COVID-19 ကူးစက္သူေတြအေပၚ ကိုယ္ခ်င္းစာတရားထားဖုိ႔ ေဒၚေအာင္ဆန္းစုၾကည္ တိုက္တြန္း


(Zawgyi/Unicode)

ေရာဂါပိုးေတြ႕ရိွသူေတြနဲ႔ သံသယနဲ႔ သီးျခားခဲြထားရသူေတြ မ်ားလာတာေၾကာင့္ စိုးရိမ္မႈေတြျဖစ္လာၾကတဲ့အေပၚ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္က ဘယ္လိုတုံ႔ျပန္ထားလဲဆိုတာ ဗီြအိုေအ ျမန္မာပိုင္းသတင္းေထာက္ ကိုမိုးေဇာ္က တင္ဆက္ေပးမွာပါ။

COVID-19 ေရာဂါပိုးေတြ႕ရွိထားသူေတြကို ရန္သူအျဖစ္သေဘာမထားဘဲ ကိုယ္ခ်င္းစာတရားထားၾကဖို႔ကို ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ဒီကေန႔ မြန္ျပည္သူေတြနဲ႔ ေတြ႕ဆံုတဲ့ စကားဝိုင္းမွာ ေျပာဆိုလိ္ုက္ပါတယ္။ တဆက္တည္းမွာပဲ ေစတနာ၀န္ထမ္း Volunteer ေတြကို ခဲြျခားဆက္ဆံတာေတြ မလုပ္ဖို႔ကိုလည္း ေဒၚေအာင္ဆန္းစုၾကည္က မွာၾကားပါတယ္။

မြန္ျပည္နယ္က ျပည္သူေတြ ေဆြးေႏြးပဲြ တိုက္႐ိုက္ထုတ္လႊင့္မႈ အစီအစဥ္မွာ ျမန္မာႏိုင္ငံမွာ COVID-19 ကူးစက္ခံရသူ ၇၄ ေယာက္ရွိေၾကာင္းနဲ႔ ၁၄ ရက္ေန႔က ၁၂ ဦးထပ္မံတိုးလာခဲ့ေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္က ေျပာဆိုခဲ့ၿပီး ဒီလူနာေတြအေပၚ ကိုယ္ခ်င္းစာတရားထားၾကဖို႔လည္း ပန္႔ၾကားခဲ့ပါတယ္။

“မေန႔က ည ၁၁ နာရီ ၄၅ မိနစ္ ေနာက္ဆံုးအခ်ိန္မွာ စမ္းသပ္မႈက ေနာက္ ၁၂ ေယာက္ ထပ္ၿပီးေတာ့ ေတြ႕တယ္။ ဒီ ၁၂ ဦးက အားလံုးကေတာ့ တစ္ေယာက္က လဲြလို႔ က်န္တဲ့သူေတြ အားလံုးကေတာ့ ကူးၿပီးသားလူေတြနဲ႔ ဆက္စပ္မႈရွိလို႔ ျဖစ္တာပဲ။ ထိေတြ႕မႈ ရွိလို႔ေပါ့ေလ။ အဲဒါေၾကာင့္မို႔ ဒီထိေတြ႕မႈေရွာင္ဖို႔ ဆိုတာ အင္မတန္မွ အေရးႀကီးတယ္ဆိုတာ ထပ္တလဲလဲ ေျပာရမွာပဲ။ တစ္ခ်ိန္တည္းမွာ ထိေတြ႕မႈေရွာင္လို႔ ေျပာရမယ့္ အခ်ိန္မွာ ပဲ အားလံုးကေတာ့ ကိုယ္ခ်င္းစာတရားေတာ့ ရွိရမွာပဲ။ ဘယ္သူမဆို ျဖစ္ႏိုင္တာပဲ။ သူမ်ား ေရာဂါျဖစ္လို႔ ရွိရင္ အျပစ္သားႀကီးလိုလို ရာဇ၀တ္သားႀကီးလိုလို တစ္ခါတည္း ရန္လိုစိတ္ေတြနဲ႔ ဆက္ဆံလို႔ ကိုယ္ျဖစ္လို႔ ရွိရင္လည္း ဒီလိုပဲ ဆက္ဆံရင္ ဘယ္လို ခံစားရမလဲဆိုတာ စဥ္းစားရမယ္။”

