COVID-19 ရင္ဆိုင္ေနရခ်ိန္ ရမဒြါန္ ဥပုသ္လ လူစုလူေဝးေရွာင္ဖို႔ ၫႊန္ၾကားထား

၂၀၁၈ ခုႏွစ္၊ ဇြန္လက ရမဒြါန္ဥပုသ္ကာလအတြင္း ရန္ကုန္ၿမိဳ႕ရွိ ဗလီတခုတြင္ ဝတ္ျပဳေနသည့္ အစၥလာမ္ဘာသာဝင္တခ်ဳိ႕။ (ဇြန္ ၁၊ ၂၀၁၈)

(Zawgyi/Unicode)

အစၥလာမ္ဘာသာ၀င္တို႔ရဲ႕ ရမဒြါန္ဥပုသ္လ ၀င္ေရာက္လာၿပီျဖစ္ေပမဲ့ ျမန္မာႏိုင္ငံမွာေတာ့ COVID-19 ကပ္ေရာဂါပ်ံ႕ႏွ႔ံမႈ တားဆီးေရးအေျခအေနေၾကာင့္ ဗလီေတြမွာ စုေပါင္း ၀ါေျဖတာ စုေပါင္း၀တ္ျပဳတာေတြ မလုပ္ႏုိင္ၾကပါဘူး။ ဒီအေၾကာင္း ဗီြအိုေအသတင္းေထာက္ မေမခက တင္ျပထားပါတယ္။

COVID-19 ကပ္ေရာဂါတားဆီးေရး လူစုလူေ၀းေရွာင္က်ဥ္ဖို႔ အေျခအေနေၾကာင့္ ရမဒြါန္ဥပုသ္ကာလအတြင္း ဗလီ၀တ္ေက်ာင္းေတြမွာ စုေပါင္း၀ါေျဖတာ စုေပါင္း၀တ္ျပဳတာေတြမလုပ္ဖို႔ ျမန္မာႏိုင္ငံ အစၥလာမ္သာသနာေရးေကာင္စီက ညႊန္ၾကားထားတာျဖစ္ပါတယ္။

ဗလီေတြမွာ သက္ဆိုင္ရာဗလီေရွ႕ေဆာင္နဲ႔ ဗလီ၀န္ထမ္းေတြကလဲြလို႔ အျခားပုဂၢိဳလ္ေတြ မရိွေစဖို႔နဲ႔ မိမိေနအိမ္ေတြကပဲ ဥပုသ္ကာလမွာ ၀တ္ျပဳဆုေတာင္းတာ၊ ၀ါေျဖတာလုပ္ၾကဖို႔ ညႊန္ၾကားထားတယ္လို႔ အစၥလာမ္သာသနာေရးရာေကာင္စီ အေထြေထြအတြင္းေရးမွဴး ဦး၀ဏၰေရႊက VOA ကို ေျပာပါတယ္။

"ဥပုသ္လနဲ႔ ပတ္သက္လို႔ လိုက္နာရမယ့္အခ်က္ ၉ ခ်က္ က်ေနာ္တို႔ ထုတ္ျပန္ထားတာရွိပါတယ္။ က်ေနာ္တို႔ အစၥလာမ္မစ္ေကာင္စီ ဝက္ဘ္ဆိုက္တ္မွာလည္း တင္ထားတာရွိတယ္၊ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ တင္ထားတာရွိပါတယ္။ ခါတိုင္းႏွစ္ေတြလို ဒီႏွစ္ က်ေနာ္တို႔ စုေပါင္းၿပီးေတာ့ ဥပမာ - ဝါေျဖတာေပါ့ေနာ္၊ စုေပါင္းၿပီးေတာ့ ဥပုသ္ေျဖတာ၊ စုေပါင္းၿပီးေတာ့ ဥပုသ္အတြက္ စားေသာက္ၾကတာ၊ ေနာက္တခါ စုေပါင္း ဝတ္ျပဳတာ အားလံုးကုိ COVID အေျခအေနေၾကာင့္ ရပ္ဆိုင္းၿပီးေတာ့ ကိုယ့္အိမ္မွာပဲကိုယ္ စီမံေဆာင္ရြက္ၾကဖို႔ ေမတၱာရပ္ခံထားတယ္ေပါ့ ေနာ္ ... ဒီအေျခအေနေတြ မလြန္ေျမာက္မခ်င္းကေတာ့ က်ေနာ္တုိ႔ ကိုယ့္အိမ္မွာပဲကိုယ္ လူစုလူေဝး မျဖစ္ေစေအာင္ဘာသာေရး ပြဲလန္းသဘင္အားလံုးကို၊ အခမ္းအနားအားလံုးကုိ (မလုပ္ဖို႔) က်ေနာ္တို႔ ၫႊန္ၾကားထားပါတယ္။"

