COVID-19 ကာကြယ္ရန္ ခရီးသြားလာမႈ ယာယီရပ္ဆိုင္းမည္ဟုဆို

သီေပါၿမိဳ႕အဝင္အထြက္ ခရီးသြားျပည္သူမ်ားအား အပူခ်ိန္တိုင္း စစ္ေဆးေပးေနစဥ္

(Zawgyi)⤵⤵⤵
လက္ရွိျဖစ္ေပၚေနသည့္ COVID-19 ကာကြယ္ ထိန္းခ်ဳပ္ရန္ သွ်မ္းျပည္ ခရီးသည္ ပို႔ေဆာင္ေရး လုပ္ငန္းမ်ား ယာယီရပ္ဆိုင္းဆိုသည့္ သတင္း လူမႈကြန္ရက္တြင္ ပ်ံ႕ႏွံ႔ခဲ့သည္။

အဆိုပါသတင္းမွာ ဧၿပီလ ရ ရက္မွ ၂၁ ရက္ေန႔အထိ ခရီးသြားလာမႈကိုယာယီရပ္ဆိုင္းထားမည္ျဖစ္ေၾကာင္း သွ်မ္းျပည္ COVID-19 ကာကြယ္၊ထိန္းခ်ဳပ္ ကုသေရး ျပည္နယ္ အဆင့္ ေကာ္မတီ က ထုတ္ျပန္သည့္ ေၾကျငာခ်က္ျဖစ္ေၾကာင္း သိရ သည္။

သွ်မ္းျပည္ အတြင္းရွိ ျပည္သူမ်ားအေနျဖင့္ အျခား ျပည္နယ္ႏွင့္တိုင္း ေဒသႀကီးမ်ားသိုေဆးကုသရန္ ႏွင့္ နာေရးကိစၥမွ လႊဲၿပီး ခရီးသြားလာ မည္ဆိုပါက သွ်မ္းျပည္ COVID-19 ကာကြယ္၊ထိန္းခ်ဳပ္ ကုသေရး ၿမိဳ႕နယ္ အဆင့္လုပ္ငန္း ေကာ္မတီ ၏ေထာက္ခံခ်က္ ရယူၿပီးမွ သြားလာၾကရန္လည္း ထုတ္ျပန္ခ်က္တြင္ ေရးသားထားသည္။

သို႔ေသာ္ ထုတ္ျပန္ခ်က္ သည္ တရားဝင္ ထုတ္ျပန္ခ်က္ မဟုတ္ေသးေသာ္လည္း သွ်မ္းျပည္ အစိုးရ အဖြဲ႕ က အမ်ိဳးသားအဆင့္ ဗဟို ေကာ္မတီ ထံစာတင္ထားဆဲျဖစ္သည္ ဟု သွ်မ္းျပည္ အစိုးရ က သွ်မ္းသံေတာ္္ဆင့္ ကို ေျပာသည္။

“တရားဝင္ မထုတ္ျပန္ေသးဘူး ျပည္နယ္အစိုးရအေနနဲ႔ အဲ့ဒါေတြ လုပ္ဖို႔ ရည္႐ြယ္ထားၿပီးေတာ့ အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီမွာတင္ထားဆဲပဲ ရွိေသးတယ္။ ဗဟိုေကာ္မတီကေန ခြင့္ျပဳလာရင္ေတာ့ သွ်မ္းျပည္ တျပည္လုံးကို အေၾကာင္းၾကားလိုက္ရင္ေတာ့ အႀကဳံးဝင္တာေပါ့” ဟု သွ်မ္းျပည္နယ္အစိုးရအဖြဲ႕ လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္း က သွ်မ္းသံေတာ္ဆင့္ ကိုေျပာသည္။

လြန္ခဲ့သည့္ ရက္ပိုင္းက ပဲခူးတိုင္း ေဒသႀကီး ေပါက္ေခါင္းၿမိဳ႕တြင္ မိသားစု ၄ဦး COVID-19 ကူးစက္ခံရျခင္းသည္ ျပည္တြင္း ကူးစက္မႈ အေနအထားျဖစ္သည္ ဟု ေဒါက္တာ မ်ိဳးထြန္း က ေျပာသည္။

ထို႔ေၾကာင့္ ခရီးသြားလာမႈ ယာယီရပ္ဆိုင္းျခင္းသည္ COVID-19 ျပည္တြင္း ကူးစက္မႈ ကို ႀကိဳတင္ကာကြယ္ႏိုင္ရန္ ရည္႐ြယ္ျခင္း ျဖစ္ေၾကာင္း ေဒါက္တာ မ်ိဳးထြန္း က ထပ္ေလာင္း ေျပာသည္။

