COVID-19 ဂယက္ ပုဂၢလိကေဆးခန္းငယ္ေတြ အခက္ၾကံဳ

အခမဲ့ Fever Clinic ေဆးခန္း (သတင္းဓာတ္ပံု - Community Fever Clinic - Yangon Network Fb and Dr Kyaw Swar Oo)

(Zawgyi/Unicode)

လက္ရွိ COVID-19 ရဲ႕႐ိုက္ခတ္မႈေၾကာင့္ ၿမိဳ႕နယ္ေတြ၊ ရပ္ကြက္ေတြအတြင္း ဖြင့္လွစ္တဲ့ ပုဂလိက ေဆးခန္းေတြမွာ ေဆးကုသဖို႔ အခက္အခဲေတြ႔ ၾကဳံေနရတာနဲ႔ ပတ္သတ္လို႔ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေမခက တင္ျပေပးပါမယ္။

COVID-19 ေရာဂါပိုးရွိသူနဲ႔ ထိေတြ႔ခဲ့လို႔ ပုဂၢလိကေဆးခန္းက ဆရာဝန္အခ်ိဳ႕ကို သီးျခားေစာင့္ၾကည့္ေနရတဲ့ အေျခအေနေတြျဖစ္ခဲ့တဲ့ေနာက္ ေဆးခန္းငယ္အေတာ္မ်ားမ်ား စိုးရိမ္မႈရွိၿပီး ပိတ္လိုက္ၾကပါတယ္။ ဒါေၾကာင့္ သာမန္ေနမေကာင္းတာမ်ိဳးနဲ႔ အျခားေရာဂါသည္ေတြအတြက္လည္း ဆရာဝန္နဲ႔ ေတြ႕ဆုံဖို႔ အခက္ေတြ ေတြ႔ေနပါတယ္။ ဒီအခ်ိန္မွာပဲ ျမန္မာႏို္င္ငံ ဆရာဝန္မ်ားအသင္းကေတာ့ ကိုယ္ပိုင္ေဆးကုခန္းေတြ လိုက္နာေဆာင္႐ြက္ဖို႔ ၫႊန္ၾကားခ်က္ေတြ ထုတ္ျပန္ခဲ့ပါတယ္။ အဓိကကေတာ့ ဆရာဝန္ေတြ ကိုယ့္ကိုကိုယ္ ကာကြယ္ေရးအျပင္ ေဆးခန္းကေနတဆင့္ အျခားလူေတြကိုပါ ေရာဂါပိုးမကူးစက္ေအာင္ပါ။

ၿမိဳ႕နယ္၊ ရပ္ကြက္ေတြမွာရွိတဲ့ အေထြေထြေရာဂါကုေဆးခန္းငယ္ေတြမွာ အဖ်ားရွိသူေတြကို သီးသန႔္ကုသႏိုင္ဖို႔မွာ အခက္အခဲေတြ ရွိေနၿပီး အခုလို အေထြေထြေရာဂါ ကုသေရး ( GP) ဆရာဝန္ေတြအတြက္ စိန္ေခၚမႈ တရပ္ျဖစ္ေနတယ္လို႔ အေထြေထြေရာဂါကုဆရာဝန္ ေဒါက္တာျမင့္ဦးက ေျပာပါတယ္။