ဒီရက္ပိုင္းေတြအတြင္း ေရာဂါကူးစက္ခံရသူ မ်ားလာတာေၾကာင့္ လူေတြပိုမို ေၾကာက္ရြံတာေတြ႕ရေၾကာင္းနဲ႔ ကူးစက္ခံရသူမ်ားေလ စိတ္တည္တည္ၿငိမ္ၿငိမ္ထားဖို႔ဟာ ပိုအေရးႀကီေလ ျဖစ္ေၾကာင္းလည္း ထည့္သြင္းေျပာၾကားပါတယ္။

ဒီေန႔ ေဆြးေႏြးပဲြမွာ Quarantine Center က ျပန္လာတဲ့ ေစတနာ၀န္ထမ္း Volunteer ေတြကို ရပ္ကြက္က လက္မခံတာေတြ ရွိေနေၾကာင္း ေစတနာ၀န္ထမ္းေဆာင္ရြက္သူ ကိုဘိုဘို၀င္းက တင္ျပခဲ့ပါတယ္။

“သားတို႔ဘက္ကေတာ့ ဒီ Quarantine ေတြမွာ လူနာေတြ ပို႔ေနတဲ့အေပၚမွာေတာ့ ရပ္ကြက္ထဲမွာ ေနရတဲ့ က်ေနာ္တို႔ ကေလးေတြဆို ေနလို႔ မရေတာ့ဘူး။ ရပ္ကြက္က လက္မခံေတာ့တာေတြ ရွိတယ္ေပါ့။ အဲလို ကေလးေတြက်ေတာ့ ရံုးမွာ ေခၚထားရတာေတြ ရွိတယ္။ အဲလိုမ်ိဳးျပႆနာေတြ ရင္ဆိုင္ေနရတာရွိတယ္။ လူနာေတြ ပို႔ၿပီးသြားၿပီဆိုရင္ သားတို႔ကို နင္တို႔ပါ ၁၄ ရက္ေနလိုက္ေတာ့ ဒီမွာ လာမေနနဲ႔ေတာ့ဆိုတဲ့ ပံုစံမ်ိဳးေတြ အေျပာခံရတာေတြ ရွိတယ္။”

ဒီလို ဆက္ဆံမႈအေပၚမွာလည္း ေဒၚေအာင္ဆန္းစုၾကည္က အခုလို တိုက္တြန္းေျပာဆိုပါတယ္။

“ျပည္သူေတြလည္း ဒီကေနပဲ ပန္ၾကားရမွာကေတာ့ Volunteer ေတြကို အဲလို မဆက္ဆံပါနဲ႔၊ တကယ္ေတာ့ ကိုယ့္အတြက္ လုပ္ေပးေနရတာ။ နီးနီးကပ္ကပ္ မေနခ်င္လို႔ရင္ေတာင္မွ ေမတၱာေလးေတာ့ ေပးပါလို႔ အေမကေတာ့ ဒီလိုပဲ ေျပာေစခ်င္တယ္။ ေက်းဇူးတင္တဲ့စိတ္၊ ေက်းဇူးတရား ေမတၱာတရားေတာ့ ရွိရမွာေပါ့။”

ဒီေဆြးေႏြးပဲြမွာ က်န္းမာေရး၀န္ထမ္းေတြရဲ႕ အခက္အခဲနဲ႔ အုပ္ခ်ဳပ္ေရးပိုင္းဆိုင္ရာက Quarantine ေဆာင္ရြက္စဥ္ေတြ႕ၾကံဳရတဲ့အခက္အခဲေတြကိုလည္း ေဆြးေႏြးခဲ့ၾကသလို ႏိုင္ငံေတာ္က ပံ့ပိုးမယ့္ အခ်က္ေတြကိုလည္း လုပ္ေဆာင္ေပးဖို႔ ကတိျပဳခဲ့တာေတြ ရွိခဲ့ပါတယ္။

ဒီရက္ပိုင္းေတြအတြင္း လူမႈကြန္ရက္စာမ်က္ႏွာေတြမွာ က်န္းမာေရး၀န္ႀကီးဌာနက ထုတ္ျပန္ထားတာေတြကို မလိုက္နာေၾကာင့္ ေရာဂါကူးစက္ခဲ့တဲ့ ျဖစ္ရပ္ေတြအေပၚမွာေ၀ဖန္ျပစ္တင္တာေတြ ျမင့္တက္လာေနသလို ခ်င္းျပည္နယ္ တီးတိန္ၿမိဳ႕က COVID-19 လူနာ ၃ ဦးကို စစ္ကိုင္းတိုင္းေဒသႀကီး ကေလးၿမိဳ႕ေဆးရံုေျပာင္းေရႊ႕ေရးနဲ႔ ပတ္သက္လို႔ ကေလးၿမိဳ႕လူထုက လက္မခံေၾကာင္း ထုတ္ျပန္တဲ့အေပၚ ေ၀ဖန္တာေတြလည္း တိုးလာေနပါတယ္။