ခရီးသြားလာမႈ ကို ကန႔္သတ္လိုက္ပါက COVID-19 သိသိသာသာ က်ဆင္းသြားမည္ ဟု ျပည္နယ္ အထူးေရာဂါ နိမ္နင္းေရး ဌာန လက္ေထာက္ ၫႊန္ၾကားေရးမႉး ေဒါက္တာ ႏွင္းအိျဖဴ က သွ်မ္းသံေတာ္ဆင့္ သို႔ေျပာသည္။

“ ခရီးသြားလာတာကို ကန႔္သတ္လိုက္မယ္။ အိမ္မွာပဲေနမယ္ဆိုရင္ေတာ့ ကူးစက္မႈႏႈန္းကိုေတာ့ ကာကြယ္ၿပီးသားျဖစ္တာေပါ့။ ေလွ်ာ့ခ်ႏိုင္ဖို႔ ပိုေကာင္းတယ္ လူတိုင္းသာ အိမ္မွာေနမယ္ဆို႔ရင္ ဒီေရာဂါ ျဖစ္ပြားမႈက သိသိသာသာ က်သြားမွာေပါ့’’ ဟု ေဒါက္တာႏွင္းအိျဖဴ က သွ်မ္းသံေတာ္ဆင့္ ကိုေျပာသည္။

ျပည္သူမ်ားအေနျဖင့္ “ Stay at Home” အိမ္မွာပဲေနေစခ်င္ေၾကာင္း ေဒါက္တာ ႏွင္းအိျဖဴ က ေျပာဆိုလိုက္သည္။

ဆက္လက္ၿပီး ယာယီပိတ္ဆိုင္းမည့္ရက္မ်ား၌ ဟိုတယ္မ်ား၊ တည္းခိုခန္းမ်ား၊ အမ်ားျပည္သူမ်ား ေရတံခြန္မ်ား ယာယီပိတ္ထားရန္လည္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

မၾကာမီ သၾကၤန္ ရက္ရွည္ ႐ုံးပိတ္ရက္ မ်ားေရာက္ရွိပါက အမ်ားျပည္သူ အပန္းေျဖခရီးထြက္ျခင္း၊ ဘုရားဖူးျခင္း မ်ားကို သြားလာလည္ပတ္ျခင္းမျပဳလုပ္ရန္လည္း သွ်မ္းျပည္ အစိုးရ က ေျပာဆိုလိုက္သည္။

ျပည္သူမ်ားအေနျဖင့္ မိမိေနအိမ္တြင္ ေနထိုင္ၾကၿပီး၊ မလိုအပ္ပါက အျပင္လုံးဝ မထြက္ရန္ ႏွင့္ မျဖစ္မေန ထြက္ရပါက ႏွာေခါင္းစည္း (Mask) တပ္ဆင္ၿပီး မွသာ ထြက္ၾကရန္ လည္း သိရသည္။

နန္းဆိုင္ဖူး - သ်ွမ္းသံေတာ္ဆင့္
------------------------------------------------

COVID-19 ကာကွယ်ရန် ခရီးသွားလာမှု ယာယီရပ်ဆိုင်းမည်ဟုဆို

(Unicode)⤵⤵⤵
လက်ရှိဖြစ်ပေါ်နေသည့် COVID-19 ကာကွယ် ထိန်းချုပ်ရန် သျှမ်းပြည် ခရီးသည် ပို့ဆောင်ရေး လုပ်ငန်းများ ယာယီရပ်ဆိုင်းဆိုသည့် သတင်း လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည်။

အဆိုပါသတင်းမှာ ဧပြီလ ရ ရက်မှ ၂၁ ရက်နေ့အထိ ခရီးသွားလာမှုကိုယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်း သျှမ်းပြည် COVID-19 ကာကွယ်၊ထိန်းချုပ် ကုသရေး ပြည်နယ် အဆင့် ကော်မတီ က ထုတ်ပြန်သည့် ကြေငြာချက်ဖြစ်ကြောင်း သိရ သည်။

သျှမ်းပြည် အတွင်းရှိ ပြည်သူများအနေဖြင့် အခြား ပြည်နယ်နှင့်တိုင်း ဒေသကြီးများသိုဆေးကုသရန် နှင့် နာရေးကိစ္စမှ လွှဲပြီး ခရီးသွားလာ မည်ဆိုပါက သျှမ်းပြည် COVID-19 ကာကွယ်၊ထိန်းချုပ် ကုသရေး မြို့နယ် အဆင့်လုပ်ငန်း ကော်မတီ ၏ထောက်ခံချက် ရယူပြီးမှ သွားလာကြရန်လည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