"ကိုဗစ္ကာလ….ခုလက္ရွိမွာ ဆရာဝန္ေတြ သိေနတာက ႏွာေစးမွ၊ ေခ်ာင္းဆိုးမွ၊ ဖ်ားမွ မဟုတ္ဘဲနဲ႔ ဘာလကၡဏာမွ မျပဘဲနဲ႔ လူေတြထဲမွာ ဒီလိုေရာဂါသည္ေတြ ရွိေနႏိုင္တာေပါ့ေနာ္။ ရွိလာတဲ့အခါက်ေတာ့ က်ေနာ္တို႔ ဆရာ၀န္ေတာ္ေတာ္မ်ားမ်ားက ပုဂၢလိကေဆးခန္း ဆရာ၀န္ေလးေတြက ႏိုင္ငံတကာမွာလို အစိုးရေထာက္ပံ့တာ မဟုတ္ဘူး ကိုယ့္ဟာကိုယ္ ရင္းႏွီးထားရတာ။ အဲ့ဒီေတာ့ သူ႔ေဆးခန္းမွာ လာၿပီးေတာ့ လူနာက ကုိယ့္ကို ကူးသြားမွာ တခု ကိုယ့္ကို ကူးသြားလို႔ရွိရင္ ကိုယ္က Quarantine ျဖစ္ခံလိုက္ရမွာ တခု အဲဒီလိုေတြ စိတ္ပူၿပီးေတာ့ ဆရာ၀န္ေတြ ေတာ္ေတာ္မ်ားမ်ားက ေဆးခန္းပိတ္လိုက္ၾကတယ္။ လက္ရွိအေနအထားအတိုင္းမွာ ပုဂၢလိကဆရာ၀န္ေတြကို အစိုးရရဲ႕ ခုဏလို ၀န္ထမ္းလိုမ်ိဳးေပါ့ေနာ္ ... ပူးေပါင္းတဲ့ အဖဲြ႔ေလးတဖဲြ႔ ဒါမွမဟုတ္ ပူးေပါင္းတဲ့ စနစ္ေလးတခုနဲ႔ သူတို႔ပါ အသိအမွတ္ျပဳၿပီးေတာ့ သူတို႔ကို ဘယ္လိုသိမ္းသြင္းၿပီး ဘယ္လိုလုပ္ရမယ္ဆိုတာမ်ိဳးေလး အစိုးရက ဖန္တီးေပးရင္ အေကာင္းဆံုးလို႔ က်ေနာ္ျမင္ပါတယ္ ခင္ဗ်။"

COVID-19 ပိုးေတြ႕လူနာကို ကုသေပးမိလို႔ ဆရာဝန္ကိုယ္တိုင္ ၁၄ ရက္တာ ေစာင့္ၾကည့္မႈခံယူရတာ၊ ေဆးခန္း ပိတ္ခံခဲ့ရတာ ရွိတာေၾကာင့္ အေထြေထြေရာဂါကုသေရးဆရာဝန္ ေတြဟာ ေဆးခန္းထိုင္ဖို႔ေၾကာက္လာတာေတြ ရွိတယ္လို႔ ေဒါက္တာျမင့္ဦးက ေျပာပါတယ္။ ဒီလို ေဆးခန္းေတြအတြက္ က်န္းမာေရးဝန္ႀကီးဌာနအေနနဲ႔ အကူအညီေတြ ေပးဖို႔လိုတယ္လို႔လည္း ဆိုပါတယ္။

"GP ေတြကို အစိုးရက အစိုးရဝန္ထမ္းဆရာ၀န္ေတြလိုပဲ သေဘာထားၿပီးေတာ့ ေရွ႕ကေနၿပီးေတာ့ တိုက္စစ္တိုက္မွဴးေတြေပါ့ေနာ္ ... အဲ့ဒီလူေတြအတြက္ကို လိုအပ္တဲ့ GP ေတြအတြက္ ၿမိဳ႕နယ္အလိုက္ က်ေနာ္တို႔စုၿပီးေတာ့ အလွဴခံတယ္။ PPE ရမယ္ေပါ့၊ PPE မဟုတ္ရင္ေတာင္ level 2 ေပါ့၊ N95 ရမယ္ေပါ့ အဲ့ဒီလိုမ်ိဳးေတြ လုပ္ေပးရင္ေတာ့ ေဆးခန္းေတြျပန္ဖြင့္လာလိမ့္မယ္လို႔ ယူဆတယ္။ အဲဒီေတာ့ အစိုးရက ဒါေတြကို Volunteer ေတြကို အသံုးခ်မယ္ဆိုတဲ့ အေနအထားမွာ က်ေနာ္တို႔ကို ဘာမွ အေၾကာင္းမျပန္ေသးဘူး။ အဲ့ေတာ့ ေဆးရံုအေထာက္အကူျပဳ ပုဂၢလိကေရာက္ေနတဲ့ ဆရာ၀န္ေတြ ခုဏ က်ေနာ္ေျပာသလို ၿမိဳ႕နယ္တိုင္း ၿမိဳ႕နယ္တိုင္းမွာ GP ရွိတယ္။ ဒီလူေတြကို ၿမိဳ႕နယ္အတြက္ အေထာက္အကူျဖစ္မယ့္ ေကာ္မတီမွာ ဘယ္လိုတာ၀န္ခဲြမႈေပးမလဲ၊ က်န္းမာေရး၊ ပညာေပး ခိုင္းခြင့္ေပးမလား သို႔မဟုတ္ရင္ ျပင္ပမွာ ေသြးစစ္၊ ေသြးေပါင္ခ်ိန္ ခိုင္းမလား။ ယေန႔အထိ အစိုးရဘက္က ဒီအဖဲြ႔တခုကို မဖဲြ႔စည္းေသးဘူး။ တကယ္လို႔မ်ား အဲလို ဖဲြ႔စည္းေပးလိုက္လို႔ရွိရင္ ေဆးခန္းဖြင့္ထားတဲ့ GP ဆရာ၀န္ေတြလည္း ၀မ္းသာမယ္။ သူတို႔အတြက္လည္း အေထာက္အကူေပးမယ္။"

