ျမန္မာႏုိင္ငံမွာ ၂ ရက္ဆက္တုိက္ COVID-19 အတည္ျပဳသူမရွိ


(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ COVID-19 ေရာဂါပိုးကူးသူအျဖစ္ အတည္ျပဳသူ မေတြ႔တာ ဒီေန႔နဲ႔ပါဆုိရင္ ၂ ရက္ ဆက္တိုက္ ႐ွိသြားပါၿပီ။

ဒီေန႔ ဧၿပီလ ၂၇ ရက္ေန႔အတြက္ COVID-19 ဓါတ္ခဲြနမူနာစစ္ေဆးမႈေတြမွာ ကူးစက္သူမ႐ွိလုိ႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ည ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ ဒီေန႔ ေဆးသုေတသနဦးစီးဌာန (DMR) က ညေနပိုင္းအထိ ဓာတ္ခြဲနမူနာ ၁၁၅ ခုကို စစ္ေဆးခဲ့တာ ေနာက္ထပ္ ပိုးကူးစက္သူ တေယာက္မွာ မ႐ွိခဲ့ပါဘူး။

မေန႔တုန္းက ဓါတ္ခဲြနမူနာ စစ္ေဆးမႈေတြမွာလည္း ကူးစက္သူ တေယာက္မွာ မေတ႔ြ႐ွိခဲ့ပါဘူး။

ေလာေလာဆယ္ ျမန္မာႏိုင္ငံမွာ COVID-19 ေရာဂါပိုးကူးစက္တယ္လို႔ အတည္ျပဳထားသူ ၁၄၆ ေယာက္႐ွိပါတယ္။ ေသဆံုးသူကေတာ့ ၅ ေယာက္႐ွိခဲ့ၿပီး ေရာဂါပိုးကင္းစင္သူ ၁၆ ေယာက္နဲ႔ အဲဒီထဲက ၉ ေယာက္ကေတာ့ ေဆး႐ံုေတြက ဆင္းသြားၿပီျဖစ္ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
--------------------------------------------

[Unicode Version]

မြန်မာနိုင်ငံမှာ ၂ ရက်ဆက်တိုက် COVID-19 အတည်ပြုသူမရှိ

မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုးကူးသူအဖြစ် အတည်ပြုသူ မတွေ့တာ ဒီနေ့နဲ့ပါဆိုရင် ၂ ရက် ဆက်တိုက် ရှိသွားပါပြီ။

ဒီနေ့ ဧပြီလ ၂၇ ရက်နေ့အတွက် COVID-19 ဓါတ်ခွဲနမူနာစစ်ဆေးမှုတွေမှာ ကူးစက်သူမရှိလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီနေ့ ဆေးသုတေသနဦးစီးဌာန (DMR) က ညနေပိုင်းအထိ ဓာတ်ခွဲနမူနာ ၁၁၅ ခုကို စစ်ဆေးခဲ့တာ နောက်ထပ် ပိုးကူးစက်သူ တယောက်မှာ မရှိခဲ့ပါဘူး။

မနေ့တုန်းက ဓါတ်ခွဲနမူနာ စစ်ဆေးမှုတွေမှာလည်း ကူးစက်သူ တယောက်မှာ မတေ့ွရှိခဲ့ပါဘူး။

လောလောဆယ် မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုးကူးစက်တယ်လို့ အတည်ပြုထားသူ ၁၄၆ ယောက်ရှိပါတယ်။ သေဆုံးသူကတော့ ၅ ယောက်ရှိခဲ့ပြီး ရောဂါပိုးကင်းစင်သူ ၁၆ ယောက်နဲ့ အဲဒီထဲက ၉ ယောက်ကတော့ ဆေးရုံတွေက ဆင်းသွားပြီဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-covid-confirmed-case/5393850.html
ျမန္မာႏုိင္ငံမွာ ၂ ရက္ဆက္တုိက္ COVID-19 အတည္ျပဳသူမရွိ  ျမန္မာႏုိင္ငံမွာ ၂ ရက္ဆက္တုိက္ COVID-19 အတည္ျပဳသူမရွိ Reviewed by THITHTOOLWIN on 21:51 Rating: 5
Powered by Blogger.