ဒီၫႊန္ၾကားခ်က္က ကိုဗစ္ကူးစက္မႈ ေလွ်ာ့က်လာၿပီး သတ္မွတ္ခ်က္ေတြ ေျဖေလ ွ်ာ့တဲ့ အေျခအေနအထိအက်ဳံးဝင္ၿပီး လက္ရွိမွာ ဗလီေတြကို ၫႊန္ၾကားထားတဲ့ ၫႊန္ၾကားခ်က္ကို ဦးဝဏၰေရႊက ခုလိုေျပာပါတယ္။

"ေရာဂါလကၡဏာ ျပန္႔ပြားမႈႏႈန္း ေလ်ာ့က်သြားၿပီးေတာ့ ႏိုင္ငံေတာ္အစိုးရကေနၿပီးေတာ့ က်န္းမာေရး ဌာနက ေၾကညာခ်က္ ထုတ္တဲ့အထိေပါ့၊ လူေတြအတြက္၊ ေျပာမယ္ဆုိရင္ေတာ့ အႏၲရာယ္မရွိတဲ့ အထိကို က်ေနာ္တုိ႔ ရည္ရြယ္တာပါ။ က်ေနာ္တို႔ လူစုလူေဝးကိစၥ အားလံုးကုိ ရပ္ထားတာပါ။ က်ေနာ္တို႔ ဘာသာေရး စာသင္ေက်ာင္း ေတြအားလံုးလည္း ရပ္ထားတယ္။ က်ေနာ္တို႔ ဗလီဝတ္ေက်ာင္းေတာ္အားလံုးကို ေရွ႕ေဆာင္ဝတ္ျပဳ တဲ့ ေရွ႕ေဆာင္ဆရာေတာ္ရယ္၊ ဗလီဝန္ထမ္းရယ္ကလြဲရင္ က်န္တဲ့ အမ်ားျပည္သူဝတ္ျပဳတာကို ယာယီဆိုင္းငံ့ထားပါတယ္။"

၂၀၁၄ ခုႏွစ္ သန္းေခါင္စာရင္းအရ ျမန္မာႏုိင္ငံလူဦးေရ သန္းေပါင္း ၅၀ ေက်ာ္မွာ အစၥလာမ္ဘာသာဝင္ ၁ သန္းေက်ာ္ရွိၿပီး ရာခိုင္ႏႈန္းအားျဖင့္ဆိုရင္ ၂.၃ ရာခိုင္ႏႈန္း ရွိတယ္လုိ႔ ျပည္သူ႔အင္အားဦးစီးဌာနက ၂၀၁၆ ခုႏွစ္၊ ဇူလိုင္လမွာထုတ္ျပန္တဲ့ ၂၀၁၄ ခုႏွစ္၊ ျမန္မာႏုိ္င္ငံ လူဦးေရနဲ႔ အိမ္အေၾကာင္းအရာ သန္းေခါင္စာရင္း၊ ကိုးကြယ္တဲ့ဘာသာဆိုင္ရာ အစီရင္ခံစာထဲမွာ ေဖာ္ျပထားပါတယ္။

[Unicode Version]

COVID-19 ရင်ဆိုင်နေရချိန် ရမဒွါန် ဥပုသ်လ လူစုလူဝေးရှောင်ဖို့ ညွှန်ကြားထား

အစ္စလာမ်ဘာသာဝင်တို့ရဲ့ ရမဒွါန်ဥပုသ်လ ဝင်ရောက်လာပြီဖြစ်ပေမဲ့ မြန်မာနိုင်ငံမှာတော့ COVID-19 ကပ်ရောဂါပျံ့နှံ့မှု တားဆီးရေးအခြေအနေကြောင့် ဗလီတွေမှာ စုပေါင်း ဝါဖြေတာ စုပေါင်းဝတ်ပြုတာတွေ မလုပ်နိုင်ကြပါဘူး။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မမေခက တင်ပြထားပါတယ်။

COVID-19 ကပ်ရောဂါတားဆီးရေး လူစုလူဝေးရှောင်ကျဉ်ဖို့ အခြေအနေကြောင့် ရမဒွါန်ဥပုသ်ကာလအတွင်း ဗလီဝတ်ကျောင်းတွေမှာ စုပေါင်းဝါဖြေတာ စုပေါင်းဝတ်ပြုတာတွေမလုပ်ဖို့ မြန်မာနိုင်ငံ အစ္စလာမ်သာသနာရေးကောင်စီက ညွှန်ကြားထားတာဖြစ်ပါတယ်။

ဗလီတွေမှာ သက်ဆိုင်ရာဗလီရှေ့ဆောင်နဲ့ ဗလီဝန်ထမ်းတွေကလွဲလို့ အခြားပုဂ္ဂိုလ်တွေ မရှိစေဖို့နဲ့ မိမိနေအိမ်တွေကပဲ ဥပုသ်ကာလမှာ ဝတ်ပြုဆုတောင်းတာ၊ ဝါဖြေတာလုပ်ကြဖို့ ညွှန်ကြားထားတယ်လို့ အစ္စလာမ်သာသနာရေးရာကောင်စီ အထွေထွေအတွင်းရေးမှူး ဦးဝဏ္ဏရွှေက VOA ကို ပြောပါတယ်။