လက္ရွိ ျမန္မာႏိုင္ငံတြင္ ကို႐ိုနာဗိုင္းရပ္စ္ ပိုးကူးစက္ခံရတဲ့ က်န္းမာေရးဝန္ထမ္း ရွစ္ဦးပါဝင္ၿပီး အသြားအလာေစာင့္ၾကည့္ ကန႔္သတ္ခံထားရသူ က်န္းမာေရးဝန္ထမ္း ၁၀၀ ေက်ာ္ရွိ တယ္လို႔ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒီထဲမွာ ျပင္ပေဆးခန္းထိုင္တဲ့ ဆရာဝန္ေတြ ပါဝင္တယ္။ ကိုယ္တိုင္ COVID-19 ကူးစက္ခံရတဲ့ ေဝဒနာသည္ကို ေဆးကုသေပးမိလို႔ အသြားအလာေစာင့္ၾကည့္ခံေနရသူ အေထြေထြ ေရာဂါကု ဆရာဝန္ေဒါက္တာ ေဇသူေအာင္က လက္ရွိအေထြေထြေရာဂါကုဆရာဝန္ ႀကဳံေနရတဲ့ အခက္အခဲနဲ႔ ျပင္ပေဆးခန္းေတြ ရင္ဆိုင္ေနရတဲ့ အခက္အခဲကို ခုလိုေျပာျပပါတယ္။

"ဟိုရက္ေတြက ႀကဳံရတာေတြမွာက်ေတာ့ positive လူနာေရာက္လာရင္ ဘယ္လိုလုပ္ရမလဲ၊ ကာကြယ္ေရးဝတ္စုံ ဘယ္ေလာက္ဝတ္ရမလဲ မသိေတာ့ အခက္အခဲေတြ ရွိခဲ့တယ္။ ဒီဟာခု ထြက္လာေတာ့ အဆင္ေျပလာမယ္ ထင္တယ္။ ထုတ္ျပန္ခ်က္ထြက္ၿပီးေတာ့ ေဆးမကုရေသးေတာ့ ေျပာရတာ ဒီေလာက္ပဲ ရွိႏိုင္တာေပါ့။ အခက္အခဲေနာက္ထပ္ မရွိႏိုင္တာမ်ိဴူးေတာ့ မဟုတ္ဘူး။ ေနာက္ ၃ လ ေလာက္ဆို မိုးတြင္းက်မယ္။ ဒီလိုဆို က်ေနာ္တို႔မွာ အခက္အခဲေတြ ရွိလာႏိုင္တယ္။ အဖ်ားေရာဂါတိုင္းကို ေဆး႐ုံကိုပဲ လႊဲေပးရမလား။ လႊဲေပးရင္ေဆး႐ုံေတြမွာ လူၿပဳံလာမယ္။ ဒါေတြအတြက္ သီးသန႔္ထုတ္ျပန္ခ်က္ေတြလာမယ္ထင္တယ္။ ေနာက္ တခုကေတာ့ ေဆးခန္းဖြင့္တာမွာ တခ်ိဳ႕က ေနရာအခက္အခဲေတြ ရွိေတာ့ သတ္မွတ္တဲ့ ပမာဏ အကြာရွိဖို႔ ခက္ခဲႏိုင္တယ္။"