မုိးေဇာ္ / ဗြီအိုေအ (ျမန္မာပုိင္း)
--------------------------------------------------
[Unicode Version]

COVID-19 ကူးစက်သူတွေအပေါ် ကိုယ်ချင်းစာတရားထားဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

ရောဂါပိုးတွေ့ရှိသူတွေနဲ့ သံသယနဲ့ သီးခြားခွဲထားရသူတွေ များလာတာကြောင့် စိုးရိမ်မှုတွေဖြစ်လာကြတဲ့အပေါ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဘယ်လိုတုံ့ပြန်ထားလဲဆိုတာ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ဆက်ပေးမှာပါ။

COVID-19 ရောဂါပိုးတွေ့ရှိထားသူတွေကို ရန်သူအဖြစ်သဘောမထားဘဲ ကိုယ်ချင်းစာတရားထားကြဖို့ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ မွန်ပြည်သူတွေနဲ့ တွေ့ဆုံတဲ့ စကားဝိုင်းမှာ ပြောဆိုလိုက်ပါတယ်။ တဆက်တည်းမှာပဲ စေတနာဝန်ထမ်း Volunteer တွေကို ခွဲခြားဆက်ဆံတာတွေ မလုပ်ဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က မှာကြားပါတယ်။

မွန်ပြည်နယ်က ပြည်သူတွေ ဆွေးနွေးပွဲ တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်မှာ မြန်မာနိုင်ငံမှာ COVID-19 ကူးစက်ခံရသူ ၇၄ ယောက်ရှိကြောင်းနဲ့ ၁၄ ရက်နေ့က ၁၂ ဦးထပ်မံတိုးလာခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပြီး ဒီလူနာတွေအပေါ် ကိုယ်ချင်းစာတရားထားကြဖို့လည်း ပန့်ကြားခဲ့ပါတယ်။

“မနေ့က ည ၁၁ နာရီ ၄၅ မိနစ် နောက်ဆုံးအချိန်မှာ စမ်းသပ်မှုက နောက် ၁၂ ယောက် ထပ်ပြီးတော့ တွေ့တယ်။ ဒီ ၁၂ ဦးက အားလုံးကတော့ တစ်ယောက်က လွဲလို့ ကျန်တဲ့သူတွေ အားလုံးကတော့ ကူးပြီးသားလူတွေနဲ့ ဆက်စပ်မှုရှိလို့ ဖြစ်တာပဲ။ ထိတွေ့မှု ရှိလို့ပေါ့လေ။ အဲဒါကြောင့်မို့ ဒီထိတွေ့မှုရှောင်ဖို့ ဆိုတာ အင်မတန်မှ အရေးကြီးတယ်ဆိုတာ ထပ်တလဲလဲ ပြောရမှာပဲ။ တစ်ချိန်တည်းမှာ ထိတွေ့မှုရှောင်လို့ ပြောရမယ့် အချိန်မှာ ပဲ အားလုံးကတော့ ကိုယ်ချင်းစာတရားတော့ ရှိရမှာပဲ။ ဘယ်သူမဆို ဖြစ်နိုင်တာပဲ။ သူများ ရောဂါဖြစ်လို့ ရှိရင် အပြစ်သားကြီးလိုလို ရာဇဝတ်သားကြီးလိုလို တစ်ခါတည်း ရန်လိုစိတ်တွေနဲ့ ဆက်ဆံလို့ ကိုယ်ဖြစ်လို့ ရှိရင်လည်း ဒီလိုပဲ ဆက်ဆံရင် ဘယ်လို ခံစားရမလဲဆိုတာ စဉ်းစားရမယ်။”

ဒီရက်ပိုင်းတွေအတွင်း ရောဂါကူးစက်ခံရသူ များလာတာကြောင့် လူတွေပိုမို ကြောက်ရွံတာတွေ့ရကြောင်းနဲ့ ကူးစက်ခံရသူများလေ စိတ်တည်တည်ငြိမ်ငြိမ်ထားဖို့ဟာ ပိုအရေးကြီလေ ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားပါတယ်။

