COVID-19ေၾကာင့္ ကိုယ္ပိုင္ေဆးခန္းအခ်ိဳ႕ အဖ်ားႀကီးလူနာေတြကို ကုသမႈေပးတဲ့ ပုံေျပာင္းလာ


(Zawgyi)⤵⤵⤵
COVID-19 ပိုးေတြ႕လူနာ အမွတ္ ၁၆ကို ကိုယ္ပိုင္ေဆးခန္းငယ္တစ္ခုမွာ သြားေရာက္ကုသခဲ့ၿပီးေနာက္ ေဆးခန္းကိုပိတ္ခဲ့ရသလို ဆရာဝန္ကိုယ္တိုင္ ၁၄ ရက္တာ ေစာင့္ၾကည့္မႈခံယူရၿပီးေနာက္ပိုင္း ၿမိဳ႕နယ္၊ ရပ္ကြက္ေတြမွာရွိတဲ့ အေထြေထြေရာဂါကုေဆးခန္းငယ္ေတြမွာ အဖ်ားရွိသူေတြကို သီးသန႔္ကုသႏိုင္ဖို႔ ျပင္ဆင္လာၾကၿပီလို႔ အေထြေထြေရာဂါ ကုသေရး( GP)ဆရာဝန္မ်ားအသိုင္းအဝိုင္းကေနသိရပါတယ္။

ဒီလိုျပင္ဆင္ရာမွာ ျပင္ပေဆးခန္းအခ်ိဳ႕မွာ အဖ်ားရွိပါက ေဆးခန္းကို ႀကိဳဖုန္းဆက္ၿပီး ေျပာျပဖို႔ အသိေပး ထားတာေတြရွိလာသလို ရန္ကုန္အတြင္းၿမိဳ႕နယ္အခ်ိဳ႕သန္လ်င္ၿမိဳ႕နယ္ေတြက အခ်ိဳ႕ေသာ ေဆးခန္းေတြ မွာေတာ့ အဖ်ားတိုင္းမယ့္ေနရာကို သီးသန႔္ထားၿပီး အဖ်ားရွိ လူနာေတြကို ခရီးသြားရာဇဝင္ေမးျမန္းၿပီး မွတ္တမ္းျဖည့္စြက္ရတဲ့ပုံစံမ်ိဳးေတြလည္းရွိလာတယ္လို႔ သိရပါ တယ္။

' ' ကြၽန္ေတာ့္ေဆးခန္းမွာလည္း အေရွ႕မွာလက္ေဆးခိုင္းတာမ်ိဳး။ ဖ်ားရင္ အဲ့ေနရာမွာပဲထိုင္ပါေပ့ါ။ သုံးေလး ေယာက္ေလာက္ ထိုင္တဲ့ေနရာမွာပဲ တစ္ေယာက္တည္းထိုင္ခိုင္းတယ္။ အဖ်ားတိုင္းၿပီးလို႔ တကယ္ဖ်ား ေနၿပီဆိုရင္ေတာ့ ေရာဂါရာဇဝင္လွမ္းေမးလိုက္တယ္။ တခ်ိဳ႕ကေတာ့ဖ်ားရင္အိမ္မွာပဲေနပါဆိုၿပီး ဖုန္းနဲ႔အရင္ ေမးျမန္းကုသတာေတြကိုလုပ္တယ္။''လို႔ ကိုယ္တိုင္ကုသေနတဲ့အေျခအေနကို ေဒါက္တာျမင့္ဦးက ေျပာျပပါတယ္။
အဖ်ား 100.4F ေက်ာ္ပါက ခရီးသြားရာဇဝင္နဲ႔ မွတ္တမ္းေရးသြင္းၿပီး ေဆး႐ုံလႊဲႏိုင္ေအာင္ ျပင္ဆင္လာၾက
အျပင္ COVID-19 ပိုးေတြ႕လူနာအခ်ိဳ႕မွာ ေရာဂါလကၡဏာမျပဘဲ ကူးစက္ခံထားရသူေတြလည္း ရွိတာ ေၾကာင့္ ရပ္ကြက္ေဆးခန္းငယ္အခ်ိဳ႕မွာ ကုသမႈမေပးေတာ့ဘဲ ယာယီပိတ္ထားတာ ေတြလည္းရွိလာတယ္လို႔ အေထြေထြေရာဂါကုဆရာဝန္ ေဒါက္တာျမင့္ဦးက ဘီဘီစီကိုေျပာပါတယ္။