ျမန္မာႏိုင္ငံမွာ COVID-19 ေရာဂါ ေနာက္ထပ္ကူးစက္သူ တိုးလာတာေၾကာင့္ စုစုေပါင္း ေရာဂါပိုးကူးစက္သူ ၁၄၀ နီးပါး ရွိသြားၿပီ ရွင္။

[Unicode Version]

COVID-19 ဂယက် ပုဂ္ဂလိကဆေးခန်းငယ်တွေ အခက်ကြုံ

လက်ရှိ COVID-19 ရဲ့ရိုက်ခတ်မှုကြောင့် မြို့နယ်တွေ၊ ရပ်ကွက်တွေအတွင်း ဖွင့်လှစ်တဲ့ ပုဂလိက ဆေးခန်းတွေမှာ ဆေးကုသဖို့ အခက်အခဲတွေ့ ကြုံနေရတာနဲ့ ပတ်သတ်လို့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မမေခက တင်ပြပေးပါမယ်။

COVID-19 ရောဂါပိုးရှိသူနဲ့ ထိတွေ့ခဲ့လို့ ပုဂ္ဂလိကဆေးခန်းက ဆရာဝန်အချို့ကို သီးခြားစောင့်ကြည့်နေရတဲ့ အခြေအနေတွေဖြစ်ခဲ့တဲ့နောက် ဆေးခန်းငယ်အတော်များများ စိုးရိမ်မှုရှိပြီး ပိတ်လိုက်ကြပါတယ်။ ဒါကြောင့် သာမန်နေမကောင်းတာမျိုးနဲ့ အခြားရောဂါသည်တွေအတွက်လည်း ဆရာဝန်နဲ့ တွေ့ဆုံဖို့ အခက်တွေ တွေ့နေပါတယ်။ ဒီအချိန်မှာပဲ မြန်မာနိုင်ငံ ဆရာဝန်များအသင်းကတော့ ကိုယ်ပိုင်ဆေးကုခန်းတွေ လိုက်နာဆောင်ရွက်ဖို့ ညွှန်ကြားချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။ အဓိကကတော့ ဆရာဝန်တွေ ကိုယ့်ကိုကိုယ် ကာကွယ်ရေးအပြင် ဆေးခန်းကနေတဆင့် အခြားလူတွေကိုပါ ရောဂါပိုးမကူးစက်အောင်ပါ။

မြို့နယ်၊ ရပ်ကွက်တွေမှာရှိတဲ့ အထွေထွေရောဂါကုဆေးခန်းငယ်တွေမှာ အဖျားရှိသူတွေကို သီးသန့်ကုသနိုင်ဖို့မှာ အခက်အခဲတွေ ရှိနေပြီး အခုလို အထွေထွေရောဂါ ကုသရေး ( GP) ဆရာဝန်တွေအတွက် စိန်ခေါ်မှု တရပ်ဖြစ်နေတယ်လို့ အထွေထွေရောဂါကုဆရာဝန် ဒေါက်တာမြင့်ဦးက ပြောပါတယ်။

