိလာရၿပီျဖစ္ပါသည္။ သို႔ျဖစ္ပါ၍ ျပည္သူမ်ားအေနျဖင့္ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနမွ ထုတ္ျပန္ထားေသာ ေရာဂါကာကြယ္ေရးဆိုင္ရာ က်န္းမာေရး ပညာေပးအခ်က္အလက္မ်ားအား တိက်စြာလိုက္နာ ေဆာင္႐ြက္ျခင္းျဖင့္ မိမိသာမက မိမိ၏ မိသားစုႏွင့္ပတ္ဝန္းက်င္မွ လူမ်ားအတြက္ပါ ေရာဂါကူးစက္မႈမရွိေစေရး ပူးေပါင္းေဆာင္႐ြက္ ေပးႏိုင္ၾကပါရန္ ႏႈိးေဆာ္အပ္ပါသည္။

Ministry of Health and Sports, Myanmar
---------------------------------------------------
COVID-19 လူနာ နောက်တဦးတွေ့ရှိ

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၆-၄-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ရောဂါရှာဖွေ၍ ထိရောက်စွာကုသမှုပေးခြင်း၊ ရောဂါပိုးတွေ့ရှိသူများနှင့် ထိတွေ့မှုရှိခဲ့သူများအား ရှာဖွေဖော်ထုတ်၍ အသွားအလာကန့်သတ်ခြင်း၊ လိုအပ်ပါကဆေးရုံတက်ရောက်ကုသမှုခံယူနိုင်စေရေးဆောင်ရွက်ခြင်း၊ ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူများအား သက်ဆိုင်ရာ ဒေသအာဏာပိုင်အဖွဲ့များ၊ အခြားဌာနဆိုင်ရာများနှင့် ချိတ်ဆက်၍သတင်းရယူခြင်း၊ အသွားအလာ ကန့်သတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ COVID-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူလူထုမှ သတင်းမှန်များရရှိနိုင်ရေး အတွက်နေ့စဉ် သတင်းထုတ်ပြန်ခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။

၂။ (၅-၄-၂၀၂၀)ရက်နေ့၊ ညနေ(၆)နာရီမှ (၆-၄-၂၀၂၀)ရက်နေ့၊ ညနေ(၆)နာရီအထိ စောင့်ကြည့်လူနာအသစ် (၃၁) ဦး ရှိပါသည်။

၃။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (၆-၄-၂၀၂၀) ရက်နေ့ ဓာတ်ခွဲစစ်ဆေးမှုအဖြေများအရ စောင့်ကြည့်လူနာနှင့် ဆေးရုံတွင် အသွား အလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိသောသူ (၄၆) ဦး၏ ဓာတ်ခွဲနမူနာများအား စစ်ဆေးခဲ့ရာ (ဇယား-၁) တွင်ဖော်ပြထားရှိသောသူ (၁) ဦး၏ ဓာတ်ခွဲအဖြေတွင် COVID-19 ရောဂါပိုးတွေ့ရှိ (တွေ့ရှိ) ရပြီး ကျန် (၄၅) ဦး၏ ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုးမရှိကြောင်း (မရှိကြောင်း) တွေ့ရှိရပါသည်။

၄။ ဓာတ်ခွဲအတည်ပြုလူနာ (Case-022) သည် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ် တွင် နေထိုင်သည့် အသက် (၅၁)နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသမီးတစ်ဦးဖြစ်ပြီး ဓာတ်ခွဲ အတည်ပြုလူနာ (Case-021)နှင့် အတူ (၂၄-၃-၂၀၂၀) ရက်နေ့တွင် အမေရိကန်နိုင်ငံမှ ကိုရီးယားသမ္မတနိုင်ငံသို့ လေကြောင်းလိုင်းဖြင့်ထွက်ခွာခဲ့ကာ ကိုရီးယား သမ္မတနိုင်ငံ မှတစ်ဆင့် ထိုင်းနိုင်ငံသို့ (၂၅-၃-၂၀၂၀) ရက်နေ့၊ ညနေပိုင်းတွင် ရောက်ရှိခဲ့ပါသည်။ ထိုင်းနိုင်ငံမှ တစ်ဆင့် (၂၆-၃-၂၀၂၀) ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိခဲ့ပြီး ဗိုလ် တစ်ထောင်မြို့နယ်ရှိ ဟိုတယ်တစ်ခုတွင် အသွားအလာကန့်သတ်ခြင်း ဆောင်ရွက်ထားရှိစဉ် ဓာတ်ခွဲအတည်ပြုလူနာ (Case-021)နှင့် အတူ တစ်ခန်းထဲတွင် နေထိုင်ခဲ့သူဖြစ်ပါသည်။ အဆိုပါ အမျိုးသမီးအား ဝေဘာဂီအထူးကုဆေးရုံသို့ လွှဲပြောင်း၍ ဓာတ်ခွဲနမူနာရယူစစ်ဆေးခဲ့ခြင်း ဖြစ်ပါသည်။ လူနာ၏ လတ်တလောကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပါသည်။

၅။ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၂၁)ဦးအနက် ချင်းပြည်နယ်၊ တီးတိန် ပြည်သူ့ ဆေးရုံတွင် လူနာ(၁)ဦး၊ ရန်ကုန်မြို့၊ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် လူနာ(၁၂)ဦးနှင့် မန္တလေးမြို့၊ ကန်တော်နဒီဆေးရုံတွင်လူနာ(၁)ဦး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီးတွင်လူနာ(၁)ဦး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ပြည်သူ့ဆေးရုံကြီး၊ လားရှိုးမြို့တွင် ကျောက်မဲမြို့ ပြည်သူ့ဆေးရုံမှ ပြောင်းရွှေ့လူနာ (၁)ဦး၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်သူ့ဆေးရုံကြီး၊ ပြည်မြို့တွင် ပြည်သူ့ဆေးရုံ၊ ပေါက်ခေါင်းမြို့မှ ပြောင်းရွှေ့လူနာ(၃)ဦး၊ စုစုပေါင်း (၁၉)ဦးတို့၏ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်လျက်ရှိပါ သည်။ ဝေဘာဂီအထူးကုဆေးရုံကြီးရှိ လူနာ (၁) ဦးနှင့် ပြည်မြို့ပြည်သူ့ဆေးရုံကြီးမှ လူနာ(၁)ဦးတို့ အား အထူးကြပ်မတ်ခန်း၌ သီးခြားထားရှိ ဆေးကုသမှု ပေးလျက်ရှိပါသည်။

၆။ ယခုအခါ (၂၃-၃-၂၀၂၀)ရက်နေ့မှ (၆-၄-၂၀၂၀)ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၂၂)ဦး တွေ့ရှိလာရပြီဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေး ပညာပေးအချက်အလက်များအား တိကျစွာလိုက်နာ ဆောင်ရွက်ခြင်းဖြင့် မိမိသာမက မိမိ၏ မိသားစုနှင့်ပတ်ဝန်းကျင်မှ လူများအတွက်ပါ ရောဂါကူးစက်မှုမရှိစေရေး ပူးပေါင်းဆောင်ရွက် ပေးနိုင်ကြပါရန် နှိုးဆော်အပ်ပါသည်။

Ministry of Health and Sports, Myanmar
https://www.facebook.com/MinistryOfHealthAndSportsMyanmar/
COVID-19 လူနာ ေနာက္တဦးေတြ႔ရွိ COVID-19 လူနာ ေနာက္တဦးေတြ႔ရွိ Reviewed by THITHTOOLWIN on 21:37 Rating: 5
Powered by Blogger.