ကမာၻတဝန္း COVID-19 ေရာဂါေၾကာင့္ ေသဆံုးသူ ၁၅၀,၀၀၀ ေက်ာ္ၿပီ


(Zawgyi / Unicode)

ကမာၻမွာ ကူးစက္ပ်ံ႕ႏွံ႔ေနတဲ့ ကို႐ုိနာဗုိင္းရပ္စ္ေၾကာင့္ တကမာၻလံုး အတိုင္းအတာနဲ႔ ပိုးကူးစက္သူ ၂,၂၀၀,၀၀၀ ေက်ာ္သြားၿပီး ေသဆံုးသူ ၁၅၄,၀၀၀ ေက်ာ္သြားပါၿပီ။

ဒါေပမယ့္ အာဖရိကႏုိင္ငံေတြက အေရအတြက္ေတြက နည္းေနသလို ျဖစ္ေနၿပီး ဒီအေရအတြက္ေတြ မမွန္တာ ျဖစ္ႏုိင္တယ္လို႔ WHO ကမာၻ႔က်န္းမာေရးအဖြဲ႔ ညႊန္ၾကားေရးမွဴးခ်ဳပ္က ေသာၾကာေန႔ကပဲ ေျပာပါတယ္။

“အာဖရိကတိုက္မွာ COVID-19 ေရာဂါ ကူးစက္မႈက WHO ရဲ႕ စာရင္းအရဆိုရင္ ၅၁ ရာခုိင္ႏႈန္း တိုးသြားၿပီး ေသဆံုးသူအေရအတြက္က ၆၀ ရာခုိင္ႏႈန္း တိုးသြားတာပါ။ ဒါေတာင္ စမ္းသပ္မႈေတြ လံုလံုေလာက္ေလာက္ လုပ္မယ္ဆို ပိုမ်ားဦးမယ္” လို႔ WHO အႀကီးအကဲ Tedros Adhanom Ghebreyesus က ေျပာပါတယ္။ အာဖရိကႏိုင္ငံေတြမွာ ပိုးကူးအတည္ျပဳဦးေရ ၁၉,၀၀၀ ေက်ာ္ ရွိထားပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာေတာ့ စီးပြားေရးလုပ္ငန္းေတြ ျပန္စတင္လည္ပတ္ဖို႔ တခ်ဳိ႕အစီအစဥ္ေတြ လုပ္ေနၿပီး ႏုိင္ငံသားေတြ ေဘးကင္းလံုၿခဳံမႈနဲ႔ က်န္းမာေရးက အစိုးရရဲ႕ ဦးစားေပးပါလို႔ အစိုးရက ေျပာေနေပမယ့္ အေမရိကန္မွာ ပိုးကူးစက္မႈ စစ္ေဆးတာကို လံုလံုေလာက္ေလာက္ မလုပ္ေပးႏိုင္ဘူးလို႔ ေဝဖန္ခံရတာကို အိမ္ျဖဴေတာ္က ျငင္းဆိုသြားပါတယ္။

အေမရိကန္ျပည္ေထာင္စုက ဒီပိုးကူးစက္မႈ အျပင္းထန္ဆံုးခံရတဲ့ ႏိုင္ငံတခုျဖစ္ၿပီး ေရာဂါကူးစက္ခံရသူ ၇၁၀,၀၀၀ ေက်ာ္သြားၿပီျဖစ္သလို ေသဆံုးသူက ၄၀,၀၀၀ နားကို ကပ္လာေနပါၿပီ။

ဒါေပမယ့္လည္း ေသာၾကာေန႔ကေတာ့ တကၠဆက္၊ မင္နီဆုိးတားနဲ႔ ဗားေမာင့္တို႔ အပါအဝင္ တခ်ဳိ႕ျပည္နယ္ေတြမွာ အိမ္မွာပဲေနၾကဖို႔ အမိန္႔ထုတ္ထားတာေတြကေန ျပန္ဖြင့္ဖို႔ ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴးေတြ ေဆြးေႏြးခဲ့ၾကပါတယ္။

အေမရိကန္သမၼတ Donald Trump က မျဖစ္မေန လိုက္နာစရာမလို ဆိုတဲ့ လမ္းညႊန္မႈေတြ ၾကာသပေတးေန႔က ထုတ္ျပန္သြားၿပီးေနာက္ အခုလို ျပည္နယ္တခ်ဳိ႕က ျပန္ဖြင့္ဖို႔ အစီအစဥ္ေတြ ေရးဆြဲေနၾကတာပါ။

ေသာၾကာေန႔မွာပဲ ဒီကပ္ေဘးေၾကာင့္ ဒုကၡေရာက္ေနၾကရတဲ့ စိုက္ပ်ဳိးေရးသမားေတြကို ေဒၚလာ သန္း ၁၉,၀၀၀ ကူညီမယ့္ အစီအစဥ္ကို အစိုးရက ေၾကညာသြားပါတယ္။ ဒီလို စီးပြားေရးေတြ မၾကာခင္ ျပန္လည္ပတ္ႏုိင္မယ္၊ COVID-19 ကုသေဆးလည္း မၾကာခင္ ထြက္လာႏုိင္တယ္ဆိုတဲ့ သတင္းေတြေၾကာင့္ ေသာၾကာေန႔က အစုရွယ္ယာေစ်းေတြ ျပန္တက္လာခဲ့ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
---------------------------------