' ' အခုထိက ျပင္ပေဆးခန္းေတြအတြက္ ဘာၫႊန္ၾကားခ်က္မွသီးျခားမလာေသးဘူး။ ေရာဂါလကၡဏာ သံသယရွိရင္ ေဆး႐ုံလႊဲေပးဖို႔ၫႊန္ၾကားခ်က္ပဲရွိတယ္။ အဲေတာ့ အဲ့ေဆးခန္းေတြက ပိတ္ရမလား ဖြင့္ရ မလား ဆိုတဲ့ၫႊန္ၾကားခ်က္ေတာ့မရွိဘူး။ ကိုယ့္ဘာသာပဲ ကာကြယ္ၾကဆိုတာမ်ိဳးျဖစ္ေနတယ္။ ဒါေပမယ့္ ဒီေဆးခန္းေလးေတြမွာက PPEလည္းမတတ္ႏိုင္ဘူး။ N95 လည္းမတတ္ႏိုင္ဘူး။ လူနာတစ္ေယာက္ တခါေတြ႕ၿပီးရင္ တခါလဲရမွာလားဆိုတဲ့ၫႊန္ၾကားခ်က္ေတြလည္းမရွိဘူး။ အဲေတာ့ ပိတ္တဲ့ေဆးခန္းက ပိတ္၊ ဖြင့္တဲ့ေဆးခန္းကဖြင့္နဲ႔ ဆက္ကုေနၾက တယ္။'' အေထြေထြကုသမားေတာ္ေတြရဲ႕ လက္ရွိႀကဳံေတြ႕ေနရတဲ့ အေျခအေနကို ေဒါက္တာျမင့္ဦးက ရွင္းျပပါတယ္။

ျမန္မာႏိုင္ငံမွာ ကိုဗစ္-၁၉ ပိုးေတြ႕လူနာ ၁၉ ဦးအထိရွိလာၿပီျဖစ္ၿပီး လူနာအမွတ္ ၁၆ ဟာ ျပင္ပေဆးခန္းမွာ သြားေရာက္ကုသခဲ့တဲ့အျပင္ ေျမာက္ဥကၠလာပေဆး႐ုံႀကီးမွာလည္း ဖ်ားနာေဆာင္ မွာ ကုသမႈခံယူခဲ့တဲ့အတြက္ က်န္းမာေရးဝန္ထမ္းေတြ ေစာင့္ၾကည့္ခံယူရၿပီးေနာက္ ရန္ကုန္ေဆး႐ုံႀကီးမွာေတာ့ အထူးကုျပင္ပလူနာဌာနကို ေဆး႐ုံႀကီးဝန္းျပင္ပမွာ ေျပာင္းေ႐ႊ႕ကုသမႈေပးဖို႔ လုပ္ေဆာင္ေနၿပီျဖစ္ပါတယ္။

BBC Burmese
-----------------------------------------------------------
(Unicode)⤵⤵⤵
COVID-19ကြောင့် ကိုယ်ပိုင်ဆေးခန်းအချို့ အဖျားကြီးလူနာတွေကို ကုသမှုပေးတဲ့ ပုံပြောင်းလာ

COVID-19 ပိုးတွေ့လူနာ အမှတ် ၁၆ကို ကိုယ်ပိုင်ဆေးခန်းငယ်တစ်ခုမှာ သွားရောက်ကုသခဲ့ပြီးနောက် ဆေးခန်းကိုပိတ်ခဲ့ရသလို ဆရာဝန်ကိုယ်တိုင် ၁၄ ရက်တာ စောင့်ကြည့်မှုခံယူရပြီးနောက်ပိုင်း မြို့နယ်၊ ရပ်ကွက်တွေမှာရှိတဲ့ အထွေထွေရောဂါကုဆေးခန်းငယ်တွေမှာ အဖျားရှိသူတွေကို သီးသန့်ကုသနိုင်ဖို့ ပြင်ဆင်လာကြပြီလို့ အထွေထွေရောဂါ ကုသရေး( GP)ဆရာဝန်များအသိုင်းအဝိုင်းကနေသိရပါတယ်။

ဒီလိုပြင်ဆင်ရာမှာ ပြင်ပဆေးခန်းအချို့မှာ အဖျားရှိပါက ဆေးခန်းကို ကြိုဖုန်းဆက်ပြီး ပြောပြဖို့ အသိပေး ထားတာတွေရှိလာသလို ရန်ကုန်အတွင်းမြို့နယ်အချို့သန်လျင်မြို့နယ်တွေက အချို့သော ဆေးခန်းတွေ မှာတော့ အဖျားတိုင်းမယ့်နေရာကို သီးသန့်ထားပြီး အဖျားရှိ လူနာတွေကို ခရီးသွားရာဇဝင်မေးမြန်းပြီး မှတ်တမ်းဖြည့်စွက်ရတဲ့ပုံစံမျိုးတွေလည်းရှိလာတယ်လို့ သိရပါ တယ်။