"ကိုဗစ်ကာလ….ခုလက်ရှိမှာ ဆရာဝန်တွေ သိနေတာက နှာစေးမှ၊ ချောင်းဆိုးမှ၊ ဖျားမှ မဟုတ်ဘဲနဲ့ ဘာလက္ခဏာမှ မပြဘဲနဲ့ လူတွေထဲမှာ ဒီလိုရောဂါသည်တွေ ရှိနေနိုင်တာပေါ့နော်။ ရှိလာတဲ့အခါကျတော့ ကျနော်တို့ ဆရာဝန်တော်တော်များများက ပုဂ္ဂလိကဆေးခန်း ဆရာဝန်လေးတွေက နိုင်ငံတကာမှာလို အစိုးရထောက်ပံ့တာ မဟုတ်ဘူး ကိုယ့်ဟာကိုယ် ရင်းနှီးထားရတာ။ အဲ့ဒီတော့ သူ့ဆေးခန်းမှာ လာပြီးတော့ လူနာက ကိုယ့်ကို ကူးသွားမှာ တခု ကိုယ့်ကို ကူးသွားလို့ရှိရင် ကိုယ်က Quarantine ဖြစ်ခံလိုက်ရမှာ တခု အဲဒီလိုတွေ စိတ်ပူပြီးတော့ ဆရာဝန်တွေ တော်တော်များများက ဆေးခန်းပိတ်လိုက်ကြတယ်။ လက်ရှိအနေအထားအတိုင်းမှာ ပုဂ္ဂလိကဆရာဝန်တွေကို အစိုးရရဲ့ ခုဏလို ဝန်ထမ်းလိုမျိုးပေါ့နော် ... ပူးပေါင်းတဲ့ အဖွဲ့လေးတဖွဲ့ ဒါမှမဟုတ် ပူးပေါင်းတဲ့ စနစ်လေးတခုနဲ့ သူတို့ပါ အသိအမှတ်ပြုပြီးတော့ သူတို့ကို ဘယ်လိုသိမ်းသွင်းပြီး ဘယ်လိုလုပ်ရမယ်ဆိုတာမျိုးလေး အစိုးရက ဖန်တီးပေးရင် အကောင်းဆုံးလို့ ကျနော်မြင်ပါတယ် ခင်ဗျ။"

COVID-19 ပိုးတွေ့လူနာကို ကုသပေးမိလို့ ဆရာဝန်ကိုယ်တိုင် ၁၄ ရက်တာ စောင့်ကြည့်မှုခံယူရတာ၊ ဆေးခန်း ပိတ်ခံခဲ့ရတာ ရှိတာကြောင့် အထွေထွေရောဂါကုသရေးဆရာဝန် တွေဟာ ဆေးခန်းထိုင်ဖို့ကြောက်လာတာတွေ ရှိတယ်လို့ ဒေါက်တာမြင့်ဦးက ပြောပါတယ်။ ဒီလို ဆေးခန်းတွေအတွက် ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ အကူအညီတွေ ပေးဖို့လိုတယ်လို့လည်း ဆိုပါတယ်။

"GP တွေကို အစိုးရက အစိုးရဝန်ထမ်းဆရာဝန်တွေလိုပဲ သဘောထားပြီးတော့ ရှေ့ကနေပြီးတော့ တိုက်စစ်တိုက်မှူးတွေပေါ့နော် ... အဲ့ဒီလူတွေအတွက်ကို လိုအပ်တဲ့ GP တွေအတွက် မြို့နယ်အလိုက် ကျနော်တို့စုပြီးတော့ အလှူခံတယ်။ PPE ရမယ်ပေါ့၊ PPE မဟုတ်ရင်တောင် level 2 ပေါ့၊ N95 ရမယ်ပေါ့ အဲ့ဒီလိုမျိုးတွေ လုပ်ပေးရင်တော့ ဆေးခန်းတွေပြန်ဖွင့်လာလိမ့်မယ်လို့ ယူဆတယ်။ အဲဒီတော့ အစိုးရက ဒါတွေကို Volunteer တွေကို အသုံးချမယ်ဆိုတဲ့ အနေအထားမှာ ကျနော်တို့ကို ဘာမှ အကြောင်းမပြန်သေးဘူး။ အဲ့တော့ ဆေးရုံအထောက်အကူပြု ပုဂ္ဂလိကရောက်နေတဲ့ ဆရာဝန်တွေ ခုဏ ကျနော်ပြောသလို မြို့နယ်တိုင်း မြို့နယ်တိုင်းမှာ GP ရှိတယ်။ ဒီလူတွေကို မြို့နယ်အတွက် အထောက်အကူဖြစ်မယ့် ကော်မတီမှာ ဘယ်လိုတာဝန်ခွဲမှုပေးမလဲ၊ ကျန်းမာရေး၊ ပညာပေး ခိုင်းခွင့်ပေးမလား သို့မဟုတ်ရင် ပြင်ပမှာ သွေးစစ်၊ သွေးပေါင်ချိန် ခိုင်းမလား။ ယနေ့အထိ အစိုးရဘက်က ဒီအဖွဲ့တခုကို မဖွဲ့စည်းသေးဘူး။ တကယ်လို့များ အဲလို ဖွဲ့စည်းပေးလိုက်လို့ရှိရင် ဆေးခန်းဖွင့်ထားတဲ့ GP ဆရာဝန်တွေလည်း ဝမ်းသာမယ်။ သူတို့အတွက်လည်း အထောက်အကူပေးမယ်။"