"ဥပုသ်လနဲ့ ပတ်သက်လို့ လိုက်နာရမယ့်အချက် ၉ ချက် ကျနော်တို့ ထုတ်ပြန်ထားတာရှိပါတယ်။ ကျနော်တို့ အစ္စလာမ်မစ်ကောင်စီ ဝက်ဘ်ဆိုက်တ်မှာလည်း တင်ထားတာရှိတယ်၊ ဖေ့စ်ဘုတ်စာမျက်နှာမှာ တင်ထားတာရှိပါတယ်။ ခါတိုင်းနှစ်တွေလို ဒီနှစ် ကျနော်တို့ စုပေါင်းပြီးတော့ ဥပမာ - ဝါဖြေတာပေါ့နော်၊ စုပေါင်းပြီးတော့ ဥပုသ်ဖြေတာ၊ စုပေါင်းပြီးတော့ ဥပုသ်အတွက် စားသောက်ကြတာ၊ နောက်တခါ စုပေါင်း ဝတ်ပြုတာ အားလုံးကို COVID အခြေအနေကြောင့် ရပ်ဆိုင်းပြီးတော့ ကိုယ့်အိမ်မှာပဲကိုယ် စီမံဆောင်ရွက်ကြဖို့ မေတ္တာရပ်ခံထားတယ်ပေါ့ နော် ... ဒီအခြေအနေတွေ မလွန်မြောက်မချင်းကတော့ ကျနော်တို့ ကိုယ့်အိမ်မှာပဲကိုယ် လူစုလူဝေး မဖြစ်စေအောင်ဘာသာရေး ပွဲလန်းသဘင်အားလုံးကို၊ အခမ်းအနားအားလုံးကို (မလုပ်ဖို့) ကျနော်တို့ ညွှန်ကြားထားပါတယ်။"

ဒီညွှန်ကြားချက်က ကိုဗစ်ကူးစက်မှု လျှော့ကျလာပြီး သတ်မှတ်ချက်တွေ ဖြေလေ ျှာ့တဲ့ အခြေအနေအထိအကျုံးဝင်ပြီး လက်ရှိမှာ ဗလီတွေကို ညွှန်ကြားထားတဲ့ ညွှန်ကြားချက်ကို ဦးဝဏ္ဏရွှေက ခုလိုပြောပါတယ်။

"ရောဂါလက္ခဏာ ပြန့်ပွားမှုနှုန်း လျော့ကျသွားပြီးတော့ နိုင်ငံတော်အစိုးရကနေပြီးတော့ ကျန်းမာရေး ဌာနက ကြေညာချက် ထုတ်တဲ့အထိပေါ့၊ လူတွေအတွက်၊ ပြောမယ်ဆိုရင်တော့ အန္တရာယ်မရှိတဲ့ အထိကို ကျနော်တို့ ရည်ရွယ်တာပါ။ ကျနော်တို့ လူစုလူဝေးကိစ္စ အားလုံးကို ရပ်ထားတာပါ။ ကျနော်တို့ ဘာသာရေး စာသင်ကျောင်း တွေအားလုံးလည်း ရပ်ထားတယ်။ ကျနော်တို့ ဗလီဝတ်ကျောင်းတော်အားလုံးကို ရှေ့ဆောင်ဝတ်ပြု တဲ့ ရှေ့ဆောင်ဆရာတော်ရယ်၊ ဗလီဝန်ထမ်းရယ်ကလွဲရင် ကျန်တဲ့ အများပြည်သူဝတ်ပြုတာကို ယာယီဆိုင်းငံ့ထားပါတယ်။"

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံလူဦးရေ သန်းပေါင်း ၅၀ ကျော်မှာ အစ္စလာမ်ဘာသာဝင် ၁ သန်းကျော်ရှိပြီး ရာခိုင်နှုန်းအားဖြင့်ဆိုရင် ၂.၃ ရာခိုင်နှုန်း ရှိတယ်လို့ ပြည်သူ့အင်အားဦးစီးဌာနက ၂၀၁၆ ခုနှစ်၊ ဇူလိုင်လမှာထုတ်ပြန်တဲ့ ၂၀၁၄ ခုနှစ်၊ မြန်မာနိုင်ငံ လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၊ ကိုးကွယ်တဲ့ဘာသာဆိုင်ရာ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

ေမခ/VOA (Burmese)
https://burmese.voanews.com/a/ramadan-myanmar/5390258.html
COVID-19 ရင္ဆိုင္ေနရခ်ိန္ ရမဒြါန္ ဥပုသ္လ လူစုလူေဝးေရွာင္ဖို႔ ၫႊန္ၾကားထား COVID-19 ရင္ဆိုင္ေနရခ်ိန္ ရမဒြါန္ ဥပုသ္လ လူစုလူေဝးေရွာင္ဖို႔ ၫႊန္ၾကားထား Reviewed by THITHTOOLWIN on 01:56 Rating: 5
Powered by Blogger.