' ' ကျွန်တော့်ဆေးခန်းမှာလည်း အရှေ့မှာလက်ဆေးခိုင်းတာမျိုး။ ဖျားရင် အဲ့နေရာမှာပဲထိုင်ပါပေ့ါ။ သုံးလေး ယောက်လောက် ထိုင်တဲ့နေရာမှာပဲ တစ်ယောက်တည်းထိုင်ခိုင်းတယ်။ အဖျားတိုင်းပြီးလို့ တကယ်ဖျား နေပြီဆိုရင်တော့ ရောဂါရာဇဝင်လှမ်းမေးလိုက်တယ်။ တချို့ကတော့ဖျားရင်အိမ်မှာပဲနေပါဆိုပြီး ဖုန်းနဲ့အရင် မေးမြန်းကုသတာတွေကိုလုပ်တယ်။''လို့ ကိုယ်တိုင်ကုသနေတဲ့အခြေအနေကို ဒေါက်တာမြင့်ဦးက ပြောပြပါတယ်။

အပြင် COVID-19 ပိုးတွေ့လူနာအချို့မှာ ရောဂါလက္ခဏာမပြဘဲ ကူးစက်ခံထားရသူတွေလည်း ရှိတာ ကြောင့် ရပ်ကွက်ဆေးခန်းငယ်အချို့မှာ ကုသမှုမပေးတော့ဘဲ ယာယီပိတ်ထားတာ တွေလည်းရှိလာတယ်လို့ အထွေထွေရောဂါကုဆရာဝန် ဒေါက်တာမြင့်ဦးက ဘီဘီစီကိုပြောပါတယ်။

' ' အခုထိက ပြင်ပဆေးခန်းတွေအတွက် ဘာညွှန်ကြားချက်မှသီးခြားမလာသေးဘူး။ ရောဂါလက္ခဏာ သံသယရှိရင် ဆေးရုံလွှဲပေးဖို့ညွှန်ကြားချက်ပဲရှိတယ်။ အဲတော့ အဲ့ဆေးခန်းတွေက ပိတ်ရမလား ဖွင့်ရ မလား ဆိုတဲ့ညွှန်ကြားချက်တော့မရှိဘူး။ ကိုယ့်ဘာသာပဲ ကာကွယ်ကြဆိုတာမျိုးဖြစ်နေတယ်။ ဒါပေမယ့် ဒီဆေးခန်းလေးတွေမှာက PPEလည်းမတတ်နိုင်ဘူး။ N95 လည်းမတတ်နိုင်ဘူး။ လူနာတစ်ယောက် တခါတွေ့ပြီးရင် တခါလဲရမှာလားဆိုတဲ့ညွှန်ကြားချက်တွေလည်းမရှိဘူး။ အဲတော့ ပိတ်တဲ့ဆေးခန်းက ပိတ်၊ ဖွင့်တဲ့ဆေးခန်းကဖွင့်နဲ့ ဆက်ကုနေကြ တယ်။'' အထွေထွေကုသမားတော်တွေရဲ့ လက်ရှိကြုံတွေ့နေရတဲ့ အခြေအနေကို ဒေါက်တာမြင့်ဦးက ရှင်းပြပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁၉ ဦးအထိရှိလာပြီဖြစ်ပြီး လူနာအမှတ် ၁၆ ဟာ ပြင်ပဆေးခန်းမှာ သွားရောက်ကုသခဲ့တဲ့အပြင် မြောက်ဥက္ကလာပဆေးရုံကြီးမှာလည်း ဖျားနာဆောင် မှာ ကုသမှုခံယူခဲ့တဲ့အတွက် ကျန်းမာရေးဝန်ထမ်းတွေ စောင့်ကြည့်ခံယူရပြီးနောက် ရန်ကုန်ဆေးရုံကြီးမှာတော့ အထူးကုပြင်ပလူနာဌာနကို ဆေးရုံကြီးဝန်းပြင်ပမှာ ပြောင်းရွှေ့ကုသမှုပေးဖို့ လုပ်ဆောင်နေပြီဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52163278
COVID-19ေၾကာင့္ ကိုယ္ပိုင္ေဆးခန္းအခ်ိဳ႕ အဖ်ားႀကီးလူနာေတြကို ကုသမႈေပးတဲ့ ပုံေျပာင္းလာ COVID-19ေၾကာင့္ ကိုယ္ပိုင္ေဆးခန္းအခ်ိဳ႕ အဖ်ားႀကီးလူနာေတြကို ကုသမႈေပးတဲ့ ပုံေျပာင္းလာ Reviewed by THITHTOOLWIN on 20:11 Rating: 5
Powered by Blogger.