လက်ရှိ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ပိုးကူးစက်ခံရတဲ့ ကျန်းမာရေးဝန်ထမ်း ရှစ်ဦးပါဝင်ပြီး အသွားအလာစောင့်ကြည့် ကန့်သတ်ခံထားရသူ ကျန်းမာရေးဝန်ထမ်း ၁၀၀ ကျော်ရှိ တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီထဲမှာ ပြင်ပဆေးခန်းထိုင်တဲ့ ဆရာဝန်တွေ ပါဝင်တယ်။ ကိုယ်တိုင် COVID-19 ကူးစက်ခံရတဲ့ ဝေဒနာသည်ကို ဆေးကုသပေးမိလို့ အသွားအလာစောင့်ကြည့်ခံနေရသူ အထွေထွေ ရောဂါကု ဆရာဝန်ဒေါက်တာ ဇေသူအောင်က လက်ရှိအထွေထွေရောဂါကုဆရာဝန် ကြုံနေရတဲ့ အခက်အခဲနဲ့ ပြင်ပဆေးခန်းတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲကို ခုလိုပြောပြပါတယ်။

"ဟိုရက်တွေက ကြုံရတာတွေမှာကျတော့ positive လူနာရောက်လာရင် ဘယ်လိုလုပ်ရမလဲ၊ ကာကွယ်ရေးဝတ်စုံ ဘယ်လောက်ဝတ်ရမလဲ မသိတော့ အခက်အခဲတွေ ရှိခဲ့တယ်။ ဒီဟာခု ထွက်လာတော့ အဆင်ပြေလာမယ် ထင်တယ်။ ထုတ်ပြန်ချက်ထွက်ပြီးတော့ ဆေးမကုရသေးတော့ ပြောရတာ ဒီလောက်ပဲ ရှိနိုင်တာပေါ့။ အခက်အခဲနောက်ထပ် မရှိနိုင်တာမျိူူးတော့ မဟုတ်ဘူး။ နောက် ၃ လ လောက်ဆို မိုးတွင်းကျမယ်။ ဒီလိုဆို ကျနော်တို့မှာ အခက်အခဲတွေ ရှိလာနိုင်တယ်။ အဖျားရောဂါတိုင်းကို ဆေးရုံကိုပဲ လွှဲပေးရမလား။ လွှဲပေးရင်ဆေးရုံတွေမှာ လူပြုံလာမယ်။ ဒါတွေအတွက် သီးသန့်ထုတ်ပြန်ချက်တွေလာမယ်ထင်တယ်။ နောက် တခုကတော့ ဆေးခန်းဖွင့်တာမှာ တချို့က နေရာအခက်အခဲတွေ ရှိတော့ သတ်မှတ်တဲ့ ပမာဏ အကွာရှိဖို့ ခက်ခဲနိုင်တယ်။"

မြန်မာနိုင်ငံမှာ COVID-19 ရောဂါ နောက်ထပ်ကူးစက်သူ တိုးလာတာကြောင့် စုစုပေါင်း ရောဂါပိုးကူးစက်သူ ၁၄၀ နီးပါး ရှိသွားပြီ ရှင်။

ေမခ/VOA (Burmese)
https://burmese.voanews.com/a/clinic-myanmar-covid/5390301.html
COVID-19 ဂယက္ ပုဂၢလိကေဆးခန္းငယ္ေတြ အခက္ၾကံဳ COVID-19 ဂယက္ ပုဂၢလိကေဆးခန္းငယ္ေတြ အခက္ၾကံဳ Reviewed by THITHTOOLWIN on 01:59 Rating: 5
Powered by Blogger.