ဒီနေ့ ဆွေးနွေးပွဲမှာ Quarantine Center က ပြန်လာတဲ့ စေတနာဝန်ထမ်း Volunteer တွေကို ရပ်ကွက်က လက်မခံတာတွေ ရှိနေကြောင်း စေတနာဝန်ထမ်းဆောင်ရွက်သူ ကိုဘိုဘိုဝင်းက တင်ပြခဲ့ပါတယ်။

“သားတို့ဘက်ကတော့ ဒီ Quarantine တွေမှာ လူနာတွေ ပို့နေတဲ့အပေါ်မှာတော့ ရပ်ကွက်ထဲမှာ နေရတဲ့ ကျနော်တို့ ကလေးတွေဆို နေလို့ မရတော့ဘူး။ ရပ်ကွက်က လက်မခံတော့တာတွေ ရှိတယ်ပေါ့။ အဲလို ကလေးတွေကျတော့ ရုံးမှာ ခေါ်ထားရတာတွေ ရှိတယ်။ အဲလိုမျိုးပြဿနာတွေ ရင်ဆိုင်နေရတာရှိတယ်။ လူနာတွေ ပို့ပြီးသွားပြီဆိုရင် သားတို့ကို နင်တို့ပါ ၁၄ ရက်နေလိုက်တော့ ဒီမှာ လာမနေနဲ့တော့ဆိုတဲ့ ပုံစံမျိုးတွေ အပြောခံရတာတွေ ရှိတယ်။”

ဒီလို ဆက်ဆံမှုအပေါ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်က အခုလို တိုက်တွန်းပြောဆိုပါတယ်။

“ပြည်သူတွေလည်း ဒီကနေပဲ ပန်ကြားရမှာကတော့ Volunteer တွေကို အဲလို မဆက်ဆံပါနဲ့၊ တကယ်တော့ ကိုယ့်အတွက် လုပ်ပေးနေရတာ။ နီးနီးကပ်ကပ် မနေချင်လို့ရင်တောင်မှ မေတ္တာလေးတော့ ပေးပါလို့ အမေကတော့ ဒီလိုပဲ ပြောစေချင်တယ်။ ကျေးဇူးတင်တဲ့စိတ်၊ ကျေးဇူးတရား မေတ္တာတရားတော့ ရှိရမှာပေါ့။”

ဒီဆွေးနွေးပွဲမှာ ကျန်းမာရေးဝန်ထမ်းတွေရဲ့ အခက်အခဲနဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာက Quarantine ဆောင်ရွက်စဉ်တွေ့ကြုံရတဲ့အခက်အခဲတွေကိုလည်း ဆွေးနွေးခဲ့ကြသလို နိုင်ငံတော်က ပံ့ပိုးမယ့် အချက်တွေကိုလည်း လုပ်ဆောင်ပေးဖို့ ကတိပြုခဲ့တာတွေ ရှိခဲ့ပါတယ်။

ဒီရက်ပိုင်းတွေအတွင်း လူမှုကွန်ရက်စာမျက်နှာတွေမှာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတာတွေကို မလိုက်နာကြောင့် ရောဂါကူးစက်ခဲ့တဲ့ ဖြစ်ရပ်တွေအပေါ်မှာဝေဖန်ပြစ်တင်တာတွေ မြင့်တက်လာနေသလို ချင်းပြည်နယ် တီးတိန်မြို့က COVID-19 လူနာ ၃ ဦးကို စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ဆေးရုံပြောင်းရွှေ့ရေးနဲ့ ပတ်သက်လို့ ကလေးမြို့လူထုက လက်မခံကြောင်း ထုတ်ပြန်တဲ့အပေါ် ဝေဖန်တာတွေလည်း တိုးလာနေပါတယ်။

မိုးဇော် / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/covid-myanmar-dassk/5372739.html
COVID-19 ကူးစက္သူေတြအေပၚ ကိုယ္ခ်င္းစာတရားထားဖုိ႔ ေဒၚေအာင္ဆန္းစုၾကည္ တိုက္တြန္း COVID-19 ကူးစက္သူေတြအေပၚ ကိုယ္ခ်င္းစာတရားထားဖုိ႔ ေဒၚေအာင္ဆန္းစုၾကည္ တိုက္တြန္း Reviewed by THITHTOOLWIN on 21:15 Rating: 5
Powered by Blogger.