သို့သော် ထုတ်ပြန်ချက် သည် တရားဝင် ထုတ်ပြန်ချက် မဟုတ်သေးသော်လည်း သျှမ်းပြည် အစိုးရ အဖွဲ့ က အမျိုးသားအဆင့် ဗဟို ကော်မတီ ထံစာတင်ထားဆဲဖြစ်သည် ဟု သျှမ်းပြည် အစိုးရ က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“တရားဝင် မထုတ်ပြန်သေးဘူး ပြည်နယ်အစိုးရအနေနဲ့ အဲ့ဒါတွေ လုပ်ဖို့ ရည်ရွယ်ထားပြီးတော့ အမျိုးသားအဆင့် ဗဟိုကော်မတီမှာတင်ထားဆဲပဲ ရှိသေးတယ်။ ဗဟိုကော်မတီကနေ ခွင့်ပြုလာရင်တော့ သျှမ်းပြည် တပြည်လုံးကို အကြောင်းကြားလိုက်ရင်တော့ အကြုံးဝင်တာပေါ့” ဟု သျှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

လွန်ခဲ့သည့် ရက်ပိုင်းက ပဲခူးတိုင်း ဒေသကြီး ပေါက်ခေါင်းမြို့တွင် မိသားစု ၄ဦး COVID-19 ကူးစက်ခံရခြင်းသည် ပြည်တွင်း ကူးစက်မှု အနေအထားဖြစ်သည် ဟု ဒေါက်တာ မျိုးထွန်း က ပြောသည်။

ထို့ကြောင့် ခရီးသွားလာမှု ယာယီရပ်ဆိုင်းခြင်းသည် COVID-19 ပြည်တွင်း ကူးစက်မှု ကို ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း ဒေါက်တာ မျိုးထွန်း က ထပ်လောင်း ပြောသည်။

ခရီးသွားလာမှု ကို ကန့်သတ်လိုက်ပါက COVID-19 သိသိသာသာ ကျဆင်းသွားမည် ဟု ပြည်နယ် အထူးရောဂါ နိမ်နင်းရေး ဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ နှင်းအိဖြူ က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ ခရီးသွားလာတာကို ကန့်သတ်လိုက်မယ်။ အိမ်မှာပဲနေမယ်ဆိုရင်တော့ ကူးစက်မှုနှုန်းကိုတော့ ကာကွယ်ပြီးသားဖြစ်တာပေါ့။ လျှော့ချနိုင်ဖို့ ပိုကောင်းတယ် လူတိုင်းသာ အိမ်မှာနေမယ်ဆို့ရင် ဒီရောဂါ ဖြစ်ပွားမှုက သိသိသာသာ ကျသွားမှာပေါ့’’ ဟု ဒေါက်တာနှင်းအိဖြူ က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ပြည်သူများအနေဖြင့် “ Stay at Home” အိမ်မှာပဲနေစေချင်ကြောင်း ဒေါက်တာ နှင်းအိဖြူ က ပြောဆိုလိုက်သည်။

ဆက်လက်ပြီး ယာယီပိတ်ဆိုင်းမည့်ရက်များ၌ ဟိုတယ်များ၊ တည်းခိုခန်းများ၊ အများပြည်သူများ ရေတံခွန်များ ယာယီပိတ်ထားရန်လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မကြာမီ သင်္ကြန် ရက်ရှည် ရုံးပိတ်ရက် များရောက်ရှိပါက အများပြည်သူ အပန်းဖြေခရီးထွက်ခြင်း၊ ဘုရားဖူးခြင်း များကို သွားလာလည်ပတ်ခြင်းမပြုလုပ်ရန်လည်း သျှမ်းပြည် အစိုးရ က ပြောဆိုလိုက်သည်။

ပြည်သူများအနေဖြင့် မိမိနေအိမ်တွင် နေထိုင်ကြပြီး၊ မလိုအပ်ပါက အပြင်လုံးဝ မထွက်ရန် နှင့် မဖြစ်မနေ ထွက်ရပါက နှာခေါင်းစည်း (Mask) တပ်ဆင်ပြီး မှသာ ထွက်ကြရန် လည်း သိရသည်။

နန်းဆိုင်ဖူး - သျှမ်းသံတော်ဆင့်
https://burmese.shannews.org/archives/15987
COVID-19 ကာကြယ္ရန္ ခရီးသြားလာမႈ ယာယီရပ္ဆိုင္းမည္ဟုဆို COVID-19 ကာကြယ္ရန္ ခရီးသြားလာမႈ ယာယီရပ္ဆိုင္းမည္ဟုဆို Reviewed by THITHTOOLWIN on 03:00 Rating: 5
Powered by Blogger.