(Unicode)

ကမ္ဘာတဝန်း COVID-19 ရောဂါကြောင့် သေဆုံးသူ ၁၅၀,၀၀၀ ကျော်ပြီ

ကမ္ဘာမှာ ကူးစက်ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တကမ္ဘာလုံး အတိုင်းအတာနဲ့ ပိုးကူးစက်သူ ၂,၂၀၀,၀၀၀ ကျော်သွားပြီး သေဆုံးသူ ၁၅၄,၀၀၀ ကျော်သွားပါပြီ။

ဒါပေမယ့် အာဖရိကနိုင်ငံတွေက အရေအတွက်တွေက နည်းနေသလို ဖြစ်နေပြီး ဒီအရေအတွက်တွေ မမှန်တာ ဖြစ်နိုင်တယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က သောကြာနေ့ကပဲ ပြောပါတယ်။

“အာဖရိကတိုက်မှာ COVID-19 ရောဂါ ကူးစက်မှုက WHO ရဲ့ စာရင်းအရဆိုရင် ၅၁ ရာခိုင်နှုန်း တိုးသွားပြီး သေဆုံးသူအရေအတွက်က ၆၀ ရာခိုင်နှုန်း တိုးသွားတာပါ။ ဒါတောင် စမ်းသပ်မှုတွေ လုံလုံလောက်လောက် လုပ်မယ်ဆို ပိုများဦးမယ်” လို့ WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ပြောပါတယ်။ အာဖရိကနိုင်ငံတွေမှာ ပိုးကူးအတည်ပြုဦးရေ ၁၉,၀၀၀ ကျော် ရှိထားပါတယ်။

အမေရိကန်ပြည်ထောင်စုမှာတော့ စီးပွားရေးလုပ်ငန်းတွေ ပြန်စတင်လည်ပတ်ဖို့ တချို့အစီအစဉ်တွေ လုပ်နေပြီး နိုင်ငံသားတွေ ဘေးကင်းလုံခြုံမှုနဲ့ ကျန်းမာရေးက အစိုးရရဲ့ ဦးစားပေးပါလို့ အစိုးရက ပြောနေပေမယ့် အမေရိကန်မှာ ပိုးကူးစက်မှု စစ်ဆေးတာကို လုံလုံလောက်လောက် မလုပ်ပေးနိုင်ဘူးလို့ ဝေဖန်ခံရတာကို အိမ်ဖြူတော်က ငြင်းဆိုသွားပါတယ်။

အမေရိကန်ပြည်ထောင်စုက ဒီပိုးကူးစက်မှု အပြင်းထန်ဆုံးခံရတဲ့ နိုင်ငံတခုဖြစ်ပြီး ရောဂါကူးစက်ခံရသူ ၇၁၀,၀၀၀ ကျော်သွားပြီဖြစ်သလို သေဆုံးသူက ၄၀,၀၀၀ နားကို ကပ်လာနေပါပြီ။

ဒါပေမယ့်လည်း သောကြာနေ့ကတော့ တက္ကဆက်၊ မင်နီဆိုးတားနဲ့ ဗားမောင့်တို့ အပါအဝင် တချို့ပြည်နယ်တွေမှာ အိမ်မှာပဲနေကြဖို့ အမိန့်ထုတ်ထားတာတွေကနေ ပြန်ဖွင့်ဖို့ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေ ဆွေးနွေးခဲ့ကြပါတယ်။

အမေရိကန်သမ္မတ Donald Trump က မဖြစ်မနေ လိုက်နာစရာမလို ဆိုတဲ့ လမ်းညွှန်မှုတွေ ကြာသပတေးနေ့က ထုတ်ပြန်သွားပြီးနောက် အခုလို ပြည်နယ်တချို့က ပြန်ဖွင့်ဖို့ အစီအစဉ်တွေ ရေးဆွဲနေကြတာပါ။

သောကြာနေ့မှာပဲ ဒီကပ်ဘေးကြောင့် ဒုက္ခရောက်နေကြရတဲ့ စိုက်ပျိုးရေးသမားတွေကို ဒေါ်လာ သန်း ၁၉,၀၀၀ ကူညီမယ့် အစီအစဉ်ကို အစိုးရက ကြေညာသွားပါတယ်။ ဒီလို စီးပွားရေးတွေ မကြာခင် ပြန်လည်ပတ်နိုင်မယ်၊ COVID-19 ကုသဆေးလည်း မကြာခင် ထွက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေကြောင့် သောကြာနေ့က အစုရှယ်ယာဈေးတွေ ပြန်တက်လာခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/covid19-update/5377820.html
ကမာၻတဝန္း COVID-19 ေရာဂါေၾကာင့္ ေသဆံုးသူ ၁၅၀,၀၀၀ ေက်ာ္ၿပီ ကမာၻတဝန္း COVID-19 ေရာဂါေၾကာင့္ ေသဆံုးသူ ၁၅၀,၀၀၀ ေက်ာ္ၿပီ Reviewed by THITHTOOLWIN on 21:09 Rating: 5
Powered by Blogger.